ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ေယာင္းတို႔ေရ အခုေခတ္မွာ ႏိုင္ငံျခားကုမၸဏီေတြ အမ်ားႀကီးဝင္လာသလို အလုပ္အကုိင္အခြင့္အလမ္းေတြလဲ အမ်ားႀကီး ပြင့္လာပါၿပီ။ ကိုယ့္မွာသာ အရည္အခ်င္းရွိထားတယ္ဆိုရင္ အလုပ္မရွားေတာ့တဲ့ ေခတ္ႀကီးေပါ့။ အဲ့လို အလုပ္ေတြ ေပါလာတာနဲ႔အမွ် ဝန္ထမ္းေတြ အလုပ္ခဏခဏေျပာင္းတာ ဖက္ရွင္ျဖစ္လာတယ္။ အဲ့လို အထြက္ေတြမ်ားလာတဲ့အခါ Management က HR ကိုေထာင္း၊ HR အခ်င္းခ်င္း ဝန္ထမ္းၿမဲေအာင္ ဟိုလိုလုပ္ပါ ဒီလိုလုပ္ပါနဲ႔ အႀကံေတြေပးၾကနဲ႔။ ထားပါ ဒါကကိုယ့္အပိုင္းမဟုတ္ဘူး။ ကိုယ့္အပိုင္းက ဝန္ထမ္းတစ္ေယာက္အေနနဲ႔ ေနၿမဲအတိုင္း ဆက္ေနတာေကာင္းမလား၊ အလုပ္ေျပာင္းရင္အဆင္ေျပမလား စဥ္းစားဖို႔ပဲေနာ္။

အရင္တုန္းကေတာ့ အလုပ္ၿမဲေနဖို႔ဆိုတာ အေရးႀကီးတယ္ေလ။ အလုပ္ရွင္ေတြကလဲ အလုပ္ခဏခဏေျပာင္းတာ ေလွ်ာက္လႊာထဲမွာေတြ႔ရင္ အလုပ္တစ္ခုမွာ သစၥာရွိရွိ ၿမဲၿမဲမေနႏိုင္တဲ့လူလား၊ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ အဆင္ေျပေျပမေနႏိုင္တဲ့လူလားဆိုၿပီး အလုပ္ေပးဖို႔တြန္႔တတ္ၾကတယ္။ အခုက် ေခတ္ေျပာင္းသြားပါၿပီ ေယာင္းတို႔ေရ။ အက္ဒမင္တို႔မ်ိဳးဆက္ လူငယ္ေတြက အလုပ္ထဲမွာ အဆက္မျပတ္ သင္ယူေနၿပီး တိုးတက္မႈကို လိုလားသူေတြျဖစ္တာမို႔ တက္လမ္းရွိမယ္ဆိုရင္ အလုပ္ေျပာင္းဖို႔ မရြံ႕ၾကေတာ့ပါဘူး။ လူငယ္ေတြပီပီ အေျပာင္းအလဲကိုလဲ လိုလားၿပီး ဒီအေျပာင္းအလဲကို လက္ခံၿပီးပိုႀကိဳးစားခ်င္ၾကပါတယ္။ အလုပ္ရွင္ေတြကလဲ အလုပ္တစ္ခုမွာ ႏွစ္အၾကာႀကီးေနလာတယ္ဆိုရင္ စိန္ေခၚမႈအသစ္ေတြအတြက္ အရည္အခ်င္းမရွိလို႔လားဆိုၿပီး ေမးခြန္းထုတ္လာတတ္ၾကပါၿပီ။

ဆိုေတာ့ကာ အလုပ္ေျပာင္းမယ္ဆိုရင္ ဘာေတြကိုထည့္စဥ္းစားရမလဲ၊ အလုပ္ေျပာင္းတာေၾကာင့္ ဘာေတြေကာင္းလာႏိုင္မလဲ၊ ဘာဆိုးက်ိဳးေတြရွိမလဲ။ ဒီေမးခြန္းေတြကို အေမးရွိရင္ အေျဖရွိရမွာေပါ့။

ပထမဆံုးအေနနဲ႔ စဥ္းစားရမွာကေတာ့ အလုပ္ေျပာင္းခ်င္ၿပီဆို ဘာလို႔ေျပာင္းခ်င္တာလဲလို႔ ကိုယ့္ကိုယ္ကုိယ္ျပန္ေမးပါ။ အထက္လူႀကီးနဲ႔ အဆင္မေျပလို႔လား။ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ မတည့္လို႔လား။ အလုပ္ေတြအရမ္းမ်ားတယ္လို႔ ခံစားရလို႔လား။ ဒါေတြေၾကာင့္ဆိုရင္ေတာ့ ေနာက္တစ္ေခါက္ ျပန္စဥ္းစားပါဦးလို႔ ေျပာခ်င္ပါတယ္။ အထက္လူႀကီးနဲ႔ ဒီအတိုင္းအဆင္မေျပရံုပဲဆိုရင္ေတာ့ ဘယ္လိုအဆင္ေျပေအာင္ လုပ္ယူရမလဲ ကိုယ့္ဘက္ကလိုအပ္ေနတာလား၊ သူ႔ဘက္ကနားလည္မႈလြဲေနတာလား ျပန္ၿပီးညွိႏိႈင္းသင့္ပါတယ္။ ဒါမွမဟုတ္ လူႀကီးက ေခါင္းမခံတာမ်ိဳး၊ ကိုယ့္အလုပ္ကို အသိအမွတ္မျပဳတာမ်ိဳး လူႀကီးမဆန္တဲ့လူႀကီး ျဖစ္ေနရင္ေတာ့ ထြက္ဖို႔ႀကိဳးစားပါ။ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ မတည့္ရင္လဲ အလုပ္ထြက္လိုက္တာထက္ အဆင္ေျပေအာင္ညွိယူတာမ်ိဳး ပိုျဖစ္သင့္ပါတယ္။

Related article>>> အလုပ္ခြင္မွာ ပတ္ဝန္းက်င္္နဲ႔ လိုက္ေလ်ာညီေထြျဖစ္ေအာင္ ဘယ္လိုေနမလဲ။

ဒါမွမဟုတ္ ကိုယ္လုပ္ရတဲ့အလုပ္က ကိုယ့္အရည္အခ်င္းနဲ႔ယွဥ္ရင္ အရမ္းလြယ္ေနတာလား။ ရံုးရဲ႕အလုပ္လုပ္တဲ့ပံုစံက ကိုယ္နဲ႔မကိုက္ဘူးလား (ဆိုလိုခ်င္တာက ကိုယ္ကစိန္ေခၚမႈရွိတဲ့ ပတ္ဝန္းက်င္မွာ အလုပ္လုပ္ခ်င္တယ္၊ ကိုယ္လုပ္တဲ့ရံုးက မလုပ္မရႈပ္မျပဳတ္ဆိုတာမ်ိဳးေတြ မ်ားေနတယ္၊ ဒါမ်ိဳး)။ ဒီအလုပ္မွာေနလို႔ ရာထူးတိုးဖို႔ လစာတိုးဖို႔ တက္လမ္း မရွိေတာ့ဘူးလား။ အလုပ္ခ်ိန္ေတြအရမ္းမ်ားၿပီး မိသားစုကို အခ်ိန္မေပးႏိုင္ေတာ့ဘူးလား။ ဒီလိုေတြ ျဖစ္ေနၿပီဆိုရင္ေတာ့ အထက္လူႀကီး သို႔မဟုတ္ management နဲ႔ ေဆြးေႏြးၾကည့္ပါ။ ေဆြးေႏြးလို႔အဆင္မေျပရင္ေတာ့ ဒီလိုအလုပ္မွာ ဆက္မေနတာ အေကာင္းဆံုးပဲျဖစ္မွာပါ။

ေနာက္တစ္ခုက အလုပ္တစ္ခုမွာ ဘယ္ေလာက္ေနရင္ ၾကာတယ္လို႔သတ္မွတ္သလဲ။ ဒါကေတာ့ ေယာင္းတို႔အလုပ္အေပၚ မူတည္တယ္ပဲေျပာရမယ္။ ေယာင္းဟာရံုးတစ္ရံုးတည္းမွာ ဆယ္စုႏွစ္နဲ႔ခ်ီၿပီး အလုပ္လုပ္ႏိုင္ပါတယ္။ ဒါေပမယ့္ အဲ့လိုလုပ္ေနတာဟာ တစ္ေနရာတည္းမဟုတ္ဘဲ ရာထူးေတြတာဝန္ေတြ ႏွစ္အလိုက္တိုးတက္ေနတယ္ဆိုရင္ ဒါကေတာ့ အလုပ္တစ္ခုမွာ အၾကာႀကီးထိုင္ေနတယ္လို႔ ေျပာလို႔မရပါဘူး။ ရာထူးတစ္ေနရာထဲမွာပဲ ဒီအလုပ္ေတြကိုပဲ ႏွစ္ေတြအၾကာႀကီး လုပ္ေနမိၿပီဆိုရင္ေတာ့ ဒါမျဖစ္သင့္ေတာ့ဘူး။ အလုပ္ေျပာင္းဖို႔ စဥ္းစားသင့္ၿပီ။

လူေတာ္ေတာ္မ်ားမ်ားကေတာ့ အလုပ္ေဟာင္းေလးမွာ အဆင္ေျပေနၿပီဆို မေျပာင္းခ်င္တာမ်ားပါတယ္ (အက္ဒမင္ အပါအဝင္ေပါ့)။ လုပ္ေဖာ္ကိုင္ဖက္ေတြနဲ႔ သံေယာဇဥ္တြယ္ေနၿပီ။ အလုပ္ေျပာင္းလို႔ အဲ့အလုပ္မွာ အဆင္မေျပရင္ဘယ္လိုလုပ္မလဲလို႔လဲ ေတြးမိတယ္။ ဒီလိုနဲ႔ပဲ တိုးတက္မႈမရွိတဲ့ေနရာမွာ ဆက္ေနျဖစ္သြားပါတယ္။ တကယ္က်ေတာ့ ကိုယ့္ရဲ႕ဘဝတစ္ေလွ်ာက္လံုး အဆင္ေျပေနတဲ့ေနရာေလးမွာ ရသေလာက္ကေလးနဲ႔ သက္ေတာင့္သက္သာေနမလား၊ ပိုေကာင္းတဲ့လစာ ပိုမ်ားတဲ့တာဝန္ေတြနဲ႔ ပိုအေရးပါတဲ့ရာထူးရမယ့္ေနရာဆီ သြားမလားလို႔ ကိုယ့္ကိုယ့္ကိုယ္ ေမးၾကည့္ရင္ေတာ့ အေျဖထြက္လာပါလိမ့္မယ္။

အလုပ္ေျပာင္းရင္ ဘာအက်ိဳးေတြရမလဲ။ ဦးဆံုးကေတာ့ အလုပ္ေျပာင္းၿပီဆိုရင္ မ်ားေသာအားျဖင့္က လစာမ်ားတဲ့ဆီ ရာထူးႀကီးတဲ့ဆီ သြားၾကတာမ်ားလို႔ အလုပ္ေဟာင္းမွာဆက္ေနရင္ မရႏိုင္တဲ့ လစာရမယ္။ ေနာက္တစ္ခါ မတူညီတဲ့လူေတြဆီက လုပ္ထံုးလုပ္နည္းအသစ္ေတြ သင္ယူရမယ္။ ပိုၿပီးအရည္အခ်င္းေတြျပည့္လာမယ္။ အလုပ္အၿမဲေျပာင္းေနျခင္းအားျဖင့္ ကို္ယ္နဲ႔ရင္းႏွီးၿပီးသား အလုပ္ကေန မရင္းႏွီးေသးတဲ့ေနရာကို ပိုမ်ားတဲ့တာဝန္ေတြနဲ႔ ေရာက္သြားတာမို႔ စိန္ေခၚမႈေတြနဲ႔ အၿမဲရင္ဆိုင္ေနရမယ္။ ပိုၿပီးေတာ့ တိုးတက္လာမယ္။ ဒါေတြကေတာ့ ေယာင္းအလုပ္ေျပာင္းသင့္တဲ့ အခ်က္ေတြပါ။

Related article>>> လက္ရွိလုပ္ေနတဲ့ အလုပ္ကိုမၾကိဳက္ေတာ့ဘူးလုိ႔ ေဖာ္ျပေနတဲ့အခ်က္မ်ား

အလုပ္ေျပာင္းတာရဲ႕ ဆိုးက်ိဳးေတြလဲရွိပါတယ္။ ထိုင္ေနအေကာင္းသား ထသြားမွက်ိဳးမွန္းသိဆိုသလို အလုပ္အသစ္က ေပးတဲ့တာဝန္ေတြကို မလုပ္ႏိုင္တာ။ အဲ့ဒီကလုပ္ထံုးလုပ္နည္းေတြနဲ႔ကိုယ္နဲ႔ အံခြင္ဝင္က်မျဖစ္တာ။ ဒါမ်ိဳးေတြလဲျဖစ္တတ္တယ္။

အက္ဒမင္ကိုယ္ေတြ႔ေလးေျပာျပမယ္ေနာ္။ အက္ဒမင္ဆို ပိုေကာင္းမယ္လို႔ ထင္ရတဲ့ အလုပ္ကို ေျပာင္းလိုက္တာ၊ လစာကလဲ ႏွစ္ဆေလာက္ပိုရတာကိုး။ အဲ့မွာ သူတို႔က ေရႊေက်ာင္းေျပာင္ေျပာင္ ဝမ္းေခါင္ေခါင္ျဖစ္ေနၿပီး ေနာက္က် သူတို႔စီးပြားေရး အဆင္မေျပလို႔ ဝန္ထမ္းေလွ်ာ့တဲ့အထဲ အက္ဒမင္ပါသြားပါေရာလား။ အဲ့မွာ ငါးလပဲၾကာတယ္။ ဒါက အလုပ္အေျပာင္းမေတာ္လို႔ ဒုကၡေရာက္ရတာ။

အခုလုပ္ေနတဲ့အလုပ္က်ေတာ့ အမွန္က မေျပာင္းလာခ်င္ဘူး။ အဲ့တုန္းကလုပ္ေနတဲ့ အလုပ္အေဟာင္းမွာ လစာနည္းနည္းေလးနဲ႔ ေပ်ာ္ေနတာ။ ဒါေပမယ့္ ေျပာင္းရမယ့္ရံုးကလဲ အႀကီးႀကီး လုပ္ေနတဲ့လုပ္ငန္းကလဲ အခိုင္အမာဆိုေတာ့ မ်က္စိမွိတ္ၿပီး ေျပာင္းလာလိုက္တာ။ အခုက် လစာႏွစ္ဆေလာက္ နီးပါးနဲ႔ ႏိုင္ငံျခားသားေတြနဲ႔ တုိက္ရိုက္ ေျပာဆိုဆက္ဆံေနရၿပီ။ ကိုယ့္မွာ လုပ္ပိုင္ခြင့္လဲ အထိုက္အေလွ်ာက္ရွိေနၿပီ။ အရင္အလုပ္က် မန္ေနဂ်ာက ေရွ႔ကခံေနေတာ့ ကိုယ္လုပ္ႏိုင္သမွ် လုပ္လို႔မရဘူးေလ။ အရည္အခ်င္းမေပၚဘူးေပါ့။ အခုက် ကိုယ့္အရည္အခ်င္းရွိသေလာက္ လုပ္ျပလို႔ရတယ္။ ဒါကက် အလုပ္အေျပာင္းေတာ္သြားတာ။

ဒီလိုပါပဲေယာင္းရယ္ ကိုယ့္မွာအရည္အခ်င္းရွိေနသေရြ႕ကေတာ့ အလုပ္ေတြ ဘယ္ႏွခုေျပာင္းေျပာင္း အလုပ္အေျပာင္းမေတာ္လို႔ ခဏဒုကၡေတြ႔ေတာင္ ေနာက္ပိုင္းက်ရင္ေတာ့ ပန္းပန္လ်က္ပဲဆိုတာမ်ိုး ျဖစ္ေနမွာပါ။ အဓိကက ကိုယ့္မွာ အရည္အခ်င္းရွိဖို႔ပဲလိုတာ။

အဲ… For Her Myanmar အက္ဒမင္ေတြ အလုပ္ေျပာင္းခိုင္းလို႔ဆိုၿပီး တစ္ႏွစ္တစ္ခါေတာ့ အလုပ္ေတြ ေျပာင္းမေနနဲ႔ေနာ္။ အဲ့လိုဆိုရင္ေတာ့ ေမ်ာက္ကေလး ဟိုပင္သည္ပင္ကူးေနတယ္လို႔ ေျပာမွာ။ တကယ့္ကို ကိုယ့္အတြက္ လုပ္ပိုင္ခြင့္ေတြ ရပိုင္ခြင့္ေတြ ရာထူးတာဝန္ေတြ ပိုပိုၿပီးရမယ့္ေနရာမ်ိဳးေတြ႔မွေျပာင္း။ အဲ့လိုဆိုမွ ေယာင္းတို႔ေတြလဲ career woman ေတြျဖစ္ၿပီး စမတ္က်က် အလုပ္လုပ္ႏိုင္မွာေလ။ ေအာင္ျမင္တဲ့ မိန္းကေလးေတြျဖစ္ခ်င္ရင္ေတာ့ အလုပ္ေျပာင္းဖို႔က ဒုတိယ၊ ကိုယ့္မွာ အရည္အခ်င္းရွိဖို႔က ပထမပါလို႔ အဆံုးသတ္အေနနဲ႔ ေျပာပါရေစေယာင္းေရ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Khine (For Her Myanmar)

# Unicode Version #
ယောင်းတို့ရေ အခုခေတ်မှာ နိုင်ငံခြားကုမ္ပဏီတွေ အများကြီးဝင်လာသလို အလုပ်အကိုင်အခွင့်အလမ်းတွေလဲ အများကြီး ပွင့်လာပါပြီ။ ကိုယ့်မှာသာ အရည်အချင်းရှိထားတယ်ဆိုရင် အလုပ်မရှားတော့တဲ့ ခေတ်ကြီးပေါ့။ အဲ့လို အလုပ်တွေ ပေါလာတာနဲ့အမျှ ဝန်ထမ်းတွေ အလုပ်ခဏခဏပြောင်းတာ ဖက်ရှင်ဖြစ်လာတယ်။ အဲ့လို အထွက်တွေများလာတဲ့အခါ Management က HR ကိုထောင်း၊ HR အချင်းချင်း ဝန်ထမ်းမြဲအောင် ဟိုလိုလုပ်ပါ ဒီလိုလုပ်ပါနဲ့ အကြံတွေပေးကြနဲ့။ ထားပါ ဒါကကိုယ့်အပိုင်းမဟုတ်ဘူး။ ကိုယ့်အပိုင်းက ဝန်ထမ်းတစ်ယောက်အနေနဲ့ နေမြဲအတိုင်း ဆက်နေတာကောင်းမလား၊ အလုပ်ပြောင်းရင်အဆင်ပြေမလား စဉ်းစားဖို့ပဲနော်။

အရင်တုန်းကတော့ အလုပ်မြဲနေဖို့ဆိုတာ အရေးကြီးတယ်လေ။ အလုပ်ရှင်တွေကလဲ အလုပ်ခဏခဏပြောင်းတာ လျှောက်လွှာထဲမှာတွေ့ရင် အလုပ်တစ်ခုမှာ သစ္စာရှိရှိ မြဲမြဲမနေနိုင်တဲ့လူလား၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်ပြေပြေမနေနိုင်တဲ့လူလားဆိုပြီး အလုပ်ပေးဖို့တွန့်တတ်ကြတယ်။ အခုကျ ခေတ်ပြောင်းသွားပါပြီ ယောင်းတို့ရေ။ အက်ဒမင်တို့မျိုးဆက် လူငယ်တွေက အလုပ်ထဲမှာ အဆက်မပြတ် သင်ယူနေပြီး တိုးတက်မှုကို လိုလားသူတွေဖြစ်တာမို့ တက်လမ်းရှိမယ်ဆိုရင် အလုပ်ပြောင်းဖို့ မရွံ့ကြတော့ပါဘူး။ လူငယ်တွေပီပီ အပြောင်းအလဲကိုလဲ လိုလားပြီး ဒီအပြောင်းအလဲကို လက်ခံပြီးပိုကြိုးစားချင်ကြပါတယ်။ အလုပ်ရှင်တွေကလဲ အလုပ်တစ်ခုမှာ နှစ်အကြာကြီးနေလာတယ်ဆိုရင် စိန်ခေါ်မှုအသစ်တွေအတွက် အရည်အချင်းမရှိလို့လားဆိုပြီး မေးခွန်းထုတ်လာတတ်ကြပါပြီ။

ဆိုတော့ကာ အလုပ်ပြောင်းမယ်ဆိုရင် ဘာတွေကိုထည့်စဉ်းစားရမလဲ၊ အလုပ်ပြောင်းတာကြောင့် ဘာတွေကောင်းလာနိုင်မလဲ၊ ဘာဆိုးကျိုးတွေရှိမလဲ။ ဒီမေးခွန်းတွေကို အမေးရှိရင် အဖြေရှိရမှာပေါ့။

ပထမဆုံးအနေနဲ့ စဉ်းစားရမှာကတော့ အလုပ်ပြောင်းချင်ပြီဆို ဘာလို့ပြောင်းချင်တာလဲလို့ ကိုယ့်ကိုယ်ကိုယ်ပြန်မေးပါ။ အထက်လူကြီးနဲ့ အဆင်မပြေလို့လား။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မတည့်လို့လား။ အလုပ်တွေအရမ်းများတယ်လို့ ခံစားရလို့လား။ ဒါတွေကြောင့်ဆိုရင်တော့ နောက်တစ်ခေါက် ပြန်စဉ်းစားပါဦးလို့ ပြောချင်ပါတယ်။ အထက်လူကြီးနဲ့ ဒီအတိုင်းအဆင်မပြေရုံပဲဆိုရင်တော့ ဘယ်လိုအဆင်ပြေအောင် လုပ်ယူရမလဲ ကိုယ့်ဘက်ကလိုအပ်နေတာလား၊ သူ့ဘက်ကနားလည်မှုလွဲနေတာလား ပြန်ပြီးညှိနှိုင်းသင့်ပါတယ်။ ဒါမှမဟုတ် လူကြီးက ခေါင်းမခံတာမျိုး၊ ကိုယ့်အလုပ်ကို အသိအမှတ်မပြုတာမျိုး လူကြီးမဆန်တဲ့လူကြီး ဖြစ်နေရင်တော့ ထွက်ဖို့ကြိုးစားပါ။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ မတည့်ရင်လဲ အလုပ်ထွက်လိုက်တာထက် အဆင်ပြေအောင်ညှိယူတာမျိုး ပိုဖြစ်သင့်ပါတယ်။

Related article>>> အလုပ်ခွင်မှာ ပတ်ဝန်းကျင်နဲ့ လိုက်လျောညီထွေဖြစ်အောင် ဘယ်လိုနေမလဲ။

ဒါမှမဟုတ် ကိုယ်လုပ်ရတဲ့အလုပ်က ကိုယ့်အရည်အချင်းနဲ့ယှဉ်ရင် အရမ်းလွယ်နေတာလား။ ရုံးရဲ့အလုပ်လုပ်တဲ့ပုံစံက ကိုယ်နဲ့မကိုက်ဘူးလား (ဆိုလိုချင်တာက ကိုယ်ကစိန်ခေါ်မှုရှိတဲ့ ပတ်ဝန်းကျင်မှာ အလုပ်လုပ်ချင်တယ်၊ ကိုယ်လုပ်တဲ့ရုံးက မလုပ်မရှုပ်မပြုတ်ဆိုတာမျိုးတွေ များနေတယ်၊ ဒါမျိုး)။ ဒီအလုပ်မှာနေလို့ ရာထူးတိုးဖို့ လစာတိုးဖို့ တက်လမ်း မရှိတော့ဘူးလား။ အလုပ်ချိန်တွေအရမ်းများပြီး မိသားစုကို အချိန်မပေးနိုင်တော့ဘူးလား။ ဒီလိုတွေ ဖြစ်နေပြီဆိုရင်တော့ အထက်လူကြီး သို့မဟုတ် management နဲ့ ဆွေးနွေးကြည့်ပါ။ ဆွေးနွေးလို့အဆင်မပြေရင်တော့ ဒီလိုအလုပ်မှာ ဆက်မနေတာ အကောင်းဆုံးပဲဖြစ်မှာပါ။

နောက်တစ်ခုက အလုပ်တစ်ခုမှာ ဘယ်လောက်နေရင် ကြာတယ်လို့သတ်မှတ်သလဲ။ ဒါကတော့ ယောင်းတို့အလုပ်အပေါ် မူတည်တယ်ပဲပြောရမယ်။ ယောင်းဟာရုံးတစ်ရုံးတည်းမှာ ဆယ်စုနှစ်နဲ့ချီပြီး အလုပ်လုပ်နိုင်ပါတယ်။ ဒါပေမယ့် အဲ့လိုလုပ်နေတာဟာ တစ်နေရာတည်းမဟုတ်ဘဲ ရာထူးတွေတာဝန်တွေ နှစ်အလိုက်တိုးတက်နေတယ်ဆိုရင် ဒါကတော့ အလုပ်တစ်ခုမှာ အကြာကြီးထိုင်နေတယ်လို့ ပြောလို့မရပါဘူး။ ရာထူးတစ်နေရာထဲမှာပဲ ဒီအလုပ်တွေကိုပဲ နှစ်တွေအကြာကြီး လုပ်နေမိပြီဆိုရင်တော့ ဒါမဖြစ်သင့်တော့ဘူး။ အလုပ်ပြောင်းဖို့ စဉ်းစားသင့်ပြီ။

လူတော်တော်များများကတော့ အလုပ်ဟောင်းလေးမှာ အဆင်ပြေနေပြီဆို မပြောင်းချင်တာများပါတယ် (အက်ဒမင် အပါအဝင်ပေါ့)။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ သံယောဇဉ်တွယ်နေပြီ။ အလုပ်ပြောင်းလို့ အဲ့အလုပ်မှာ အဆင်မပြေရင်ဘယ်လိုလုပ်မလဲလို့လဲ တွေးမိတယ်။ ဒီလိုနဲ့ပဲ တိုးတက်မှုမရှိတဲ့နေရာမှာ ဆက်နေဖြစ်သွားပါတယ်။ တကယ်ကျတော့ ကိုယ့်ရဲ့ဘဝတစ်လျှောက်လုံး အဆင်ပြေနေတဲ့နေရာလေးမှာ ရသလောက်ကလေးနဲ့ သက်တောင့်သက်သာနေမလား၊ ပိုကောင်းတဲ့လစာ ပိုများတဲ့တာဝန်တွေနဲ့ ပိုအရေးပါတဲ့ရာထူးရမယ့်နေရာဆီ သွားမလားလို့ ကိုယ့်ကိုယ့်ကိုယ် မေးကြည့်ရင်တော့ အဖြေထွက်လာပါလိမ့်မယ်။

အလုပ်ပြောင်းရင် ဘာအကျိုးတွေရမလဲ။ ဦးဆုံးကတော့ အလုပ်ပြောင်းပြီဆိုရင် များသောအားဖြင့်က လစာများတဲ့ဆီ ရာထူးကြီးတဲ့ဆီ သွားကြတာများလို့ အလုပ်ဟောင်းမှာဆက်နေရင် မရနိုင်တဲ့ လစာရမယ်။ နောက်တစ်ခါ မတူညီတဲ့လူတွေဆီက လုပ်ထုံးလုပ်နည်းအသစ်တွေ သင်ယူရမယ်။ ပိုပြီးအရည်အချင်းတွေပြည့်လာမယ်။ အလုပ်အမြဲပြောင်းနေခြင်းအားဖြင့် ကိုယ်နဲ့ရင်းနှီးပြီးသား အလုပ်ကနေ မရင်းနှီးသေးတဲ့နေရာကို ပိုများတဲ့တာဝန်တွေနဲ့ ရောက်သွားတာမို့ စိန်ခေါ်မှုတွေနဲ့ အမြဲရင်ဆိုင်နေရမယ်။ ပိုပြီးတော့ တိုးတက်လာမယ်။ ဒါတွေကတော့ ယောင်းအလုပ်ပြောင်းသင့်တဲ့ အချက်တွေပါ။

Related article>>> လက်ရှိလုပ်နေတဲ့ အလုပ်ကိုမကြိုက်တော့ဘူးလို့ ဖော်ပြနေတဲ့အချက်များ

အလုပ်ပြောင်းတာရဲ့ ဆိုးကျိုးတွေလဲရှိပါတယ်။ ထိုင်နေအကောင်းသား ထသွားမှကျိုးမှန်းသိဆိုသလို အလုပ်အသစ်က ပေးတဲ့တာဝန်တွေကို မလုပ်နိုင်တာ။ အဲ့ဒီကလုပ်ထုံးလုပ်နည်းတွေနဲ့ကိုယ်နဲ့ အံခွင်ဝင်ကျမဖြစ်တာ။ ဒါမျိုးတွေလဲဖြစ်တတ်တယ်။

အက်ဒမင်ကိုယ်တွေ့လေးပြောပြမယ်နော်။ အက်ဒမင်ဆို ပိုကောင်းမယ်လို့ ထင်ရတဲ့ အလုပ်ကို ပြောင်းလိုက်တာ၊ လစာကလဲ နှစ်ဆလောက်ပိုရတာကိုး။ အဲ့မှာ သူတို့က ရွှေကျောင်းပြောင်ပြောင် ဝမ်းခေါင်ခေါင်ဖြစ်နေပြီး နောက်ကျ သူတို့စီးပွားရေး အဆင်မပြေလို့ ဝန်ထမ်းလျှော့တဲ့အထဲ အက်ဒမင်ပါသွားပါရောလား။ အဲ့မှာ ငါးလပဲကြာတယ်။ ဒါက အလုပ်အပြောင်းမတော်လို့ ဒုက္ခရောက်ရတာ။

အခုလုပ်နေတဲ့အလုပ်ကျတော့ အမှန်က မပြောင်းလာချင်ဘူး။ အဲ့တုန်းကလုပ်နေတဲ့ အလုပ်အဟောင်းမှာ လစာနည်းနည်းလေးနဲ့ ပျော်နေတာ။ ဒါပေမယ့် ပြောင်းရမယ့်ရုံးကလဲ အကြီးကြီး လုပ်နေတဲ့လုပ်ငန်းကလဲ အခိုင်အမာဆိုတော့ မျက်စိမှိတ်ပြီး ပြောင်းလာလိုက်တာ။ အခုကျ လစာနှစ်ဆလောက် နီးပါးနဲ့ နိုင်ငံခြားသားတွေနဲ့ တိုက်ရိုက် ပြောဆိုဆက်ဆံနေရပြီ။ ကိုယ့်မှာ လုပ်ပိုင်ခွင့်လဲ အထိုက်အလျှောက်ရှိနေပြီ။ အရင်အလုပ်ကျ မန်နေဂျာက ရှေ့ကခံနေတော့ ကိုယ်လုပ်နိုင်သမျှ လုပ်လို့မရဘူးလေ။ အရည်အချင်းမပေါ်ဘူးပေါ့။ အခုကျ ကိုယ့်အရည်အချင်းရှိသလောက် လုပ်ပြလို့ရတယ်။ ဒါကကျ အလုပ်အပြောင်းတော်သွားတာ။

ဒီလိုပါပဲယောင်းရယ် ကိုယ့်မှာအရည်အချင်းရှိနေသရွေ့ကတော့ အလုပ်တွေ ဘယ်နှခုပြောင်းပြောင်း အလုပ်အပြောင်းမတော်လို့ ခဏဒုက္ခတွေ့တောင် နောက်ပိုင်းကျရင်တော့ ပန်းပန်လျက်ပဲဆိုတာမျိုး ဖြစ်နေမှာပါ။ အဓိကက ကိုယ့်မှာ အရည်အချင်းရှိဖို့ပဲလိုတာ။

အဲ… For Her Myanmar အက်ဒမင်တွေ အလုပ်ပြောင်းခိုင်းလို့ဆိုပြီး တစ်နှစ်တစ်ခါတော့ အလုပ်တွေ ပြောင်းမနေနဲ့နော်။ အဲ့လိုဆိုရင်တော့ မျောက်ကလေး ဟိုပင်သည်ပင်ကူးနေတယ်လို့ ပြောမှာ။ တကယ့်ကို ကိုယ့်အတွက် လုပ်ပိုင်ခွင့်တွေ ရပိုင်ခွင့်တွေ ရာထူးတာဝန်တွေ ပိုပိုပြီးရမယ့်နေရာမျိုးတွေ့မှပြောင်း။ အဲ့လိုဆိုမှ ယောင်းတို့တွေလဲ career woman တွေဖြစ်ပြီး စမတ်ကျကျ အလုပ်လုပ်နိုင်မှာလေ။ အောင်မြင်တဲ့ မိန်းကလေးတွေဖြစ်ချင်ရင်တော့ အလုပ်ပြောင်းဖို့က ဒုတိယ၊ ကိုယ့်မှာ အရည်အချင်းရှိဖို့က ပထမပါလို့ အဆုံးသတ်အနေနဲ့ ပြောပါရစေယောင်းရေ။

ဖိုးသူတော် (www.phothutaw.com)
Credit: Khine (For Her Myanmar)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top