Golden City Promotion
×

မဂၤလာေဆာင္ရက္ကလည္း နီးသထက္နီးလာေလ ပိုလို႔စိတ္လႈပ္ရွားလာရေလပါပဲ။ စိတ္လႈပ္ရွားေနတဲ့အတြက္ေၾကာင့္ ႀကိဳတင္ျပင္ဆင္ထားသင့္တာေတြကို ေမ႔ေလ်ာ့ေနတတ္ၾကပါတယ္။ မဂၤလာခန္းမ၊ မဂၤလာအျပင္အဆင္အခမ္းအနားအတြက္ အားလံုးျပင္ဆင္ၿပီးလို႔ အဆင္သင့္ျဖစ္ေနၿပီဆိုေပမယ့္ ကိုယ့္ဘက္ကလည္းအဆင္သင့္ျဖစ္ေနဖုိ႔ေတာ့ လိုပါတယ္ေနာ္။ ဒါေတြကို သတိျပဳမိေစဖို႔အတြက္ အခုပဲေဖာ္ျပေပးလိုက္ပါတယ္။

(၁) လိုအပ္တဲ့ပစၥည္းမ်ားကို အိတ္ထဲအကုန္စုထည့္ထားပါ

မဂၤလာေဆာင္မယ့္ေန႔မွာ အသံုးျပဳရမယ့္ ပစၥည္းမ်ားကို ႀကိဳတင္ျပင္ဆင္ထားသင့္ပါတယ္။ မိတ္ကပ္ဆရာ၊ ဒီဇိုင္နာေတြရွိတယ္ဆိုေပမယ့္ ကိုယ္ပိုင္အလွျပင္မိတ္ကပ္ဘူးေလးနဲ႔ ႏႈတ္ခမ္းနီကိုေဆာင္ထားဖုိ႔လိုပါတယ္။ သတို႔သားကလည္း သတို႔သားအေလ်ာက္ လိုအပ္တဲ့အလွကုန္ပစၥည္းေတြကို တစ္စုတစ္စည္းတည္းထားဖို႔ လိုပါတယ္။ အိတ္ေလးထဲကို လိုအပ္မယ့္ပစၥည္းမ်ားနဲ႔ ပိုက္ဆံကိုလည္းထည့္ထားဖုိ႔ မေမ့ပါနဲ႔။ ဖုန္းတစ္လံုးကို အိတ္ထဲထည့္ထားၿပီး ေနာက္ဖုန္းတစ္လံုးကိုေတာ့ ဓာတ္ပံုရိုက္လို႔ရေအာင္ အေမ၊ အေဖတစ္ေယာက္ေယာက္ကို ေပးထားလိုက္ပါ။ ဓာတ္ပံုဆရာေတြအမ်ားႀကီးဆိုေပမယ့္ ဖုန္းထဲကလွ်ပ္တျပက္ရိုက္ခ်က္ေလးေတြက ျပန္ၾကည့္တဲ့အခါမွာ တကယ့္ကိုၾကည္ႏူးစရာအခုိက္အတန္႔ေလး ျဖစ္ေနေစမွာပါေနာ္။ ဒါ့အျပင္ ဖိနပ္၊ ဝတ္စံုကို ကိုယ္တိုင္ယူသြားမယ္လို႔ စီစဥ္ထားတယ္ဆိုရင္ေတာ့ မဂၤလာမေဆာင္ခင္ တစ္ညအလိုမွာ ကားထဲကိုအဆင္သင့္ထည့္ထားလိုက္ပါ။

(၂) အာဟာရရွိတဲ့အစားအစာစားပါ

မဂၤလာေန႔ရက္ေရာက္လုနီးနီးျဖစ္ေနၿပီမလို႔ အေပ်ာ္လြန္ၿပီး စိတ္လႈပ္ရွားေနတာေၾကာင့္ အစားအေသာက္ကိုေတာင္ ေမ့ေလ်ာ့ေနတတ္ပါတယ္။ မဂၤလာေန႔ရက္ေလးမွာ လန္းဆန္းတက္ၾကြတဲ့ မဂၤလာေမာင္ႏွံေလးျဖစ္ခ်င္တယ္ဆိုရင္ေတာ့ အာဟာရရွိတ့ဲအစားအစာမ်ားကို စားထားဖုိ႔လိုပါတယ္ေနာ္။ ညအိပ္ရာမဝင္ခင္မွာ အမွ်င္ဓာတ္ၾကြယ္ဝစြာပါဝင္တဲ့ သစ္သီးစားေပးဖို႔လည္း မေမ့ပါနဲ႔ေနာ္။ အမွ်င္ဓာတ္ပါဝင္တဲ့ သစ္သီးကဝမ္းကိုမွန္ေစၿပီး အစာအိမ္တြင္းက အဆိပ္အေတာက္မ်ားကို ရွင္းထုတ္ေပးႏိုင္တာေၾကာင့္ မဂၤလာေန႔ရက္ေလးမွာ လန္းဆန္းေပါ့ပါးေနေစမွာပါ။

(၃) ေရမ်ားမ်ားေသာက္ပါ

စိတ္လႈပ္ရွားမႈနဲ႔ စိုးရိမ္မႈ၊ စိတ္ဖိစီးမႈမ်ားကို အေကာင္းဆံုးေျဖေလ်ာ့ေပးႏုိင္တဲ့ အားေဆးတစ္ခြက္ပါပဲ။ အားအင္ကုန္ခမ္းသြားျခင္း၊ ေရဓာတ္ခမ္းေျခာက္သြားျခင္းက စိတ္ဖိစီးမႈျဖစ္ေပၚေစတာေၾကာင့္ ေရဓာတ္ျဖည့္တင္းထားဖုိ႔လည္း လိုအပ္ပါတယ္ေနာ္။

(၄) အိပ္ေရးဝဝအိပ္ပါ

အိပ္ေရးဝဝအိပ္မွာ မဂၤလာေဆာင္တဲ့ေန႔ေလးမွာ လန္းဆန္းတက္ၾကြေနမွာပါေနာ္။ မ်က္လံုးအစ္တာေတြ၊ မ်က္တြင္းက်ေနတာေတြ မျဖစ္ရေလေအာင္ အထူးဂရုျပဳဖုိ႔ လိုပါတယ္။ ဖုန္းအသံုးျပဳျခင္းနဲ႔ အလုပ္ေတြကို အားလံုးေမ့ထားၿပီး အိပ္ေရးဝဝသာ အိပ္စက္အနားယူလိုက္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နန္း(ေရႊအင္းေလး)

#Unicode Version#
မင်္ဂလာဆောင်ရက်ကလည်း နီးသထက်နီးလာလေ ပိုလို့စိတ်လှုပ်ရှားလာရလေပါပဲ။ စိတ်လှုပ်ရှားနေတဲ့အတွက်ကြောင့် ကြိုတင်ပြင်ဆင်ထားသင့်တာတွေကို မေ့လျော့နေတတ်ကြပါတယ်။ မင်္ဂလာခန်းမ၊ မင်္ဂလာအပြင်အဆင်အခမ်းအနားအတွက် အားလုံးပြင်ဆင်ပြီးလို့ အဆင်သင့်ဖြစ်နေပြီဆိုပေမယ့် ကိုယ့်ဘက်ကလည်းအဆင်သင့်ဖြစ်နေဖို့တော့ လိုပါတယ်နော်။ ဒါတွေကို သတိပြုမိစေဖို့အတွက် အခုပဲဖော်ပြပေးလိုက်ပါတယ်။

(၁) လိုအပ်တဲ့ပစ္စည်းများကို အိတ်ထဲအကုန်စုထည့်ထားပါ

မင်္ဂလာဆောင်မယ့်နေ့မှာ အသုံးပြုရမယ့် ပစ္စည်းများကို ကြိုတင်ပြင်ဆင်ထားသင့်ပါတယ်။ မိတ်ကပ်ဆရာ၊ ဒီဇိုင်နာတွေရှိတယ်ဆိုပေမယ့် ကိုယ်ပိုင်အလှပြင်မိတ်ကပ်ဘူးလေးနဲ့ နှုတ်ခမ်းနီကိုဆောင်ထားဖို့လိုပါတယ်။ သတို့သားကလည်း သတို့သားအလျောက် လိုအပ်တဲ့အလှကုန်ပစ္စည်းတွေကို တစ်စုတစ်စည်းတည်းထားဖို့ လိုပါတယ်။ အိတ်လေးထဲကို လိုအပ်မယ့်ပစ္စည်းများနဲ့ ပိုက်ဆံကိုလည်းထည့်ထားဖို့ မမေ့ပါနဲ့။ ဖုန်းတစ်လုံးကို အိတ်ထဲထည့်ထားပြီး နောက်ဖုန်းတစ်လုံးကိုတော့ ဓာတ်ပုံရိုက်လို့ရအောင် အမေ၊ အဖေတစ်ယောက်ယောက်ကို ပေးထားလိုက်ပါ။ ဓာတ်ပုံဆရာတွေအများကြီးဆိုပေမယ့် ဖုန်းထဲကလျှပ်တပြက်ရိုက်ချက်လေးတွေက ပြန်ကြည့်တဲ့အခါမှာ တကယ့်ကိုကြည်နူးစရာအခိုက်အတန့်လေး ဖြစ်နေစေမှာပါနော်။ ဒါ့အပြင် ဖိနပ်၊ ဝတ်စုံကို ကိုယ်တိုင်ယူသွားမယ်လို့ စီစဉ်ထားတယ်ဆိုရင်တော့ မင်္ဂလာမဆောင်ခင် တစ်ညအလိုမှာ ကားထဲကိုအဆင်သင့်ထည့်ထားလိုက်ပါ။

(၂) အာဟာရရှိတဲ့အစားအစာစားပါ

မင်္ဂလာနေ့ရက်ရောက်လုနီးနီးဖြစ်နေပြီမလို့ အပျော်လွန်ပြီး စိတ်လှုပ်ရှားနေတာကြောင့် အစားအသောက်ကိုတောင် မေ့လျော့နေတတ်ပါတယ်။ မင်္ဂလာနေ့ရက်လေးမှာ လန်းဆန်းတက်ကြွတဲ့ မင်္ဂလာမောင်နှံလေးဖြစ်ချင်တယ်ဆိုရင်တော့ အာဟာရရှိတဲ့အစားအစာများကို စားထားဖို့လိုပါတယ်နော်။ ညအိပ်ရာမဝင်ခင်မှာ အမျှင်ဓာတ်ကြွယ်ဝစွာပါဝင်တဲ့ သစ်သီးစားပေးဖို့လည်း မမေ့ပါနဲ့နော်။ အမျှင်ဓာတ်ပါဝင်တဲ့ သစ်သီးကဝမ်းကိုမှန်စေပြီး အစာအိမ်တွင်းက အဆိပ်အတောက်များကို ရှင်းထုတ်ပေးနိုင်တာကြောင့် မင်္ဂလာနေ့ရက်လေးမှာ လန်းဆန်းပေါ့ပါးနေစေမှာပါ။

(၃) ရေများများသောက်ပါ

စိတ်လှုပ်ရှားမှုနဲ့ စိုးရိမ်မှု၊ စိတ်ဖိစီးမှုများကို အကောင်းဆုံးဖြေလျော့ပေးနိုင်တဲ့ အားဆေးတစ်ခွက်ပါပဲ။ အားအင်ကုန်ခမ်းသွားခြင်း၊ ရေဓာတ်ခမ်းခြောက်သွားခြင်းက စိတ်ဖိစီးမှုဖြစ်ပေါ်စေတာကြောင့် ရေဓာတ်ဖြည့်တင်းထားဖို့လည်း လိုအပ်ပါတယ်နော်။

(၄) အိပ်ရေးဝဝအိပ်ပါ

အိပ်ရေးဝဝအိပ်မှာ မင်္ဂလာဆောင်တဲ့နေ့လေးမှာ လန်းဆန်းတက်ကြွနေမှာပါနော်။ မျက်လုံးအစ်တာတွေ၊ မျက်တွင်းကျနေတာတွေ မဖြစ်ရလေအောင် အထူးဂရုပြုဖို့ လိုပါတယ်။ ဖုန်းအသုံးပြုခြင်းနဲ့ အလုပ်တွေကို အားလုံးမေ့ထားပြီး အိပ်ရေးဝဝသာ အိပ်စက်အနားယူလိုက်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: နန်း(ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top