Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

အခုအခါမွာ ေခါင္းစည္းႀကိဳးေတြကို လက္မွာလက္ပတ္အျဖစ္ ပတ္ထားတဲ့ဖက္ရွင္က ေခတ္စားေနပါတယ္။ တစ္ခ်ိဳ႕ေခါင္းစည္းႀကိဳးေတြဟာ ဒီလိုပတ္လို႔ရေအာင္ တမင္ဒီဇိုင္းထြင္ထုတ္လုပ္လာတာကို ေတြ႕ရပါတယ္။ သင္လဲဖတ္ေနရင္းနဲ႔ လက္မွာေခါင္းစည္းႀကိဳးေလး ပတ္ထားခ်င္ပတ္ထားမွာေပါ့။ အလွအပရႈေထာင့္ကၾကည့္ရင္ စတိုင္က်သလိုျဖစ္ေနေပမယ့္ က်န္းမာေရးရႈေထာင့္ကၾကည့္ရင္ေတာ့ ဒါဟာမလုပ္သင့္တဲ့ အမွားတစ္ခုပါ။ ေခါင္းစည္းႀကိဳးေတြကို ဆံႏြယ္ေတြကို စည္းေႏွာင္ရာမွာပဲ အသုံးျပဳသင့္ပါတယ္။ ဘာလို႔မလုပ္သင့္သလဲဆိုတဲ့ အေၾကာင္းျပခ်က္ေတြကို ရွင္းလင္းေဖာ္ျပထားပါတယ္။

ေခါင္းစည္းႀကိဳးဟာ ဆံပင္ကို စည္းေႏွာင္ထားခ်ိန္မွာ ဆံပင္က ေခြၽးေတြဖုန္ေတြကပ္ညိေနတတ္ၿပီး ဟိုခ်ဒီခ်ဆိုရင္ ဘက္တီးရီးယားေတြ ကပ္ညိေနတတ္ပါတယ္။ ကန္တက္ဂီ(Kentucky)ျပည္နယ္က အမ်ိဳးသမီးတစ္ဦးဟာ မၾကာခဏဒီလိုစည္းထားတဲ့အက်င့္ရွိၿပီး တစ္ေန႔မွာ သူမလက္မွာ အနီေရာင္အပိန႔္ေတြ အမ်ားႀကီးထြက္လာပါတယ္။ အဲ့ဒီေနာက္မွာ အေတာ္ဆိုး႐ြားလာတာေၾကာင့္ ေဆး႐ုံေျပးရတဲ့အထိျဖစ္သြားပါတယ္။ ဆရာဝန္က သူမရဲ႕ဒီအက်င့္ဟာ သူမကိုဒုကၡေရာက္ေစတာလို႔ဆိုပါတယ္။ “အေရျပားဟာ ႏုနယ္ပါတယ္။ ဒီလိုဘက္တီးရီးယားေတြျပည့္ေနတဲ့ ေခါင္းစည္းႀကိဳးနဲ႔ အေရျပားကို အခ်ိန္အေတာ္ၾကာထိေတြ႕ေစတာ အႏၲရာယ္မ်ားပါတယ္။”လို႔ ဆိုပါတယ္။

တစ္ခါတစ္ေလ အေရျပားမွာ ထိခိုက္ဒဏ္ရာရေနရင္ ပိုးဝင္လြယ္ပါတယ္။ သတၱဳေတြနဲ႔ အခြၽန္အတက္ေတြ၊ အလက္လက္ေတြပါတဲ့ ေခါင္းစည္းႀကိဳးေတြက လက္ကို ျခစ္မိတာေတြျဖစ္တတ္ပါတယ္။ ဒီဒဏ္ရာနဲ႔ ဘက္တီးရီးယားပိုးနဲ႔ထိေတြ႕တဲ့အခါ ေရာင္ရမ္းတာ နာက်င္တာကအစျပဳလို႔ အသားအရည္အလိုက္ အေရျပားျပႆနာေတြ ေပၚေပါက္ႏိုင္ပါတယ္။ တစ္ကယ္လို႔ လက္မွာစည္းခ်င္တယ္ဆိုရင္ေတာ့ သက္သက္သာထပ္ဝယ္လိုက္ပါ။ ေခါင္းစည္းႀကိဳးေတြကိုလည္း အၿမဲသန႔္စင္ေဆးေၾကာေပးဖို႔ လိုအပ္ပါတယ္။ သန႔္စင္ေဆးရည္နဲ႔ျဖစ္ျဖစ္ ဆပ္ျပာနဲ႔ျဖစ္ျဖစ္ ေသခ်ာေဆးေၾကာေပးသင့္ပါတယ္။

Ref: Reader’s Digest: The Serious Reason You Need to Stop Keeping Hair Ties Around Your Wrist

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Sophia(႐ိုးရာေလး)

# Unicode Version #
အခုအခါမှာ ခေါင်းစည်းကြိုးတွေကို လက်မှာလက်ပတ်အဖြစ် ပတ်ထားတဲ့ဖက်ရှင်က ခေတ်စားနေပါတယ်။ တစ်ချို့ခေါင်းစည်းကြိုးတွေဟာ ဒီလိုပတ်လို့ရအောင် တမင်ဒီဇိုင်းထွင်ထုတ်လုပ်လာတာကို တွေ့ရပါတယ်။ သင်လဲဖတ်နေရင်းနဲ့ လက်မှာခေါင်းစည်းကြိုးလေး ပတ်ထားချင်ပတ်ထားမှာပေါ့။ အလှအပရှုထောင့်ကကြည့်ရင် စတိုင်ကျသလိုဖြစ်နေပေမယ့် ကျန်းမာရေးရှုထောင့်ကကြည့်ရင်တော့ ဒါဟာမလုပ်သင့်တဲ့ အမှားတစ်ခုပါ။ ခေါင်းစည်းကြိုးတွေကို ဆံနွယ်တွေကို စည်းနှောင်ရာမှာပဲ အသုံးပြုသင့်ပါတယ်။ ဘာလို့မလုပ်သင့်သလဲဆိုတဲ့ အကြောင်းပြချက်တွေကို ရှင်းလင်းဖော်ပြထားပါတယ်။

ခေါင်းစည်းကြိုးဟာ ဆံပင်ကို စည်းနှောင်ထားချိန်မှာ ဆံပင်က ချွေးတွေဖုန်တွေကပ်ညိနေတတ်ပြီး ဟိုချဒီချဆိုရင် ဘက်တီးရီးယားတွေ ကပ်ညိနေတတ်ပါတယ်။ ကန်တက်ဂီ(Kentucky)ပြည်နယ်က အမျိုးသမီးတစ်ဦးဟာ မကြာခဏဒီလိုစည်းထားတဲ့အကျင့်ရှိပြီး တစ်နေ့မှာ သူမလက်မှာ အနီရောင်အပိန့်တွေ အများကြီးထွက်လာပါတယ်။ အဲ့ဒီနောက်မှာ အတော်ဆိုးရွားလာတာကြောင့် ဆေးရုံပြေးရတဲ့အထိဖြစ်သွားပါတယ်။ ဆရာဝန်က သူမရဲ့ဒီအကျင့်ဟာ သူမကိုဒုက္ခရောက်စေတာလို့ဆိုပါတယ်။ “အရေပြားဟာ နုနယ်ပါတယ်။ ဒီလိုဘက်တီးရီးယားတွေပြည့်နေတဲ့ ခေါင်းစည်းကြိုးနဲ့ အရေပြားကို အချိန်အတော်ကြာထိတွေ့စေတာ အန္တရာယ်များပါတယ်။”လို့ ဆိုပါတယ်။

တစ်ခါတစ်လေ အရေပြားမှာ ထိခိုက်ဒဏ်ရာရနေရင် ပိုးဝင်လွယ်ပါတယ်။ သတ္တုတွေနဲ့ အချွန်အတက်တွေ၊ အလက်လက်တွေပါတဲ့ ခေါင်းစည်းကြိုးတွေက လက်ကို ခြစ်မိတာတွေဖြစ်တတ်ပါတယ်။ ဒီဒဏ်ရာနဲ့ ဘက်တီးရီးယားပိုးနဲ့ထိတွေ့တဲ့အခါ ရောင်ရမ်းတာ နာကျင်တာကအစပြုလို့ အသားအရည်အလိုက် အရေပြားပြဿနာတွေ ပေါ်ပေါက်နိုင်ပါတယ်။ တစ်ကယ်လို့ လက်မှာစည်းချင်တယ်ဆိုရင်တော့ သက်သက်သာထပ်ဝယ်လိုက်ပါ။ ခေါင်းစည်းကြိုးတွေကိုလည်း အမြဲသန့်စင်ဆေးကြောပေးဖို့ လိုအပ်ပါတယ်။ သန့်စင်ဆေးရည်နဲ့ဖြစ်ဖြစ် ဆပ်ပြာနဲ့ဖြစ်ဖြစ် သေချာဆေးကြောပေးသင့်ပါတယ်။

Ref: Reader’s Digest: The Serious Reason You Need to Stop Keeping Hair Ties Around Your Wrist

ဖိုးသူတော် (www.phothutaw.com)
Credit: Sophia(ရိုးရာလေး)

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top