Golden City Promotion
×

ခ်စ္တင္းေႏွာတာဟာ လူအမ်ားစုကို ေပ်ာ္ရႊင္ေစတယ္ဆိုေပမယ့္ ဆံုးစမရွိတဲ့ ခ်စ္တင္းေႏွာျခင္းေတြကေတာ့ Relationship တစ္ခုကို ေပ်ာ္စရာေကာင္းဖို႔အတြက္ မရွိမျဖစ္လိုအပ္တာေတာ့ မဟုတ္ပါဘူး။ ၿပီးခဲ့တဲ့ ၁၀စုႏွစ္ ေလးခုစာေလာက္ အခ်ိန္ယူခဲ့တဲ့ ေလ့လာမႈ သံုးခုအရ စံုတြဲအမ်ားစုအတြက္ေတာ့ တစ္ပတ္မွာတစ္ႀကိမ္ဆိုရင္ လံုေလာက္ပါသတဲ့။

University of Toronto-Mississauga က သုေတသီေတြက အသက္အရြယ္၊ အိမ္ေထာင္၊ရည္းစားသက္တမ္းေတြကို မၾကည္႔ဘဲ တစ္ပတ္မွာတစ္ႀကိမ္ ခ်စ္တင္းေႏွာၾကတဲ့ အမ်ိဳးသားအမ်ိဳးသမီးေတြကို ရွာေဖြေလ့လာခ့ဲၾကတာျဖစ္ပါတယ္။

လူမႈေရးစိတ္ပညာပါေမာကၡ Amy Muise က “ ကြ်န္မတို႔ေလ့လာေတြ႔ရွိခ်က္အရ ကိုယ္ရဲ႕အေဖာ္နဲ႔ ခ်စ္ခင္ၾကင္နာတဲ့ဆက္သြယ္မႈကို ထိန္းသိမ္းထားႏိုင္ဖို႔က အေရးႀကီးတယ္ဆိုတာကို သိရပါတယ္။ ဒါေပမယ့္ ဒီလိုၾကင္ၾကင္နာနာဆက္ဆံတတ္ၾကတယ္ဆိုရင္ေတာ့ ေန႔စဥ္ေန႔တိုင္း ခ်စ္တင္းေႏွာေနဖို႔ မလိုအပ္ဘူးဆိုတာပါပဲ။ေပ်ာ္ရႊင္မႈအတိုင္းအတာဟာ ဒီလိုလိင္ကိစၥနဲ႔လည္း ဆက္စပ္မႈရွိၿပီး ကိုယ့္အေဖာ္နဲ႔ကိုယ္နဲ႔ၾကားမွာ ဘ၀နဲ႔ပတ္သက္ၿပီး လိုအပ္ခ်က္ေတြ၊ ဆံုးျဖတ္ခ်က္ေတြနဲ႔ စိတ္ေၾကနပ္မႈေတြအားလံုးကို ဆက္သြယ္ေ၀မွ်ၾကဖို႔က အဓိကေသာ့ခ်က္ပါပဲ။” လို႔ ဆိုပါတယ္။

“လူေတြက တစ္ခါတစ္ေလက် ေငြေၾကးပိုျပည္႔စံုၿပီး လိင္ကိစၥပိုမ်ားေလ ပိုုေပ်ာ္စရာေကာင္းေလလို႔ ထင္ေနၾကတာ။ ဒါေပမယ့္ ဒါဟာ တကယ့္အခ်က္မဟုတ္ပါဘူး။ အဓိကက ကိုယ့္ရဲ႕အေဖာ္ျဖစ္သူနဲ႔  ၾကည္ႏူးစရာဆက္သြယ္မႈေတြရွိၿပီး ဖိအားေတြအမ်ားႀကီးမပါတဲ့ ခ်စ္တင္းေႏွာျခင္းကသာ အေရးပါတာျဖစ္ပါတယ္” လို႔ သူက ရွင္းလင္းေျပာၾကားသြားပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Thithtoolwin

Unicode Version

ချစ်တင်းနှောတာဟာ လူအများစုကို ပျော်ရွှင်စေတယ်ဆိုပေမယ့် ဆုံးစမရှိတဲ့ ချစ်တင်းနှောခြင်းတွေကတော့ Relationship တစ်ခုကို ပျော်စရာကောင်းဖို့အတွက် မရှိမဖြစ်လိုအပ်တာတော့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ၁၀စုနှစ် လေးခုစာလောက် အချိန်ယူခဲ့တဲ့ လေ့လာမှု သုံးခုအရ စုံတွဲအများစုအတွက်တော့ တစ်ပတ်မှာတစ်ကြိမ်ဆိုရင် လုံလောက်ပါသတဲ့။

University of Toronto-Mississauga က သုတေသီတွေက အသက်အရွယ်၊ အိမ်ထောင်၊ရည်းစားသက်တမ်းတွေကို မကြည့်ဘဲ တစ်ပတ်မှာတစ်ကြိမ် ချစ်တင်းနှောကြတဲ့ အမျိုးသားအမျိုးသမီးတွေကို ရှာဖွေလေ့လာခဲ့ကြတာဖြစ်ပါတယ်။

လူမှုရေးစိတ်ပညာပါမောက္ခ Amy Muise က “ ကျွန်မတို့လေ့လာတွေ့ရှိချက်အရ ကိုယ်ရဲ့အဖော်နဲ့ ချစ်ခင်ကြင်နာတဲ့ဆက်သွယ်မှုကို ထိန်းသိမ်းထားနိုင်ဖို့က အရေးကြီးတယ်ဆိုတာကို သိရပါတယ်။ ဒါပေမယ့် ဒီလိုကြင်ကြင်နာနာဆက်ဆံတတ်ကြတယ်ဆိုရင်တော့ နေ့စဉ်နေ့တိုင်း ချစ်တင်းနှောနေဖို့ မလိုအပ်ဘူးဆိုတာပါပဲ။ပျော်ရွှင်မှုအတိုင်းအတာဟာ ဒီလိုလိင်ကိစ္စနဲ့လည်း ဆက်စပ်မှုရှိပြီး ကိုယ့်အဖော်နဲ့ကိုယ်နဲ့ကြားမှာ ဘဝနဲ့ပတ်သက်ပြီး လိုအပ်ချက်တွေ၊ ဆုံးဖြတ်ချက်တွေနဲ့ စိတ်ကြေနပ်မှုတွေအားလုံးကို ဆက်သွယ်ဝေမျှကြဖို့က အဓိကသော့ချက်ပါပဲ။” လို့ ဆိုပါတယ်။

“လူတွေက တစ်ခါတစ်လေကျ ငွေကြေးပိုပြည့်စုံပြီး လိင်ကိစ္စပိုများလေ ပိုုပျော်စရာကောင်းလေလို့ ထင်နေကြတာ။ ဒါပေမယ့် ဒါဟာ တကယ့်အချက်မဟုတ်ပါဘူး။ အဓိကက ကိုယ့်ရဲ့အဖော်ဖြစ်သူနဲ့  ကြည်နူးစရာဆက်သွယ်မှုတွေရှိပြီး ဖိအားတွေအများကြီးမပါတဲ့ ချစ်တင်းနှောခြင်းကသာ အရေးပါတာဖြစ်ပါတယ်” လို့ သူက ရှင်းလင်းပြောကြားသွားပါတယ်။


ဖိုးသူတော် (www.phothutaw.com)
Credit: Thithtoolwin
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top