Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရနံ႔

အိပ္မက္လွလွေတြက ေမႊးပ်ံ႕တဲ့ရနံ႔နဲ႔မွ အလည္လာတတ္တယ္လို႔ သုေတသနေတြအရ သိရပါတယ္။ အနံ႔ဆိုးေတြက်ေတာ့ အဆင္မေျပပါဘူးတဲ့။ ေလ့လာခ်က္ေတြအရ ႏွင္းဆီပန္းရနံ႔ေလးေတြနဲ႔ အခန္းမွာ အိပ္စက္တာက ခ်ိဳၿမိန္စရာ အိပ္မက္ေကာင္းေတြ ပိုမက္ပါသတဲ့။ ၾကက္ဥပုပ္နံ႔ရေနတဲ့ အခန္းထဲက လူေတြေတာ့ အိပ္မက္ဆိုးသာ မက္ၾကပါသတဲ့။ အိပ္မက္ဆိုင္ရာ ဦးေႏွာက္ အစိတ္အပိုင္းေတြက ရနံ႔နဲ႔ ဆက္ႏႊယ္ေနတာကို ျပပါတယ္။

မွတ္ဥာဏ္ဆိုင္ရာ

တခ်ိဳ႕ သုေတသနေတြအလိုအရ အိပ္မက္က မွတ္ဥာဏ္ေကာင္းဖို႔ အေထာက္အကူလို႔ ဆိုပါတယ္။ မွတ္ဥာဏ္ေတြ သိမ္းဆည္း၊ ျပႆနာေတြေျဖရွင္း၊ စိတ္ခံစားမႈေတြ ထိန္းခ်ဳပ္ႏိုင္စြမ္းေတြကို အိပ္မက္ မက္တာကေန ရတတ္ပါသတဲ့။

ေဆးဝါးေတြ

တခ်ိဳ ့ေဆးဝါးေတြက အာရံုေၾကာစနစ္ကို ထိပါးၿပီး အိပ္မက္ဆိုးေတြ ျဖစ္ေစတယ္လို႔ ဆိုပါတယ္။ အထူးသျဖင့္ စိတ္က်ေရာဂါ သက္သာေစတဲ့ ေဆးေတြ၊ မူးယစ္ေဆးဝါးေတြနဲ႔ အိပ္ေဆးေတြပါ။

က်ား/ မနဲ႔ အိပ္မက္

အမ်ိဳးသမီးေတြက အမ်ိဳးသားေတြထက္ အိပ္မက္ဆိုးေတြ ပိုမက္တတ္ပါသတဲ့။ အမ်ိဳးသမီးေတြက အိပ္မက္ကို ပိုၿပီး ျပန္မွတ္မိတတ္တာေၾကာင့္လည္း အိပ္မက္ဆိုးေတြကို ျပန္ေျပာျပႏိုင္ၾကတာပါ။

အိပ္မက္အဓိပၸါယ္

တခိ်ဳ႕က အိပ္မက္ေတြကို အဓိပၸါယ္ဖြင့္ဖို႔ ဝါသနာပါၾကပါတယ္။ တကယ္ေတာ့ အိပ္မက္ဆိုတာက ခံစားခ်က္တခုခု ဘယ္ေလာက္ ျပင္းထန္ေနလဲ၊ စိတ္ဖိစီးမႈ ဘယ္ေလာက္မ်ားေနလဲ ဆိုတာကို ညႊန္းတာပါ။ တခ်ိဳ႕ကလည္း လူေတြရဲ႕ အားနည္းခ်က္ကို ေတြ႔ျမင္ရာက အိပ္မက္တိတၱံဳေတြ လုပ္လာၾကတာလို႔ ဆိုပါတယ္။ ကိုယ္ အိပ္မက္ မက္ခဲ့တာ ဘာအဓိပၸါယ္ရွိလဲ ကိုယ့္ဖာသာ ျပန္ဆန္းစစ္လို႔ ရတာပါ။

အိပ္မက္ကိုမွတ္မိတာ ေကာင္းလား

အိပ္မက္ဆုိတာ မွတ္မိဖို႔ ခက္ပါတယ္။ တခ်ိဳ႕ေတာ့လည္း ႏိုးတာနဲ႔ ျပန္ေရးမွတ္ေလ့ ရွိၾကသတဲ့။ တခ်ိဳ႕လည္း ျပန္စဥ္းစားလို႔ လံုးဝ မထြက္ေပမယ့္ ေနာက္မွ တျဖည္းျဖည္း ျပန္မွတ္မိလာတတ္ပါသတဲ့။ ဒါကိုေကာင္းတဲ့ လကၡဏာလို႔ ဆိုၾကပါတယ္။

မတူရင္ မတူဘူး

ႏိုင္ငံတူ၊ ယဥ္ေက်းမႈ တူသူေတြမွာ ဆင္တူ အိပ္မက္ေတြ မက္ပါတယ္တဲ့။ တခ်ိဳ ့ ခြ်င္းခ်က္ေတြရွိေပမယ့္ အမ်ားစုမွာေတာ့ ဒီအတိုင္းပဲလို႔ ဆိုပါတယ္။

ကင္းတဲ႔ သူရွိသလား

လူမွန္ရင္ အိပ္မက္ မမက္တာ မရွိပါဘူးတဲ့။ မမွတ္မိတာသာ ျဖစ္ပါလိမ့္မယ္။ အမ်ားအားျဖင့္ေတာ့ မနက္ေရာက္ရင္ အိပ္မက္ေတြကို တကူးတက ျပန္ေတြးလို႔ေတာင္ မရတတ္ဘူးမဟုတ္လား။

ေမြးရာပါ အျမင္အာ႐ံု ခ်ိဳ႕တဲ့သူေတြ

ေမြးရာပါ အျမင္အာ႐ံု ခ်ိဳ႕တဲ့သူေတြအဖို႔ အိပ္မက္ေတြမွာလည္း အျမင္အာရံုနဲ႔ ပတ္သက္တာကို မမက္ၾကပါဘူးလို႔ သုေတသနေတြက ဆိုပါတယ္။ ငယ္ငယ္ကေလးကတည္းက မ်က္စိကြယ္သြားရင္လည္း အျမင္အာရံုဆိုင္ရာ အိပ္မက္ေတြ ရွားပါးတတ္ပါတယ္။ ႀကီးမွ မ်က္စိကြယ္သူေတြကေတာ့ အျမင္အာရံု အိပ္မက္ေတြ မက္ၾကပါတယ္။ အိပ္မက္ေတြဟာ အိပ္မေပ်ာ္တေပ်ာ္ ကာလမွာေရာ၊ ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္ အိပ္ေနစဥ္မွာေရာ မက္တတ္ပါတယ္။ အိပ္မက္ဆိုတဲ့ သဘာဝ လက္ေဆာင္ကိုပဲ အႏုပညာဖြဲ႔၊ နိမိတ္ေကာက္ေတြ လုပ္ရင္း လူေတြကေတာ့ အိပ္မက္ေတာမွာ ေပ်ာ္ေမာေလ့ရွိတာ အမွန္ပါ။

ေဒါက္တာ သက္ဦး

ဖိုးသူေတာ္ (www.phothutaw.com)
Credit:  ဧရာဝတီ

# Unicode Version #
ရနံ့

အိပ်မက်လှလှတွေက မွှေးပျံ့တဲ့ရနံ့နဲ့မှ အလည်လာတတ်တယ်လို့ သုတေသနတွေအရ သိရပါတယ်။ အနံ့ဆိုးတွေကျတော့ အဆင်မပြေပါဘူးတဲ့။ လေ့လာချက်တွေအရ နှင်းဆီပန်းရနံ့လေးတွေနဲ့ အခန်းမှာ အိပ်စက်တာက ချိုမြိန်စရာ အိပ်မက်ကောင်းတွေ ပိုမက်ပါသတဲ့။ ကြက်ဥပုပ်နံ့ရနေတဲ့ အခန်းထဲက လူတွေတော့ အိပ်မက်ဆိုးသာ မက်ကြပါသတဲ့။ အိပ်မက်ဆိုင်ရာ ဦးနှောက် အစိတ်အပိုင်းတွေက ရနံ့နဲ့ ဆက်နွှယ်နေတာကို ပြပါတယ်။

မှတ်ဉာဏ်ဆိုင်ရာ

တချို့ သုတေသနတွေအလိုအရ အိပ်မက်က မှတ်ဉာဏ်ကောင်းဖို့ အထောက်အကူလို့ ဆိုပါတယ်။ မှတ်ဉာဏ်တွေ သိမ်းဆည်း၊ ပြဿနာတွေဖြေရှင်း၊ စိတ်ခံစားမှုတွေ ထိန်းချုပ်နိုင်စွမ်းတွေကို အိပ်မက် မက်တာကနေ ရတတ်ပါသတဲ့။

ဆေးဝါးတွေ

တချို့ဆေးဝါးတွေက အာရုံကြောစနစ်ကို ထိပါးပြီး အိပ်မက်ဆိုးတွေ ဖြစ်စေတယ်လို့ ဆိုပါတယ်။ အထူးသဖြင့် စိတ်ကျရောဂါ သက်သာစေတဲ့ ဆေးတွေ၊ မူးယစ်ဆေးဝါးတွေနဲ့ အိပ်ဆေးတွေပါ။

ကျား/ မနဲ့ အိပ်မက်

အမျိုးသမီးတွေက အမျိုးသားတွေထက် အိပ်မက်ဆိုးတွေ ပိုမက်တတ်ပါသတဲ့။ အမျိုးသမီးတွေက အိပ်မက်ကို ပိုပြီး ပြန်မှတ်မိတတ်တာကြောင့်လည်း အိပ်မက်ဆိုးတွေကို ပြန်ပြောပြနိုင်ကြတာပါ။

အိပ်မက်အဓိပ္ပါယ်

တချို့က အိပ်မက်တွေကို အဓိပ္ပါယ်ဖွင့်ဖို့ ဝါသနာပါကြပါတယ်။ တကယ်တော့ အိပ်မက်ဆိုတာက ခံစားချက်တခုခု ဘယ်လောက် ပြင်းထန်နေလဲ၊ စိတ်ဖိစီးမှု ဘယ်လောက်များနေလဲ ဆိုတာကို ညွှန်းတာပါ။ တချို့ကလည်း လူတွေရဲ့ အားနည်းချက်ကို တွေ့မြင်ရာက အိပ်မက်တိတ္တုံတွေ လုပ်လာကြတာလို့ ဆိုပါတယ်။ ကိုယ် အိပ်မက် မက်ခဲ့တာ ဘာအဓိပ္ပါယ်ရှိလဲ ကိုယ့်ဖာသာ ပြန်ဆန်းစစ်လို့ ရတာပါ။

အိပ်မက်ကိုမှတ်မိတာ ကောင်းလား

အိပ်မက်ဆိုတာ မှတ်မိဖို့ ခက်ပါတယ်။ တချို့တော့လည်း နိုးတာနဲ့ ပြန်ရေးမှတ်လေ့ ရှိကြသတဲ့။ တချို့လည်း ပြန်စဉ်းစားလို့ လုံးဝ မထွက်ပေမယ့် နောက်မှ တဖြည်းဖြည်း ပြန်မှတ်မိလာတတ်ပါသတဲ့။ ဒါကိုကောင်းတဲ့ လက္ခဏာလို့ ဆိုကြပါတယ်။

မတူရင် မတူဘူး

နိုင်ငံတူ၊ ယဉ်ကျေးမှု တူသူတွေမှာ ဆင်တူ အိပ်မက်တွေ မက်ပါတယ်တဲ့။ တချို့ ချွင်းချက်တွေရှိပေမယ့် အများစုမှာတော့ ဒီအတိုင်းပဲလို့ ဆိုပါတယ်။

ကင်းတဲ့ သူရှိသလား

လူမှန်ရင် အိပ်မက် မမက်တာ မရှိပါဘူးတဲ့။ မမှတ်မိတာသာ ဖြစ်ပါလိမ့်မယ်။ အများအားဖြင့်တော့ မနက်ရောက်ရင် အိပ်မက်တွေကို တကူးတက ပြန်တွေးလို့တောင် မရတတ်ဘူးမဟုတ်လား။

မွေးရာပါ အမြင်အာရုံ ချို့တဲ့သူတွေ

မွေးရာပါ အမြင်အာရုံ ချို့တဲ့သူတွေအဖို့ အိပ်မက်တွေမှာလည်း အမြင်အာရုံနဲ့ ပတ်သက်တာကို မမက်ကြပါဘူးလို့ သုတေသနတွေက ဆိုပါတယ်။ ငယ်ငယ်ကလေးကတည်းက မျက်စိကွယ်သွားရင်လည်း အမြင်အာရုံဆိုင်ရာ အိပ်မက်တွေ ရှားပါးတတ်ပါတယ်။ ကြီးမှ မျက်စိကွယ်သူတွေကတော့ အမြင်အာရုံ အိပ်မက်တွေ မက်ကြပါတယ်။ အိပ်မက်တွေဟာ အိပ်မပျော်တပျော် ကာလမှာရော၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်နေစဉ်မှာရော မက်တတ်ပါတယ်။ အိပ်မက်ဆိုတဲ့ သဘာဝ လက်ဆောင်ကိုပဲ အနုပညာဖွဲ့၊ နိမိတ်ကောက်တွေ လုပ်ရင်း လူတွေကတော့ အိပ်မက်တောမှာ ပျော်မောလေ့ရှိတာ အမှန်ပါ။

ဒေါက်တာ သက်ဦး

ဖိုးသူတော် (www.phothutaw.com)
Credit:  ဧရာဝတီ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top