ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

လူငယ္ဘဝကို ႏႈတ္ဆက္ခ်ိန္ပဲ ျဖစ္ပါတယ္။ လူငယ္ တုန္းက စားခ်င္သလိုစား၊ သြားခ်င္သလို သြား၊ ေနခ်င္သလိုေနခဲ့ေပမဲ့ ၄ဝ ပိုင္း ေရာက္ၿပီဆို သတိထားရပါေတာ့မယ္။ အထူးသျဖင့္ က်န္းမာေရးေပါ့။ ဘာလို႔လဲ ဆိုေတာ့ ေရွ႕လာမယ့္ အသက္ႀကီးပိုင္း အတြက္ ႀကိဳတင္ျပင္ဆင္ရေတာ့မွာ ျဖစ္လို႔ ပါ။ ကားတစ္စီးနဲ႔ နမူနာျပဳေျပာရရင္ အ ႏွစ္ ၄ဝ လံုးလံုး သံုးလာတဲ့ ကားဟာ ကား အိုစာရင္းထဲ ေရာက္ေနပါၿပီ

ဒါေပမဲ့ စနစ္တက်နဲ႔ ျပင္ဆင္မြမ္းမံတာမ်ိဳး အၿမဲ လိုလုပ္ေပးရင္ေတာ့ ကားသစ္ေတြနဲ႔ ယွဥ္ ႏိုင္ေသးတာေပါ့။ (ကားအုိ၊ ကားေဟာင္း ေတြကိုေတာ့ အခုေနခါမွာ ျပန္အပ္ေနရ ပါတယ္) လူက်ေတာ့ ျပန္အပ္လို႔ မရဘူး။ စလစ္အသစ္ထုတ္ လုပ္လည္း မရဘူး။ Overhaul လုပ္လို႔လည္း မရဘူး။ ႏွစ္ ၄ဝ လံုးလံုး စားေသာက္ေနလာခဲ့တာ။ အဆိုး ေတြေရာ၊ အေကာင္းေတြေရာ သင့္တာေရာ၊ မသင္တာေရာ အစံုပဲ။ ကံေကာင္း ေထာက္မလို႔ ႀကီးႀကီးက်ယ္က်ယ္ ေထြ ေထြထူးထူး ေရာဂါႀကီးေတြ မျဖစ္ခဲ့တာ။

ဒီေတာ့ ၄ဝ ေရာက္ၿပီဆိုတာနဲ႔ လူငယ္ တုန္းကလို မဆင္မျခင္ လုပ္လို႔ မရေတာ့ ပါဘူး။ ေရွ႕လာမယ့္ အသက္အပုိင္းအျခား အတြက္ ဆင္ျခင္ျပင္ဆင္ရမယ္။ကေန႔ ကမၻာအဝွမ္း ၾကည့္ၾကည့္ပါ။ ၄ဝ ေရာက္လာတဲ့တိုင္ ဆင္ျခင္မျပင္ဆင္ တာေတြ မရွိၾကလို႔ ၄ဝ နဲ႔ ၆ဝ အရြယ္ေတြ ေရာဂါအထူဆံုး၊ အေသအမ်ားဆံုး ျဖစ္ ေနၾကတယ္။၄ဝ ဝန္းက်င္ လူလတ္ပိုင္းေတြမွာ ဆုိရင္ ႏွလံုးေသြးေၾကာ အဆီပိတ္တာ၊ ေသြးတိုး၊ ေသြးခ်ိဳ၊ အသည္းအဆီဖုံုး၊ သည္းေျခအိတ္ ေက်ာက္တည္တာေတြ၊ အစာအိမ္ေရာဂါေတြ၊ ေက်ာက္ကပ္ ေက်ာက္တည္တာ၊ အဆစ္အျမစ္ေရာင္ ေရာဂါေတြ အျဖစ္မ်ားၾကတယ္။

ကင္ဆာ ေရာဂါေတြေၾကာင့္ ေသတာလည္းမ်ား တယ္။ ဒါေၾကာင့္ သန္တုန္း၊ ျမန္တုန္း ၄ဝ ဝန္းက်င္ လူလတ္ပိုင္းကတည္းက ေျပာခဲ့တဲ့ ေရာဂါမ်ိဳးေတြ မျဖစ္ေေအာင္ ကာကြယ္ရတယ္။ တားရမယ္။ကာကြယ္မယ္၊ တားမယ္ဆိုၿပီး ပါးစပ္နဲ႔ ေျပာေန႐ုံနဲ႔ေတာ့ မျဖစ္ဘူး။ ဗဟု သုတ (Knowledge) ေတြ ရွိရမယ္။ ေလ့ လာရမယ္။ သေဘာထား ခံယူခ်က္ (Attitude) ေတြ ျပင္ရမယ္။ ေျပာင္းရ မယ္။ မွားေနတဲ့ အယူအဆ အေတြး အေခၚေတြ ျပင္ရမွာ။ Attitude ေျပာင္းၿပီး ၿပီဆိုရင္လည္း တကယ္လက္ေတြ႔က်က် လုပ္ေဆာင္ရမယ္။ ေကာင္းတဲ့ အမူအ က်င့္စ႐ိုက္ေတြအျဖစ္ Pratice လက္ေတြ႔ က်င့္ေဆာင္ရမယ္။

ငယ္ငယ္တုန္းက ႀကိဳက္တာေတြ အကုန္လံုး စားခ်င္သလို စားခဲ့တယ္။ ည ဘက္ဆိုလည္း မအိပ္ဘူး။ ကဲခ်င္တာေတြ ကဲခဲ့ၾကတယ္။ အရက္ဆိုလည္း မူးေအာင္ ေသာက္ရမွ ေက်နပ္တယ္။ မမူးရင္ေတာင္ အမူးၿပိဳင္ၾကေသးတယ္။ အားကစားလည္း လုပ္ခ်င္မွ လုပ္တယ္။ မလုပ္တာ မ်ားပါ တယ္။ လုပ္ရေကာင္းမွန္းလည္း မသိဘူး။ ဝါသနာပါတဲ့သူေတြကေတာ့ လုပ္ၾကတယ္။ လုပ္တဲ့သူေတြ က်ေတာ့လည္း အျပင္းအထန္လုပ္ၾကတာ။ နည္းစနစ္ေတြ မရွိဘူး။ အေပ်ာ္အပါးဆိုလည္း ပြဲတိုင္း ေက်ာ္ မလြတ္ေစရဘူး။ အႏၲရာယ္ရွိတဲ့ ဆိုင္ကယ္စတန္႔ေတြ၊ ကားစတန္႔ေတြဆို လည္း လုပ္ခဲ့ၾကတယ္။ အခုေတာ့ ဒါေတြ …ဒါေတြ …ၿပီးခဲ့ပါၿပီ …ၿပီးခဲ့ပါၿပီ ဆုိၿပီး အားလံုးကို ေမ့ပစ္လိုက္ပါ။ ျ>ြခင္း ခ်က္အေနနဲ႔ မေမ့ႏိုင္စရာ မေမ့ရက္ ႏိုင္သူ၊ ဒါ မ်ိဳးေလးေတြေတာ့ ရွိပါလိမ့္ မယ္။

၄ဝ အရြယ္ေရာက္ၿပီဆိုတာနဲ႔ ဟင္း သီးဟင္းရြက္နဲ႔ သစ္သီးေတြ အဓိကစားရ မယ္။ ဒါမွ ကိုယ့္အတြက္လိုအပ္တဲ့ ဗီတာမင္ေတြ၊ သတၱဳဓာတ္ေတြရၿပီး ေရာ ဂါဘယေတြ ကာကြယ္ႏုိင္မယ္။ သဘာဝ လတ္ဆတ္တဲ့ ဟင္းသီးဟင္းရြက္ေတြ၊ အသီးသီးေတြထဲမွာ ေရာဂါေတြကို ကာ ကြယ္ႏိုင္၊ တိုက္ဖ်က္ႏုိင္တဲ့ ဗီတာမင္ေတြ၊ သတၱဳဓာတ္ေတြ၊ အင္ဇိုင္းေတြ ပါတယ္ ေလ။ အဲဒါေတြသာ မွန္မွန္စားရင္ ဘယ္ အားေဆး၊ ထိုးေဆးမွ မလိုဘူး။ ႏွာေစး၊ ေခ်ာင္းဆိုးေတာင္ ျဖစ္ခဲတယ္။ အဲ တစ္ခု ေတာ့ ရွိတယ္။ အဲဒီဟင္းသီးဟင္းရြက္နဲ႔ သစ္သီးေတြက ဓာတုေဆးဝါး သံုးတာေတြ ကင္းဖို႔ေတာ့ အေရးႀကီးတယ္။

သဘာဝ ဟင္းသီးဟင္းရြက္ေတြ၊ သစ္သီးေတြထဲမွာ ဓာတ္တိုးဆန္႔က်င္ ဓာတ္ပစၥည္းေတြ ပါတယ္။ အဲဒီဓာတ္ေတြ ဟာ ခႏၶာကိုယ္ထဲက ေရာဂါျဖစ္ႏိုင္တဲ့ ကလာပ္စည္း (ဆဲလ္) ေတြကို ေရာဂါမ ျဖစ္ေအာင္ ကာကြယ္တိုက္ဖ်က္ေပးတဲ့ အစြမ္းေတြ ရွိတယ္။ ဒါေၾကာင့္ လူလတ္ ပိုင္းအရြယ္ကတည္းက ေရာဂါေတြ မျဖစ္ ေအာင္ ေန႔တိုင္း၊ အစာစားတိုင္း ဟင္းသီး ဟင္းရြက္ေတြ စားေပးရမယ္။ အစာစား ၿပီး တိုင္းလည္း အရည္ရႊမ္းတဲ့ သစ္သီး တစ္မ်ိဳးမ်ိဳး၊ ဒါမွမဟုတ္ ေဖ်ာ္ရည္တစ္မ်ိဳး မ်ိဳး စားရမယ္။ ေသာက္ရမယ္။ အခုျဖစ္ ေနၾကတာက ထမင္းစားၿပီး ၿပီဆိုရင္ အခ်ိဳပြဲ တည္းေနၾကတယ္။ အဲဒါလြဲေနတယ္။ တကယ္က သဘာဝသစ္သီးခ်ဥ္ ဒါမဟုတ္ ေဖ်ာ္ရည္တစ္မ်ိဴးမ်ိဳး တည္းရမွာ။ အလွဴ မဂၤလာပြဲေတြမွာဆို ထမင္းစားၿပီး အခ်ိဳပြဲ တည္းၾကတာ ထံုးစံျဖစ္ေနၿပီ။ တကယ္ဆို အခ်ဥ္ပြဲတည္းရမွာ။

၄ဝ လူလတ္ပိုင္းအရြယ္ ေရာက္လာ ရင္ ငယ္ငယ္တုန္းကလို အမ်ားႀကီး မစား သင့္ေတာ့ဘူး။ ေလွ်ာ့စားရမယ္။ ဗိုက္ထဲ က အစာေျခအဂၤါအစိတ္အပိုင္းေတြဟာ ႏွစ္ေပါင္း ၄ဝ ေလာက္ အလုပ္လုပ္ခဲ့ရတာ မို႔ ပင္ပန္းေနၾကၿပီ။ ေနာက္တစ္ခုက အစာအမ်ားႀကီး စားရင္ ႏွလံုးကလည္း အလုပ္ပိုလုပ္ရတယ္။ ဒါေၾကာင့္ အစာ စားရင္ ႏွလံုးလည္း သက္သာ၊ ကိုုယ္တြင္း က အစိတ္အပိုင္းေတြလည္း သက္သာ ေအာင္ ညႇာတဲ့ အေနနဲ႔ ဗိုက္တင္းေအာင္ မစားပါနဲ႔။ ေလွ်ာ့စားပါ။ (မွတ္ခ်က္… ပုဆိုး ေလွ်ာ့စားခုိင္းျခင္းမဟုတ္ပါ။ အစာ ပမာဏ ေလွ်ာ့စားရန္ ဆိုလိုျခင္း ျဖစ္ပါသည္္။)

ကြၽန္ေတာ္တို႔တစ္ေတြဟာ ထမင္းကုိ အားျပဳစားၾကပါတယ္။ ဒါေၾကာင့္မို႔လည္း ထမင္းကို ျမန္မာတို႔ရဲ႕ ွStaple Foodသသိ လို႔ ေတာင္းဆိုထားတယ္။ ထမင္းစားရမွ တင္းတိမ္ ေက်နပ္ၾကပါတယ္။ စားရင္ လည္း ဗိုက္ကားေအာင္ စားတတ္ၾကပါ တယ္။ ထမင္းဟာ ကစီဓာတ္ (Carbohydrate) ျဖစ္တဲ့ ကစီဓာတ္ေတြ မ်ားၿပီး လူလတ္ပိုင္းေတြ ဆီးခ်ိဳျဖစ္ၾကတာ။ ျမန္မာျပည္မွာေတာ့ ထမင္းအစားမ်ားလို႔ ဆီးခ်ိဳျဖစ္ၾကတာပါ။ မျဖစ္႐ုိးလား။ တစ္ ေန႔ကို ထမင္း ၃ နပ္စားတယ္။ တစ္ခါစား ရင္လည္း ႏွစ္ပန္းကန္၊ သံုးပန္းကန္ စားၾကတာဆိုေတာ့ ကာဗိုဟုိက္ဒရိတ္ေတြ မ်ားၿပီး ဆီးခ်ိဳျဖစ္ကုန္ၾကတာေပါ့။ ဒါေၾကာင့္ လူလတ္ပိုင္းေတြ အခ်ိဳစားတာ ထိန္းဖို႔လိုပါတယ္။

သၾကားလံုးဝ ေရွာင္ ႏိုင္ရင္ ေကာင္းပါတယ္။ အျခားအခ်ိဳစာ ေတြလည္း အတတ္ႏိုင္ဆံုး ေရွာင္ရပါ မယ္။ တစ္သက္လံုး စားခဲ့ၿပီးၿပီပဲဲ။
ဟင္းသီးဟင္းရြက္ေတြ သစ္သီးေတြ စားပါလို႔ ေျပာခဲ့ေတာ့ သတ္သတ္လြတ္ စားခိုင္းတာမဟုတ္ပါဘူး။ အေလးေပး စားဖို႔၊ ဦးစားေပးစားဖို႔ ေျပာတာပါ။ အသားငါးေတြလည္း စားရမွာပါ။ ကိုယ္ခံ စြမ္းအား ျဖည့္ဖို႔အတြက္ အသားဓာတ္ လည္း လိုပါတယ္။ အသားစားတဲ့ အခါ မွာေတာ့ အဆီ၊ အေခါက္ေတြ ေရွာင္ရပါ မယ္။ အသားခ်ည္းသက္သက္ စားရ မယ္။ ငါးကိုေတာ့ အဆီေရာ၊ အသားေရာ စားလို႔ ရတယ္။ ငါးဆီက်ေတာ့ အဆိုးမ ျဖစ္ပါဘူ။ အက်ိဳးျပဳပါတယ္။

ေနာက္ၿပီး လူလတ္ပိုင္းေတြ မလုပ္ သင္ေတာ့တဲ့ အရာေတြ ရွိပါတယ္။ အဲ့ဒါ ကေတာ့ ေဆးလိပ္ေသာက္တာနဲ႔ အရက္ ေသာက္တာပါဘဲ။ေဆးလိပ္ေသာက္ တတ္ရင္လည္း ျဖတ္ပါ။ အရက္ေသာက္ တတ္ရင္လည္း ျဖတ္ပါ။ ခ်က္ျခင္းႀကီး မျဖစ္ႏိုင္ရင္လည္း ျဖည္းျဖည္းျခင္း ျဖတ္ ပါ။
မလုပ္သင့္တာေတြ ျဖတ္ၿပီးေတာ့ မ ျဖစ္မေန လုပ္သင့္တာကေတာ့ ကိုယ္ လက္လႈပ္ရွား ေလ့က်င့္ခန္း လုပ္ရမွာပါ။ ေလ့က်င့္ခန္းေတြ အားကစားေတြ ျပင္း ျပင္း ထန္ထန္ လုပ္ရမွာ မဆုိလိုပါဘူး။ ေပါ့ေပါ့ပါးပါး အားကစားေတြ ျပင္းျပင္း ထန္ထန္ လုပ္ရမွာ မဆုိလိုပါဘူး။ ေပါ့ေပါ့ ပါးပါး အားကစားတစ္မ်ိဳးမ်ိဳးေပါ့။ ၾကက္ ေတာင္႐ိုက္တာ၊ ပင္ေပါင္ ႐ုိက္တာ (စားပြဲတင္တင္းနစ္)၊ ေရကူးတာ၊ ကာယ ေလ့က်င့္ခန္း လုပ္တာမ်ိဳးေတြ လုပ္ရပါ မယ္။ ေလေကာင္းေလသန္႔ရတဲ့ ေနရာ ေတြမွာ လမ္းသြက္သြက္ေလွ်ာက္တာ၊ ရြ ရြေလး ေျပးတာမ်ိဳး လုပ္ရင္လည္း ေကာင္းပါတယ္။

ေရာဂါေတြ မျဖစ္ေအာင္ ကာကြယ္ တဲ့ အေနနဲ႔ အစာလည္းေဆး၊ ေဆးလည္း အစာ ျဖစ္တဲ့ အစားအစာေတြလည္း မၾကာမခဏစားရပါမယ္။ ေန႔တိုင္းလည္း စားႏိုင္ပါတယ္။ ကင္ဆာေရာဂါ၊ ႏွလံုး ေရာဂါ၊ ႏွလံုးေသြးေၾကာေရာဂါ၊ ေသြးတိုး ေရာဂါေတြ မျဖစ္ေအာင္ ၾကက္သြန္ျဖဳ၊ ၾကက္သြန္နီစားရမယ္။ ကင္ဆာေတြ မျဖစ္ေအာင္ သေဘၤာရြက္၊ ရဲယိုရြက္ေတြ စားရမယ္။ ေက်ာက္တည္တာေတြ မျဖစ္ ေအာင္ ေက်ာ္ကဖ႐ုံသီးစားရမယ္။ ကိုယ္ ထဲက အဆိပ္အေတာက္ေတြ ထုတ္တဲ့ အေနနဲ႔ ကန္စြန္းနီစားရမယ္။ ေသြးထဲမွာ အဆီဓာတ္ေတြ ရွင္းေအာင္ ၾကက္နားရြက္ မိႈအနက္ စားေပးရမယ္။ အသက္ရွည္ေစ တဲ့ ျမင္းခြာရြက္ စားရမယ္။
အသက္ ၄ဝ ျပည့္ေတာ့မယ့္ သူေတြ အတြက္လည္း စကားလက္ေဆာင္ပါး လိုက္ပါတယ္။

အသက္ ၄ဝ ျပည့္တဲ့ ေနမွာ ႏြားႏုိ႔စစ္စစ္ တစ္ပိႆာတိတိ ေသာက္ပါ။ တစ္ပိႆာေက်ာ္လည္း ရပါ တယ္။ ေသာက္ႏိုင္သေလာက္ေသာက္ပါ။ ဘာေၾကာင့္ လဲဆိုေတာ့ အေမ့ႏုိ႔ဟာ အသက္ ၄ဝ အထိဘဲ စြမ္းအားေပးႏုိင္ပါ တယ္။ အသက္ ၄ဝ ေနာက္ပိုင္းကစလို႔ စြမ္းအားေတြ ဆက္ရဖို႔အတြက္ သတိျပဳ တဲ့ အေနနဲ႔ ႏြားႏို႔ေသာက္ေစတာ ျဖစ္ပါ တယ္။တကယ္လည္း အသက္ ၄ဝ ေနာက္ပုိင္းမွာ ႏို႔ိကို ေန႔စဥ္ေသာက္သင့္ ပါတယ္။ ကယ္စီယမ္ဓာတ္ ျဖည့္ၿပီးသား ျဖစ္တာေပါ့။

အမ်ိဳးသမီးေတြဆို ပိုလို႔ ေတာင့္ ေသာက္သင့္ေသးတယ္။ အ႐ိုးပြ ေရာဂါ ကာကြယ္ၿပီးသားျဖစ္တာေပါ့။
ဘဝရဲ႕ ေကာင္းဆံုးအခ်ိန္ လူလတ္ ပုိင္းအရြယ္ေတြဟာ ဘဝမွာေအာင္ျမင္ခ်ိန္ အေကာင္းဆံုးအခ်ိန္ျဖစ္ေပမယ့္ က်န္းမာ ေရးအတြက္ လစ္လ်ဴ႐ႈၾကတာေၾကာင့္ ေစာေစာစီးစီး ေသေနၾကတယ္။ သားသ မီးေတြဆိုလည္း မိတဆိုး၊ ဖတဆိုးျဖစ္လို ျဖစ္၊ မိန္းမေတြလည္း မုဆိုးမ ျဖစ္ရ၊ ေယာက္်ားလည္း မုဆိုးဖိုျဖစ္ရ၊ မိအို ဖအို ေတြဆိုလည္း သားသမီးေတြ ဆံုး႐ႈံးရနဲ႔ က်န္းမာေရး အေလးေပး သတိခ်ပ္ၾကပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Khin Yadanar

# Unicode Version #
လူငယ်ဘဝကို နှုတ်ဆက်ချိန်ပဲ ဖြစ်ပါတယ်။ လူငယ် တုန်းက စားချင်သလိုစား၊ သွားချင်သလို သွား၊ နေချင်သလိုနေခဲ့ပေမဲ့ ၄ဝ ပိုင်း ရောက်ပြီဆို သတိထားရပါတော့မယ်။ အထူးသဖြင့် ကျန်းမာရေးပေါ့။ ဘာလို့လဲ ဆိုတော့ ရှေ့လာမယ့် အသက်ကြီးပိုင်း အတွက် ကြိုတင်ပြင်ဆင်ရတော့မှာ ဖြစ်လို့ ပါ။ ကားတစ်စီးနဲ့ နမူနာပြုပြောရရင် အ နှစ် ၄ဝ လုံးလုံး သုံးလာတဲ့ ကားဟာ ကား အိုစာရင်းထဲ ရောက်နေပါပြီ

ဒါပေမဲ့ စနစ်တကျနဲ့ ပြင်ဆင်မွမ်းမံတာမျိုး အမြဲ လိုလုပ်ပေးရင်တော့ ကားသစ်တွေနဲ့ ယှဉ် နိုင်သေးတာပေါ့။ (ကားအို၊ ကားဟောင်း တွေကိုတော့ အခုနေခါမှာ ပြန်အပ်နေရ ပါတယ်) လူကျတော့ ပြန်အပ်လို့ မရဘူး။ စလစ်အသစ်ထုတ် လုပ်လည်း မရဘူး။ Overhaul လုပ်လို့လည်း မရဘူး။ နှစ် ၄ဝ လုံးလုံး စားသောက်နေလာခဲ့တာ။ အဆိုး တွေရော၊ အကောင်းတွေရော သင့်တာရော၊ မသင်တာရော အစုံပဲ။ ကံကောင်း ထောက်မလို့ ကြီးကြီးကျယ်ကျယ် ထွေ ထွေထူးထူး ရောဂါကြီးတွေ မဖြစ်ခဲ့တာ။

ဒီတော့ ၄ဝ ရောက်ပြီဆိုတာနဲ့ လူငယ် တုန်းကလို မဆင်မခြင် လုပ်လို့ မရတော့ ပါဘူး။ ရှေ့လာမယ့် အသက်အပိုင်းအခြား အတွက် ဆင်ခြင်ပြင်ဆင်ရမယ်။ကနေ့ ကမ္ဘာအဝှမ်း ကြည့်ကြည့်ပါ။ ၄ဝ ရောက်လာတဲ့တိုင် ဆင်ခြင်မပြင်ဆင် တာတွေ မရှိကြလို့ ၄ဝ နဲ့ ၆ဝ အရွယ်တွေ ရောဂါအထူဆုံး၊ အသေအများဆုံး ဖြစ် နေကြတယ်။၄ဝ ဝန်းကျင် လူလတ်ပိုင်းတွေမှာ ဆိုရင် နှလုံးသွေးကြော အဆီပိတ်တာ၊ သွေးတိုး၊ သွေးချို၊ အသည်းအဆီဖုံး၊ သည်းခြေအိတ် ကျောက်တည်တာတွေ၊ အစာအိမ်ရောဂါတွေ၊ ကျောက်ကပ် ကျောက်တည်တာ၊ အဆစ်အမြစ်ရောင် ရောဂါတွေ အဖြစ်များကြတယ်။

ကင်ဆာ ရောဂါတွေကြောင့် သေတာလည်းများ တယ်။ ဒါကြောင့် သန်တုန်း၊ မြန်တုန်း ၄ဝ ဝန်းကျင် လူလတ်ပိုင်းကတည်းက ပြောခဲ့တဲ့ ရောဂါမျိုးတွေ မဖြစ်ေအောင် ကာကွယ်ရတယ်။ တားရမယ်။ကာကွယ်မယ်၊ တားမယ်ဆိုပြီး ပါးစပ်နဲ့ ပြောနေရုံနဲ့တော့ မဖြစ်ဘူး။ ဗဟု သုတ (Knowledge) တွေ ရှိရမယ်။ လေ့ လာရမယ်။ သဘောထား ခံယူချက် (Attitude) တွေ ပြင်ရမယ်။ ပြောင်းရ မယ်။ မှားနေတဲ့ အယူအဆ အတွေး အခေါ်တွေ ပြင်ရမှာ။ Attitude ပြောင်းပြီး ပြီဆိုရင်လည်း တကယ်လက်တွေ့ကျကျ လုပ်ဆောင်ရမယ်။ ကောင်းတဲ့ အမူအ ကျင့်စရိုက်တွေအဖြစ် Pratice လက်တွေ့ ကျင့်ဆောင်ရမယ်။

ငယ်ငယ်တုန်းက ကြိုက်တာတွေ အကုန်လုံး စားချင်သလို စားခဲ့တယ်။ ည ဘက်ဆိုလည်း မအိပ်ဘူး။ ကဲချင်တာတွေ ကဲခဲ့ကြတယ်။ အရက်ဆိုလည်း မူးအောင် သောက်ရမှ ကျေနပ်တယ်။ မမူးရင်တောင် အမူးပြိုင်ကြသေးတယ်။ အားကစားလည်း လုပ်ချင်မှ လုပ်တယ်။ မလုပ်တာ များပါ တယ်။ လုပ်ရကောင်းမှန်းလည်း မသိဘူး။ ဝါသနာပါတဲ့သူတွေကတော့ လုပ်ကြတယ်။ လုပ်တဲ့သူတွေ ကျတော့လည်း အပြင်းအထန်လုပ်ကြတာ။ နည်းစနစ်တွေ မရှိဘူး။ အပျော်အပါးဆိုလည်း ပွဲတိုင်း ကျော် မလွတ်စေရဘူး။ အန္တရာယ်ရှိတဲ့ ဆိုင်ကယ်စတန့်တွေ၊ ကားစတန့်တွေဆို လည်း လုပ်ခဲ့ကြတယ်။ အခုတော့ ဒါတွေ …ဒါတွေ …ပြီးခဲ့ပါပြီ …ပြီးခဲ့ပါပြီ ဆိုပြီး အားလုံးကို မေ့ပစ်လိုက်ပါ။ ြ>ွခင်း ချက်အနေနဲ့ မမေ့နိုင်စရာ မမေ့ရက် နိုင်သူ၊ ဒါ မျိုးလေးတွေတော့ ရှိပါလိမ့် မယ်။

၄ဝ အရွယ်ရောက်ပြီဆိုတာနဲ့ ဟင်း သီးဟင်းရွက်နဲ့ သစ်သီးတွေ အဓိကစားရ မယ်။ ဒါမှ ကိုယ့်အတွက်လိုအပ်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေရပြီး ရော ဂါဘယတွေ ကာကွယ်နိုင်မယ်။ သဘာဝ လတ်ဆတ်တဲ့ ဟင်းသီးဟင်းရွက်တွေ၊ အသီးသီးတွေထဲမှာ ရောဂါတွေကို ကာ ကွယ်နိုင်၊ တိုက်ဖျက်နိုင်တဲ့ ဗီတာမင်တွေ၊ သတ္တုဓာတ်တွေ၊ အင်ဇိုင်းတွေ ပါတယ် လေ။ အဲဒါတွေသာ မှန်မှန်စားရင် ဘယ် အားဆေး၊ ထိုးဆေးမှ မလိုဘူး။ နှာစေး၊ ချောင်းဆိုးတောင် ဖြစ်ခဲတယ်။ အဲ တစ်ခု တော့ ရှိတယ်။ အဲဒီဟင်းသီးဟင်းရွက်နဲ့ သစ်သီးတွေက ဓာတုဆေးဝါး သုံးတာတွေ ကင်းဖို့တော့ အရေးကြီးတယ်။

သဘာဝ ဟင်းသီးဟင်းရွက်တွေ၊ သစ်သီးတွေထဲမှာ ဓာတ်တိုးဆန့်ကျင် ဓာတ်ပစ္စည်းတွေ ပါတယ်။ အဲဒီဓာတ်တွေ ဟာ ခန္ဓာကိုယ်ထဲက ရောဂါဖြစ်နိုင်တဲ့ ကလာပ်စည်း (ဆဲလ်) တွေကို ရောဂါမ ဖြစ်အောင် ကာကွယ်တိုက်ဖျက်ပေးတဲ့ အစွမ်းတွေ ရှိတယ်။ ဒါကြောင့် လူလတ် ပိုင်းအရွယ်ကတည်းက ရောဂါတွေ မဖြစ် အောင် နေ့တိုင်း၊ အစာစားတိုင်း ဟင်းသီး ဟင်းရွက်တွေ စားပေးရမယ်။ အစာစား ပြီး တိုင်းလည်း အရည်ရွှမ်းတဲ့ သစ်သီး တစ်မျိုးမျိုး၊ ဒါမှမဟုတ် ဖျော်ရည်တစ်မျိုး မျိုး စားရမယ်။ သောက်ရမယ်။ အခုဖြစ် နေကြတာက ထမင်းစားပြီး ပြီဆိုရင် အချိုပွဲ တည်းနေကြတယ်။ အဲဒါလွဲနေတယ်။ တကယ်က သဘာဝသစ်သီးချဉ် ဒါမဟုတ် ဖျော်ရည်တစ်မျိူးမျိုး တည်းရမှာ။ အလှူ မင်္ဂလာပွဲတွေမှာဆို ထမင်းစားပြီး အချိုပွဲ တည်းကြတာ ထုံးစံဖြစ်နေပြီ။ တကယ်ဆို အချဉ်ပွဲတည်းရမှာ။

၄ဝ လူလတ်ပိုင်းအရွယ် ရောက်လာ ရင် ငယ်ငယ်တုန်းကလို အများကြီး မစား သင့်တော့ဘူး။ လျှော့စားရမယ်။ ဗိုက်ထဲ က အစာခြေအင်္ဂါအစိတ်အပိုင်းတွေဟာ နှစ်ပေါင်း ၄ဝ လောက် အလုပ်လုပ်ခဲ့ရတာ မို့ ပင်ပန်းနေကြပြီ။ နောက်တစ်ခုက အစာအများကြီး စားရင် နှလုံးကလည်း အလုပ်ပိုလုပ်ရတယ်။ ဒါကြောင့် အစာ စားရင် နှလုံးလည်း သက်သာ၊ ကိုုယ်တွင်း က အစိတ်အပိုင်းတွေလည်း သက်သာ အောင် ညှာတဲ့ အနေနဲ့ ဗိုက်တင်းအောင် မစားပါနဲ့။ လျှော့စားပါ။ (မှတ်ချက်… ပုဆိုး လျှော့စားခိုင်းခြင်းမဟုတ်ပါ။ အစာ ပမာဏ လျှော့စားရန် ဆိုလိုခြင်း ဖြစ်ပါသည်။)

ကျွန်တော်တို့တစ်တွေဟာ ထမင်းကို အားပြုစားကြပါတယ်။ ဒါကြောင့်မို့လည်း ထမင်းကို မြန်မာတို့ရဲ့ ှStaple Foodသသိ လို့ တောင်းဆိုထားတယ်။ ထမင်းစားရမှ တင်းတိမ် ကျေနပ်ကြပါတယ်။ စားရင် လည်း ဗိုက်ကားအောင် စားတတ်ကြပါ တယ်။ ထမင်းဟာ ကစီဓာတ် (Carbohydrate) ဖြစ်တဲ့ ကစီဓာတ်တွေ များပြီး လူလတ်ပိုင်းတွေ ဆီးချိုဖြစ်ကြတာ။ မြန်မာပြည်မှာတော့ ထမင်းအစားများလို့ ဆီးချိုဖြစ်ကြတာပါ။ မဖြစ်ရိုးလား။ တစ် နေ့ကို ထမင်း ၃ နပ်စားတယ်။ တစ်ခါစား ရင်လည်း နှစ်ပန်းကန်၊ သုံးပန်းကန် စားကြတာဆိုတော့ ကာဗိုဟိုက်ဒရိတ်တွေ များပြီး ဆီးချိုဖြစ်ကုန်ကြတာပေါ့။ ဒါကြောင့် လူလတ်ပိုင်းတွေ အချိုစားတာ ထိန်းဖို့လိုပါတယ်။

သကြားလုံးဝ ရှောင် နိုင်ရင် ကောင်းပါတယ်။ အခြားအချိုစာ တွေလည်း အတတ်နိုင်ဆုံး ရှောင်ရပါ မယ်။ တစ်သက်လုံး စားခဲ့ပြီးပြီပဲ။
ဟင်းသီးဟင်းရွက်တွေ သစ်သီးတွေ စားပါလို့ ပြောခဲ့တော့ သတ်သတ်လွတ် စားခိုင်းတာမဟုတ်ပါဘူး။ အလေးပေး စားဖို့၊ ဦးစားပေးစားဖို့ ပြောတာပါ။ အသားငါးတွေလည်း စားရမှာပါ။ ကိုယ်ခံ စွမ်းအား ဖြည့်ဖို့အတွက် အသားဓာတ် လည်း လိုပါတယ်။ အသားစားတဲ့ အခါ မှာတော့ အဆီ၊ အခေါက်တွေ ရှောင်ရပါ မယ်။ အသားချည်းသက်သက် စားရ မယ်။ ငါးကိုတော့ အဆီရော၊ အသားရော စားလို့ ရတယ်။ ငါးဆီကျတော့ အဆိုးမ ဖြစ်ပါဘူ။ အကျိုးပြုပါတယ်။

နောက်ပြီး လူလတ်ပိုင်းတွေ မလုပ် သင်တော့တဲ့ အရာတွေ ရှိပါတယ်။ အဲ့ဒါ ကတော့ ဆေးလိပ်သောက်တာနဲ့ အရက် သောက်တာပါဘဲ။ဆေးလိပ်သောက် တတ်ရင်လည်း ဖြတ်ပါ။ အရက်သောက် တတ်ရင်လည်း ဖြတ်ပါ။ ချက်ခြင်းကြီး မဖြစ်နိုင်ရင်လည်း ဖြည်းဖြည်းခြင်း ဖြတ် ပါ။
မလုပ်သင့်တာတွေ ဖြတ်ပြီးတော့ မ ဖြစ်မနေ လုပ်သင့်တာကတော့ ကိုယ် လက်လှုပ်ရှား လေ့ကျင့်ခန်း လုပ်ရမှာပါ။ လေ့ကျင့်ခန်းတွေ အားကစားတွေ ပြင်း ပြင်း ထန်ထန် လုပ်ရမှာ မဆိုလိုပါဘူး။ ပေါ့ပေါ့ပါးပါး အားကစားတွေ ပြင်းပြင်း ထန်ထန် လုပ်ရမှာ မဆိုလိုပါဘူး။ ပေါ့ပေါ့ ပါးပါး အားကစားတစ်မျိုးမျိုးပေါ့။ ကြက် တောင်ရိုက်တာ၊ ပင်ပေါင် ရိုက်တာ (စားပွဲတင်တင်းနစ်)၊ ရေကူးတာ၊ ကာယ လေ့ကျင့်ခန်း လုပ်တာမျိုးတွေ လုပ်ရပါ မယ်။ လေကောင်းလေသန့်ရတဲ့ နေရာ တွေမှာ လမ်းသွက်သွက်လျှောက်တာ၊ ရွ ရွလေး ပြေးတာမျိုး လုပ်ရင်လည်း ကောင်းပါတယ်။

ရောဂါတွေ မဖြစ်အောင် ကာကွယ် တဲ့ အနေနဲ့ အစာလည်းဆေး၊ ဆေးလည်း အစာ ဖြစ်တဲ့ အစားအစာတွေလည်း မကြာမခဏစားရပါမယ်။ နေ့တိုင်းလည်း စားနိုင်ပါတယ်။ ကင်ဆာရောဂါ၊ နှလုံး ရောဂါ၊ နှလုံးသွေးကြောရောဂါ၊ သွေးတိုး ရောဂါတွေ မဖြစ်အောင် ကြက်သွန်ဖြု၊ ကြက်သွန်နီစားရမယ်။ ကင်ဆာတွေ မဖြစ်အောင် သင်္ဘောရွက်၊ ရဲယိုရွက်တွေ စားရမယ်။ ကျောက်တည်တာတွေ မဖြစ် အောင် ကျော်ကဖရုံသီးစားရမယ်။ ကိုယ် ထဲက အဆိပ်အတောက်တွေ ထုတ်တဲ့ အနေနဲ့ ကန်စွန်းနီစားရမယ်။ သွေးထဲမှာ အဆီဓာတ်တွေ ရှင်းအောင် ကြက်နားရွက် မှိုအနက် စားပေးရမယ်။ အသက်ရှည်စေ တဲ့ မြင်းခွာရွက် စားရမယ်။
အသက် ၄ဝ ပြည့်တော့မယ့် သူတွေ အတွက်လည်း စကားလက်ဆောင်ပါး လိုက်ပါတယ်။

အသက် ၄ဝ ပြည့်တဲ့ နေမှာ နွားနို့စစ်စစ် တစ်ပိဿာတိတိ သောက်ပါ။ တစ်ပိဿာကျော်လည်း ရပါ တယ်။ သောက်နိုင်သလောက်သောက်ပါ။ ဘာကြောင့် လဲဆိုတော့ အမေ့နို့ဟာ အသက် ၄ဝ အထိဘဲ စွမ်းအားပေးနိုင်ပါ တယ်။ အသက် ၄ဝ နောက်ပိုင်းကစလို့ စွမ်းအားတွေ ဆက်ရဖို့အတွက် သတိပြု တဲ့ အနေနဲ့ နွားနို့သောက်စေတာ ဖြစ်ပါ တယ်။တကယ်လည်း အသက် ၄ဝ နောက်ပိုင်းမှာ နို့ိကို နေ့စဉ်သောက်သင့် ပါတယ်။ ကယ်စီယမ်ဓာတ် ဖြည့်ပြီးသား ဖြစ်တာပေါ့။

အမျိုးသမီးတွေဆို ပိုလို့ တောင့် သောက်သင့်သေးတယ်။ အရိုးပွ ရောဂါ ကာကွယ်ပြီးသားဖြစ်တာပေါ့။
ဘဝရဲ့ ကောင်းဆုံးအချိန် လူလတ် ပိုင်းအရွယ်တွေဟာ ဘဝမှာအောင်မြင်ချိန် အကောင်းဆုံးအချိန်ဖြစ်ပေမယ့် ကျန်းမာ ရေးအတွက် လစ်လျူရှုကြတာကြောင့် စောစောစီးစီး သေနေကြတယ်။ သားသ မီးတွေဆိုလည်း မိတဆိုး၊ ဖတဆိုးဖြစ်လို ဖြစ်၊ မိန်းမတွေလည်း မုဆိုးမ ဖြစ်ရ၊ ယောက်ျားလည်း မုဆိုးဖိုဖြစ်ရ၊ မိအို ဖအို တွေဆိုလည်း သားသမီးတွေ ဆုံးရှုံးရနဲ့ ကျန်းမာရေး အလေးပေး သတိချပ်ကြပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: Khin Yadanar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top