ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

Relationship ဆုိတာ ေပ်ာ္စရာေကာင္းသလို၊ တစ္ခါတစ္ေလေတာ့ စိတ္ညစ္စရာ အခုိက္အတန္႔နဲ႔ ၾကံဳနုိင္ပါတယ္။ အျမဲတမ္း နားလည္မႈေတြမရွိ စိတ္ပ်က္စရာေတြပဲ ၾကံဳေနရျပီး ေနာက္ဆံုးမွာ လမ္းခြဲဖုိ႔ထိ ျဖစ္လာျပီဆုိရင္ေတာ့ ဒီအခ်က္အလက္ေလးေတြ သင္ သိထားဖို႔ လုိပါလိမ့္မယ္။

၁။ အခ်စ္ေရးတုိင္းဟာ သာယာစရာခ်ည္းမဟုတ္။
အခ်စ္ေရးဆုိတာ ဇာတ္လမ္းေတြထဲကလို၊ တစ္ခ်ိဳ႕ instagram ေတြ၊ လူမႈကြန္ယက္ေတြထဲကလို သာယာစရာေကာင္းတဲ့ ပံုရိပ္ေတြခ်ည္း ရွိေနတာ မဟုတ္ဖူးဆုိတာ သင္ နားလည္ထားရပါ့မယ္။ လက္ေတြ႔အခ်စ္ခရီးမွာ နားလည္မႈခ်င္း ညွိႏိႈင္းတာကအစ၊ စကားမ်ားရန္ျဖစ္တာအဆံုး ၾကည္ႏူးစရာခ်ည္းေတာ့ မဟုတ္ပါဘူး။ ဒီေတာ့ သင္တုိ႔အခ်စ္ေရးဟာ ဒီလုိ ရန္ျဖစ္တာမ်ိဳးေတြ ရွိေနတယ္ဆုိရင္ေတာ့ သင္သိရမွာ သင္တို႔ စံုတြဲပဲ ဒီလုိအျဖစ္ေတြ ၾကံဳေနတာမဟုတ္ပါဘူး။ လူတုိင္း အားက်ရေလာက္တဲ့ စံုတြဲေတြမွာေတာင္မွ ဒီလိုအခက္အခဲေတြ၊ အေနအထားေတြ ရွိပါတယ္။ အခ်စ္ဆုိတာ ေပ်ာ္စရာခ်ည္း မွ်ေဝတာမဟုတ္ပါဘူး။ တျခား မေျပလည္မႈေတြကုိပါ ေက်ာ္ျဖတ္နုိင္မွ အခ်စ္ရဲ႕ အႏွစ္သာရ ရွိတာပါ။

၂။ ကုိယ့္ကုိယ္ကုိ ဂရုစုိက္ဖုိ႔ ျပင္ပါ။
လမ္းခြဲဖို႔ အဆင္သင့္ျဖစ္ေနျပီ၊ လမ္းခြဲေတာ့မယ္ဆုိရင္ေတာ့ သင္တစ္ေယာက္တည္း ဘဝမွာ အသားက်ေအာင္ ဘယ္လိုေနမလဲဆုိတာကုိ ျပင္ဆင္သင့္ပါျပီ။ အသည္းကြဲဇာတ္လုိက္သမား အမ်ားစုဟာ ရုတ္တရက္ ထားရစ္ခံလုိက္ရတဲ့သူေတြ မ်ားပါတယ္။ ဒီလုိမျဖစ္ဖို႔ဆုိရင္ေတာ့ သင္တုိ႔ လမ္းခြဲနုိင္ေခ် မ်ားေနျပီဆုိတာနဲ႔ သင့္အေနနဲ႔ ျပင္ဆင္ေနထုိင္သြားသင့္ပါျပီ။

၃။ သင္ လူမႈဘဝကုိ ျပန္တည္ေဆာက္ပါ။
သင့္လက္တြဲေဖာ္ကုိခ်ည္း အခ်ိန္ေတြ ေပးေနရတဲ့အခါ သင့္အေပါင္းအသင္း မိတ္ေဆြေတြအေပၚ သင္ ပ်က္ကြက္မႈေတြ ရွိပါလိမ့္မယ္။ ဒီေတာ့ လမ္းမခြဲခင္ကတည္းက သူတုိ႔နဲ႔ ဆက္ဆံေရးေတြကုိ ျပန္တည္ေဆာက္ရင္း သူနဲ႔ကုိယ္ ေဝးသြားတဲ့အခါ ျဖစ္လာမယ့္ အထီးက်န္မႈဆုိတဲ့ ကြက္လပ္ေလးကုိ သူငယ္ခ်င္းေတြနဲ႔ ျဖည့္ဆည္းနုိင္ပါလိမ့္မယ္။

၄။ ျပိဳလဲေနတဲ့ နံရံကုိ ျပန္တည္မေဆာက္ပါနဲ႔။
သင္တုိ႔ ခ်စ္သူဘဝမွာ အၾကိမ္ၾကိမ္ ညွိႏိႈင္းနုိင္တယ္။ နားလည္မႈေတြ တည္ေဆာက္နုိင္တယ္။ ဒါေပမယ့္ သင္ကုိယ္တုိင္ ပင္ပန္းဆင္းရဲေနျပီဆုိတဲ့ အခ်ိန္မွာေတာ့ ေမွ်ာ္လင့္ခ်က္ေတြ တျပံဳၾကီးနဲ႔ သင့္အခ်စ္ေရးကုိ ကယ္ဆယ္ဖို႔ မၾကိဳးစားပါနဲ႔ေတာ့။ ေမွ်ာ္လင့္ခ်က္ေတြ ရုိက္ခ်ိဳးခံရရင္ သိပ္ နာက်င္လြန္းလွပါတယ္။ ဒါ့ေၾကာင့္ အနာတရေတြျပည့္ႏွက္ေနတဲ့ အခ်စ္ကုိ ဖက္တြယ္ေနမယ့္အစား ထြက္သြားခြင့္သာ ျပဳလုိက္ပါ။

၅။ ဘာေၾကာင့္ လမ္းခြဲျဖစ္တာလဲဆုိတာေတာ့ သင္သိပါေစ။
လမ္းခြဲရတဲ့ အေၾကာင္းအရင္းကို သင္ သိေနပါေစ။ "ဒီတုိင္းပဲ သေဘာထားခ်င္း မတုိက္ဆုိင္လုိ႔" ဆုိတာက အေၾကာင္းရင္း မဟုတ္ပါဘူး။ သင့္အေနန႔ဲ အေၾကာင္းရင္းကုိ ေသခ်ာမသိရင္ ေနာင္လာမယ့္ Relationship မွာလည္း အလားတူအမွားမ်ိဳး က်ဴးလြန္နုိင္ျပီး အလားတူျဖစ္ရပ္မ်ိဳး ျဖစ္လာနုိင္ပါတယ္။ ဒီေတာ့ သင္ဘာေတြ ျပဳျပင္ေျပာင္းလဲစရာ ရွိသလဲ သိေအာင္လုပ္ျပီး သင္ခန္းစာယူပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ေရႊညာေမာင္ (Focus Youth E-magazine)

#Unicode Version#
Relationship ဆိုတာ ပျော်စရာကောင်းသလို၊ တစ်ခါတစ်လေတော့ စိတ်ညစ်စရာ အခိုက်အတန့်နဲ့ ကြုံနိုင်ပါတယ်။ အမြဲတမ်း နားလည်မှုတွေမရှိ စိတ်ပျက်စရာတွေပဲ ကြုံနေရပြီး နောက်ဆုံးမှာ လမ်းခွဲဖို့ထိ ဖြစ်လာပြီဆိုရင်တော့ ဒီအချက်အလက်လေးတွေ သင် သိထားဖို့ လိုပါလိမ့်မယ်။

၁။ အချစ်ရေးတိုင်းဟာ သာယာစရာချည်းမဟုတ်။
အချစ်ရေးဆိုတာ ဇာတ်လမ်းတွေထဲကလို၊ တစ်ချို့ instagram တွေ၊ လူမှုကွန်ယက်တွေထဲကလို သာယာစရာကောင်းတဲ့ ပုံရိပ်တွေချည်း ရှိနေတာ မဟုတ်ဖူးဆိုတာ သင် နားလည်ထားရပါ့မယ်။ လက်တွေ့အချစ်ခရီးမှာ နားလည်မှုချင်း ညှိနှိုင်းတာကအစ၊ စကားများရန်ဖြစ်တာအဆုံး ကြည်နူးစရာချည်းတော့ မဟုတ်ပါဘူး။ ဒီတော့ သင်တို့အချစ်ရေးဟာ ဒီလို ရန်ဖြစ်တာမျိုးတွေ ရှိနေတယ်ဆိုရင်တော့ သင်သိရမှာ သင်တို့ စုံတွဲပဲ ဒီလိုအဖြစ်တွေ ကြုံနေတာမဟုတ်ပါဘူး။ လူတိုင်း အားကျရလောက်တဲ့ စုံတွဲတွေမှာတောင်မှ ဒီလိုအခက်အခဲတွေ၊ အနေအထားတွေ ရှိပါတယ်။ အချစ်ဆိုတာ ပျော်စရာချည်း မျှဝေတာမဟုတ်ပါဘူး။ တခြား မပြေလည်မှုတွေကိုပါ ကျော်ဖြတ်နိုင်မှ အချစ်ရဲ့ အနှစ်သာရ ရှိတာပါ။

၂။ ကိုယ့်ကိုယ်ကို ဂရုစိုက်ဖို့ ပြင်ပါ။
လမ်းခွဲဖို့ အဆင်သင့်ဖြစ်နေပြီ၊ လမ်းခွဲတော့မယ်ဆိုရင်တော့ သင်တစ်ယောက်တည်း ဘဝမှာ အသားကျအောင် ဘယ်လိုနေမလဲဆိုတာကို ပြင်ဆင်သင့်ပါပြီ။ အသည်းကွဲဇာတ်လိုက်သမား အများစုဟာ ရုတ်တရက် ထားရစ်ခံလိုက်ရတဲ့သူတွေ များပါတယ်။ ဒီလိုမဖြစ်ဖို့ဆိုရင်တော့ သင်တို့ လမ်းခွဲနိုင်ချေ များနေပြီဆိုတာနဲ့ သင့်အနေနဲ့ ပြင်ဆင်နေထိုင်သွားသင့်ပါပြီ။

၃။ သင် လူမှုဘဝကို ပြန်တည်ဆောက်ပါ။
သင့်လက်တွဲဖော်ကိုချည်း အချိန်တွေ ပေးနေရတဲ့အခါ သင့်အပေါင်းအသင်း မိတ်ဆွေတွေအပေါ် သင် ပျက်ကွက်မှုတွေ ရှိပါလိမ့်မယ်။ ဒီတော့ လမ်းမခွဲခင်ကတည်းက သူတို့နဲ့ ဆက်ဆံရေးတွေကို ပြန်တည်ဆောက်ရင်း သူနဲ့ကိုယ် ဝေးသွားတဲ့အခါ ဖြစ်လာမယ့် အထီးကျန်မှုဆိုတဲ့ ကွက်လပ်လေးကို သူငယ်ချင်းတွေနဲ့ ဖြည့်ဆည်းနိုင်ပါလိမ့်မယ်။

၄။ ပြိုလဲနေတဲ့ နံရံကို ပြန်တည်မဆောက်ပါနဲ့။
သင်တို့ ချစ်သူဘဝမှာ အကြိမ်ကြိမ် ညှိနှိုင်းနိုင်တယ်။ နားလည်မှုတွေ တည်ဆောက်နိုင်တယ်။ ဒါပေမယ့် သင်ကိုယ်တိုင် ပင်ပန်းဆင်းရဲနေပြီဆိုတဲ့ အချိန်မှာတော့ မျှော်လင့်ချက်တွေ တပြုံကြီးနဲ့ သင့်အချစ်ရေးကို ကယ်ဆယ်ဖို့ မကြိုးစားပါနဲ့တော့။ မျှော်လင့်ချက်တွေ ရိုက်ချိုးခံရရင် သိပ် နာကျင်လွန်းလှပါတယ်။ ဒါ့ကြောင့် အနာတရတွေပြည့်နှက်နေတဲ့ အချစ်ကို ဖက်တွယ်နေမယ့်အစား ထွက်သွားခွင့်သာ ပြုလိုက်ပါ။

၅။ ဘာကြောင့် လမ်းခွဲဖြစ်တာလဲဆိုတာတော့ သင်သိပါစေ။
လမ်းခွဲရတဲ့ အကြောင်းအရင်းကို သင် သိနေပါစေ။ "ဒီတိုင်းပဲ သဘောထားချင်း မတိုက်ဆိုင်လို့" ဆိုတာက အကြောင်းရင်း မဟုတ်ပါဘူး။ သင့်အနေနဲ့ အကြောင်းရင်းကို သေချာမသိရင် နောင်လာမယ့် Relationship မှာလည်း အလားတူအမှားမျိုး ကျူးလွန်နိုင်ပြီး အလားတူဖြစ်ရပ်မျိုး ဖြစ်လာနိုင်ပါတယ်။ ဒီတော့ သင်ဘာတွေ ပြုပြင်ပြောင်းလဲစရာ ရှိသလဲ သိအောင်လုပ်ပြီး သင်ခန်းစာယူပါ။


ဖိုးသူတော် (www.phothutaw.com)
Credit:  ရွှေညာမောင် (Focus Youth E-magazine)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top