ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ကမာရြတ္ၿမိဳ႕နယ္ လွည္းတန္းလမ္းမ လူသြားစႀကႍပလက္ေဖာင္းေပၚမွာ ဖြင့္လွစ္ေရာင္းခ်ေနတဲ့ ေဈးသည္ေတြကို ဖယ္ ရွား ရွင္းလင္းသြားမယ္လို႔ ကမာရြတ္ၿမိဳ႕နယ္ အေထြေထြအုပ္ခ်ဳပ္ေရးမွဴး ဦးသိန္းေဇာ္ဦးက ေျပာပါတယ္။

‘‘လွည္းတန္းထိပ္မွာေတာ့ ငါးကင္ဆုိင္ေတြ ညေနပိုင္းေရာင္း တယ္။ အကင္က ေညႇာ္နံ႔ေတြ ထြက္လုိ႔ တုိင္ၾကားစာေတြလည္း ေရာက္တယ္။ ဒီရက္ပိုင္းအတြင္း ကပ္တံုးေတြခ်ၿပီး ေဈးသည္ ေတြကို စည္းကမ္းသတ္မွတ္ မယ္။ သက္ဆုိင္ရာ ဌာနေတြနဲ႔ ခ်ိတ္ဆက္ၿပီး လုပ္ဖို႔ရွိပါတယ္’’လို႔ ဦးသိန္းေဇာ္ဦးက ေျပာပါတယ္။

လွည္းတန္းလမ္းမွာ ကြန္ကရစ္ထပ္ပိုးလမ္းခင္းၿပီးသြားလို႔ လမ္းေဘးေနရာေတြမွာ ကပ္တံုးေတြ ခ်သြားမွာေၾကာင့္ ေဈးသည္ေတြကို အျခားေနရာမွာ ေရာင္းခ်ႏုိင္ဖို႔ ေနရာရွာေဖြေနတယ္လို႔ ဆိုပါတယ္။ အသစ္ခင္းထားတဲ့ ကြန္ကရစ္လမ္းေပၚမွာ ျဖဴနီက်ားေဆးသုတ္ၿပီးကားရပ္ခြင့္ မျပဳေတာ့ဘူးလို႔ သိရပါတယ္။

ေဈးသည္ေတြကို ဖယ္ရွားရင္ လက္ရွိေရာင္းခ်ေနတဲ့ေဈးသည္ေတြက ဦးေဆာင္ၿပီး ဆႏၵထုတ္ေဖာ္သြားမယ္လို႔ သိရၿပီး လွည္းတန္း လမ္းမမွာ ေရာင္းခ်ေနတဲ့ ေဈးသည္ေတြကို ဖယ္ရွားရွင္းလင္းၿပီးရင္ အင္းစိန္လမ္းမက ေဈးသည္ေတြကို ထပ္မံရွင္းလင္းသြားမယ္လို႔ ဦးသိန္းေဇာ္ဦးက ေျပာပါတယ္။

Source : 7DayDaily

Photo : Tint Naing Win
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
ကမာရွတ်မြို့နယ် လှည်းတန်းလမ်းမ လူသွားစင်္ကြံပလက်ဖောင်းပေါ်မှာ ဖွင့်လှစ်ရောင်းချနေတဲ့ ဈေးသည်တွေကို ဖယ် ရှား ရှင်းလင်းသွားမယ်လို့ ကမာရွတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက ပြောပါတယ်။

‘‘လှည်းတန်းထိပ်မှာတော့ ငါးကင်ဆိုင်တွေ ညနေပိုင်းရောင်း တယ်။ အကင်က ညှော်နံ့တွေ ထွက်လို့ တိုင်ကြားစာတွေလည်း ရောက်တယ်။ ဒီရက်ပိုင်းအတွင်း ကပ်တုံးတွေချပြီး ဈေးသည် တွေကို စည်းကမ်းသတ်မှတ် မယ်။ သက်ဆိုင်ရာ ဌာနတွေနဲ့ ချိတ်ဆက်ပြီး လုပ်ဖို့ရှိပါတယ်’’လို့ ဦးသိန်းဇော်ဦးက ပြောပါတယ်။

လှည်းတန်းလမ်းမှာ ကွန်ကရစ်ထပ်ပိုးလမ်းခင်းပြီးသွားလို့ လမ်းဘေးနေရာတွေမှာ ကပ်တုံးတွေ ချသွားမှာကြောင့် ဈေးသည်တွေကို အခြားနေရာမှာ ရောင်းချနိုင်ဖို့ နေရာရှာဖွေနေတယ်လို့ ဆိုပါတယ်။ အသစ်ခင်းထားတဲ့ ကွန်ကရစ်လမ်းပေါ်မှာ ဖြူနီကျားဆေးသုတ်ပြီးကားရပ်ခွင့် မပြုတော့ဘူးလို့ သိရပါတယ်။

ဈေးသည်တွေကို ဖယ်ရှားရင် လက်ရှိရောင်းချနေတဲ့ဈေးသည်တွေက ဦးဆောင်ပြီး ဆန္ဒထုတ်ဖော်သွားမယ်လို့ သိရပြီး လှည်းတန်း လမ်းမမှာ ရောင်းချနေတဲ့ ဈေးသည်တွေကို ဖယ်ရှားရှင်းလင်းပြီးရင် အင်းစိန်လမ်းမက ဈေးသည်တွေကို ထပ်မံရှင်းလင်းသွားမယ်လို့ ဦးသိန်းဇော်ဦးက ပြောပါတယ်။

Source : 7DayDaily

Photo : Tint Naing Win

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top