Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မၾကာခင္ဆို မိုးေလကင္းလြတ္ျပီး ခရီးသြားရာသီေရာက္ပါေတာ့မယ္ ။ ခရီးထြက္တဲ့အခါ အတိုေလးေတြနဲ႕ လန္းခ်င္ေပမယ့္ ဒူးေတြမည္းေနလို႔ အတိုမဝတ္နိုင္ဘူး ျဖစ္ေနလား ။ ဒီလို ဒူးမည္းတဲ့သူေတြအတြက္ နည္းလမ္းေကာင္းေလးေတြကို ေပးခ်င္ပါတယ္ ။ ဒူးေတြတံေတာင္ေတြ ျဖဴေစမယ့္ နည္းလမ္းေတြကေတာ့ အမ်ားၾကီးပါပဲ ။ အလြယ္ဆံုးနဲ႕ အေကာင္းဆံုး နည္းလမ္းေလးေတြကိုပဲ ေဖာ္ျပေပးပါမယ္ေန္ာ..

၁။သၾကား
သၾကားက အသားအေရကို ၾကည္လင္ျပီးျဖဴေဖြးေစတဲ့ အစြမ္းရွိပါတယ္ ။ သၾကားနဲ႔ ပြတ္တိုက္ျခင္း (scrub)က ဆဲလ္ေသေတြကို ဖယ္ရွားေပးျပီး အေရျပားကို ျဖဴေဖြးနူးညံ့ေစပါတယ္။ ပထမဦးစြာ သၾကားနွင့္ သံလြင္ဆီကို ဆတူ ခပ္ပ်စ္ပ်စ္ေလး ေရာစပ္ပါ ။ ျပီးေနာက္ ဒူးေပၚသို႔ စက္ဝိုင္းပံုစံအတုိင္း ၅မိနစ္ခန္႔ ပြတ္လိမ္းေပးပါ။ ျပီးလွ်င္ေတာ့ ေရေႏြးေႏြးျဖင့္ ေဆးေၾကာလိုက္ပါ ။ ဆပ္ျပာသံုးမယ္ဆိုရင္ေတာ့ ျပင္းတဲ့ဆပ္ျပာမ်ိဳးမသံုးဘဲ အနုစား ဆပ္ျပာမ်ိဳးသာ အသံုးျပဳပါ ။ တစ္ေန႔တစ္ၾကိမ္ ပံုမွန္ ဒူးေခါင္းတဝိုက္ အေရျပား ျဖဴလာသည္အထိ ျပဳလုပ္ေပးပါ။

၂။သံပုယိုသီး
သံပုယိုသီးကို အရည္ညွစ္ျပီး ဒူး၊တံေတာင္ေပၚမွာ နွိပ္နယ္ပြတ္္လိမ္းေပးပါ ။ မိနစ္ ၂၀ခန္႔ၾကာေအာင္ ထားျပီးလွ်င္ ေရေႏြးေႏြးျဖင့္ ေဆးေၾကာလိုက္ပါ ။ သံပုယိုရည္မွာပါဝင္တဲ့ citric acid ေၾကာင့္ အသားအေရ ေျခာက္ေသြ႕နိုင္သျဖင့္ ျပီးသြားလွ်င္ အစိုဓါတ္ထိန္းသိမ္းရန္ လိုးရွင္းျဖစ္ေစ၊ ခရင္မ္ျဖစ္ေစ ျပန္လည္လိမ္းေပးပါ ။

၃။အုန္းဆီ
အုန္းဆီကလည္း ဒူးမည္းတဲ့ျပႆနာကို အေကာင္းဆံုး ေျဖရွင္းေပးနိုင္ပါတယ္ ။ အုန္းဆီအသံုးမျပဳခင္မွာ ေရအရင္ခ်ိဳးတာ (သို႔) ဒူးေခါင္းကို ေသခ်ာေဆးေၾကာတာမ်ိဳး လုပ္ပါ ။ ျပီးသြားလွ်င္ေတာ့ အုန္းဆီကို ညွင္သာစြာ ပြတ္လိမ္းေပးပါ။ ျပန္ျပီး ေဆးေၾကာပစ္စရာ မလိုပါဘူး ။ ေန႔စဥ္ မၾကာခဏခဏ ထပ္ထပ္ လိမ္းေပးပါ ။ အုန္းဆီက ဒူးေခါင္းအေရျပား ေျခာက္ေသြ႕မဲညစ္ျခင္းမွ ကာကြယ္ေပးပါတယ္။

၄။ Baking Soda
အက်ိဳးေက်းဇူးမ်ားစြာရွိတဲ့ Baking Soda ကိုလည္း ေမ့ထားလုိ႔ မရပါဘူး ။ Baking Soda နွင့္ ႏြားနို႔ကို လက္ဖက္ရည္ဇြန္း တစ္ဇြန္းစီ ေရာျပီး ခပ္ပ်စ္ပ်စ္ေလး ေမႊေပးပါ။ ( ႏြားနို႔ အဆင္မေျပလွ်င္ သံပုယုိရည္ (သို႔) ပ်ားရည္ သံုးနိုင္ပါသည္) ။ ျပီးလွ်င္ ဒူးေခါင္နွင့္ တံေတာင္တဝိုက္ စက္ဝိုင္းပံုအတုိင္း ၂မိနစ္္ ၊ ၃မိနစ္ခန္႔ ပြတ္လိမ္းေပးပါ ။ လံုးဝေျခာက္ေသြ႕သြားတဲ့အခါ ေရေႏြးေႏြးျဖင့္ ေဆးေၾကာလိုက္ပါ ။ မိမိေက်နပ္ေသာ ရလဒ္ရသည္အထိ ေန႔စဥ္ ပံုမွန္ ျပဳလုပ္နုိင္ပါသည္ ။

ခရီးထြက္ဖို႔ စီစဥ္ထားတယ္ဆိုရင္ အခုတည္းက ဒီနည္းလမ္းေတြလုပ္ထားမွ အတိုနဲ႕ လန္းလို႔ရမွာေန္ာ..
ဖိုးသူေတာ္ (www.phothutaw.com)
Credit:CHAN (ေရႊအင္းေလး)

#Unicode Version#
မကြာခင်ဆို မိုးလေကင်းလွတ်ပြီး ခရီးသွားရာသီရောက်ပါတော့မယ် ။ ခရီးထွက်တဲ့အခါ အတိုလေးတွေနဲ့ လန်းချင်ပေမယ့် ဒူးတွေမည်းနေလို့ အတိုမဝတ်နိုင်ဘူး ဖြစ်နေလား ။ ဒီလို ဒူးမည်းတဲ့သူတွေအတွက် နည်းလမ်းကောင်းလေးတွေကို ပေးချင်ပါတယ် ။ ဒူးတွေတံတောင်တွေ ဖြူစေမယ့် နည်းလမ်းတွေကတော့ အများကြီးပါပဲ ။ အလွယ်ဆုံးနဲ့ အကောင်းဆုံး နည်းလမ်းလေးတွေကိုပဲ ဖော်ပြပေးပါမယ်နေ်ာ..

၁။သကြား
သကြားက အသားအရေကို ကြည်လင်ပြီးဖြူဖွေးစေတဲ့ အစွမ်းရှိပါတယ် ။ သကြားနဲ့ ပွတ်တိုက်ခြင်း (scrub)က ဆဲလ်သေတွေကို ဖယ်ရှားပေးပြီး အရေပြားကို ဖြူဖွေးနူးညံ့စေပါတယ်။ ပထမဦးစွာ သကြားနှင့် သံလွင်ဆီကို ဆတူ ခပ်ပျစ်ပျစ်လေး ရောစပ်ပါ ။ ပြီးနောက် ဒူးပေါ်သို့ စက်ဝိုင်းပုံစံအတိုင်း ၅မိနစ်ခန့် ပွတ်လိမ်းပေးပါ။ ပြီးလျှင်တော့ ရေနွေးနွေးဖြင့် ဆေးကြောလိုက်ပါ ။ ဆပ်ပြာသုံးမယ်ဆိုရင်တော့ ပြင်းတဲ့ဆပ်ပြာမျိုးမသုံးဘဲ အနုစား ဆပ်ပြာမျိုးသာ အသုံးပြုပါ ။ တစ်နေ့တစ်ကြိမ် ပုံမှန် ဒူးခေါင်းတဝိုက် အရေပြား ဖြူလာသည်အထိ ပြုလုပ်ပေးပါ။

၂။သံပုယိုသီး
သံပုယိုသီးကို အရည်ညှစ်ပြီး ဒူး၊တံတောင်ပေါ်မှာ နှိပ်နယ်ပွတ်လိမ်းပေးပါ ။ မိနစ် ၂၀ခန့်ကြာအောင် ထားပြီးလျှင် ရေနွေးနွေးဖြင့် ဆေးကြောလိုက်ပါ ။ သံပုယိုရည်မှာပါဝင်တဲ့ citric acid ကြောင့် အသားအရေ ခြောက်သွေ့နိုင်သဖြင့် ပြီးသွားလျှင် အစိုဓါတ်ထိန်းသိမ်းရန် လိုးရှင်းဖြစ်စေ၊ ခရင်မ်ဖြစ်စေ ပြန်လည်လိမ်းပေးပါ ။

၃။အုန်းဆီ
အုန်းဆီကလည်း ဒူးမည်းတဲ့ပြဿနာကို အကောင်းဆုံး ဖြေရှင်းပေးနိုင်ပါတယ် ။ အုန်းဆီအသုံးမပြုခင်မှာ ရေအရင်ချိုးတာ (သို့) ဒူးခေါင်းကို သေချာဆေးကြောတာမျိုး လုပ်ပါ ။ ပြီးသွားလျှင်တော့ အုန်းဆီကို ညှင်သာစွာ ပွတ်လိမ်းပေးပါ။ ပြန်ပြီး ဆေးကြောပစ်စရာ မလိုပါဘူး ။ နေ့စဉ် မကြာခဏခဏ ထပ်ထပ် လိမ်းပေးပါ ။ အုန်းဆီက ဒူးခေါင်းအရေပြား ခြောက်သွေ့မဲညစ်ခြင်းမှ ကာကွယ်ပေးပါတယ်။

၄။ Baking Soda
အကျိုးကျေးဇူးများစွာရှိတဲ့ Baking Soda ကိုလည်း မေ့ထားလို့ မရပါဘူး ။ Baking Soda နှင့် နွားနို့ကို လက်ဖက်ရည်ဇွန်း တစ်ဇွန်းစီ ရောပြီး ခပ်ပျစ်ပျစ်လေး မွှေပေးပါ။ ( နွားနို့ အဆင်မပြေလျှင် သံပုယိုရည် (သို့) ပျားရည် သုံးနိုင်ပါသည်) ။ ပြီးလျှင် ဒူးခေါင်နှင့် တံတောင်တဝိုက် စက်ဝိုင်းပုံအတိုင်း ၂မိနစ် ၊ ၃မိနစ်ခန့် ပွတ်လိမ်းပေးပါ ။ လုံးဝခြောက်သွေ့သွားတဲ့အခါ ရေနွေးနွေးဖြင့် ဆေးကြောလိုက်ပါ ။ မိမိကျေနပ်သော ရလဒ်ရသည်အထိ နေ့စဉ် ပုံမှန် ပြုလုပ်နိုင်ပါသည် ။

ခရီးထွက်ဖို့ စီစဉ်ထားတယ်ဆိုရင် အခုတည်းက ဒီနည်းလမ်းတွေလုပ်ထားမှ အတိုနဲ့ လန်းလို့ရမှာနေ်ာ..
ဖိုးသူတော် (www.phothutaw.com)
Credit:CHAN (ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top