ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

ေပ်ာ္ရြင္စရာေကာင္းတဲ့ ခ်စ္သူဘ၀ရရွိဖို႕အတြက္ အရာမ်ားစြာထဲက သစၥာရွိမႈဟာလည္း တစ္ခုအပါအ၀င္ျဖစ္ပါတယ္္။ လူတိုင္းနီးပါး ကိုယ့္ရဲ႕ခ်စ္သူအေပၚကို ယံုၾကည္စိတ္ခ်ဖို႔ လိုအပ္တယ္ဆိုတာကို သေဘာတူၾကေပမယ့္တစ္ခ်ိဳ႕လူေတြကေတာ့ ကိုယ္႔ရဲ႕လက္တြဲေဖာ္ကို မလိမ္ညာပဲနဲ႕ အသက္မရွင္ႏိုင္ၾကပါဘူး။ သူတို႕ေတြကိုေတာ့ ဘယ္ေလာက္ပဲလိမ္ညာပါေစ အခ်ိန္ကသက္ေသျပပါလိမ့္မယ္။ ဒါေၾကာင့္ သင့္ရဲ႕ႏုပ်ိဳတဲ့အခ်ိန္ေတြ မကုန္ဆံုးဖို႔အတြက္ ကြဲျပားတဲ့လူေတြထဲက သင္ေရရွည္လက္မတြဲသင့္တဲ့ သူမ်ိဳးေတြကို ေဖာ္ျပအၾကံေပးလိုက္ပါတယ္။

အတၱႀကီးသူ

ထိုသူမ်ိဳးဟာ လူတစ္ေယာက္တည္းရဲ႕အခ်စ္နဲ႔ ဘယ္ေတာ့မွအဆင္မေျပၾကသူမ်ား ျဖစ္ပါတယ္။ သူတို႕ဟာ အျခားသူေတြရဲ႕ၾကည္ညိဳေလးစားမႈကို အျမဲလိုလားေနၾကသူမ်ားျဖစ္ၿပီး သူတို႕ကိုယ္သူတို႕ အခိုင္အမာတြက္ထားသူမ်ားျဖစ္ပါတယ္။ အတၱႀကီးသူေတြဟာ သူတို႕နဲ႕လိုက္ဖက္မယ္လို႕ထင္သူေတြကို စဥ္ဆက္မျပတ္ရွာေဖြေနၾကသူမ်ားျဖစ္ပါတယ္။ သူတို႕ဟာ သူတို႔ရဲ႕လက္ရွိခ်စ္သူဘ၀ကို ျပည့္စံုလံုေလာက္မႈမရွိဖူးလို႕ သူတို႕စိတ္ထဲမွာ အျမဲရွိေနတတ္သူေတြပါ။ ဒါေၾကာင့္ ထိုသူေတြဟာ လူတိုင္းကိုအျပစ္တင္တတ္ေပမယ့္ သူတို႕ကိုယ္သူတို႕ေတာ့ အျမဲအထင္ႀကီးေနတတ္ပါတယ္။

အိုဗာတင္းအျမဲေဖ်ာ္တတ္သူမ်ား

ထိုသူေတြက သူမ်ားနဲ႔မတူတဲ့ ညိဳ႕ယူဖမ္းစားမႈေတြနဲ႕ ဆက္ဆံေရးပံုစံအသစ္ဖန္တီးျခင္းကို ရင္ခုန္စရာအစစ္ေတြလို႕ ခံယူၾကသူမ်ားျဖစ္ပါတယ္။ သူတို႕ဟာ တျခားစံုတြဲေတြရဲ႕ လုပ္ရိုးလုပ္စဥ္ေတြကို  ဆန္႔က်င္ၿပီး သူမ်ားထက္ထူးတဲ့ဆြဲေဆာင္မႈအသစ္ေတြကိုပဲ အျမဲဆာေလာင္ေနၾကသူမ်ားျဖစ္ပါတယ္။ ဒါေၾကာင့္ သူတို႕ကိုေပ်ာ္ရြင္ေအာင္လုပ္မေပးႏိုင္သူေတြကို စြန္႕ခြာၿပီး သာတဲ့လူကိုရွာဖို႕ ၀န္မေလးသူမ်ားျဖစ္ပါတယ္။ သူတို႕ဟာ နယ္နမိတ္ေတြ၊ အကန္႕အသတ္ေတြ၊ လြတ္လပ္မႈတန္ဖိုး ေတြအားလံုးကို မုန္းတီးသူမ်ားျဖစ္ၾကပါတယ္္။

ကိုယ့္ကိုကိုယ္ ယံုၾကည္မႈမရွိတဲ့လူ

တကယ္လို႕လူတစ္ေယာက္ဟာ သူ႕ဘ၀ကို သူဘယ္လိုအသက္ရွင္ေနမွန္း မသိသူ၊ အျမဲတမ္းတစ္ျခားတစ္ေယာက္ရဲ႕ခြင့္ျပဳခ်က္လိုအပ္တယ္လို႕ထင္ေနရင္ ဒါဟာ မေကာင္းတဲ့ လကၡဏာတစ္ရပ္ျဖစ္ပါတယ္။ ထိူသူမ်ိဳးကိုေရရွည္လက္မတြဲသင့္ပါဘူး။

တစ္ကုိယ္ေကာင္းဆန္သူ

တစ္ကိုယ္ေကာင္းဆန္သူေတြဟာ သူတို႔ကိုယ္သူတို႕ အၾကံအစည္မ်ားသူမ်ားျဖစ္ၾကပါတယ္။ သူတို႕ေတြဟာ သူတို႔ရဲ႕အနီးဆံုးနဲ႔ အခ်စ္ဆံုးသူေတြရဲ႕အမွန္တရားကိုေတာင္မွ လက္မခံခ်င္ၾကသူမ်ားျဖစ္ပါတယ္။ ဘယ္လိုပဲျဖစ္ျဖစ္ သူတို႕ဟာ ခုလိုဒုကၡေတြကို အေၾကာင္းျပခ်က္ေကာင္းေကာင္းျပရမယ္လို႕ နားလည္ၾကပါတယ္။ သူတို႔ဟာ ကိုယ္က်င့္တရား စံညႊန္းေတြကို သူတို႔အတြက္ပဲမဟုတ္ဖူးလို႕ ယံုၾကည္ၾကၿပီး သူတို႕ကိုယ္သူတို႕ေတာ့ ခြင့္လႊတ္ႏိုင္ၾကေပမယ့္ အျခားသူေတြကိုေတာ့ သည္းမခံတတ္ၾကပါဘူး။

ဒုကၡသည္လိုလူမ်ိဳး

ထိုသူေတြဟာ အျခားသူေတြရဲ႕သနားမႈကိုေတာင္းခံၾကသူမ်ားျဖစ္ပါတယ္။ ဘာမဟုတ္တဲ့ ကိစၥေသးေသးေလးေတြေတာင္မွ သူတို႔ကို နာက်င္၀မ္းနည္းမႈျဖစ္ေစပါတယ္။ သူတို႕ကို ႏွစ္သိမ့္မႈေပးႏိုင္သူေတြကို အျမဲတမ္းရွာေဖြေနသကဲ့သို႕ သူ႕ရဲ႕အေဖာ္ကသူလိုခ်င္တာကိုမေပးႏိုင္တဲ့အခါမ်ိဳးမွာ ၎ဒုကၡသည္ဟာ ေနာက္ထပ္သူ႔ကိုႏွစ္သိမ့္ေပးႏိုင္သူကို ထပ္မံရွာေဖြမွာျဖစ္ပါတယ္။

အျပစ္ျမင္တတ္သူ

ထိုသူေတြဟာ အျခားသူေတြကိုကဲ့ရဲ႕ဖို႕၀န္မေလးတတ္သလို အၾကံေပးသလိုလိုနဲ႕ မလိုလားတဲ့စကားေတြကို ေျပာတတ္ၾကသူမ်ားျဖစ္ပါတယ္။ သူတို႕ဟာ အျခားသူေတြ စိတ္ဒုကၡေရာက္မႈကိုထည့္မတြက္သကဲ့သို႕ ခိုင္မာတဲ့ အခ်စ္တည္ေဆာက္ဖို႔အတြက္လည္း ေခါင္းမေဆာင္ႏိုင္ၾကသူမ်ားျဖစ္ပါတယ္။

Source-Brightside

ဖိုးသူေတာ္ (www.phothutaw.com)
Credit: TB_naung_naung

# Unicode Version #
ပျော်ရွင်စရာကောင်းတဲ့ ချစ်သူဘဝရရှိဖို့အတွက် အရာများစွာထဲက သစ္စာရှိမှုဟာလည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ လူတိုင်းနီးပါး ကိုယ့်ရဲ့ချစ်သူအပေါ်ကို ယုံကြည်စိတ်ချဖို့ လိုအပ်တယ်ဆိုတာကို သဘောတူကြပေမယ့်တစ်ချို့လူတွေကတော့ ကိုယ့်ရဲ့လက်တွဲဖော်ကို မလိမ်ညာပဲနဲ့ အသက်မရှင်နိုင်ကြပါဘူး။ သူတို့တွေကိုတော့ ဘယ်လောက်ပဲလိမ်ညာပါစေ အချိန်ကသက်သေပြပါလိမ့်မယ်။ ဒါကြောင့် သင့်ရဲ့နုပျိုတဲ့အချိန်တွေ မကုန်ဆုံးဖို့အတွက် ကွဲပြားတဲ့လူတွေထဲက သင်ရေရှည်လက်မတွဲသင့်တဲ့ သူမျိုးတွေကို ဖော်ပြအကြံပေးလိုက်ပါတယ်။

အတ္တကြီးသူ
ထိုသူမျိုးဟာ လူတစ်ယောက်တည်းရဲ့အချစ်နဲ့ ဘယ်တော့မှအဆင်မပြေကြသူများ ဖြစ်ပါတယ်။ သူတို့ဟာ အခြားသူတွေရဲ့ကြည်ညိုလေးစားမှုကို အမြဲလိုလားနေကြသူများဖြစ်ပြီး သူတို့ကိုယ်သူတို့ အခိုင်အမာတွက်ထားသူများဖြစ်ပါတယ်။ အတ္တကြီးသူတွေဟာ သူတို့နဲ့လိုက်ဖက်မယ်လို့ထင်သူတွေကို စဉ်ဆက်မပြတ်ရှာဖွေနေကြသူများဖြစ်ပါတယ်။ သူတို့ဟာ သူတို့ရဲ့လက်ရှိချစ်သူဘဝကို ပြည့်စုံလုံလောက်မှုမရှိဖူးလို့ သူတို့စိတ်ထဲမှာ အမြဲရှိနေတတ်သူတွေပါ။ ဒါကြောင့် ထိုသူတွေဟာ လူတိုင်းကိုအပြစ်တင်တတ်ပေမယ့် သူတို့ကိုယ်သူတို့တော့ အမြဲအထင်ကြီးနေတတ်ပါတယ်။

အိုဗာတင်းအမြဲဖျော်တတ်သူများ
ထိုသူတွေက သူများနဲ့မတူတဲ့ ညို့ယူဖမ်းစားမှုတွေနဲ့ ဆက်ဆံရေးပုံစံအသစ်ဖန်တီးခြင်းကို ရင်ခုန်စရာအစစ်တွေလို့ ခံယူကြသူများဖြစ်ပါတယ်။ သူတို့ဟာ တခြားစုံတွဲတွေရဲ့ လုပ်ရိုးလုပ်စဉ်တွေကို  ဆန့်ကျင်ပြီး သူများထက်ထူးတဲ့ဆွဲဆောင်မှုအသစ်တွေကိုပဲ အမြဲဆာလောင်နေကြသူများဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကိုပျော်ရွင်အောင်လုပ်မပေးနိုင်သူတွေကို စွန့်ခွာပြီး သာတဲ့လူကိုရှာဖို့ ဝန်မလေးသူများဖြစ်ပါတယ်။ သူတို့ဟာ နယ်နမိတ်တွေ၊ အကန့်အသတ်တွေ၊ လွတ်လပ်မှုတန်ဖိုး တွေအားလုံးကို မုန်းတီးသူများဖြစ်ကြပါတယ်။

ကိုယ့်ကိုကိုယ် ယုံကြည်မှုမရှိတဲ့လူ
တကယ်လို့လူတစ်ယောက်ဟာ သူ့ဘဝကို သူဘယ်လိုအသက်ရှင်နေမှန်း မသိသူ၊ အမြဲတမ်းတစ်ခြားတစ်ယောက်ရဲ့ခွင့်ပြုချက်လိုအပ်တယ်လို့ထင်နေရင် ဒါဟာ မကောင်းတဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ထိူသူမျိုးကိုရေရှည်လက်မတွဲသင့်ပါဘူး။

တစ်ကိုယ်ကောင်းဆန်သူ
တစ်ကိုယ်ကောင်းဆန်သူတွေဟာ သူတို့ကိုယ်သူတို့ အကြံအစည်များသူများဖြစ်ကြပါတယ်။ သူတို့တွေဟာ သူတို့ရဲ့အနီးဆုံးနဲ့ အချစ်ဆုံးသူတွေရဲ့အမှန်တရားကိုတောင်မှ လက်မခံချင်ကြသူများဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ဟာ ခုလိုဒုက္ခတွေကို အကြောင်းပြချက်ကောင်းကောင်းပြရမယ်လို့ နားလည်ကြပါတယ်။ သူတို့ဟာ ကိုယ်ကျင့်တရား စံညွှန်းတွေကို သူတို့အတွက်ပဲမဟုတ်ဖူးလို့ ယုံကြည်ကြပြီး သူတို့ကိုယ်သူတို့တော့ ခွင့်လွှတ်နိုင်ကြပေမယ့် အခြားသူတွေကိုတော့ သည်းမခံတတ်ကြပါဘူး။

ဒုက္ခသည်လိုလူမျိုး
ထိုသူတွေဟာ အခြားသူတွေရဲ့သနားမှုကိုတောင်းခံကြသူများဖြစ်ပါတယ်။ ဘာမဟုတ်တဲ့ ကိစ္စသေးသေးလေးတွေတောင်မှ သူတို့ကို နာကျင်ဝမ်းနည်းမှုဖြစ်စေပါတယ်။ သူတို့ကို နှစ်သိမ့်မှုပေးနိုင်သူတွေကို အမြဲတမ်းရှာဖွေနေသကဲ့သို့ သူ့ရဲ့အဖော်ကသူလိုချင်တာကိုမပေးနိုင်တဲ့အခါမျိုးမှာ ၎င်းဒုက္ခသည်ဟာ နောက်ထပ်သူ့ကိုနှစ်သိမ့်ပေးနိုင်သူကို ထပ်မံရှာဖွေမှာဖြစ်ပါတယ်။

အပြစ်မြင်တတ်သူ
ထိုသူတွေဟာ အခြားသူတွေကိုကဲ့ရဲ့ဖို့ဝန်မလေးတတ်သလို အကြံပေးသလိုလိုနဲ့ မလိုလားတဲ့စကားတွေကို ပြောတတ်ကြသူများဖြစ်ပါတယ်။ သူတို့ဟာ အခြားသူတွေ စိတ်ဒုက္ခရောက်မှုကိုထည့်မတွက်သကဲ့သို့ ခိုင်မာတဲ့ အချစ်တည်ဆောက်ဖို့အတွက်လည်း ခေါင်းမဆောင်နိုင်ကြသူများဖြစ်ပါတယ်။

Source-Brightside

ဖိုးသူတော် (www.phothutaw.com)
Credit: TB_naung_naung



 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top