Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

 ဖြဘြတ္ၾကီး၏ ေကာင္းျခင္း၊ ဆိုးျခင္း နွင့္ အက်ည္းတန္ျခင္း

Facebook ဟာ ကေလးေတြ၊ ဆယ္ေက်ာ္သက္ေတြနဲ႔ လူငယ္ေတြအားလံုးေပၚမွာ စိတ္ပညာသေဘာတရားအရ အေကာင္းဘက္ကေရာ အဆိုးဘက္ကပါ လႊမ္းမိုးမႈေတြရွိေနပါတယ္။ဒါဟာ လႈမႈကြန္ယက္နဲ႔ စိတ္ပိုင္းဆိုင္ရာသေဘာထားၾကားမွာ ဆက္သြယ္မႈတစ္ခုပါ။ အေၾကာင္းေၾကာင့္ အက်ိဳးျဖစ္တာမဟုတ္ပါဘူး။ ဒီနည္းညာသစ္ဟာ ကၽြန္ေတာ္တို႔ရဲ႕ ေမာ္ဒန္ေလာကထဲကို အံ့ၾသမွင္သက္ဖြယ္ေကာင္းက်ိဳးေတြအမ်ားၾကီး ယူေဆာင္လာေပးပါတယ္။ တီထြင္ဆန္းသစ္မႈ အသစ္အသစ္ေတြအျပင္ ဒီသက္ေရာက္မႈမွာ ဆိုးက်ိဳးေတြလည္း ရွိေနပါေသးတယ္။
Facebook ကၽြမ္းက်င္ၾကသူမ်ား

ကေလးေတြနဲ႔ ဆယ္ေက်ာ္သက္ေတြဟာ facebook ေပၚမွာပဲ အခ်ိန္ျဖဳန္းေနေလေလ အြန္လိုင္းနဲ႔ ျပင္ပကမၻာေပၚမွာထားတဲ့ ကိုယ္ခ်င္းစာတရားေတြ ၾကီးမားလာေလေလပါပဲ။ တစ္နည္းအားျဖင့္ေတာ့ တစ္ဘက္သားက ဘယ္လိုခံစားရမလဲဆိုတာကို ခံစားနားလည္တတ္လာေလေလပါပဲ။

အြန္လိုင္းလူမႈကြန္ယက္ဟာလူငယ္ေတြအတြက္ေတာ့ အျပင္မွာသြားေတြ႕စရာမလိုဘဲ စမတ္ဖုန္းတစ္လံုးကေနပဲ အေပါင္းအသင္းဆန္႔ေအာင္ကူညီေပးေနသလိုပါပဲ။ ကန္႔လန္႔တိုက္ေနတဲ့ ဂ်စ္ကန္ကန္ကေလးငယ္ေတြေတာင္မွ လူမႈကြန္ယက္ေပၚက ဆက္ဆံေရးေတြကေနျပီး နွစ္သိမ့္မႈနဲ႔ ယံုၾကည္မႈေတြ ျပန္လည္ရရွိလာႏိုင္ပါတယ္။ ရွက္တတ္တဲ့ကေလးေတြဟာလည္း အခက္ခဲဆံုး စိန္ေခၚမႈေတြကို  လူမႈကြန္ယက္သံုးျပီး ေက်ာ္လႊားႏိုင္ျပီေပါ့။ ေျပာရမယ္ဆိုရင္ အႏၱရာယ္ကင္းတဲ့ ပတ္၀န္းက်င္တစ္ခုမွာ ဆက္ဆံေရးအသစ္ေတြကို စတင္အစျပဳႏိုင္ျပီေလ။ သူတို႔ေတြဟာ မိတ္ေဆြဖြဲ႕တဲ့ေနရာမွာ အဆင္မေျပတဲ့ခံစားခ်က္ၾကီးကို ေက်ာ္လႊားသြားႏိုင္ျပီး အြန္လိုင္းေပၚမွာပဲ ရင္းႏွီးခင္မင္မႈကိုရရွိသြားႏိုင္ပါတယ္။

Facebook ဟာ မိသားစုေတြနဲ႔ဆက္ဆံေရးကို ပိုျပီးေကာင္းမြန္ေစတဲ့အျပင္ နီးကပ္ေႏြးေထြးတဲ့ခံစားခ်က္ေတြကို လႈံ႕ေဆာ္ေပးႏိုင္ပါတယ္။

လူမႈမီဒီယာေတြဟာလည္း ပညာသင္ၾကားေနတဲ့ကေလးေတြအတြက္ ေကာင္းက်ိဳးတစ္ခုျဖစ္ေစႏိုင္ပါေသးတယ္။ ကေလးငယ္ေတြအတြက္ ေမာ္ဒန္ကမာၻၾကီးထဲမွာ လက္ေတြ႕သေဘာတရားေတြနဲ႔ ကၽြမ္းက်င္မႈေတြကို သင္ယူႏိုင္ဖို႔ဆိုတာ မရွိမျဖစ္ကို အေရးၾကီးလွပါတယ္။ လက္ေတြ႔မွာလည္း ကေလးငယ္ေတြဟာ နည္းပညာေတြနဲ႔ ပိုျပီး အကၽြမ္း၀င္လာနိုင္တယ္။ သူတို႔ရဲ႕တီထြင္ဖန္တီးႏိုင္စြမ္းေတြကို တိုးတက္ေစႏိုင္ျပီး မတူညီတဲ့အေတြးအျမင္သစ္ေတြကို ထိေတြ႕ႏိုင္စြမ္းရွိလာႏိုင္တဲ့အျပင္ သူတို႔ရဲ႕ လူမႈဆက္ဆံေရးပညာေတြကို ပိုျပီးတိုးတက္လာေစႏိုင္ပါတယ္။
ဒါဆိုရင္ .. မေကာင္းတာေတြကေရာ…

Facebook ဟာ ယေန႔ေခတ္ လူမႈဆက္ဆံေရးေတြအတြက္ေတာ့ စြမ္းအားအၾကီးဆံုး မီဒီယာတစ္ခုျဖစ္ေနတယ္ဆိုတာ ျငင္းစရာမလိုပါဘူး။

ဒါေပမယ့္ Facebook သံုးစြဲျခင္းရဲ႕ အေမွာင္ကမာၻျခမ္းၾကီးကလည္းရွိေနပါေသးတယ္။ ဒါကိုေတာ့ Facebook Depression ( facebook စိတ္က်ေ၀ဒနာ)လို႔ေခၚတြင္ျပီး ဒီထဲမွာ စိုးရိမ္ေသာကေတြ၊ စိတ္ပိုင္းဆိုင္ရာ မူမမွန္ျခင္းေတြနဲ႔ က်န္းမာေရးနဲ႔မညီတဲ့ အျပဳအမူအေလ့အထေတြျပဳလုပ္လာျခင္း (ေျပာင္းလဲလာျခင္း) စတာေတြပါ ပါ၀င္ေနပါတယ။္

ဆယ္ေက်ာ္သက္ေတြၾကားမွာ Facebookအသံုးျပဳလြန္ေနျခင္းဟာ narcissism(မိမိကိုယ္ကို အခ်စ္လြန္ျခင္း) နဲ႔ သိသာထင္ရွားစြာဆက္စပ္ေနပါတယ္။ လူငယ္ေတြၾကားထဲမွာလဲ Facebook ကို အလြန္အကၽြံအသံုးျပဳျခင္းဟာ Antisocial Personality Disorder, Histrionic Personality Disorder, စိတ္ၾကြေရာဂါ, နဲ႔ ရက္စက္ၾကမ္းၾကဳတ္ျခင္း၊ Passive-Aggressive, Borderline, အေၾကာက္လြန္ေရာဂါ၊ Somatoformစတာေတြနဲ႔ ဆက္စပ္ေနပါတယ္။

TV, ရုပ္ရွင္၊ ဗီဒီယိုဂိမ္းေတြ၊ အင္တာနက္ေတြ စတဲ့ မီဒီယာေတြနဲ႔ ထိေတြ႕တာမ်ားလာျခင္းဟာ ေပါက္ကြဲလြယ္တဲ့အျပဳအမူေတြရယ္၊ တစ္ကိုယ္တည္းအထီးက်န္စြာေနထိုင္တာေတြရယ္နဲ႔ ဆက္စပ္ေနပါတယ္။ ၁၅မိနစ္တိုင္းမွာ တစ္ၾကိမ္ facebook ကို စစ္ေဆးေနတာကလည္း အမွတ္ေတြေလ်ာ့က်ျခင္းရဲ႕ တရားခံပါပဲ။
Facebook ရဲ႕ အက်ည္းတန္ေျခရာမ်ား : အင္တာနက္စြဲလမ္းျခင္း

ေန႔စဥ္လုပ္ငန္းေဆာင္တာေတြကိုမလုပ္ေဆာင္ႏီုင္ေတာ့ဘဲ အင္တာနက္ကို အလြန္အကၽြံအသံုးျပဳျခင္းကို အင္တာနက္စြဲလမ္းေနျခင္းလို႔ သတ္မွတ္ၾကျပီး ဒါေတြဟာ အႏၱရာယ္ျဖစ္ေစႏိုင္တဲ့ အက်ိဳးဆက္ကို ဦးတည္ေနပါတယ္။ အင္တာနက္သံုးစြဲရတာကို စြဲလမ္းေနတဲ့ လူငယ္ေလးေတြမွာေတာ့ အေၾကာင္းျပခ်က္မရွိဘဲ တစ္စံုတစ္ရာကို ထပ္ခါထပ္ခါျပဳလုပ္ေနတာေတြ၊ စိတ္က်ေရာဂါ၊ အာရံုစိုက္ျခင္းခံယူလိုမႈအတြက္တက္ၾကြလြန္ေနျခင္းေတြ (Attention deficit hyperactivity disorder) ၊ ကန္႔လန္႔တိုက္ျခင္းေတြနဲ႔ အျခားေသာ ပတ္၀န္းက်င္နဲ႔ အံ၀င္ခြင္က်မျဖစ္တဲ့ အျပဳအမူေတြ ျဖစ္ေပၚေနတတ္ပါတယ္။
မိဘမ်ားအတြက္ အသံုး၀င္ႏိုင္မည့္အခ်က္မ်ား

မိဘေတြနဲ႔ သားသမီးေတြၾကားမွာ ယံုၾကည္မႈတစ္ခုတည္ေဆာက္ႏိုင္ဖို႔အတြက္ မွန္ကန္တဲ့နည္းပညာေတြကို ၾကိဳတင္ျပီး မၾကာခဏအသံုးျပဳတဲ့အေၾကာင္းကို စတင္ေျပာျပဖို႔ လိုအပ္လာပါလိမ့္မယ္။ ဒါမွသာ ျပႆနာတစ္ခုခုျဖစ္လာျပီဆိုရင္ ဆိုလိုတာက အႏိုင္က်င့္ခံရတာပဲျဖစ္ျဖစ္ အေႏွာက္အယွက္ျဖစ္ေစတဲ့ ပံုရိပ္ေတြကိုျမင္ရတာပဲျဖစ္ျဖစ္ သင့္ကေလးေတြက သင့္ကိုအသိေပးၾကမွာပါ။ ကေလးေတြနဲ႔ စကားေျပာတဲ့အခ်ိန္မွာ သူတို႔နဲ႔ တစ္တန္းတည္းျဖစ္ေနေစဖို႔အတြက္ ၾကမ္းျပင္ေပၚမွာ ထိုင္ျပီးေျပာပါ။

အျခားေသာ အခ်က္မ်ား

(၁) နည္းပညာအသံုးျပဳပံုေတြအတြက္ စည္းကမ္းနဲ႔ ကန္႔သတ္ခ်က္ေတြထားရွိပါ။

(၂) ဒီစည္းကမ္းေတြနဲ႔ ကန္႔သတ္ခ်က္ေတြ အေၾကာင္းကို ကေလးေတြထံမွလည္း နားေထာင္ပါ။

(၃) စည္းကမ္းေဖာက္ဖ်က္ရင္ ျဖစ္လာမယ့္အက်ိဳးဆက္ေတြကို ေျပာျပပါ။ ဒီအက်ိဳးဆက္ ျပစ္ဒဏ္ေတြဟာ အစပိုင္းမွာ ေသးငယ္ေပမယ့္ လိုအပ္မယ္ဆိုရင္ေတာ့ ျပင္းထန္လာပါေစ။ ကေလးရဲ႕ အေျပာအဆိုအျပဳအမူေတြကို ျပင္ဆင္ေပးႏိုင္ေအာင္ ၾကိဳးစားပါ။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: hellosayarwon

#Unicode Version#
 ဖွဘွတ်ကြီး၏ ကောင်းခြင်း၊ ဆိုးခြင်း နှင့် အကျည်းတန်ခြင်း

Facebook ဟာ ကလေးတွေ၊ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေအားလုံးပေါ်မှာ စိတ်ပညာသဘောတရားအရ အကောင်းဘက်ကရော အဆိုးဘက်ကပါ လွှမ်းမိုးမှုတွေရှိနေပါတယ်။ဒါဟာ လှုမှုကွန်ယက်နဲ့ စိတ်ပိုင်းဆိုင်ရာသဘောထားကြားမှာ ဆက်သွယ်မှုတစ်ခုပါ။ အကြောင်းကြောင့် အကျိုးဖြစ်တာမဟုတ်ပါဘူး။ ဒီနည်းညာသစ်ဟာ ကျွန်တော်တို့ရဲ့ မော်ဒန်လောကထဲကို အံ့သြမှင်သက်ဖွယ်ကောင်းကျိုးတွေအများကြီး ယူဆောင်လာပေးပါတယ်။ တီထွင်ဆန်းသစ်မှု အသစ်အသစ်တွေအပြင် ဒီသက်ရောက်မှုမှာ ဆိုးကျိုးတွေလည်း ရှိနေပါသေးတယ်။
Facebook ကျွမ်းကျင်ကြသူများ

ကလေးတွေနဲ့ ဆယ်ကျော်သက်တွေဟာ facebook ပေါ်မှာပဲ အချိန်ဖြုန်းနေလေလေ အွန်လိုင်းနဲ့ ပြင်ပကမ္ဘာပေါ်မှာထားတဲ့ ကိုယ်ချင်းစာတရားတွေ ကြီးမားလာလေလေပါပဲ။ တစ်နည်းအားဖြင့်တော့ တစ်ဘက်သားက ဘယ်လိုခံစားရမလဲဆိုတာကို ခံစားနားလည်တတ်လာလေလေပါပဲ။

အွန်လိုင်းလူမှုကွန်ယက်ဟာလူငယ်တွေအတွက်တော့ အပြင်မှာသွားတွေ့စရာမလိုဘဲ စမတ်ဖုန်းတစ်လုံးကနေပဲ အပေါင်းအသင်းဆန့်အောင်ကူညီပေးနေသလိုပါပဲ။ ကန့်လန့်တိုက်နေတဲ့ ဂျစ်ကန်ကန်ကလေးငယ်တွေတောင်မှ လူမှုကွန်ယက်ပေါ်က ဆက်ဆံရေးတွေကနေပြီး နှစ်သိမ့်မှုနဲ့ ယုံကြည်မှုတွေ ပြန်လည်ရရှိလာနိုင်ပါတယ်။ ရှက်တတ်တဲ့ကလေးတွေဟာလည်း အခက်ခဲဆုံး စိန်ခေါ်မှုတွေကို  လူမှုကွန်ယက်သုံးပြီး ကျော်လွှားနိုင်ပြီပေါ့။ ပြောရမယ်ဆိုရင် အန္တရာယ်ကင်းတဲ့ ပတ်ဝန်းကျင်တစ်ခုမှာ ဆက်ဆံရေးအသစ်တွေကို စတင်အစပြုနိုင်ပြီလေ။ သူတို့တွေဟာ မိတ်ဆွေဖွဲ့တဲ့နေရာမှာ အဆင်မပြေတဲ့ခံစားချက်ကြီးကို ကျော်လွှားသွားနိုင်ပြီး အွန်လိုင်းပေါ်မှာပဲ ရင်းနှီးခင်မင်မှုကိုရရှိသွားနိုင်ပါတယ်။

Facebook ဟာ မိသားစုတွေနဲ့ဆက်ဆံရေးကို ပိုပြီးကောင်းမွန်စေတဲ့အပြင် နီးကပ်နွေးထွေးတဲ့ခံစားချက်တွေကို လှုံ့ဆော်ပေးနိုင်ပါတယ်။

လူမှုမီဒီယာတွေဟာလည်း ပညာသင်ကြားနေတဲ့ကလေးတွေအတွက် ကောင်းကျိုးတစ်ခုဖြစ်စေနိုင်ပါသေးတယ်။ ကလေးငယ်တွေအတွက် မော်ဒန်ကမ္ဘာကြီးထဲမှာ လက်တွေ့သဘောတရားတွေနဲ့ ကျွမ်းကျင်မှုတွေကို သင်ယူနိုင်ဖို့ဆိုတာ မရှိမဖြစ်ကို အရေးကြီးလှပါတယ်။ လက်တွေ့မှာလည်း ကလေးငယ်တွေဟာ နည်းပညာတွေနဲ့ ပိုပြီး အကျွမ်းဝင်လာနိုင်တယ်။ သူတို့ရဲ့တီထွင်ဖန်တီးနိုင်စွမ်းတွေကို တိုးတက်စေနိုင်ပြီး မတူညီတဲ့အတွေးအမြင်သစ်တွေကို ထိတွေ့နိုင်စွမ်းရှိလာနိုင်တဲ့အပြင် သူတို့ရဲ့ လူမှုဆက်ဆံရေးပညာတွေကို ပိုပြီးတိုးတက်လာစေနိုင်ပါတယ်။
ဒါဆိုရင် .. မကောင်းတာတွေကရော…

Facebook ဟာ ယနေ့ခေတ် လူမှုဆက်ဆံရေးတွေအတွက်တော့ စွမ်းအားအကြီးဆုံး မီဒီယာတစ်ခုဖြစ်နေတယ်ဆိုတာ ငြင်းစရာမလိုပါဘူး။

ဒါပေမယ့် Facebook သုံးစွဲခြင်းရဲ့ အမှောင်ကမ္ဘာခြမ်းကြီးကလည်းရှိနေပါသေးတယ်။ ဒါကိုတော့ Facebook Depression ( facebook စိတ်ကျဝေဒနာ)လို့ခေါ်တွင်ပြီး ဒီထဲမှာ စိုးရိမ်သောကတွေ၊ စိတ်ပိုင်းဆိုင်ရာ မူမမှန်ခြင်းတွေနဲ့ ကျန်းမာရေးနဲ့မညီတဲ့ အပြုအမူအလေ့အထတွေပြုလုပ်လာခြင်း (ပြောင်းလဲလာခြင်း) စတာတွေပါ ပါဝင်နေပါတယ။်

ဆယ်ကျော်သက်တွေကြားမှာ Facebookအသုံးပြုလွန်နေခြင်းဟာ narcissism(မိမိကိုယ်ကို အချစ်လွန်ခြင်း) နဲ့ သိသာထင်ရှားစွာဆက်စပ်နေပါတယ်။ လူငယ်တွေကြားထဲမှာလဲ Facebook ကို အလွန်အကျွံအသုံးပြုခြင်းဟာ Antisocial Personality Disorder, Histrionic Personality Disorder, စိတ်ကြွရောဂါ, နဲ့ ရက်စက်ကြမ်းကြုတ်ခြင်း၊ Passive-Aggressive, Borderline, အကြောက်လွန်ရောဂါ၊ Somatoformစတာတွေနဲ့ ဆက်စပ်နေပါတယ်။

TV, ရုပ်ရှင်၊ ဗီဒီယိုဂိမ်းတွေ၊ အင်တာနက်တွေ စတဲ့ မီဒီယာတွေနဲ့ ထိတွေ့တာများလာခြင်းဟာ ပေါက်ကွဲလွယ်တဲ့အပြုအမူတွေရယ်၊ တစ်ကိုယ်တည်းအထီးကျန်စွာနေထိုင်တာတွေရယ်နဲ့ ဆက်စပ်နေပါတယ်။ ၁၅မိနစ်တိုင်းမှာ တစ်ကြိမ် facebook ကို စစ်ဆေးနေတာကလည်း အမှတ်တွေလျော့ကျခြင်းရဲ့ တရားခံပါပဲ။
Facebook ရဲ့ အကျည်းတန်ခြေရာများ : အင်တာနက်စွဲလမ်းခြင်း

နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုမလုပ်ဆောင်နီုင်တော့ဘဲ အင်တာနက်ကို အလွန်အကျွံအသုံးပြုခြင်းကို အင်တာနက်စွဲလမ်းနေခြင်းလို့ သတ်မှတ်ကြပြီး ဒါတွေဟာ အန္တရာယ်ဖြစ်စေနိုင်တဲ့ အကျိုးဆက်ကို ဦးတည်နေပါတယ်။ အင်တာနက်သုံးစွဲရတာကို စွဲလမ်းနေတဲ့ လူငယ်လေးတွေမှာတော့ အကြောင်းပြချက်မရှိဘဲ တစ်စုံတစ်ရာကို ထပ်ခါထပ်ခါပြုလုပ်နေတာတွေ၊ စိတ်ကျရောဂါ၊ အာရုံစိုက်ခြင်းခံယူလိုမှုအတွက်တက်ကြွလွန်နေခြင်းတွေ (Attention deficit hyperactivity disorder) ၊ ကန့်လန့်တိုက်ခြင်းတွေနဲ့ အခြားသော ပတ်ဝန်းကျင်နဲ့ အံဝင်ခွင်ကျမဖြစ်တဲ့ အပြုအမူတွေ ဖြစ်ပေါ်နေတတ်ပါတယ်။
မိဘများအတွက် အသုံးဝင်နိုင်မည့်အချက်များ

မိဘတွေနဲ့ သားသမီးတွေကြားမှာ ယုံကြည်မှုတစ်ခုတည်ဆောက်နိုင်ဖို့အတွက် မှန်ကန်တဲ့နည်းပညာတွေကို ကြိုတင်ပြီး မကြာခဏအသုံးပြုတဲ့အကြောင်းကို စတင်ပြောပြဖို့ လိုအပ်လာပါလိမ့်မယ်။ ဒါမှသာ ပြဿနာတစ်ခုခုဖြစ်လာပြီဆိုရင် ဆိုလိုတာက အနိုင်ကျင့်ခံရတာပဲဖြစ်ဖြစ် အနှောက်အယှက်ဖြစ်စေတဲ့ ပုံရိပ်တွေကိုမြင်ရတာပဲဖြစ်ဖြစ် သင့်ကလေးတွေက သင့်ကိုအသိပေးကြမှာပါ။ ကလေးတွေနဲ့ စကားပြောတဲ့အချိန်မှာ သူတို့နဲ့ တစ်တန်းတည်းဖြစ်နေစေဖို့အတွက် ကြမ်းပြင်ပေါ်မှာ ထိုင်ပြီးပြောပါ။

အခြားသော အချက်များ

(၁) နည်းပညာအသုံးပြုပုံတွေအတွက် စည်းကမ်းနဲ့ ကန့်သတ်ချက်တွေထားရှိပါ။

(၂) ဒီစည်းကမ်းတွေနဲ့ ကန့်သတ်ချက်တွေ အကြောင်းကို ကလေးတွေထံမှလည်း နားထောင်ပါ။

(၃) စည်းကမ်းဖောက်ဖျက်ရင် ဖြစ်လာမယ့်အကျိုးဆက်တွေကို ပြောပြပါ။ ဒီအကျိုးဆက် ပြစ်ဒဏ်တွေဟာ အစပိုင်းမှာ သေးငယ်ပေမယ့် လိုအပ်မယ်ဆိုရင်တော့ ပြင်းထန်လာပါစေ။ ကလေးရဲ့ အပြောအဆိုအပြုအမူတွေကို ပြင်ဆင်ပေးနိုင်အောင် ကြိုးစားပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top