ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ပါကစၥတန္ ႏိုင္ငံရွိ Landi Kotal တပ္ေျမတြင္ ထြက္မေျပးႏိုင္ေအာင္ သံႀကိဳးျဖင့္ခ်ဳပ္ေႏွာင္ထားသည့္ ေညာင္ပင္ တစ္ပင္ကို ျမင္ေတြ႕ႏိုင္သည္။ သစ္ကိုင္းတြင္ ခ်ိတ္ဆြဲထားသည့္ သစ္သားျပားတြင္လည္း”အဖမ္းခံထားရသည္”ဟု ေရးသားထားသည္။ ၁၈၉၈ ခုႏွစ္က ဂ်ိမ္းစ္စကစ္အမည္ရွိ ၿဗိတိန္စစ္တပ္အရာရွိတစ္ဦးသည္ အရက္မူးေနစဥ္တြင္ သစ္ပင္က ၎ထံသို႔ဒယီးဒယိုင္လာေနသည္ဟုျမင္ မိကာ ေနာက္ေန႔တြင္ ဖမ္းဆီးရန္အမိန႔္ေပးခဲ့သည္။ လက္ေအာက္ငယ္သားမ်ားကလည္း အမိန႔္ကိုလိုက္နာ၍ သစ္ပင္ကို သံႀကိဳးမ်ားျဖင့္ခ်ည္ေႏွာင္ခဲ့ၾကၿပီး ႏွစ္ေပါင္း ၁၀၀ ေက်ာ္ၾကာၿပီးေနာက္ ယေန႔အခ်ိန္အထိ ျမင္ေတြ႕ေနၾကရဆဲ ျဖစ္သည္။ ၿဗိတိန္အာဏာပိုင္မ်ားက မ်ိဳးႏြယ္စုဝင္မ်ားအား ၎တို႔ကိုဆန႔္က်င္မည္ဆိုပါက အလားတူအျဖစ္မ်ိဳးႏွင့္ ႀကဳံရမည္ဟု သြယ္ဝိုက္သည့္နည္းျဖင့္ ျပသထားျခင္းျဖစ္သည္ဟုလည္း ဆိုၾကသည္။ ကိုလိုနီေခတ္တြင္ ၿဗိတိန္အစိုးရက်င့္သုံးခဲ့သည့္ Fဃြၽ ဥပေဒသည္ ရာဇဝတ္မႈက်ဴးလြန္သည့္ မ်ိဳးႏြယ္စုဝင္မ်ားကို တရားခြင္မတင္ဘဲ အျပစ္ေပးႏိုင္ၿပီး ယခုအခ်ိန္အထိလည္း ပါကစၥတန္အေနာက္ေျမာက္ပိုင္းတြင္ FCR ဥပေဒကိုက်င့္သုံးေနၾကဆဲျဖစ္ သည္။ ၂၀၀၈ ခုႏွစ္တြင္ ပါကစၥတန္ဝန္ႀကီး ခ်ဳပ္က FCR ဥပေဒကို ဖယ္ရွားရန္ ဆႏၵရွိေၾကာင္းဆိုခဲ့ေသာ္လည္း ဥပေဒျပဳျပင္ေျပာင္းလဲမႈမ်ားမရွိခဲ့ဘဲ ၂၀၁၁ ခုႏွစ္၌ FCR ဥပေဒကိုပင္ အာမခံေပးျခင္း၊ မွားယြင္းစြပ္စြဲခံရမႈအတြက္ နစ္နာေၾကးေပးျခင္း၊ အမ်ိဳးသမီးႏွင့္ကေလးငယ္မ်ားအား လြတ္ၿငိမ္းခ်မ္းသာခြင့္ေပးျခင္းစသည္အားျဖင့္ ျပဳျပင္ေျပာင္းလဲမႈမ်ားစတင္လုပ္ ေဆာင္လာခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Pyi Myanmar
ပါကစ္စတန် နိုင်ငံရှိ Landi Kotal တပ်မြေတွင် ထွက်မပြေးနိုင်အောင် သံကြိုးဖြင့်ချုပ်နှောင်ထားသည့် ညောင်ပင် တစ်ပင်ကို မြင်တွေ့နိုင်သည်။ သစ်ကိုင်းတွင် ချိတ်ဆွဲထားသည့် သစ်သားပြားတွင်လည်း”အဖမ်းခံထားရသည်”ဟု ရေးသားထားသည်။ ၁၈၉၈ ခုနှစ်က ဂျိမ်းစ်စကစ်အမည်ရှိ ဗြိတိန်စစ်တပ်အရာရှိတစ်ဦးသည် အရက်မူးနေစဉ်တွင် သစ်ပင်က ၎င်းထံသို့ဒယီးဒယိုင်လာနေသည်ဟုမြင် မိကာ နောက်နေ့တွင် ဖမ်းဆီးရန်အမိန့်ပေးခဲ့သည်။ လက်အောက်ငယ်သားများကလည်း အမိန့်ကိုလိုက်နာ၍ သစ်ပင်ကို သံကြိုးများဖြင့်ချည်နှောင်ခဲ့ကြပြီး နှစ်ပေါင်း ၁၀၀ ကျော်ကြာပြီးနောက် ယနေ့အချိန်အထိ မြင်တွေ့နေကြရဆဲ ဖြစ်သည်။ ဗြိတိန်အာဏာပိုင်များက မျိုးနွယ်စုဝင်များအား ၎င်းတို့ကိုဆန့်ကျင်မည်ဆိုပါက အလားတူအဖြစ်မျိုးနှင့် ကြုံရမည်ဟု သွယ်ဝိုက်သည့်နည်းဖြင့် ပြသထားခြင်းဖြစ်သည်ဟုလည်း ဆိုကြသည်။ ကိုလိုနီခေတ်တွင် ဗြိတိန်အစိုးရကျင့်သုံးခဲ့သည့် Fဃျွ ဥပဒေသည် ရာဇဝတ်မှုကျူးလွန်သည့် မျိုးနွယ်စုဝင်များကို တရားခွင်မတင်ဘဲ အပြစ်ပေးနိုင်ပြီး ယခုအချိန်အထိလည်း ပါကစ္စတန်အနောက်မြောက်ပိုင်းတွင် FCR ဥပဒေကိုကျင့်သုံးနေကြဆဲဖြစ် သည်။ ၂၀၀၈ ခုနှစ်တွင် ပါကစ္စတန်ဝန်ကြီး ချုပ်က FCR ဥပဒေကို ဖယ်ရှားရန် ဆန္ဒရှိကြောင်းဆိုခဲ့သော်လည်း ဥပဒေပြုပြင်ပြောင်းလဲမှုများမရှိခဲ့ဘဲ ၂၀၁၁ ခုနှစ်၌ FCR ဥပဒေကိုပင် အာမခံပေးခြင်း၊ မှားယွင်းစွပ်စွဲခံရမှုအတွက် နစ်နာကြေးပေးခြင်း၊ အမျိုးသမီးနှင့်ကလေးငယ်များအား လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းစသည်အားဖြင့် ပြုပြင်ပြောင်းလဲမှုများစတင်လုပ် ဆောင်လာခဲ့ခြင်းဖြစ်သည်ဟု သိရသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: Pyi Myanmar
#Unicode Version#
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top