Golden City Promotion
×

စက္တင္ဘာ၂၈ရက္က ေပါက္ကြဲမႈျဖစ္ပြားသည့္ ဆုိင္ကယ္ကုိေတြ႕ရစဥ္ (ဓာတ္ပုံ−ထက္သာဦး)

မႏၲေလးၿမိဳ႕ ခ်မ္းေအး သာစံၿမိဳ႕နယ္ရွိ ရပ္ကြက္ဘုရားပြဲ တြင္ စက္တင္ဘာ ၂၈ ရက္ညက ျဖစ္ပြားခဲ့သည့္ ဆုိင္ကယ္ေပါက္ ကြဲမႈသည္ မေတာ္တဆျဖစ္ရပ္ မဟုတ္ဘဲ ရည္ရြယ္ခ်က္ရွိရွိ ေဖာက္ခြဲျခင္းျဖစ္ေၾကာင္း မႏၲ ေလးတိုင္းေဒသႀကီးအစိုးရအဖြဲ႕ အတြင္းေရးမွဴးဦးျမင့္တင္ကေျပာ ၾကားသည္။

‘‘ႀကိဳတင္ျပင္ဆင္ၿပီးမွ လုပ္ တဲ့သေဘာပါ။ ေဖာက္ခြဲဖုိ႔အ တြက္ ဖုန္းေခၚလုိက္ရင္ ကြဲသြား ေစတဲ့ရီမုသေဘာမ်ိဳးပဲ။ နာရီ ပါတဲ့အတြက္ Alarm ေပးၿပီးဆင္ ထားတဲ့သေဘာမ်ိဳး။ သူ႔ဘာသာ အခ်ိန္ေပးထားတာလည္း ျဖစ္ရင္ ျဖစ္ႏိုုင္တယ္။ ႐ုိး႐ုိးသားသား ေတာ့မဟုတ္ဘူး။ တစ္စုံတစ္ ေယာက္က ဖန္တီးတယ္ဆုိတာ ေပၚလြင္ပါတယ္’’ ဟု ဦးျမင့္တင္ က ေျပာသည္။

ခ်မ္းေအးသာစံၿမိဳ႕နယ္ ၇၄ လမ္း၊ ၂၈ လမ္းႏွင့္ ၂၉ လမ္းၾကား ရပ္ကြက္ဓမၼာ႐ုံဘုရားပြဲတြင္ စက္ တင္ဘာ ၂၈ ရက္ညက ဇာတ္ပြဲ ေဖ်ာ္ေျဖေနစဥ္ ပြဲေစ်းတန္းရွိ ဆိုင္ တစ္ဆိုင္ေရွ႕ရပ္ထားေသာဆုိင္ ကယ္တစ္စီး ေပါက္ကြဲခဲ့ၿပီး အနီး ရွိ အသက္(၂၈)ႏွစ္အရြယ္အမ်ိဳး သားတစ္ဦး ထိမွန္ဒဏ္ရာရကာ မႏၲေလးျပည္သူ႔ေဆး႐ုံႀကီးအေရး ေပၚျပင္ပလူနာဌာန၌ တက္ ေရာက္ကုသခဲ့ရသည္။

ေပါက္ကြဲမႈ ျဖစ္ပြားၿပီး ေနာက္ ပတ္၀န္းက်င္တြင္ရွာေဖြ ရာ မုိက္က႐ုိစာတန္းပါ အျဖဴႏွင့္ အမည္းေရာင္ကီးပက္ဖုန္းတစ္ လုံး၊ ၀ုိင္ယာႀကိဳးစမ်ားႏွင့္ သံတုိ သံစအခ်ိဳ႕ကုိ ေတြ႕ရွိခဲ့ေၾကာင္း ဦးျမင့္တင္က ေျပာသည္။

‘‘သံတုိသံစပ်ံ႕လြင့္ေနတာ ေတြ႕ရတယ္။ အထဲမွာယမ္းက အားနည္းတဲ့အတြက္ ေဘးပတ္ ၀န္းက်င္ကုိေတာ့ ထိခုိက္မႈမရွိ ဘူး။ ျဖစ္စဥ္တစ္ခုျဖစ္သြားတယ္ ဆုိတဲ့သေဘာျဖစ္သြားတယ္’’ ဟု ၎ကေျပာသည္။

ဆုိင္ကယ္တြင္ ကီးပက္ဖုန္း တပ္ဆင္ၿပီး အခ်ိန္ကုိက္ေဖာက္ခဲြ သူကုိ ေပါက္ကြဲေစတတ္ေသာ ၀တၳဳပစၥည္းမ်ား အက္ဥပေဒပုဒ္မ ၃ ျဖင့္ ရဲစခန္း၌ အမႈဖြင့္ထား သည္။ သုိ႔ေသာ္ ေဖာက္ခြဲသူကုိ ဖမ္းဆီးရမိျခင္းမရွိေသးဘဲ စစ္ ေဆးေဖာ္ထုတ္ေနဆဲသာျဖစ္ ေၾကာင္း ဦးျမင့္တင္ကေျပာသည္။

ေပါက္ကြဲမႈျဖစ္ပြားသည့္ ကန္ဘုိ ၁၂၅ အမ်ိဳးအစားဆုိင္ ကယ္သည္ ေရသန္႔စက္႐ုံအလုပ္ သမား၏ဆုိင္ကယ္ျဖစ္ၿပီး ဇနီး ႏွင့္ဇာတ္ပဲြၾကည့္႐ႈစဥ္ ရပ္ထား သည့္ေနရာမွ ေပါက္ကြဲခဲ့ေၾကာင္း ရဲမွတ္တမ္းတြင္ ေဖာ္ျပထား သည္။

‘‘လက္ရိွ ရခုိင္အေရးနဲ႔ဆက္ စပ္ႏုိင္လားဆုိေတာ့ ေျဖၾကားဖုိ႔ ေစာေသးတယ္။ ဒါမ်ိဳးလုပ္ရပ္ဆုိ တာ ဘယ္သူမဆုိလုပ္ႏိုင္တဲ့ပညာ ရပ္ပဲ။ ရန္ျဖစ္လည္း လုပ္ရတယ္။ မုန္းလု႔ိလည္း လုပ္ရတယ္။ ဆက္ လက္ၿပီး ေဖာ္ထုတ္ဆဲျဖစ္တယ္။ စိစစ္တုန္းပဲရွိေသးတယ္။ မသကၤာ တဲ့သူတစ္ဦးတစ္ေယာက္မွ် ဖမ္း ဆီးထားတာမရွိေသးပါဘူး’’ ဟု ဦးျမင့္တင္က ဆုိသည္။

မႏၲေလးၿမိဳ႕တြင္ လြန္ခဲ့သည့္ တစ္လခန္႔ကစတင္၍ လုံၿခံဳေရး တိုးျမႇင့္ေနစဥ္ေပါက္ကြဲမႈျဖစ္ပြားခဲ့ၿပီးထပ္မံ၍ ဘုရားပြဲမ်ား၊ ရ ထားဘူတာမ်ား၊ စာသင္ေက်ာင္း မ်ား၊ ေစ်းစသည့္ေနရာမ်ား၌ အ ေသးအမႊားေပါက္ကြဲမႈမ်ားမွအစ မျဖစ္ပြားေစရန္ လုံၿခံဳေရးတင္း က်ပ္တုိးျမႇင့္ထားေၾကာင္း ၎က ဆုိသည္။

‘‘ဘုရားပြဲက ေနာက္ဆုံးည ပဲ၊ အိမ္နားကလည္း ဇာတ္ပြဲရွိ ေတာ့ ဒုန္းဆုိတဲ့အသံပဲၾကားလုိက္ ရတာ။ အျပင္ထြက္ၾကည့္ေတာ့မွ ေပါက္ကြဲတယ္ဆုိတာသိရတယ္။ ဆုိင္ကယ္ကေတာ့ ေတာ္ေတာ္ ေလးစုတ္ျပတ္သြားတယ္။ ေဘး ပတ္၀န္းက်င္မွာ ႀကီးႀကီးမားမား ထိခုိက္ပ်က္စီးတာမရွိခဲ့ဘူး’’ ဟု ေပါက္ကြဲမႈျဖစ္ပြားသည့္ ရပ္ ကြက္တြင္ေနထုိင္သူ အမ်ိဳးသား တစ္ဦးက ေျပာသည္။

အဆုိပါေပါက္ကြဲမႈႏွင့္ပတ္ သက္၍ မႏၲေလးၿမိဳ႕ လုံၿခံဳေရးကုိ မည္သုိ႔ေဆာင္ရြက္ထားသည္ကုိ သိလုိေၾကာင္း တုိင္းေဒသႀကီး လုံ ၿခံဳေရးႏွင့္နယ္စပ္ေရးရာ၀န္ႀကီး ႏွင့္ တိုင္းရဲတပ္ဖြဲ႕မွဴး႐ုံးသုိ႔ သြား ေရာက္ေမးျမန္းရာ ေျဖၾကားျခင္း မရွိေပ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
စက်တင်ဘာ၂၈ရက်က ပေါက်ကွဲမှုဖြစ်ပွားသည့် ဆိုင်ကယ်ကိုတွေ့ရစဉ် (ဓာတ်ပုံ−ထက်သာဦး)

မန္တလေးမြို့ ချမ်းအေး သာစံမြို့နယ်ရှိ ရပ်ကွက်ဘုရားပွဲ တွင် စက်တင်ဘာ ၂၈ ရက်ညက ဖြစ်ပွားခဲ့သည့် ဆိုင်ကယ်ပေါက် ကွဲမှုသည် မတော်တဆဖြစ်ရပ် မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ ဖောက်ခွဲခြင်းဖြစ်ကြောင်း မန္တ လေးတိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူးဦးမြင့်တင်ကပြော ကြားသည်။

‘‘ကြိုတင်ပြင်ဆင်ပြီးမှ လုပ် တဲ့သဘောပါ။ ဖောက်ခွဲဖို့အ တွက် ဖုန်းခေါ်လိုက်ရင် ကွဲသွား စေတဲ့ရီမုသဘောမျိုးပဲ။ နာရီ ပါတဲ့အတွက် Alarm ပေးပြီးဆင် ထားတဲ့သဘောမျိုး။ သူ့ဘာသာ အချိန်ပေးထားတာလည်း ဖြစ်ရင် ဖြစ်နိုုင်တယ်။ ရိုးရိုးသားသား တော့မဟုတ်ဘူး။ တစ်စုံတစ် ယောက်က ဖန်တီးတယ်ဆိုတာ ပေါ်လွင်ပါတယ်’’ ဟု ဦးမြင့်တင် က ပြောသည်။

ချမ်းအေးသာစံမြို့နယ် ၇၄ လမ်း၊ ၂၈ လမ်းနှင့် ၂၉ လမ်းကြား ရပ်ကွက်ဓမ္မာရုံဘုရားပွဲတွင် စက် တင်ဘာ ၂၈ ရက်ညက ဇာတ်ပွဲ ဖျော်ဖြေနေစဉ် ပွဲဈေးတန်းရှိ ဆိုင် တစ်ဆိုင်ရှေ့ရပ်ထားသောဆိုင် ကယ်တစ်စီး ပေါက်ကွဲခဲ့ပြီး အနီး ရှိ အသက်(၂၈)နှစ်အရွယ်အမျိုး သားတစ်ဦး ထိမှန်ဒဏ်ရာရကာ မန္တလေးပြည်သူ့ဆေးရုံကြီးအရေး ပေါ်ပြင်ပလူနာဌာန၌ တက် ရောက်ကုသခဲ့ရသည်။

ပေါက်ကွဲမှု ဖြစ်ပွားပြီး နောက် ပတ်ဝန်းကျင်တွင်ရှာဖွေ ရာ မိုက်ကရိုစာတန်းပါ အဖြူနှင့် အမည်းရောင်ကီးပက်ဖုန်းတစ် လုံး၊ ဝိုင်ယာကြိုးစများနှင့် သံတို သံစအချို့ကို တွေ့ရှိခဲ့ကြောင်း ဦးမြင့်တင်က ပြောသည်။

‘‘သံတိုသံစပျံ့လွင့်နေတာ တွေ့ရတယ်။ အထဲမှာယမ်းက အားနည်းတဲ့အတွက် ဘေးပတ် ဝန်းကျင်ကိုတော့ ထိခိုက်မှုမရှိ ဘူး။ ဖြစ်စဉ်တစ်ခုဖြစ်သွားတယ် ဆိုတဲ့သဘောဖြစ်သွားတယ်’’ ဟု ၎င်းကပြောသည်။

ဆိုင်ကယ်တွင် ကီးပက်ဖုန်း တပ်ဆင်ပြီး အချိန်ကိုက်ဖောက်ခွဲ သူကို ပေါက်ကွဲစေတတ်သော ဝတ္ထုပစ္စည်းများ အက်ဥပဒေပုဒ်မ ၃ ဖြင့် ရဲစခန်း၌ အမှုဖွင့်ထား သည်။ သို့သော် ဖောက်ခွဲသူကို ဖမ်းဆီးရမိခြင်းမရှိသေးဘဲ စစ် ဆေးဖော်ထုတ်နေဆဲသာဖြစ် ကြောင်း ဦးမြင့်တင်ကပြောသည်။

ပေါက်ကွဲမှုဖြစ်ပွားသည့် ကန်ဘို ၁၂၅ အမျိုးအစားဆိုင် ကယ်သည် ရေသန့်စက်ရုံအလုပ် သမား၏ဆိုင်ကယ်ဖြစ်ပြီး ဇနီး နှင့်ဇာတ်ပွဲကြည့်ရှုစဉ် ရပ်ထား သည့်နေရာမှ ပေါက်ကွဲခဲ့ကြောင်း ရဲမှတ်တမ်းတွင် ဖော်ပြထား သည်။

‘‘လက်ရှိ ရခိုင်အရေးနဲ့ဆက် စပ်နိုင်လားဆိုတော့ ဖြေကြားဖို့ စောသေးတယ်။ ဒါမျိုးလုပ်ရပ်ဆို တာ ဘယ်သူမဆိုလုပ်နိုင်တဲ့ပညာ ရပ်ပဲ။ ရန်ဖြစ်လည်း လုပ်ရတယ်။ မုန်းလု့ိလည်း လုပ်ရတယ်။ ဆက် လက်ပြီး ဖော်ထုတ်ဆဲဖြစ်တယ်။ စိစစ်တုန်းပဲရှိသေးတယ်။ မသင်္ကာ တဲ့သူတစ်ဦးတစ်ယောက်မျှ ဖမ်း ဆီးထားတာမရှိသေးပါဘူး’’ ဟု ဦးမြင့်တင်က ဆိုသည်။

မန္တလေးမြို့တွင် လွန်ခဲ့သည့် တစ်လခန့်ကစတင်၍ လုံခြုံရေး တိုးမြှင့်နေစဉ်ပေါက်ကွဲမှုဖြစ်ပွားခဲ့ပြီးထပ်မံ၍ ဘုရားပွဲများ၊ ရ ထားဘူတာများ၊ စာသင်ကျောင်း များ၊ ဈေးစသည့်နေရာများ၌ အ သေးအမွှားပေါက်ကွဲမှုများမှအစ မဖြစ်ပွားစေရန် လုံခြုံရေးတင်း ကျပ်တိုးမြှင့်ထားကြောင်း ၎င်းက ဆိုသည်။

‘‘ဘုရားပွဲက နောက်ဆုံးည ပဲ၊ အိမ်နားကလည်း ဇာတ်ပွဲရှိ တော့ ဒုန်းဆိုတဲ့အသံပဲကြားလိုက် ရတာ။ အပြင်ထွက်ကြည့်တော့မှ ပေါက်ကွဲတယ်ဆိုတာသိရတယ်။ ဆိုင်ကယ်ကတော့ တော်တော် လေးစုတ်ပြတ်သွားတယ်။ ဘေး ပတ်ဝန်းကျင်မှာ ကြီးကြီးမားမား ထိခိုက်ပျက်စီးတာမရှိခဲ့ဘူး’’ ဟု ပေါက်ကွဲမှုဖြစ်ပွားသည့် ရပ် ကွက်တွင်နေထိုင်သူ အမျိုးသား တစ်ဦးက ပြောသည်။

အဆိုပါပေါက်ကွဲမှုနှင့်ပတ် သက်၍ မန္တလေးမြို့ လုံခြုံရေးကို မည်သို့ဆောင်ရွက်ထားသည်ကို သိလိုကြောင်း တိုင်းဒေသကြီး လုံ ခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး နှင့် တိုင်းရဲတပ်ဖွဲ့မှူးရုံးသို့ သွား ရောက်မေးမြန်းရာ ဖြေကြားခြင်း မရှိပေ။
ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top