မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ အရောင်းပြပွဲကြီး (ဆဋ္ဌမအကြိမ်မြောက်)
×
Image result for sexy girls in thai 
•••••••••••••••••••••••••••••••••
ရယ်မောကာ ရှင်းပြသတဲ့………
ကျေးဇူးကြောင့်လေ.…"
ဘာအကျိုးထူးလဲ အမေ……"
ဒီခလေးမတော့ တော်တော်စပ်စုသည်ဟု မိခင်ဖြစ်သူက တွေးလိုက်မိသည်။
သမီးလည်း fb သုံးတယ်
Su Htet
••••••••••••••••••
Credit: Su Htet
#Unicode Version#
အမှန်တရားသည် ခါးသက်ပေမည်
•••••••••••••••••••••••••••••••••
" မေမေ… ဘာဖြစ်လို့ မိန်းခလေးတွေက Online ပေါ်မှာ
ပုံတွေ ခဏခဏ တင်နေကြတာလဲဟင်။ "
မိခင်ဖြစ်သူက သမီးလေးရဲ့အမေးကို
ရယ်မောကာ ရှင်းပြသတဲ့………
"သူတို့ လှတာကို အများသိစေချင်လို့ပေါ့… နောက်ပြီး
ခဏ ခဏတင်နေတာက MPT, Tel တို့ရဲ့
ကျေးဇူးကြောင့်လေ.…"
သမီးဖြစ်သူက ထပ်မေးပြန်လေသည်…
"အဲ့ဒီလို ခဏခဏတင်နေတော့
ဘာအကျိုးထူးလဲ အမေ……"
ဒီခလေးမတော့ တော်တေ်စပ်စုသည်ဟု
မိခင်ဖြစ်သူက တွေးလိုက်မိသည်။
"သမီးလေးရယ် ခဏခဏတင်တော့
ယောက်ျားမြန်မြန်ရတာပေါ့…
သိတယ်မဟုတ်လား ကောင်လေးတွေက
ပုံလှလှလေးတင်တဲ့ acc ဆိုရင်
မလွတ်တမ်း add ပြီး q ကြတယ်လေ…"
သမီးဖြစ်သူက နှုတ်ခမ်းလေးဆူကာ ပြောသတဲ့…
"ဒါဆို မေမေလည်း fb သုံးတယ်
သမီးလည်း fb သုံးတယ်
ပုံတွေမတင်တော့ ပျင်းစရာမကောင်းဘူးလား"
သမီးဖြစ်သူရဲ့ အမေးစကားကြောင့် မိခင်ဖြစ်သူဟာ
ဒေါသတွေ အလွန်ထွက်သွားလေသည်။
"ဒီမယ် သမီး…… မေမေနဲ့ သမီး fb သုံးတာ
ကြွားဖို့မဟုတ်သလို q တာ ခံချင်လို့လည်းမဟုတ်ဘူးလေ
သတင်းဖတ်ဖို့ ဗဟုသုတတွေရှာဖို့
မသေမချင်းမှတ်ထသမီး ကျားဆိုတာ သမင်မြင်ရင်
ဖမ်းပြီးစားမှာပဲ ဒါ့ကြောင့် အစားမခံချင်တဲ့သူတွေက
တိတ်ဆိတ်စွာ နေကြတာပေါ့။
အစားခံချင်တဲ့သူတွေကတော့ ရုပ်လုံးထွက်ပြမှာပဲသမီး။
နောက်မှ ဘာစားမိမှန်းမသိဘဲ ရင်ပြည့် ရင်ကယ်ဖြစ်မှ
မိဘဖြစ်သူတွေကို ဒုက္ခမပေးကြနဲ့။
ကိုယ် အသုံးမကျတဲ့ ဇာတ်လမ်းထဲမှာ
မိဘဖြစ်သူတွေကို ဆွဲမထည့်နဲ့။
အမေပြောတာ နားလည်လား သမီး"
ထိုသို့ပြောနေစဉ် အိမ်နောက်ဖက်က မီးဖိုချောင်ခန်းထဲက
အသံတစ်ခု ကြားလိုက်ရသတဲ့…
ထို့ နောက် သားမိနှစ်ယောက်ဟာ ပြာပြာသလဲနဲ့
မီးဖိုချောင်ရှိရာသို့ အပြေးတစ်ပိုင်းသွားကာ
အခန်းအတွင်းသို့ ချောင်းကြည့်လိုက်သတဲ့။
ကြောင်တစ်ကောင်ဟာ စားပွဲပေါ်မှာ ကြက်သားဟင်းကို
မြိန်ယှက်စွာ စားသောက်နေသည်။
ဒီတော့ မိခင်ဖြစ်သူက သမီးကို တိုးတိုးလေးပြောလိုက်သတဲ့…
"သမီးရယ် အုပ်စောင်းရှိပါလျက်
မအုပ်ဘဲထားတော့ အခုလို
ခိုးစားတာ ခံရတာပေါ့ကွယ်…" တဲ့………
မေတ္တာဖြင့်ပြန်လည်ရေးသားပါသည်။
Su Htet
••••••••••••••••••
ဖိုးသူတော် (www.phothutaw.com)
Credit: Su Htet
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
Top