Golden City Promotion
×

ရယ္ေမာသူေတြရရွိႏိုင္တဲ့ က်န္းမာေရးအက်ိဳးေက်းဇူးေတြထဲမွာ စိတ္ဖိစီးမႈကိုျဖစ္ေစႏိုင္တဲ့ ေဟာ္မုန္းကိုေလ်ာ့က်ေစႏိုင္ျခင္းနဲ႔ ေသြးေပါင္ခ်ိန္ကိုေလ်ာ့က်ေစႏိုင္တဲ့အက်ိဳးေက်းဇူးေတြပါဝင္သလို ဆဲလ္ေတြနဲ႔ အဂၤါအစိတ္အပိုင္းေတြဆီကုိ ေသြးစီးဆင္းမႈနဲ႔ ေအာက္ဆီဂ်င္ေရာက္ရွိမႈကိုလည္း တိုးေစနိုင္ပါတယ္။ ရယ္ေမာျခင္းက ၾကြက္သားအုပ္စုေတာ္ေတာ္မ်ားမ်ားအတြက္ သဘာဝေလ့က်င့္ခန္းတစ္ရပ္လည္းျဖစ္ပါတယ္။ အဖ်ားေရာဂါအခ်ိဳ႕ကို ကာကြယ္ေပးႏိုင္သလို ခႏၶာကိုယ္အႏွံ႔မွာရွိတဲ့ ေရာဂါေတြကိုတိုက္ဖ်က္ေပးေနတဲ့ ဆဲလ္ေတြရဲ႕ တံု႔ျပန္မႈကိုလည္း တိုးတက္ေစႏိုင္ပါတယ္။ ရယ္ေမာသူေတြက မွတ္ဥာဏ္စြမ္းရည္တိုးတက္သလို တီထြင္ဖန္တီးႏိုင္မႈစြမ္းရည္ကိုလည္း တိုးတက္ေစ ႏိုင္ပါတယ္။

ပိုျပီးရယ္ေမာနိုင္ဖို႔ၾကိဳးစားပါ။ သုေတသီအခ်ိဳ႕က ရယ္ေမာျခင္းက အေကာင္းဆံုးေသာေဆးဝါးတစ္ရပ္လို႔ သတ္မွတ္ထားၾကသလို ရယ္ေမာျခင္းက ခံစားခ်က္ကိုပိုမိုေကာင္းမြန္ေစပါတယ္ လို႔လက္ခံယံုၾကည္ထားၾကပါတယ္။ ရယ္လိုက္တဲ့အခါ စိတ္ပိုင္းဆိုင္ရာ အေျခအေနက ေျပာင္းလဲသြားပါတယ္။ မ်က္ႏွာနဲ႔ခႏၶာကိုယ္က ၾကြက္သားေတြကို ဆြဲဆန္႔လိုက္သလိုျဖစ္သြားျပီး ေသြးဖိအား နဲ႔ ေသြးခုန္ႏႈန္းကိုလည္းေကာင္းမြန္ေစပါတယ္။ အသက္ရႈႏႈန္းပိုျမန္လာျပီး ကိုယ္တြင္း တစ္ရႈးေတြဆီကို ေအာက္ဆီဂ်င္ေတြပိုမိုေရာက္ရွိေစပါတယ္။
ရယ္ေမာျခင္းကေန ဘယ္လိုက်န္းမာေရးအက်ိဳးေက်းဇူးေတြရရွိေစႏိုင္မလဲ

ရယ္ေမာျခင္းက လူသားအားလံုးအတြက္ ေဆးတစ္လက္ပါ။ ရယ္ေမာျခင္းက စိတ္ဖိစီးမႈကိုျဖစ္ေစတဲ့ ေဟာ္မုန္းေတြကို က်ဆင္းေစျပီး၊ စိတ္ခံစားမႈကို ပိုမိုေကာင္းမြန္ေစသလို၊ ဖန္တီးႏိုင္စြမ္းကိုလည္း ျမင့္တက္ေစတဲ့အျပင္ အက်ိဳးေက်းဇူးေတာ္ေတာ္မ်ားမ်ားကိုလည္းရရွိေစႏိုင္ ပါတယ္။

စိတ္ဖိစီးမႈျဖစ္ေစတဲ့ ေဟာ္မုန္းေတြကို ေလ်ာ့က်ေစျခင္း

ရယ္ေမာျခင္းက ခႏၶာကိုယ္ထဲမွာရွိတဲ့ စိတ္ဖိစီးမွုကိုျဖစ္ေစတဲ့ ေဟာ္မုန္းေတြကို ေလ်ာ့က်ေစႏိုင္ပါတယ္။ စိတ္ဖိစီးမႈကို ျဖစ္ေစတဲ့ေဟာ္မုန္းေတြထဲက ဓာတုပစၥည္းေတြကို အခ်ိဳ႕ေသာအေျခအေနမ်ိုးမွာ ခႏၶာကိုယ္အတြက္လိုအပ္ေပမယ့္ အသံုးျပဳစရာမရွိဘဲ ပမာဏအ၇မ္းမ်ားလာတဲ့အခါမ်ိဳးမွာေတာ့ ကိုယ္တြင္းမွာ ေဟာ္မုန္းမညီမွ်မႈကိုျဖစ္ေစျပီး အျပဳအမူပိုင္းဆိုင္ရာ ေတြမွာထိခုိက္တာမ်ိဳးေတြရွိလာႏိုင္ပါတယ္။ အဆိုပါေဟာ္မုန္းေတြကို immunosuppressant hormone ေတြလို႔ေခၚျပီး ကိုယ္ခံအားစနစ္အတြက္ အႏၱရာယ္ရွိပါတယ္။ အဆိုပါေဟာ္မုန္းပမာဏ ေလ်ာ့က်ဖို႔ဆိုရင္ ရယ္ေမာဖို႔လိုအပ္ပါတယ္။ရယ္ေမာတာက က်န္းမာေရးေကာင္းေစသလို အက်ိဳးလည္းရွိေစပါတယ္။

က်န္းမာေရးေကာင္းေစတဲ့ ေဟာ္မုန္းေတြကို တိုးေစႏိုင္ျခင္း

ေဟာ္မုန္း အက်ိဳးသက္ေရာက္မႈရဲ႕ ေကာင္းတဲ့အခ်က္တစ္ရပ္ကေတာ့ ရယ္ေမာျခင္းေၾကာင့္ ခႏၶာကိုယ္တြင္းက endorphins နဲ႔ neurotransmitter တို႔လိုမ်ိဳး အက်ိဳးျပဳေဟာ္မုန္းအေရအတြက္ကို တိုးေစတာျဖစ္ပါတယ္။ ကိုယ္တြင္းမွာ endorphins တိုးလာတာက နာက်င္မႈကို ေလ်ာ့ပါးသက္သာေစႏိုင္သလို နာက်င္မႈဆီကေန အာရံုေလ်ာ့ေစပါတယ္။ endorphins ေဟာ္မုန္းက ေဘးထြက္ဆိုးက်ိဳးမ၇ွိဘဲ  နာက်င္မႈေတြကို သက္သာေစပါတယ္။ neurotransmitter ေဟာ္မုန္းေတြတိုးလာတာကလည္း ဦးေနွာက္က လုပ္ငန္းေဆာင္တာေတြကို ျမန္ျမန္ဆန္ဆန္ လုပ္ေဆာင္လာႏိုင္ျပီး ပိုမိုလ်င္ျမန္စြာခ်ိတ္ဆက္လာနိုင္ျပီး ေတြ႔ၾကံဳေနရတဲ့ အေျခအေနေတြ နဲ႔ ျပႆနာေတြကို ေျဖရွင္းႏိုင္စြမ္းလည္းတိုးလာသလို ပိုျပီးလည္း လ်င္လ်င္ျမန္ျမန္ေျဖရွင္းလာႏိုင္ပါတယ္။

ကိုယ္ခံအားစနစ္ကို ျမွင့္တင္ေပးႏိုင္ျခင္း

ရယ္ေမာ္ျခင္းက က်န္းမာေစပါတယ္။ ေလ့လာမႈေတြအရ ရယ္ေမာျခင္းက ခႏၶာကိုယ္တြင္းမွာ ေဟာ္မုန္းေျပာင္းလဲမႈကတဆင့္ ခႏၶာကိုယ္ရဲ႕ ဓာတုျဖစ္စဥ္ေတြကိုေျပာင္းလဲေစျပီး antibody cell ေတြကို ပိုမိုလ်င္ျမန္တဲ့ႏႈန္းနဲ႔ ဖြ႔ံျဖိဳးလာေစဖို႔ လႈံ႕့ေဆာ္ေပးႏိုင္တယ္လို႔ သိရွိရပါတယ္။ antibody cells ေတြတိုးလာတယ္ဆိုတာက ဖ်ားနာမႈေတြကို တိုက္ဖ်က္ေပးႏိုင္သလို ကူးစက္ေရာဂါေတြအလြယ္တကူ ကူးစက္ မခံရေအာင္လည္း တိုက္ထုတ္ေပးႏိုင္ပါတယ္။

သဘာဝေလ့က်င့္ခန္းတစ္ရပ္ပါ။

ရယ္ေမာတာက ခႏၶာကိုယ္တြင္းမွာ ထိေရာက္မႈရွိေစရံုမက ခႏၶာကိုယ္ထဲမွာရွိတဲ့ ၾကြက္သားအုပ္စုအမ်ိဳးမ်ိဳးအတြက္ ေလ့က်င့္လုပ္ေဆာင္ေပးႏိုင္တဲ့ သဘာဝနည္းလမ္းတစ္ရပ္ျဖစ္ပါတယ္။ ရယ္ေမာေနတဲ့အခ်ိန္မွာ ခိုးခိုးခစ္ခစ္ပဲ ရယ္ရယ္ ၊ တဟားဟားပဲရယ္ရယ္ ရယ္ေမာတဲ့ လႈပ္ရွားမႈအတြက္ ၾကြက္သားေတြက လႈပ္ရွားရပါတယ္။ ရယ္ေမာေနစဥ္အတြင္း ရင္ဝမ္းျခားေျမွး နဲ႔ ဝမ္းဗိုက္ၾကြက္သားစနစ္ေတြက က်ံဳ႕ လိုက္ဆန္႔လိုက္လုပ္ရတာေၾကာင့္ သဘာဝေလ့က်င့္ခန္းတစ္ရပ္ျဖစ္ပါတယ္။ မ်က္နွာၾကြက္သားေတြအတြက္လည္း ေလ့က်င့္ခန္းလုပ္ျပီးသားျဖစ္သြားပါတယ္။ ရယ္ေမာတဲ့ ပံုစံေပၚမွာ မူတည္ျပီး ရယ္ေမာျခင္းက ေျခေထာက္၊ေနာက္ေက်ာ၊ပခံုးေတြနျပ လက္ေမာင္းၾကြက္သားေတြအေပၚမွာပါ သက္ေရာက္မႈရွိေစပါတယ္။

ကင္ဆာ ကာကြယ္ေပးနိုင္ျခင္း

ရယ္ေမာျခင္းက ခႏၶာကိုယ္တြင္းက IFN (Interferon-gamma) ပမာဏကိုတိုးေစျပီး ကင္ဆာေရာဂါေတြကို တိုက္ထုတ္ေပးႏိုင္ ပါတယ္။ IFN က B ဆဲလ္၊ T ဆဲလ္၊NK ဆဲလ္ေတြနဲ႔ immunoglobulin ေတြကိုလႈံ႔ေဆာ္ေပးပါတယ္။ ဆဲလ္ေတြၾကီးထြားဖို႔အတြက္လည္း လုပ္ေဆာင္ေပးပါတယ္။ ဒီျဒပ္ေပါင္းေတြက က်န္းမာတဲ့ ကိုယ္ခံအားစနစ္ကို တိုးတက္ေစပါတယ္။ ေန႔စဥ္ရယ္ေမာျခင္းက က်န္းမာေစပါတယ္။

ေသြးဖိအားကိုထိန္းညွိေပးျခင္း

ေသြးတိုးေနသူေတြအေနနဲ႔ ရယ္ေမာၾကည့္လိုက္ပါ၊ ေသြးေပါင္ခ်ိန္က်သြားတာကိုေတြ႔ရမွာျဖစ္ပါတယ္။ ေလ့လာမႈေတြအရ အရယ္အေမာကင္းမဲ့တာက ေသြးဖိအားကိုတိုးေစျပီး ရယ္ေမာလိုက္တဲ့အခါ ေသြးစီးဆင္းမႈက တိုးတက္ေကာင္းမြန္သြားတာေၾကာင့္ ေသြးတိုးက်ဆင္းသြားတာျဖစ္ပါတယ္။ ေနာက္တစ္ခ်က္ကေတာ့ ရယ္ေမာတာက ေသြးစီးဆင္းမႈကို တိုးတက္ေကာင္းမြန္ေစျပီး ေသြးေပါင္ခ်ိန္ကို ပံုမွန္အေနအထားထိက်ဆင္းေစပါတယ္။ ေသြးဖိအားျမင့္တက္တာက ႏွလံုးေရာဂါေတြကို ျဖစ္ေစႏိုင္သလို နွလံုးဆိုင္ရာေရာဂါေတြကိုျဖစ္ေစ ႏိုင္ပါတယ္။

ေသြးတြင္း ေအာက္ဆီဂ်င္ပမာဏကိုတိုးေစႏိုင္ျခင္း

ရယ္ေမာတာက အသက္ရႈႏႈန္းကိုျမန္ေစျပီး အသက္ရႈစနစ္ကို ခပ္ျမန္ျမန္အလုပ္လုပ္ေစတာေၾကာင့္ ႏွလံုးခုန္ႏႈန္းကို ခဏတာမွ် ျမန္လာေစျပီး ဦးေႏွာက္ဆီကို ေသြးစီးဆင္းမႈပမာဏတိုးတက္ေစပါတယ္။ ဦးေႏွာက္အတြင္းမွာ ေအာက္ဆီဂ်င္ပမာဏတိုးလာတာက  ဦးေႏွာက္ရဲ႕လုပ္ေဆာင္မႈေတြကို ပိုမိုေကာင္းမြန္ေစျပီး ဦးေႏွာက္ကိုလည္း က်န္းမာေစပါတယ္။

မွတ္ဥာဏ္ေကာင္းေစႏိုင္ျခင္း

ရယ္ေမာတာက ဦးေႏွာက္ရဲ႕ လုပ္ငန္းေဆာင္တာေတြကို တိုးတက္ေစႏိုင္သလို မွတ္ဥာဏ္ကိုလည္းတိုးတက္ေကာင္းမြန္ေစပါတယ္။

စိတ္ခံစားမႈေကာင္းေစနိုင္ျခင္း

ေလ့လာမႈေတြအရ ရယ္မာျခင္း (သို႔) ျပံဳးျခင္းက စိတ္ခံစားမႈကိုတိုးတက္ေစျပီး ေပ်ာ္ရႊင္မႈေတြကိုလည္းတိုးပြားေစပါတယ္။ရယ္ေမာျခင္းက နာက်င္မႈေတြကိုေတာင္ေလ်ာ့ပါးေစႏုိင္တာေၾကာင့္ စိတ္ခံစားမႈကို တိုးတက္ေကာင္းမြန္ေစပါတယ္။ ရယ္ရတာေၾကာင့္ ရယ္တာမိဳးမဟုတ္ဘဲ အေၾကာင္းမဲ့ သက္သက္ရယ္ေမာျခင္းကေတာင္ စိတ္ခံစားမႈကိုတိုးတက္ေစႏိုင္ပါတယ္။

ဖန္တီးႏိုင္စြမ္းကိုတိုးတက္ေစႏိုင္ျခင္း

ရယ္ေမာျခင္းက ခႏၶာကိုယ္ရဲ႕ ဓာတုလုပ္ငန္းစဥ္ေတြအေပၚမွာ ေတာ္ေတာ္ကိုသက္ေရာက္မႈရွိပါတယ္။ စိတ္ဖိစီးမႈျဖစ္ေစတဲ့ ေဟာ္မုန္းက်ဆင္းမႈနဲ႔endorphins ေဟာ္မုန္းတိုးတက္မႈ အေနအထားႏွစ္ရပ္ေပါင္းစပ္လိုက္တဲ့အခါ  ေသြးတြင္းနဲ႔ဦးေႏွာက္အတြင္းမွာ ေအာက္ဆီ၈်င္ပမာဏတိုးလာျပီး ဖန္တီးႏိုင္စြမ္းလည္းတိုးလာပါတယ္။
ရယ္ေမာျခင္းရဲ႕ဆိုးက်ိဳးမ်ား

ၾကြက္သားေတြ နာက်င္ေညာင္းညာေစျခင္း

အခ်ိန္အၾကာၾကီး ပင္ပင္ပန္းပန္းရယ္လိုက္ရတဲ့ အခါမ်ိုးမ်ာ ဝမ္းဗိုက္ၾကြက္သားေတြနာက်င္တာမ်ိဳးခံစားရႏိုင္ပါတယ္။ ရယ္ေမာျပီးေနာက္ ခဏၾကာတဲ့အထိနာက်င္ေနႏိုင္ပါတယ္။ အခ်ိန္အၾကာၾကီးနာတာေတာ့မဟုတ္ပါဘူး။ ရယ္ေမာျခင္းက အက်ိုးရွိတဲ့ ေလ့က်င့္ခန္းတစ္ရပ္ပါ။

ႏွလံုးေရာဂါအခံရွိသူေတြနဲ႔ ခြဲစိတ္ကုသမႈခံယူထားသူေတြမရယ္သင့္ပါဘူး။

ျပင္းထန္တဲ့ႏွလံုးေရာဂါလိုမ်ိဳး ရယ္ေမာတဲ့အခ်ိန္မွာ ယာယီ ေသြးေပါင္ခ်ိန္ျမင့္တက္မႈက အႏၱရာယ္ျဖစ္ေစနိုင္တာမ်ိဳးကလြဲလို႔ ရယ္ေမာျခင္းေၾကာင့္ က်န္းမာေရးကိုထိခုိက္ေစႏိုင္တယ္ဆိုတဲ့ သိပၸံနည္းက်အေထာက္အထားေတြမေတြ႔ရပါဘူး။ ဝမ္းဗိုက္မွာ ခြဲစိတ္ကုသမႈခံယူထားသူေတြအေနနဲ႔လည္း ရယ္ေမာတဲ့အခါ ခြဲစိတ္ထားတဲ့ အနာကို သက္ေရာက္မႈရွိတာမ်ိဳးျဖစ္ေစႏိုင္တာေၾကာင့္ မရယ္သင့္ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: hellosayarwon.com

#Unicode Version#
ရယ်မောသူတွေရရှိနိုင်တဲ့ ကျန်းမာရေးအကျိုးကျေးဇူးတွေထဲမှာ စိတ်ဖိစီးမှုကိုဖြစ်စေနိုင်တဲ့ ဟော်မုန်းကိုလျော့ကျစေနိုင်ခြင်းနဲ့ သွေးပေါင်ချိန်ကိုလျော့ကျစေနိုင်တဲ့အကျိုးကျေးဇူးတွေပါဝင်သလို ဆဲလ်တွေနဲ့ အင်္ဂါအစိတ်အပိုင်းတွေဆီကို သွေးစီးဆင်းမှုနဲ့ အောက်ဆီဂျင်ရောက်ရှိမှုကိုလည်း တိုးစေနိုင်ပါတယ်။ ရယ်မောခြင်းက ကြွက်သားအုပ်စုတော်တော်များများအတွက် သဘာဝလေ့ကျင့်ခန်းတစ်ရပ်လည်းဖြစ်ပါတယ်။ အဖျားရောဂါအချို့ကို ကာကွယ်ပေးနိုင်သလို ခန္ဓာကိုယ်အနှံ့မှာရှိတဲ့ ရောဂါတွေကိုတိုက်ဖျက်ပေးနေတဲ့ ဆဲလ်တွေရဲ့ တုံ့ပြန်မှုကိုလည်း တိုးတက်စေနိုင်ပါတယ်။ ရယ်မောသူတွေက မှတ်ဉာဏ်စွမ်းရည်တိုးတက်သလို တီထွင်ဖန်တီးနိုင်မှုစွမ်းရည်ကိုလည်း တိုးတက်စေ နိုင်ပါတယ်။

ပိုပြီးရယ်မောနိုင်ဖို့ကြိုးစားပါ။ သုတေသီအချို့က ရယ်မောခြင်းက အကောင်းဆုံးသောဆေးဝါးတစ်ရပ်လို့ သတ်မှတ်ထားကြသလို ရယ်မောခြင်းက ခံစားချက်ကိုပိုမိုကောင်းမွန်စေပါတယ် လို့လက်ခံယုံကြည်ထားကြပါတယ်။ ရယ်လိုက်တဲ့အခါ စိတ်ပိုင်းဆိုင်ရာ အခြေအနေက ပြောင်းလဲသွားပါတယ်။ မျက်နှာနဲ့ခန္ဓာကိုယ်က ကြွက်သားတွေကို ဆွဲဆန့်လိုက်သလိုဖြစ်သွားပြီး သွေးဖိအား နဲ့ သွေးခုန်နှုန်းကိုလည်းကောင်းမွန်စေပါတယ်။ အသက်ရှုနှုန်းပိုမြန်လာပြီး ကိုယ်တွင်း တစ်ရှုးတွေဆီကို အောက်ဆီဂျင်တွေပိုမိုရောက်ရှိစေပါတယ်။
ရယ်မောခြင်းကနေ ဘယ်လိုကျန်းမာရေးအကျိုးကျေးဇူးတွေရရှိစေနိုင်မလဲ

ရယ်မောခြင်းက လူသားအားလုံးအတွက် ဆေးတစ်လက်ပါ။ ရယ်မောခြင်းက စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေကို ကျဆင်းစေပြီး၊ စိတ်ခံစားမှုကို ပိုမိုကောင်းမွန်စေသလို၊ ဖန်တီးနိုင်စွမ်းကိုလည်း မြင့်တက်စေတဲ့အပြင် အကျိုးကျေးဇူးတော်တော်များများကိုလည်းရရှိစေနိုင် ပါတယ်။

စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းတွေကို လျော့ကျစေခြင်း

ရယ်မောခြင်းက ခန္ဓာကိုယ်ထဲမှာရှိတဲ့ စိတ်ဖိစီးမှုကိုဖြစ်စေတဲ့ ဟော်မုန်းတွေကို လျော့ကျစေနိုင်ပါတယ်။ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ဟော်မုန်းတွေထဲက ဓာတုပစ္စည်းတွေကို အချို့သောအခြေအနေမျိုးမှာ ခန္ဓာကိုယ်အတွက်လိုအပ်ပေမယ့် အသုံးပြုစရာမရှိဘဲ ပမာဏအ၇မ်းများလာတဲ့အခါမျိုးမှာတော့ ကိုယ်တွင်းမှာ ဟော်မုန်းမညီမျှမှုကိုဖြစ်စေပြီး အပြုအမူပိုင်းဆိုင်ရာ တွေမှာထိခိုက်တာမျိုးတွေရှိလာနိုင်ပါတယ်။ အဆိုပါဟော်မုန်းတွေကို immunosuppressant hormone တွေလို့ခေါ်ပြီး ကိုယ်ခံအားစနစ်အတွက် အန္တရာယ်ရှိပါတယ်။ အဆိုပါဟော်မုန်းပမာဏ လျော့ကျဖို့ဆိုရင် ရယ်မောဖို့လိုအပ်ပါတယ်။ရယ်မောတာက ကျန်းမာရေးကောင်းစေသလို အကျိုးလည်းရှိစေပါတယ်။

ကျန်းမာရေးကောင်းစေတဲ့ ဟော်မုန်းတွေကို တိုးစေနိုင်ခြင်း

ဟော်မုန်း အကျိုးသက်ရောက်မှုရဲ့ ကောင်းတဲ့အချက်တစ်ရပ်ကတော့ ရယ်မောခြင်းကြောင့် ခန္ဓာကိုယ်တွင်းက endorphins နဲ့ neurotransmitter တို့လိုမျိုး အကျိုးပြုဟော်မုန်းအရေအတွက်ကို တိုးစေတာဖြစ်ပါတယ်။ ကိုယ်တွင်းမှာ endorphins တိုးလာတာက နာကျင်မှုကို လျော့ပါးသက်သာစေနိုင်သလို နာကျင်မှုဆီကနေ အာရုံလျော့စေပါတယ်။ endorphins ဟော်မုန်းက ဘေးထွက်ဆိုးကျိုးမ၇ှိဘဲ  နာကျင်မှုတွေကို သက်သာစေပါတယ်။ neurotransmitter ဟော်မုန်းတွေတိုးလာတာကလည်း ဦးနှောက်က လုပ်ငန်းဆောင်တာတွေကို မြန်မြန်ဆန်ဆန် လုပ်ဆောင်လာနိုင်ပြီး ပိုမိုလျင်မြန်စွာချိတ်ဆက်လာနိုင်ပြီး တွေ့ကြုံနေရတဲ့ အခြေအနေတွေ နဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်စွမ်းလည်းတိုးလာသလို ပိုပြီးလည်း လျင်လျင်မြန်မြန်ဖြေရှင်းလာနိုင်ပါတယ်။

ကိုယ်ခံအားစနစ်ကို မြှင့်တင်ပေးနိုင်ခြင်း

ရယ်မော်ခြင်းက ကျန်းမာစေပါတယ်။ လေ့လာမှုတွေအရ ရယ်မောခြင်းက ခန္ဓာကိုယ်တွင်းမှာ ဟော်မုန်းပြောင်းလဲမှုကတဆင့် ခန္ဓာကိုယ်ရဲ့ ဓာတုဖြစ်စဉ်တွေကိုပြောင်းလဲစေပြီး antibody cell တွေကို ပိုမိုလျင်မြန်တဲ့နှုန်းနဲ့ ဖွံ့ဖြိုးလာစေဖို့ လှုံ့ဆော်ပေးနိုင်တယ်လို့ သိရှိရပါတယ်။ antibody cells တွေတိုးလာတယ်ဆိုတာက ဖျားနာမှုတွေကို တိုက်ဖျက်ပေးနိုင်သလို ကူးစက်ရောဂါတွေအလွယ်တကူ ကူးစက် မခံရအောင်လည်း တိုက်ထုတ်ပေးနိုင်ပါတယ်။

သဘာဝလေ့ကျင့်ခန်းတစ်ရပ်ပါ။

ရယ်မောတာက ခန္ဓာကိုယ်တွင်းမှာ ထိရောက်မှုရှိစေရုံမက ခန္ဓာကိုယ်ထဲမှာရှိတဲ့ ကြွက်သားအုပ်စုအမျိုးမျိုးအတွက် လေ့ကျင့်လုပ်ဆောင်ပေးနိုင်တဲ့ သဘာဝနည်းလမ်းတစ်ရပ်ဖြစ်ပါတယ်။ ရယ်မောနေတဲ့အချိန်မှာ ခိုးခိုးခစ်ခစ်ပဲ ရယ်ရယ် ၊ တဟားဟားပဲရယ်ရယ် ရယ်မောတဲ့ လှုပ်ရှားမှုအတွက် ကြွက်သားတွေက လှုပ်ရှားရပါတယ်။ ရယ်မောနေစဉ်အတွင်း ရင်ဝမ်းခြားမြှေး နဲ့ ဝမ်းဗိုက်ကြွက်သားစနစ်တွေက ကျုံ့ လိုက်ဆန့်လိုက်လုပ်ရတာကြောင့် သဘာဝလေ့ကျင့်ခန်းတစ်ရပ်ဖြစ်ပါတယ်။ မျက်နှာကြွက်သားတွေအတွက်လည်း လေ့ကျင့်ခန်းလုပ်ပြီးသားဖြစ်သွားပါတယ်။ ရယ်မောတဲ့ ပုံစံပေါ်မှာ မူတည်ပြီး ရယ်မောခြင်းက ခြေထောက်၊နောက်ကျော၊ပခုံးတွေနပြ လက်မောင်းကြွက်သားတွေအပေါ်မှာပါ သက်ရောက်မှုရှိစေပါတယ်။

ကင်ဆာ ကာကွယ်ပေးနိုင်ခြင်း

ရယ်မောခြင်းက ခန္ဓာကိုယ်တွင်းက IFN (Interferon-gamma) ပမာဏကိုတိုးစေပြီး ကင်ဆာရောဂါတွေကို တိုက်ထုတ်ပေးနိုင် ပါတယ်။ IFN က B ဆဲလ်၊ T ဆဲလ်၊NK ဆဲလ်တွေနဲ့ immunoglobulin တွေကိုလှုံ့ဆော်ပေးပါတယ်။ ဆဲလ်တွေကြီးထွားဖို့အတွက်လည်း လုပ်ဆောင်ပေးပါတယ်။ ဒီဒြပ်ပေါင်းတွေက ကျန်းမာတဲ့ ကိုယ်ခံအားစနစ်ကို တိုးတက်စေပါတယ်။ နေ့စဉ်ရယ်မောခြင်းက ကျန်းမာစေပါတယ်။

သွေးဖိအားကိုထိန်းညှိပေးခြင်း

သွေးတိုးနေသူတွေအနေနဲ့ ရယ်မောကြည့်လိုက်ပါ၊ သွေးပေါင်ချိန်ကျသွားတာကိုတွေ့ရမှာဖြစ်ပါတယ်။ လေ့လာမှုတွေအရ အရယ်အမောကင်းမဲ့တာက သွေးဖိအားကိုတိုးစေပြီး ရယ်မောလိုက်တဲ့အခါ သွေးစီးဆင်းမှုက တိုးတက်ကောင်းမွန်သွားတာကြောင့် သွေးတိုးကျဆင်းသွားတာဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ရယ်မောတာက သွေးစီးဆင်းမှုကို တိုးတက်ကောင်းမွန်စေပြီး သွေးပေါင်ချိန်ကို ပုံမှန်အနေအထားထိကျဆင်းစေပါတယ်။ သွေးဖိအားမြင့်တက်တာက နှလုံးရောဂါတွေကို ဖြစ်စေနိုင်သလို နှလုံးဆိုင်ရာရောဂါတွေကိုဖြစ်စေ နိုင်ပါတယ်။

သွေးတွင်း အောက်ဆီဂျင်ပမာဏကိုတိုးစေနိုင်ခြင်း

ရယ်မောတာက အသက်ရှုနှုန်းကိုမြန်စေပြီး အသက်ရှုစနစ်ကို ခပ်မြန်မြန်အလုပ်လုပ်စေတာကြောင့် နှလုံးခုန်နှုန်းကို ခဏတာမျှ မြန်လာစေပြီး ဦးနှောက်ဆီကို သွေးစီးဆင်းမှုပမာဏတိုးတက်စေပါတယ်။ ဦးနှောက်အတွင်းမှာ အောက်ဆီဂျင်ပမာဏတိုးလာတာက  ဦးနှောက်ရဲ့လုပ်ဆောင်မှုတွေကို ပိုမိုကောင်းမွန်စေပြီး ဦးနှောက်ကိုလည်း ကျန်းမာစေပါတယ်။

မှတ်ဉာဏ်ကောင်းစေနိုင်ခြင်း

ရယ်မောတာက ဦးနှောက်ရဲ့ လုပ်ငန်းဆောင်တာတွေကို တိုးတက်စေနိုင်သလို မှတ်ဉာဏ်ကိုလည်းတိုးတက်ကောင်းမွန်စေပါတယ်။

စိတ်ခံစားမှုကောင်းစေနိုင်ခြင်း

လေ့လာမှုတွေအရ ရယ်မာခြင်း (သို့) ပြုံးခြင်းက စိတ်ခံစားမှုကိုတိုးတက်စေပြီး ပျော်ရွှင်မှုတွေကိုလည်းတိုးပွားစေပါတယ်။ရယ်မောခြင်းက နာကျင်မှုတွေကိုတောင်လျော့ပါးစေနိုင်တာကြောင့် စိတ်ခံစားမှုကို တိုးတက်ကောင်းမွန်စေပါတယ်။ ရယ်ရတာကြောင့် ရယ်တာမိုးမဟုတ်ဘဲ အကြောင်းမဲ့ သက်သက်ရယ်မောခြင်းကတောင် စိတ်ခံစားမှုကိုတိုးတက်စေနိုင်ပါတယ်။

ဖန်တီးနိုင်စွမ်းကိုတိုးတက်စေနိုင်ခြင်း

ရယ်မောခြင်းက ခန္ဓာကိုယ်ရဲ့ ဓာတုလုပ်ငန်းစဉ်တွေအပေါ်မှာ တော်တော်ကိုသက်ရောက်မှုရှိပါတယ်။ စိတ်ဖိစီးမှုဖြစ်စေတဲ့ ဟော်မုန်းကျဆင်းမှုနဲ့endorphins ဟော်မုန်းတိုးတက်မှု အနေအထားနှစ်ရပ်ပေါင်းစပ်လိုက်တဲ့အခါ  သွေးတွင်းနဲ့ဦးနှောက်အတွင်းမှာ အောက်ဆီ၈ျင်ပမာဏတိုးလာပြီး ဖန်တီးနိုင်စွမ်းလည်းတိုးလာပါတယ်။
ရယ်မောခြင်းရဲ့ဆိုးကျိုးများ

ကြွက်သားတွေ နာကျင်ညောင်းညာစေခြင်း

အချိန်အကြာကြီး ပင်ပင်ပန်းပန်းရယ်လိုက်ရတဲ့ အခါမျိုးမျာ ဝမ်းဗိုက်ကြွက်သားတွေနာကျင်တာမျိုးခံစားရနိုင်ပါတယ်။ ရယ်မောပြီးနောက် ခဏကြာတဲ့အထိနာကျင်နေနိုင်ပါတယ်။ အချိန်အကြာကြီးနာတာတော့မဟုတ်ပါဘူး။ ရယ်မောခြင်းက အကျိုးရှိတဲ့ လေ့ကျင့်ခန်းတစ်ရပ်ပါ။

နှလုံးရောဂါအခံရှိသူတွေနဲ့ ခွဲစိတ်ကုသမှုခံယူထားသူတွေမရယ်သင့်ပါဘူး။

ပြင်းထန်တဲ့နှလုံးရောဂါလိုမျိုး ရယ်မောတဲ့အချိန်မှာ ယာယီ သွေးပေါင်ချိန်မြင့်တက်မှုက အန္တရာယ်ဖြစ်စေနိုင်တာမျိုးကလွဲလို့ ရယ်မောခြင်းကြောင့် ကျန်းမာရေးကိုထိခိုက်စေနိုင်တယ်ဆိုတဲ့ သိပ္ပံနည်းကျအထောက်အထားတွေမတွေ့ရပါဘူး။ ဝမ်းဗိုက်မှာ ခွဲစိတ်ကုသမှုခံယူထားသူတွေအနေနဲ့လည်း ရယ်မောတဲ့အခါ ခွဲစိတ်ထားတဲ့ အနာကို သက်ရောက်မှုရှိတာမျိုးဖြစ်စေနိုင်တာကြောင့် မရယ်သင့်ပါဘူး။


ဖိုးသူတော် (www.phothutaw.com)
Credit: hellosayarwon.com
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top