ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

သကၤန္းလွဴဒါန္းရက်ိဳး ၈-ပါး

၁။ ေရႊအဆင္းႏွင့္တူေသာ အဆင္းရွိျခင္း

၂။ ကိုယ္၌ ျမဴအညစ္အေၾကးမတင္ သန္႔ရွင္းစင္ၾကယ္ျခင္း

၃။ အေရာင္အ၀ါႏွင့္ ျပည့္စံုျခင္း

၄။ ဘုန္းတန္ခိုးအာႏုေဘာ္ႀကီးျခင္း

၅။ သိမ္ေမြ႔ႏူးညံ့ေသာ ကိုယ္ရွိျခင္း

၆။ အျဖဴ အ၀ါ အနီ အ၀တ္ပုဆိုးတစ္သိန္းတို႔ ဦိးထိပ္အထက္၌ ေဆာင္းမိုးလ်က္ ရွိကုန္ျခင္း

၇။ ပိုးပုဆိုး၊ ကမၺလာပုဆိုးတို႔ကိုရျခင္း

၈။ ေခါမပုဆိုး၊ ၀ါခ်ည္ပုဆိုးတို႔ကို ရျခင္း

ေဆာင္ = သကၤန္းအလွဴ၊ အက်ိဳးမူကား၊ ေရႊတူအဆင္း၊ ျမဴေၾကးကင္းလ်က္၊ ေတာက္ျခင္းေရာင္၀ါ၊ ႏူးညံ့စြာလ်က္၊ သံုးျဖာပုဆိုး၊ ေလးမ်ိဳးေသာခ်ည္၊ မ်ားသည္တသိန္း၊ ခပ္သိမ္းဌာန၊ ဤရွစ္၀ကို၊ မုခ်မလဲြ ရေလၿမဲ။ (သံုးပံုတံခ်ဴက်မ္း၊ ၂၄)

ပိလိႏၵ၀စၦေတၳရအပဒါန္လာ “ သကၤန္းအက်ိဳး ၈ပါး” ႏွင့္ “ သကၤန္းအက်ိဳး ၂ပါး” တို႔ကို ေပါင္း၍

“ သကၤန္းလွဴဒါန္းရက်ိဳး ၁၀ပါး” ျပေဆာင္ပုဒ္=
ေရႊသို႔အဆင္း၊ ညစ္ေၾကးကင္း၍၊ ေရာင္၀င္းထိန္ပ၊ ႏူးညံ့လွ၏၊ မကသိန္းဖိုး၊ ပုဆိုးရေလ၊ ညိဳ ေရႊ ျဖဴ အနီ၊ ဤရွစ္လီႏွင့္၊ ႀကီးလင့္ကံအား၊ ေယာက်ၤားျဖစ္ဘိ၊ ဧဟိဘိကၡဳ၊ သဗၺညဳက၊ ေခၚျပဳႁမြက္ဟ၊ မိန္းမဘ၀၊ လက္ခတသိန္း၊ တြက္ကိန္းတန္ဖိုး၊ ကိုးကုေဋမွ်၊ ေလးလအခ်ိန္၊ ပန္းတိမ္ငါးရာ၊ မွန္စြာလုပ္ရ၊ မဟာလတာ၊ ေခၚတန္ဆာကို၊ ၀တ္ကာဆင္ျမန္း၊ ျမတ္ေရႊက်မ္း၀ယ္၊ ဤတစ္ဆယ္သည္၊ မွတ္ဖြယ္သကၤန္း လွဴက်ိဳးတည္း။

အ႒သာလိနီအ႒ကထာလာ “ သကၤန္းလွဴဒါန္းရက်ိဳး ၆ပါး” ျပေဆာင္ပုဒ္=
အဘိဓမၼာ၊ က်မ္းအလာကား၊ ေကာင္းစြာအသံ၊ တတန္အနံ႔၊ ေမႊးပ်ံ႕လိႈင္စြာ၊ ရသာေဘာဂ၊ သံုးေဆာင္ရလ်က္၊ ဖႆကိုယ္မွာ၊ ႏူးညံ့စြာႏွင့္၊ ပမာဂြမ္းလား၊ ကင္းျငားအနား၊ ခမ္းသာသုခ၊ ဤေျခာက္၀ကို၊ နိစၥမလဲြစံရၿမဲ။ (သံုးပံုတံခ်ဴက်မ္း၊ ၂၄။)

“ ပံသကူ သကၤန္းလွဴဒါန္းရက်ိဳး” ျပ ေဆာင္ပုဒ္=

ပံသကူသကၤန္း၊ လွဴဒါန္းရေၾကာင့္၊ ဆင္းလွ၊ ခြန္အား၊ ႀကီးမားပညာ၊ အဂၤါျပည့္၀၊ ႀကီးလွတန္ခိုး၊ လံုးရပ္မ်ိဳးႏွင့္၊ ျပည့္ၿဖိဳးဘ႑ာ၊ မ်ားစြာကြ်န္ေတြ၊ ေရႊ၊ ေငြ၊ ကြ်ဲ၊ ႏြား၊ ဆင္၊ ျမင္းမ်ားႏွင့္၊ သိၾကားတစ္ေထာင္၊ ျမားေျမာင္ပေဒသရာဇ္၊ စၾကာရွစ္ဆယ္၊ အပါယ္စသား၊ မလားမေရာက္၊ ျမားေျမာက္စည္းစိမ္၊ ဂုဏ္သိရ္ၿဖိဳး ေမာက္၊ နိဗၺာန္ေရာက္သည္၊ က်မ္းေထာက္ပံသကူ လွဴက်ိဳးတည္း။

(သဗၺမဂၤလ ဓမၼေဒသနာ၊ ၅၀၉ ၅၁၀။)

(မွတ္ခ်က္။ ဆရာေတာ္ ဦးေဇာတာလကၤာရ အဂၢမဟာသဒၶမၼ ေဇာတိကဓဇ၊ သာသနဓဇသိရီပ၀ရဓမၼာစရိယ ဒီဃနိကာယေကာ၀ိဒ ေရးသားေတာ္မူေသာ ပိဋကေတာ္ႏွင့္စပ္ မွတ္စုေထြလာ သိေကာင္းစရာ စာအုပ္မွ ေကာက္ႏႈတ္ေဖာ္ျပပါသည္။)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: MOI Webportal Myanmar

#Unicode Version#
သင်္ကန်းလှူဒါန်းရကျိုး ၈-ပါး

၁။ ရွှေအဆင်းနှင့်တူသော အဆင်းရှိခြင်း

၂။ ကိုယ်၌ မြူအညစ်အကြေးမတင် သန့်ရှင်းစင်ကြယ်ခြင်း

၃။ အရောင်အဝါနှင့် ပြည့်စုံခြင်း

၄။ ဘုန်းတန်ခိုးအာနုဘော်ကြီးခြင်း

၅။ သိမ်မွေ့နူးညံ့သော ကိုယ်ရှိခြင်း

၆။ အဖြူ အဝါ အနီ အဝတ်ပုဆိုးတစ်သိန်းတို့ ဦိးထိပ်အထက်၌ ဆောင်းမိုးလျက် ရှိကုန်ခြင်း

၇။ ပိုးပုဆိုး၊ ကမ္ဗလာပုဆိုးတို့ကိုရခြင်း

၈။ ခေါမပုဆိုး၊ ဝါချည်ပုဆိုးတို့ကို ရခြင်း

ဆောင် = သင်္ကန်းအလှူ၊ အကျိုးမူကား၊ ရွှေတူအဆင်း၊ မြူကြေးကင်းလျက်၊ တောက်ခြင်းရောင်ဝါ၊ နူးညံ့စွာလျက်၊ သုံးဖြာပုဆိုး၊ လေးမျိုးသောချည်၊ များသည်တသိန်း၊ ခပ်သိမ်းဌာန၊ ဤရှစ်ဝကို၊ မုချမလွဲ ရလေမြဲ။ (သုံးပုံတံချူကျမ်း၊ ၂၄)

ပိလိန္ဒဝစ္ဆတ္ထေရအပဒါန်လာ “ သင်္ကန်းအကျိုး ၈ပါး” နှင့် “ သင်္ကန်းအကျိုး ၂ပါး” တို့ကို ပေါင်း၍

“ သင်္ကန်းလှူဒါန်းရကျိုး ၁၀ပါး” ပြဆောင်ပုဒ်=
ရွှေသို့အဆင်း၊ ညစ်ကြေးကင်း၍၊ ရောင်ဝင်းထိန်ပ၊ နူးညံ့လှ၏၊ မကသိန်းဖိုး၊ ပုဆိုးရလေ၊ ညို ရွှေ ဖြူ အနီ၊ ဤရှစ်လီနှင့်၊ ကြီးလင့်ကံအား၊ ယောင်္ကျားဖြစ်ဘိ၊ ဧဟိဘိက္ခု၊ သဗ္ဗညုက၊ ခေါ်ပြုမြွက်ဟ၊ မိန်းမဘဝ၊ လက်ခတသိန်း၊ တွက်ကိန်းတန်ဖိုး၊ ကိုးကုဋေမျှ၊ လေးလအချိန်၊ ပန်းတိမ်ငါးရာ၊ မှန်စွာလုပ်ရ၊ မဟာလတာ၊ ခေါ်တန်ဆာကို၊ ဝတ်ကာဆင်မြန်း၊ မြတ်ရွှေကျမ်းဝယ်၊ ဤတစ်ဆယ်သည်၊ မှတ်ဖွယ်သင်္ကန်း လှူကျိုးတည်း။

အဋ္ဌသာလိနီအဋ္ဌကထာလာ “ သင်္ကန်းလှူဒါန်းရကျိုး ၆ပါး” ပြဆောင်ပုဒ်=
အဘိဓမ္မာ၊ ကျမ်းအလာကား၊ ကောင်းစွာအသံ၊ တတန်အနံ့၊ မွှေးပျံ့လှိုင်စွာ၊ ရသာဘောဂ၊ သုံးဆောင်ရလျက်၊ ဖဿကိုယ်မှာ၊ နူးညံ့စွာနှင့်၊ ပမာဂွမ်းလား၊ ကင်းငြားအနား၊ ခမ်းသာသုခ၊ ဤခြောက်ဝကို၊ နိစ္စမလွဲစံရမြဲ။ (သုံးပုံတံချူကျမ်း၊ ၂၄။)

“ ပံသကူ သင်္ကန်းလှူဒါန်းရကျိုး” ပြ ဆောင်ပုဒ်=

ပံသကူသင်္ကန်း၊ လှူဒါန်းရကြောင့်၊ ဆင်းလှ၊ ခွန်အား၊ ကြီးမားပညာ၊ အင်္ဂါပြည့်ဝ၊ ကြီးလှတန်ခိုး၊ လုံးရပ်မျိုးနှင့်၊ ပြည့်ဖြိုးဘဏ္ဍာ၊ များစွာကျွန်တွေ၊ ရွှေ၊ ငွေ၊ ကျွဲ၊ နွား၊ ဆင်၊ မြင်းများနှင့်၊ သိကြားတစ်ထောင်၊ မြားမြောင်ပဒေသရာဇ်၊ စကြာရှစ်ဆယ်၊ အပါယ်စသား၊ မလားမရောက်၊ မြားမြောက်စည်းစိမ်၊ ဂုဏ်သိရ်ဖြိုး မောက်၊ နိဗ္ဗာန်ရောက်သည်၊ ကျမ်းထောက်ပံသကူ လှူကျိုးတည်း။

(သဗ္ဗမင်္ဂလ ဓမ္မဒေသနာ၊ ၅၀၉ ၅၁၀။)

(မှတ်ချက်။ ဆရာတော် ဦးဇောတာလင်္ကာရ အဂ္ဂမဟာသဒ္ဓမ္မ ဇောတိကဓဇ၊ သာသနဓဇသိရီပဝရဓမ္မာစရိယ ဒီဃနိကာယကောဝိဒ ရေးသားတော်မူသော ပိဋကတော်နှင့်စပ် မှတ်စုထွေလာ သိကောင်းစရာ စာအုပ်မှ ကောက်နှုတ်ဖော်ပြပါသည်။)

ဖိုးသူတော် (www.phothutaw.com)
Credit: MOI Webportal Myanmar


 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top