Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ေနမေကာင္းခ်င္ေယာင္ေဆာင္ေနတာျဖစ္လုိ႔ ေဆးမကုသေပႏုိင္ဘူးလို႔ေဒါက္တာမွျငင္းဆန္ျပီးေနာက္ တကယ္ေသဆံုသြားတဲ့ ဖိလစ္ပိုင္ ေရေျမျခားအလုပ္သမား အမ်ဳိးသမီးတစ္ဦးရဲ႕ဓာတ္ပံုဟာအြန္လုိင္းမွာ ပလူပ်ံလို႔ပါပဲ။

ေဖ့စ္ဘုတ္သံုးစဲြသူ Bby'Ara TzuyuTalib Solaiman II ဟာ ေသဆံုးသြားသူ Neinta P.Omro ဓာတ္ပံုေတြကုိ ေဖ့စ္ဘုတ္ေပၚတင္ခဲ့ပါတယ္။

Davao ျမိဳ႕မွ Solaiamn,Omro ေျပာၾကားခ်က္အရ ေသဆံုးသြားသူဟာမၾကာမီကမွ Saudi Arabia ကိုေရာက္႐ွိလာတာျဖစ္ျပီး ေနမေကာင္းဘူးလို႔ သိရပါတယ္။ သူမကိုစိုးရိမ္လို႔ အလုပ္႐ွင္က ေဒါက္တာဆီေတာင္ ေခၚသြားေပးေပမယ့္ သူမဟာ ေနမေကာင္းခ်င္ေယာင္ေဆာင္ေနတာ၊ အလုပ္မလုပ္ဘဲ အနားယူခ်င္လုိ႔ျဖစ္မယ္ဆိုျပီး ဆရာဝန္ကေျပာပါတယ္။

အလုပ္႐ွင္လည္း ဆရာဝန္ေျပာတာယံုျပီး သူမကိုအလုပ္ေတြခိုင္းခဲ့ပါတယ္။အဲ့ဒီညမွာပဲ Omro ေသဆံုးသြားခဲ့ပါတယ္။ မနက္(၂)နာရီေလာက္မွာ သူမ အသက္မ႐ႈေတာ့တာကို သတိထားမိခဲ့ပါတယ္။

လူအမ်ားစုဟာ Omroရဲ႕ျဖစ္စဥ္ကိုယံုၾကည္မႈမ႐ွိခဲ့ဘူး။ Solaiman ကလည္းသူငယ္ခ်င္းရဲ႕ျဖစ္ရပ္မွန္ကို လူမႈကြန္ရက္ေပၚတင္ဖို႔ ခဏတာေတြေဝခဲ့ပါေသးတယ္။ ဒါေပမယ့္ လူေတြကမယံုၾကည္ျဖစ္ေနၾကတာေၾကာင့္ အမွန္တရားကို သိ႐ွိေစရန္၊ သူမ သူငယ္ခ်င္း တကယ္ေနမေကာင္းခဲ့တာကို သက္ေသျပႏုိင္ရန္၊ ဆရာဝန္တစ္ေယာက္ရဲ႕ ေပါ့ဆမႈေၾကာင့္ လူတစ္ေယာက္အသက္ဆံုး႐ႈံးသြားတာကို ေဖာ္ထုတ္လိုခဲ့တယ္။

ဘာေၾကာင့္ Omro ေသဆံုးရတယ္ဆိုတာကိုေတာ့ ေသခ်ာမသိေသးပါဘူး။သူမဟာ ဖိလစ္ပိုင္မွေရာက္ေရာက္ခ်င္း ေနမေကာင္းျဖစ္ေနတယ္ဆိုတာပဲသိရပါတယ္။ အျခားႏုိင္ငံမွာ သြားေရာက္အလုပ္မလုပ္ခင္ က်န္းမာေရးဆိုင္ရာေတြ ေသခ်ာစစ္ေဆးဖို႔လိုအပ္ပါတယ္။ Saudi ေရာက္ေရာက္ခ်င္း ဘာေၾကာင့္ အဖ်ားၾကီးျပီး ေသဆံုးသြားလဲဆိုတာဟာ ထူးဆန္းေနခဲ့တယ္။ ထိုကိစၥကို အာဏာပုိင္ေတြမွ စစ္ေဆးစုံစမ္းေနဆဲလို႔သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Buzzy.com

# Unicode Version #
နေမကောင်းချင်ယောင်ဆောင်နေတာဖြစ်လို့ ဆေးမကုသပေနိုင်ဘူးလို့ဒေါက်တာမှငြင်းဆန်ပြီးနောက် တကယ်သေဆုံသွားတဲ့ ဖိလစ်ပိုင် ရေမြေခြားအလုပ်သမား အမျိုးသမီးတစ်ဦးရဲ့ဓာတ်ပုံဟာအွန်လိုင်းမှာ ပလူပျံလို့ပါပဲ။

ဖေ့စ်ဘုတ်သုံးစွဲသူ Bby'Ara TzuyuTalib Solaiman II ဟာ သေဆုံးသွားသူ Neinta P.Omro ဓာတ်ပုံတွေကို ဖေ့စ်ဘုတ်ပေါ်တင်ခဲ့ပါတယ်။

Davao မြို့မှ Solaiamn,Omro ပြောကြားချက်အရ သေဆုံးသွားသူဟာမကြာမီကမှ Saudi Arabia ကိုရောက်ရှိလာတာဖြစ်ပြီး နေမကောင်းဘူးလို့ သိရပါတယ်။ သူမကိုစိုးရိမ်လို့ အလုပ်ရှင်က ဒေါက်တာဆီတောင် ခေါ်သွားပေးပေမယ့် သူမဟာ နေမကောင်းချင်ယောင်ဆောင်နေတာ၊ အလုပ်မလုပ်ဘဲ အနားယူချင်လို့ဖြစ်မယ်ဆိုပြီး ဆရာဝန်ကပြောပါတယ်။

အလုပ်ရှင်လည်း ဆရာဝန်ပြောတာယုံပြီး သူမကိုအလုပ်တွေခိုင်းခဲ့ပါတယ်။အဲ့ဒီညမှာပဲ Omro သေဆုံးသွားခဲ့ပါတယ်။ မနက်(၂)နာရီလောက်မှာ သူမ အသက်မရှုတော့တာကို သတိထားမိခဲ့ပါတယ်။

လူအများစုဟာ Omroရဲ့ဖြစ်စဉ်ကိုယုံကြည်မှုမရှိခဲ့ဘူး။ Solaiman ကလည်းသူငယ်ချင်းရဲ့ဖြစ်ရပ်မှန်ကို လူမှုကွန်ရက်ပေါ်တင်ဖို့ ခဏတာတွေဝေခဲ့ပါသေးတယ်။ ဒါပေမယ့် လူတွေကမယုံကြည်ဖြစ်နေကြတာကြောင့် အမှန်တရားကို သိရှိစေရန်၊ သူမ သူငယ်ချင်း တကယ်နေမကောင်းခဲ့တာကို သက်သေပြနိုင်ရန်၊ ဆရာဝန်တစ်ယောက်ရဲ့ ပေါ့ဆမှုကြောင့် လူတစ်ယောက်အသက်ဆုံးရှုံးသွားတာကို ဖော်ထုတ်လိုခဲ့တယ်။

ဘာကြောင့် Omro သေဆုံးရတယ်ဆိုတာကိုတော့ သေချာမသိသေးပါဘူး။သူမဟာ ဖိလစ်ပိုင်မှရောက်ရောက်ချင်း နေမကောင်းဖြစ်နေတယ်ဆိုတာပဲသိရပါတယ်။ အခြားနိုင်ငံမှာ သွားရောက်အလုပ်မလုပ်ခင် ကျန်းမာရေးဆိုင်ရာတွေ သေချာစစ်ဆေးဖို့လိုအပ်ပါတယ်။ Saudi ရောက်ရောက်ချင်း ဘာကြောင့် အဖျားကြီးပြီး သေဆုံးသွားလဲဆိုတာဟာ ထူးဆန်းနေခဲ့တယ်။ ထိုကိစ္စကို အာဏာပိုင်တွေမှ စစ်ဆေးစုံစမ်းနေဆဲလို့သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Buzzy.com
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top