Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

သင္နဲ႔ သင့္ခ်စ္သူအၾကားမွာ ဘာအကန္႔အသတ္မွမရွိပဲ အားလံုးကို ဖြင့္ဟတိုင္ပင္ေျပာလို႔မရတဲ့ အေၾကာင္းအရာေတြ ရွိပါသလား။ ဒီလိုအေၾကာင္းအရာမ်ိဳးကို သင္က ေျပာခ်င္ေပမယ့္ ေျပာလိုက္တဲ့အခါမွာ သင့္ခ်စ္သူအတြက္ စိတ္ပ်က္စရာျဖစ္သြားမလားဆိုၿပီး စိတ္ပူေနရတာမ်ိဳးေၾကာင့္ မေျပာႏိုင္ျဖစ္ေနပါသလား။

ဒီလိုျဖစ္ေနတာ သိပ္ေတာ့အဆင္မေျပပါဘူး။

ခ်စ္သူစံုတြဲေတြ၊ ဇနီးေမာင္ႏွံေတြအၾကားမွာ ေရရွည္ခိုင္ျမဲတဲ့ဆက္ဆံေရးတစ္ခုအတြက္ အေရးႀကီးဆံုးအခ်က္က ဘယ္အရာ ဘယ္ကိစၥမ်ိဳးမဆို အားလံုးကို ပြင့္ပြင့္လင္းလင္းေျပာဆိုေဆြးေႏြးပိုင္ခြင့္ ရွိဖို႔ပဲျဖစ္ပါတယ္။ ဒီလိုေျပာဆိုရာမွာ အတိတ္အေၾကာင္းအရာေတြ၊ အနာဂတ္အေၾကာင္းအရာ၊ လိင္မႈကိစၥ၊ ကေလးေတြကိစၥ၊ အဆင္မေျပမႈ၊ အရင္ရည္းစားေဟာင္း၊ အိမ္ေထာင္ေဟာင္း၊ ေရခ်ိဳးခန္းသံုးအေလ့အက်င့္၊ က်န္းမာေရး၊ ႏွစ္ဖက္ေဆြမ်ိဳးအေၾကာင္း၊ ေငြေရးေၾကးေရး အစရွိသျဖင့္ အေၾကာင္းအရာေပါင္းစံုကို ခၽြင္းခ်က္မရွိ စိုးရိမ္မႈမရွိ ေျပာဆိုႏိုင္ရမွာျဖစ္ပါတယ္။

ဒီလိုမျဖစ္ေသးဘူးဆိုရင္ေတာ့ သင့္ကိုယ္သင္ထပ္ၿပီးမလွည့္စားပါနဲ႔။ သင္တို႔ႏွစ္ေယာက္က ရင့္က်က္ခိုင္မာတဲ့ ဆက္ဆံေရးမ်ိဳး မရွိေသးပါဘူး။

ဘ၀မွာေရာ ခ်စ္သူႏွစ္ဦးၾကားဆက္ဆံေရးမွာပါ ေကာင္းတဲ့အခ်က္ေတြေပၚမွာပဲ အာ႐ုံစိုက္ေနဖို႔က အေကာင္းဆံုးျဖစ္ပါတယ္။ ဒါေပမယ့္ ေျဖရွင္းလို႔မရႏိုင္တဲ့ စိတ္ခံစားမႈပိုင္းဆိုင္ရာ လိုအပ္ခ်က္ေတြ ရွိလာတဲ့အခါမွာ သင္တို႔ႏွစ္ေယာက္ကို ခ်စ္သူေတြျဖစ္သြားေစတဲ့ အခ်စ္က ပိတ္ဆို႔ခံလိုက္ရၿပီး တန္ဖိုးေတြ ေလ်ာ့က်သြားတတ္ပါတယ္။ ဒီအခါမွာ အားေပးေထာက္ပံ့မႈ၊ သိကၡာဆယ္မႈေတြေတြသာ မရွိခဲ့ရင္ စစ္မွန္တဲ့ ေပ်ာ္ရႊင္မႈကို ဘယ္ေတာ့မွာ ခံစားရမွာ မဟုတ္ေတာ့ပါဘူး။

ဖြင့္မေျပာခ်င္စရာအေၾကာင္းအရာေတြက ေဘးဖယ္ထားရမွာမဟုတ္ပါဘူး။ ေရွ႕ခ်ၿပီး ေျဖရွင္းရမွာျဖစ္ပါတယ္။ သူတို႔က ခ်စ္သူႏွစ္ဦးၾကားဆက္ဆံေရးရဲ႕ ခြန္အားေတြ၊ ေပ်ာ္ရႊင္မႈေတြအားလံုးကို စုပ္ယူသြားႏိုင္တဲ့ နာက်င္စရာေတြ ျဖစ္ေနတတ္ပါတယ္။ သူတို႔ကို ရင္ဆိုင္ေျဖရွင္းႏိုင္ဖို႔အတြက္ကေတာ့ ေလးနက္ခိုင္မာတဲ ယုံၾကည္မႈနဲ႔ စည္းလံုးညီညြတ္မႈလိုအပ္ပါတယ္။ ဒီလိုကိစၥေတြကို ရင္ဆိုင္မေျဖရွင္းသ၍ေတာ့ ဖြင့္မေျပာျဖစ္တဲ့ စိတ္တင္းက်ပ္မႈေတြၾကားမွာ ပိတ္မိေနၿပီး ၿပီးျပည့္စံုတဲ့ ေပ်ာ္ရႊင္သာယာမႈကို ခံစားရမွာမဟုတ္ပါဘူး။

ဟုတ္ပါတယ္။ ခ်စ္သူႏွစ္ဦးၾကားမွာ နာက်ဥ္စရာအေျခအေနေတြနဲ႔ ပဋိပကၡေတြက မၾကာခဏဆိုသလို ျဖစ္ေပၚလာတတ္ၿပီး ဒီအရာေတြကို ခ်စ္ျခင္းေမတၱာကို ေရွးရႈၿပီး ဘယ္လိုေျဖရွင္းမလဲဆိုတာကို သိရွိဖို႔က အေရးအႀကီးဆံုးလိုအပ္ခ်က္ျဖစ္ပါတယ္။ ဒီလိုနားလည္မႈရွိမွသာ ဘယ္လိုအေၾကာင္းကိစၥမ်ိဳးျဖစ္ေနပါေစ ရင္ဆိုင္ေျဖရွင္းႏိုင္ၿပီး ေက်ာ္ျဖတ္ႏိုင္မယ့္ အေကာင္းဆံုးဆက္ဆံေရးကို တည္ေဆာက္ႏိုင္မွာ ျဖစ္ပါတယ္။

 ဆက္ဆံေရးဆိုတာ သက္ရွိတစ္ခုျဖစ္ပါတယ္။

ခ်စ္သူႏွစ္ဦးၾကားဆက္ဆံေရးဆိုတာက အျခားေသာအရာေတြလို တျဖည္းျဖည္းခ်င္း ႀကီးထြားလာေနတဲ့ သက္ရွိတစ္ခုလို႔ ဆိုႏိုင္ပါတယ္။ သစ္ေစ့တစ္ခုကေန အပင္တစ္ပင္ျဖစ္လာသလို၊ ကေလးငယ္ေလးတစ္ေယာက္ကေန လူႀကီးတစ္ေယာက္ျဖစ္လာသလို ပါပဲ။ ခ်စ္သူႏွစ္ဦးက စိတ္ေရာကိုယ္ပါ ထပ္တူက်လာၿပီဆိုရင္ တစ္ေယာက္နဲ႔တစ္ေယာက္ ပိုၿပီးပြင့္လင္းလာသလို ခြန္အားျပည့္၀တဲ့ စနစ္တစ္ခု ျဖစ္တည္လာပါတယ္။ ဒီလိုအေျခအေနမ်ိဳးက တစ္ခ်ိဳ႕အေၾကာင္းအရာေတြကို ဖြင့္မခ်ပဲသိမ္းထားမယ္ဆိုရင္ ျဖစ္မလာႏိုင္ပါဘူး။

တခ်ိဳ႕အေၾကာင္းအရာေတြက ႐ူးေၾကာင္ေၾကာင္ႏိုင္ၿပီး မေရမရာတာမ်ိဳးလည္း ျဖစ္ႏိုင္ပါတယ္။ ဒီလို အေၾကာင္းအရာမ်ိဳးကို အႏွစ္ခ်ဳပ္ေလာက္ပဲ ေျပာသင့္ပါတယ္။ ဒါေပမယ့္ ခိုင္ျမဲတဲ့ ဆက္ဆံေရးေတြမွာေတာ့ ေျပာဆိုဆက္သြယ္မႈမရွိျခင္းဟာ သိသာထင္ရွားပါတယ္။ ခ်စ္သူႏွစ္ဦးမွာ တစ္ေယာက္ေယာက္က ဖြင့္ေျပာ ေဆြးေႏြးခ်င္စိတ္မရွိတဲ့ အေၾကာင္းအရာတစ္ခုခုရွိၿပီဆိုရင္ ဆက္ဆံေရးရဲ႕ ရည္ရြယ္ခ်က္ေတြကို ထိခိုက္ပ်က္စီးေစႏိုင္ပါတယ္။ ခ်စ္ျခင္းေမတၱာေတြနဲ႔ စည္းလံုးညီညြတ္တဲ့ ဆက္ဆံေရးနဲ႔ ဘယ္လိုအေျခအေနမ်ိဳးပဲ ျဖစ္ျဖစ္ လက္တြဲမျဖဳတ္တဲ့ ဆက္ဆံေရးျဖစ္လာႏိုင္မွာ မဟုတ္ပါဘူး။

အခ်ိဳ႕ေသာ အိမ္ေထာင္ေရးနဲ႔ ခ်စ္သူႏွစ္ဦးဆက္ဆံေရးေတြမွာ အျပန္အလွန္ယံုၾကည္မႈ၊ စည္းလံုးညီညြတ္မႈနဲ႔ ေပ်ာ္ရႊင္မႈေတြ တည္ေဆာက္ႏိုင္ဖို႔အတြက္ အဖ်က္သေဘာေဆာင္တဲ့ အေၾကာင္းအရာေတြကို လစ္လ်ဴ႐ႈထားတဲ့ အခ်ိန္ေတြရွိပါတယ္။ ဒီနည္းလမ္းဟာ စစ္မွန္တဲ့စံုတြဲေတြအတြက္ေတာ့ ထိေရာက္တဲ့ ခ်ဥ္းကပ္မႈတစ္ခုျဖစ္ပါတယ္။ ဒါေပမယ့္ ႏွစ္ဦးသားပိုၿပီးရင္းႏွီးတည္ၿငိမ္လာၿပီဆိုရင္ေတာ့ တစ္ေယာက္စိတ္ထဲက ဘာအေၾကာင္းအရာမဆို ေ၀မွ်ေျပာဆိုၿပီး ခ်စ္သူရဲ႕အားေပးေထာက္ပံ့မႈကို လက္ခံႏိုင္ဖို႔ လိုပါတယ္။ ဒီလိုမဟုတ္ရင္ေတာ့ စိတ္ခ်မ္းသာမႈအျပည့္အ၀ရရွိမွာ မဟုတ္ပါဘူး။

ဖြင့္ေျပာဖို႔ခက္တဲ့အေၾကာင္းအရာတိုင္းဟာ စိတ္ဒဏ္ရာက်က္ေစဖို႔နဲ႔ ကိုယ္ရည္ကိုယ္ေသြးတိုးတက္လာေစဖို႔ အခြင့္အလမ္းျဖစ္ပါတယ္။ ဒီလိုအေၾကာင္းအရာမ်ိဳးေတြကို ခ်စ္သူႏွစ္ဦးၾကားမွာ အဓိကထားၿပီး အထူးဂ႐ုစိုက္ ေဆြးေႏြးညွိႏိႈင္းသင့္ပါတယ္။ ဒီလိုေျဖရွင္းတဲ့အခါမွသာ တစ္ေယာက္ခ်င္းစီအတြက္ေရာ၊ ႏွစ္ေယာက္စလံုးအတြက္ပါ အလားအလာေကာင္းေတြကို ရရွိေစမွာျဖစ္ပါတယ္။ ႏွစ္ဦးစလံုးရဲ႕ စိတ္ခံစားမႈဆိုင္ရာ လိုအပ္ခ်က္ေတြကို သဘာထားႀကီးႀကီးနဲ႔ ေဆြးေႏြးတိုင္ပင္ၿပီး ညွိႏႈိင္းၾကမယ္ဆိုရင္ ႏွစ္ေယာက္စလံုးအတြက္ စိတ္ခ်ရတဲ့ သေဘာတူညီမႈတစ္ခုကို ရရွိေစမွာျဖစ္ပါတယ္။

သင္နဲ႔ သင့္ခ်စ္သူအၾကားမွာ ရင္ဆိုင္ၾကံဳေတြ႕ရတဲ့ အေၾကာင္းအရာေတြအားလံုးကို ပြင့္လင္ျမင္သာမႈအျပည့္နဲ႔ တိုင္ပင္ေဆြးေႏြးၿပီး အျပန္အလွန္ဂ႐ုစိုက္ ကူညီမႈေတြနဲ႔ ပံ့ပိုးကူညီေပးႏိုင္မယ္ဆိုရင္ ႏွစ္ေယာက္စလံုးအတြက္ ေပ်ာ္ရႊင္ေက်နပ္စရာေတြနဲ႔ စိတ္ႏွလံုးၿငိမ္းခ်မ္းမႈေတြကို ခံစားရမွာပါ။ အေကာင္းဆံုးခ်စ္သူစံုတြဲေတြမွာ တစ္ေယာက္ကိုတစ္ေယာက္ အေလွ်ာ့ေပးဖို႔အသင့္ရွိေနတတ္တာေၾကာင့္ ႏွစ္ဦးစလံုးရဲ႕ လိုအပ္ခ်က္ေတြ ျပည့္စံုေနတာျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Gentleman Magazine

#Unicode Version#
သင်နဲ့ သင့်ချစ်သူအကြားမှာ ဘာအကန့်အသတ်မှမရှိပဲ အားလုံးကို ဖွင့်ဟတိုင်ပင်ပြောလို့မရတဲ့ အကြောင်းအရာတွေ ရှိပါသလား။ ဒီလိုအကြောင်းအရာမျိုးကို သင်က ပြောချင်ပေမယ့် ပြောလိုက်တဲ့အခါမှာ သင့်ချစ်သူအတွက် စိတ်ပျက်စရာဖြစ်သွားမလားဆိုပြီး စိတ်ပူနေရတာမျိုးကြောင့် မပြောနိုင်ဖြစ်နေပါသလား။

ဒီလိုဖြစ်နေတာ သိပ်တော့အဆင်မပြေပါဘူး။

ချစ်သူစုံတွဲတွေ၊ ဇနီးမောင်နှံတွေအကြားမှာ ရေရှည်ခိုင်မြဲတဲ့ဆက်ဆံရေးတစ်ခုအတွက် အရေးကြီးဆုံးအချက်က ဘယ်အရာ ဘယ်ကိစ္စမျိုးမဆို အားလုံးကို ပွင့်ပွင့်လင်းလင်းပြောဆိုဆွေးနွေးပိုင်ခွင့် ရှိဖို့ပဲဖြစ်ပါတယ်။ ဒီလိုပြောဆိုရာမှာ အတိတ်အကြောင်းအရာတွေ၊ အနာဂတ်အကြောင်းအရာ၊ လိင်မှုကိစ္စ၊ ကလေးတွေကိစ္စ၊ အဆင်မပြေမှု၊ အရင်ရည်းစားဟောင်း၊ အိမ်ထောင်ဟောင်း၊ ရေချိုးခန်းသုံးအလေ့အကျင့်၊ ကျန်းမာရေး၊ နှစ်ဖက်ဆွေမျိုးအကြောင်း၊ ငွေရေးကြေးရေး အစရှိသဖြင့် အကြောင်းအရာပေါင်းစုံကို ချွင်းချက်မရှိ စိုးရိမ်မှုမရှိ ပြောဆိုနိုင်ရမှာဖြစ်ပါတယ်။

ဒီလိုမဖြစ်သေးဘူးဆိုရင်တော့ သင့်ကိုယ်သင်ထပ်ပြီးမလှည့်စားပါနဲ့။ သင်တို့နှစ်ယောက်က ရင့်ကျက်ခိုင်မာတဲ့ ဆက်ဆံရေးမျိုး မရှိသေးပါဘူး။

ဘဝမှာရော ချစ်သူနှစ်ဦးကြားဆက်ဆံရေးမှာပါ ကောင်းတဲ့အချက်တွေပေါ်မှာပဲ အာရုံစိုက်နေဖို့က အကောင်းဆုံးဖြစ်ပါတယ်။ ဒါပေမယ့် ဖြေရှင်းလို့မရနိုင်တဲ့ စိတ်ခံစားမှုပိုင်းဆိုင်ရာ လိုအပ်ချက်တွေ ရှိလာတဲ့အခါမှာ သင်တို့နှစ်ယောက်ကို ချစ်သူတွေဖြစ်သွားစေတဲ့ အချစ်က ပိတ်ဆို့ခံလိုက်ရပြီး တန်ဖိုးတွေ လျော့ကျသွားတတ်ပါတယ်။ ဒီအခါမှာ အားပေးထောက်ပံ့မှု၊ သိက္ခာဆယ်မှုတွေတွေသာ မရှိခဲ့ရင် စစ်မှန်တဲ့ ပျော်ရွှင်မှုကို ဘယ်တော့မှာ ခံစားရမှာ မဟုတ်တော့ပါဘူး။

ဖွင့်မပြောချင်စရာအကြောင်းအရာတွေက ဘေးဖယ်ထားရမှာမဟုတ်ပါဘူး။ ရှေ့ချပြီး ဖြေရှင်းရမှာဖြစ်ပါတယ်။ သူတို့က ချစ်သူနှစ်ဦးကြားဆက်ဆံရေးရဲ့ ခွန်အားတွေ၊ ပျော်ရွှင်မှုတွေအားလုံးကို စုပ်ယူသွားနိုင်တဲ့ နာကျင်စရာတွေ ဖြစ်နေတတ်ပါတယ်။ သူတို့ကို ရင်ဆိုင်ဖြေရှင်းနိုင်ဖို့အတွက်ကတော့ လေးနက်ခိုင်မာတဲ ယုံကြည်မှုနဲ့ စည်းလုံးညီညွတ်မှုလိုအပ်ပါတယ်။ ဒီလိုကိစ္စတွေကို ရင်ဆိုင်မဖြေရှင်းသ၍တော့ ဖွင့်မပြောဖြစ်တဲ့ စိတ်တင်းကျပ်မှုတွေကြားမှာ ပိတ်မိနေပြီး ပြီးပြည့်စုံတဲ့ ပျော်ရွှင်သာယာမှုကို ခံစားရမှာမဟုတ်ပါဘူး။

ဟုတ်ပါတယ်။ ချစ်သူနှစ်ဦးကြားမှာ နာကျဉ်စရာအခြေအနေတွေနဲ့ ပဋိပက္ခတွေက မကြာခဏဆိုသလို ဖြစ်ပေါ်လာတတ်ပြီး ဒီအရာတွေကို ချစ်ခြင်းမေတ္တာကို ရှေးရှုပြီး ဘယ်လိုဖြေရှင်းမလဲဆိုတာကို သိရှိဖို့က အရေးအကြီးဆုံးလိုအပ်ချက်ဖြစ်ပါတယ်။ ဒီလိုနားလည်မှုရှိမှသာ ဘယ်လိုအကြောင်းကိစ္စမျိုးဖြစ်နေပါစေ ရင်ဆိုင်ဖြေရှင်းနိုင်ပြီး ကျော်ဖြတ်နိုင်မယ့် အကောင်းဆုံးဆက်ဆံရေးကို တည်ဆောက်နိုင်မှာ ဖြစ်ပါတယ်။

 ဆက်ဆံရေးဆိုတာ သက်ရှိတစ်ခုဖြစ်ပါတယ်။

ချစ်သူနှစ်ဦးကြားဆက်ဆံရေးဆိုတာက အခြားသောအရာတွေလို တဖြည်းဖြည်းချင်း ကြီးထွားလာနေတဲ့ သက်ရှိတစ်ခုလို့ ဆိုနိုင်ပါတယ်။ သစ်စေ့တစ်ခုကနေ အပင်တစ်ပင်ဖြစ်လာသလို၊ ကလေးငယ်လေးတစ်ယောက်ကနေ လူကြီးတစ်ယောက်ဖြစ်လာသလို ပါပဲ။ ချစ်သူနှစ်ဦးက စိတ်ရောကိုယ်ပါ ထပ်တူကျလာပြီဆိုရင် တစ်ယောက်နဲ့တစ်ယောက် ပိုပြီးပွင့်လင်းလာသလို ခွန်အားပြည့်ဝတဲ့ စနစ်တစ်ခု ဖြစ်တည်လာပါတယ်။ ဒီလိုအခြေအနေမျိုးက တစ်ချို့အကြောင်းအရာတွေကို ဖွင့်မချပဲသိမ်းထားမယ်ဆိုရင် ဖြစ်မလာနိုင်ပါဘူး။

တချို့အကြောင်းအရာတွေက ရူးကြောင်ကြောင်နိုင်ပြီး မရေမရာတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒီလို အကြောင်းအရာမျိုးကို အနှစ်ချုပ်လောက်ပဲ ပြောသင့်ပါတယ်။ ဒါပေမယ့် ခိုင်မြဲတဲ့ ဆက်ဆံရေးတွေမှာတော့ ပြောဆိုဆက်သွယ်မှုမရှိခြင်းဟာ သိသာထင်ရှားပါတယ်။ ချစ်သူနှစ်ဦးမှာ တစ်ယောက်ယောက်က ဖွင့်ပြော ဆွေးနွေးချင်စိတ်မရှိတဲ့ အကြောင်းအရာတစ်ခုခုရှိပြီဆိုရင် ဆက်ဆံရေးရဲ့ ရည်ရွယ်ချက်တွေကို ထိခိုက်ပျက်စီးစေနိုင်ပါတယ်။ ချစ်ခြင်းမေတ္တာတွေနဲ့ စည်းလုံးညီညွတ်တဲ့ ဆက်ဆံရေးနဲ့ ဘယ်လိုအခြေအနေမျိုးပဲ ဖြစ်ဖြစ် လက်တွဲမဖြုတ်တဲ့ ဆက်ဆံရေးဖြစ်လာနိုင်မှာ မဟုတ်ပါဘူး။

အချို့သော အိမ်ထောင်ရေးနဲ့ ချစ်သူနှစ်ဦးဆက်ဆံရေးတွေမှာ အပြန်အလှန်ယုံကြည်မှု၊ စည်းလုံးညီညွတ်မှုနဲ့ ပျော်ရွှင်မှုတွေ တည်ဆောက်နိုင်ဖို့အတွက် အဖျက်သဘောဆောင်တဲ့ အကြောင်းအရာတွေကို လစ်လျူရှုထားတဲ့ အချိန်တွေရှိပါတယ်။ ဒီနည်းလမ်းဟာ စစ်မှန်တဲ့စုံတွဲတွေအတွက်တော့ ထိရောက်တဲ့ ချဉ်းကပ်မှုတစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် နှစ်ဦးသားပိုပြီးရင်းနှီးတည်ငြိမ်လာပြီဆိုရင်တော့ တစ်ယောက်စိတ်ထဲက ဘာအကြောင်းအရာမဆို ဝေမျှပြောဆိုပြီး ချစ်သူရဲ့အားပေးထောက်ပံ့မှုကို လက်ခံနိုင်ဖို့ လိုပါတယ်။ ဒီလိုမဟုတ်ရင်တော့ စိတ်ချမ်းသာမှုအပြည့်အဝရရှိမှာ မဟုတ်ပါဘူး။

ဖွင့်ပြောဖို့ခက်တဲ့အကြောင်းအရာတိုင်းဟာ စိတ်ဒဏ်ရာကျက်စေဖို့နဲ့ ကိုယ်ရည်ကိုယ်သွေးတိုးတက်လာစေဖို့ အခွင့်အလမ်းဖြစ်ပါတယ်။ ဒီလိုအကြောင်းအရာမျိုးတွေကို ချစ်သူနှစ်ဦးကြားမှာ အဓိကထားပြီး အထူးဂရုစိုက် ဆွေးနွေးညှိနှိုင်းသင့်ပါတယ်။ ဒီလိုဖြေရှင်းတဲ့အခါမှသာ တစ်ယောက်ချင်းစီအတွက်ရော၊ နှစ်ယောက်စလုံးအတွက်ပါ အလားအလာကောင်းတွေကို ရရှိစေမှာဖြစ်ပါတယ်။ နှစ်ဦးစလုံးရဲ့ စိတ်ခံစားမှုဆိုင်ရာ လိုအပ်ချက်တွေကို သဘာထားကြီးကြီးနဲ့ ဆွေးနွေးတိုင်ပင်ပြီး ညှိနှိုင်းကြမယ်ဆိုရင် နှစ်ယောက်စလုံးအတွက် စိတ်ချရတဲ့ သဘောတူညီမှုတစ်ခုကို ရရှိစေမှာဖြစ်ပါတယ်။

သင်နဲ့ သင့်ချစ်သူအကြားမှာ ရင်ဆိုင်ကြုံတွေ့ရတဲ့ အကြောင်းအရာတွေအားလုံးကို ပွင့်လင်မြင်သာမှုအပြည့်နဲ့ တိုင်ပင်ဆွေးနွေးပြီး အပြန်အလှန်ဂရုစိုက် ကူညီမှုတွေနဲ့ ပံ့ပိုးကူညီပေးနိုင်မယ်ဆိုရင် နှစ်ယောက်စလုံးအတွက် ပျော်ရွှင်ကျေနပ်စရာတွေနဲ့ စိတ်နှလုံးငြိမ်းချမ်းမှုတွေကို ခံစားရမှာပါ။ အကောင်းဆုံးချစ်သူစုံတွဲတွေမှာ တစ်ယောက်ကိုတစ်ယောက် အလျှော့ပေးဖို့အသင့်ရှိနေတတ်တာကြောင့် နှစ်ဦးစလုံးရဲ့ လိုအပ်ချက်တွေ ပြည့်စုံနေတာဖြစ်ပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Gentleman Magazine
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top