သီရိလကၤာ အာဏာပုိင္ေတြဟာ သူ႔စအုိထဲမွာ ေရႊ ၁ကီလုိ(၂.၂ ေပါင္) ၀ွက္ၿပီး ကုန္ကူးဖုိ႔ႀကိဳးစားတဲ့ အမ်ိဳးသားတစ္ဦးကို ဖမ္းဆီးခဲ့ပါတယ္။ လူ၀င္မႈတာ၀န္ရွိသူေတြဟာ မသကၤာသူရဲ႕ စအုိထဲမွာ သီရိလကၤာရူပီး ၄.၅ သန္း(ေဒၚလာ ၂၉၃၇၀) တန္တဲ့ ေရႊ ၉၀၄ ဂရမ္ကို ေတြ႕ရွိခဲ့ပါတယ္။ အသက္ ၄၅ နွစ္အရြယ္ သီရိလကၤာအမ်ိဳးသားဟာ အိႏၵိယကို သြားမွာျဖစ္ေပမယ့္ ကိုလံဘုိၿမိဳ႕ႏုိင္ငံတကာေလဆိပ္မွာ အတားဆီးခံခဲ့ရပါတယ္။ ၿပီးခဲ့တဲ့နွစ္မ်ားအတြင္း အလားတူျဖစ္ရပ္ အမ်ားအျပား ေပၚေပါက္ခဲ့ပါတယ္။ မ်ားေသာအားျဖင့္ ေဒသအတြင္းက ကုန္ကူးသူေတြဟာ ဒူဘုိင္းနဲ႔စင္ကာပူလုိ ေစ်းသက္သာတဲ့ေနရာေတြမွာ ေရႊ၀ယ္ၿပီး အိႏၵိယမွာ ေရာင္းခ်ေလ့ရွိပါတယ္။

အဆုိပါအမ်ိဳးသားဟာ သံသယျဖစ္စရာပံုနဲ႔လမ္းေလွ်ာက္ေနတဲ့အတြက္ သူ႔ကို သတိထားမိေၾကာင္း လူ၀င္မႈတာ၀န္ရွိသူ တစ္ဦးက ဘီဘီစီကို ေျပာပါတယ္။ အဲဒီေနာက္ သတၱဳေဖာ္စက္ထဲမွာ ေရႊေတြကို ေတြ႕ရၿပီး အဲဒီေရႊေတြကို ပလတ္စတစ္အိတ္ေတြနဲ႔ ေသခ်ာထုတ္ပုိးၿပီး သပ္သပ္ရပ္ရပ္ထည့္သြင္းထားတယ္လုိ႔ လူ၀င္မႈအရာရွိတစ္ဦးက ေျပာပါတယ္။ “ေရႊေတြထဲမွာ ေရႊျပားေလးခ်ပ္၊ ေရႊစ ၃ ခု၊ ေရႊလက္၀တ္ရတနာ ၆ စံုနဲ႔ ေငြရည္သုတ္ ေရႊလက္၀တ္ရတနာ ၂ စံုပါ၀င္တယ္ ” လုိ႔ အေကာက္ခြန္ေျပာခြင့္ရသူတစ္ဦးကဆုိပါတယ္။

ref; BBC,sep 25th
ဖိုးသူေတာ္ (www.phothutaw.com)
Credit:  Kumudra

#Unicode Version#
သီရိလင်္ကာ အာဏာပိုင်တွေဟာ သူ့စအိုထဲမှာ ရွှေ ၁ကီလို(၂.၂ ပေါင်) ဝှက်ပြီး ကုန်ကူးဖို့ကြိုးစားတဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီးခဲ့ပါတယ်။ လူဝင်မှုတာဝန်ရှိသူတွေဟာ မသင်္ကာသူရဲ့ စအိုထဲမှာ သီရိလင်္ကာရူပီး ၄.၅ သန်း(ဒေါ်လာ ၂၉၃၇၀) တန်တဲ့ ရွှေ ၉၀၄ ဂရမ်ကို တွေ့ရှိခဲ့ပါတယ်။ အသက် ၄၅ နှစ်အရွယ် သီရိလင်္ကာအမျိုးသားဟာ အိန္ဒိယကို သွားမှာဖြစ်ပေမယ့် ကိုလံဘိုမြို့နိုင်ငံတကာလေဆိပ်မှာ အတားဆီးခံခဲ့ရပါတယ်။ ပြီးခဲ့တဲ့နှစ်များအတွင်း အလားတူဖြစ်ရပ် အများအပြား ပေါ်ပေါက်ခဲ့ပါတယ်။ များသောအားဖြင့် ဒေသအတွင်းက ကုန်ကူးသူတွေဟာ ဒူဘိုင်းနဲ့စင်ကာပူလို ဈေးသက်သာတဲ့နေရာတွေမှာ ရွှေဝယ်ပြီး အိန္ဒိယမှာ ရောင်းချလေ့ရှိပါတယ်။

အဆိုပါအမျိုးသားဟာ သံသယဖြစ်စရာပုံနဲ့လမ်းလျှောက်နေတဲ့အတွက် သူ့ကို သတိထားမိကြောင်း လူဝင်မှုတာဝန်ရှိသူ တစ်ဦးက ဘီဘီစီကို ပြောပါတယ်။ အဲဒီနောက် သတ္တုဖော်စက်ထဲမှာ ရွှေတွေကို တွေ့ရပြီး အဲဒီရွှေတွေကို ပလတ်စတစ်အိတ်တွေနဲ့ သေချာထုတ်ပိုးပြီး သပ်သပ်ရပ်ရပ်ထည့်သွင်းထားတယ်လို့ လူဝင်မှုအရာရှိတစ်ဦးက ပြောပါတယ်။ “ရွှေတွေထဲမှာ ရွှေပြားလေးချပ်၊ ရွှေစ ၃ ခု၊ ရွှေလက်ဝတ်ရတနာ ၆ စုံနဲ့ ငွေရည်သုတ် ရွှေလက်ဝတ်ရတနာ ၂ စုံပါဝင်တယ် ” လို့ အကောက်ခွန်ပြောခွင့်ရသူတစ်ဦးကဆိုပါတယ်။

ref; BBC,sep 25th

ဖိုးသူတော် (www.phothutaw.com)
Credit:  Kumudra
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top