ကုိယ္လႈပ္ရွားမႈနည္းၿပီး က်န္းမာေရးျပသနာေတြရွိလာႏုိင္တဲ့သူေတြအတြက္ ကာမစပ္ယွက္တာကုိ
 ေဆး၀ါးတစ္ခုသဖြယ္ အသုံး ျပဳဖုိ႔ၿဗိတိန္အမ်ိဳးသားက်န္းမာေရးဌာနမွ ညႊန္ၾကားထားေၾကာင္း၊ ထိုညႊန္ၾကားခ်က္ကုိ ဆရာ၀န္ေတြဆီ ေပးပုိ႔ခဲ့တာျဖစ္ျပီး တစ္ေန႔ ကုိ မိနစ္၃၀ကုိယ္လက္လႈပ္ရွားဖုိ႔လုိေပမယ့္ အဲလုိမလုပ္ႏုိင္သူေတြဟာ ကာမစပ္ယွက္တာကုိ
စိတ္ပါလက္ပါလုပ္ဖုိ႔ လုိအပ္ ေၾကာင္း dailymail အင္တာနက္သတင္းလႊာမွာ ေဖာ္ျပထားပါတယ္။

ခ်စ္တင္းေႏွာျခင္းအတြက္ ေအာက္ေဖာ္ျပပါ က်န္းမာေရးအက်ိဳးေက်းဇူးမ်ားကို ရရွိေစမွာ ျဖစ္ပါတယ္။

(၁) ေခါင္းကိုက္ျခင္းကို သက္သာေစပါတယ္။ The University of Münster မွ အာရံုေၾကာေရာဂါရွာေဖြေရးသုေတသီမ်ားက
ေခါင္းတျခမ္းကိုက္ ေ၀ဒနာသည္ အမ်ိဳးသား၊အမ်ိဳး သမီး အေယာက္ ၁၀၀၀ျဖင့္ေလ့လာမႈမ်ားျပဳခဲ့ရာ၊ ထို လူနာ၏ ၆၀ ရာခိုင္ႏႈန္းခန္ ့က ဖို-မ ဆက္ဆံျပီးေနာက္ ေခါင္းကိုက္ေ၀ဒနာ သိသိသာသာ သက္သာလာတယ္လို ့ဆိုပါတယ္။

(၂) ႏွစ္ျခိဳက္စြာအိပ္ေပ်ာ္ေစပါတယ္။
The BermanCenter(ေခၚ)အမ်ိဳးသမီးမ်ားလိင္ပိုင္းဆိုင္ရာက်မၼာေရးစင္တာမွ
ဒါရိုက္တာ တစ္ဦးျဖစ္သူ Ms.Laura Berman က အမ်ိဳးသမီးမ်ား အိပ္ယာမ၀င္ခင္လိင္ကိစၥျပီးေျမာက္ျခင္းက စိတ္ဖိစီးမႈမ်ားေျပေလ်ာ့ကာတခဏအတြင္း အိပ္ေပ်ာ္သြားေစတယ္ လို ့ဆိုပါတယ္။

(၃) ကယ္လိုရီေလာင္ျမိဳက္ေစပါတယ္။ကိုယ္အေလးခ်ိန္က်လိုသူမ်ားအတြက္ သတင္းေကာင္းေလးပါ။ မိနစ္၃၀ၾကာ ခ်စ္တင္း ခင္းက ၁၄၄ ကယ္လိုရီ ေလာင္ျမိဳက္ ေစျပီး၊ မၾကာခဏေပြ ့ဖက္နမ္းရႈံ
့ျခင္းက ၆၈ ကယ္လိုရီ ေလာင္ျမိဳက္ေစေၾကာင္း Women's Dayဂ်ာနယ္တစ္ေစာင္တြင္ ေဖာ္ျပ ထားပါတယ္။

(၄) ႏွလံုးက်မၼာေစပါတယ္ခ်စ္တင္းေႏွာျခင္းက ကိုယ္အေလးခ်ိန္က်ေစျခင္း၊စိတ္ဖိစီးမႈမ်ားေျပေပ်ာက္ျပီး ညဘက္အိပ္ေမာက် ျခင္းစသည့္အက်ိဳးေက်းဇူးမ်ားရေစ၍ ႏွလံုးကိုတစ္ဖက္တစ္လမ္းမွအားျပည့္ေစတဲ့
အတြက္ ႏွလံုးက်မၼာေရးကိုအေထာက္အကူ ျဖစ္ေစပါတယ္။

(၅) ၾကြက္သားမ်ားသန္မာေစပါတယ္ႏွလံုးၾကြက္သားမ်ားကိုေကာင္းက်ိဳးျပဳကာ သက္လံုေကာင္းေစရံုသာမက၊ ဖို-မ ဆက္ဆံျခင္းအေနအထားအရ ၾကြက္သားမ်ား အားစိုက္ထုတ္ရျခင္းေၾကာင့္ ၾကြက္သားမ်ားသန္မာေစပါတယ္။

(၆) နာက်င္မႈေ၀ဒနာမ်ားသက္သာေစပါတယ္။ ခ်စ္တင္းေႏွာခ်ိန္မွာ oxytocin ေဟာ္မုန္းထြက္ရိွပါတယ္။
နာက်င္မႈသက္သာေစရန္ ဦးေႏွာက္မွထုတ္ေပးသည့္ ထိုေဟာ္မုန္း ေၾကာင့္ခႏၶာကိုယ္ရွိ နာက်င္မႈေ၀ဒနာမ်ားကိုေလ်ာ့ပါးသြားပါတယ္။

(၇) ကိုယ္ခံစြမ္းအားတိုးတက္ျမင့္မားလာေစပါတယ္

The University of Pennsylvania မွ ေဆးသိပၸံပညာရွင္မ်ားက အနည္းဆံုးရက္သတၱ ၁-ပတ္လွ်င္ ၁-ၾကိမ္ ခ်စ္တင္းေႏွာျခင္းက ကိုယ္ခံစြမ္းအားကို၃၀ရာခိုင္ႏႈန္းမွ် တိုးတက္ေကာင္းမြန္လာေစတာေၾကာင့္ အေအးမိ၊ တုပ္ေကြးစသည့္ရာသီကူးစက္ဖ်ားမ်ား မျဖစ္ေစႏိုင္ဘူးလို ့ဆိုပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: ေပါက္ေပါက္္

#Unicode Version#

ကိုယ်လှုပ်ရှားမှုနည်းပြီး ကျန်းမာရေးပြသနာတွေရှိလာနိုင်တဲ့သူတွေအတွက် ကာမစပ်ယှက်တာကို
 ဆေးဝါးတစ်ခုသဖွယ် အသုံး ပြုဖို့ဗြိတိန်အမျိုးသားကျန်းမာရေးဌာနမှ ညွှန်ကြားထားကြောင်း၊ ထိုညွှန်ကြားချက်ကို ဆရာဝန်တွေဆီ ပေးပို့ခဲ့တာဖြစ်ပြီး တစ်နေ့ ကို မိနစ်၃၀ကိုယ်လက်လှုပ်ရှားဖို့လိုပေမယ့် အဲလိုမလုပ်နိုင်သူတွေဟာ ကာမစပ်ယှက်တာကို
စိတ်ပါလက်ပါလုပ်ဖို့ လိုအပ် ကြောင်း dailymail အင်တာနက်သတင်းလွှာမှာ ဖော်ပြထားပါတယ်။

ချစ်တင်းနှောခြင်းအတွက် အောက်ဖော်ပြပါ ကျန်းမာရေးအကျိုးကျေးဇူးများကို ရရှိစေမှာ ဖြစ်ပါတယ်။

(၁) ခေါင်းကိုက်ခြင်းကို သက်သာစေပါတယ်။ The University of Münster မှ အာရုံကြောရောဂါရှာဖွေရေးသုတေသီများက
ခေါင်းတခြမ်းကိုက် ဝေဒနာသည် အမျိုးသား၊အမျိုး သမီး အယောက် ၁၀၀၀ဖြင့်လေ့လာမှုများပြုခဲ့ရာ၊ ထို လူနာ၏ ၆၀ ရာခိုင်နှုန်းခန့်က ဖို-မ ဆက်ဆံပြီးနောက် ခေါင်းကိုက်ဝေဒနာ သိသိသာသာ သက်သာလာတယ်လို့ဆိုပါတယ်။

(၂) နှစ်ခြိုက်စွာအိပ်ပျော်စေပါတယ်။
The BermanCenter(ခေါ်)အမျိုးသမီးများလိင်ပိုင်းဆိုင်ရာကျမ္မာရေးစင်တာမှ
ဒါရိုက်တာ တစ်ဦးဖြစ်သူ Ms.Laura Berman က အမျိုးသမီးများ အိပ်ယာမဝင်ခင်လိင်ကိစ္စပြီးမြောက်ခြင်းက စိတ်ဖိစီးမှုများပြေလျော့ကာတခဏအတွင်း အိပ်ပျော်သွားစေတယ် လို့ဆိုပါတယ်။

(၃) ကယ်လိုရီလောင်မြိုက်စေပါတယ်။ကိုယ်အလေးချိန်ကျလိုသူများအတွက် သတင်းကောင်းလေးပါ။ မိနစ်၃၀ကြာ ချစ်တင်း ခင်းက ၁၄၄ ကယ်လိုရီ လောင်မြိုက် စေပြီး၊ မကြာခဏပွေ့ဖက်နမ်းရှုံ
့ခြင်းက ၆၈ ကယ်လိုရီ လောင်မြိုက်စေကြောင်း Women's Dayဂျာနယ်တစ်စောင်တွင် ဖော်ပြ ထားပါတယ်။

(၄) နှလုံးကျမ္မာစေပါတယ်ချစ်တင်းနှောခြင်းက ကိုယ်အလေးချိန်ကျစေခြင်း၊စိတ်ဖိစီးမှုများပြေပျောက်ပြီး ညဘက်အိပ်မောကျ ခြင်းစသည့်အကျိုးကျေးဇူးများရစေ၍ နှလုံးကိုတစ်ဖက်တစ်လမ်းမှအားပြည့်စေတဲ့
အတွက် နှလုံးကျမ္မာရေးကိုအထောက်အကူ ဖြစ်စေပါတယ်။

(၅) ကြွက်သားများသန်မာစေပါတယ်နှလုံးကြွက်သားများကိုကောင်းကျိုးပြုကာ သက်လုံကောင်းစေရုံသာမက၊ ဖို-မ ဆက်ဆံခြင်းအနေအထားအရ ကြွက်သားများ အားစိုက်ထုတ်ရခြင်းကြောင့် ကြွက်သားများသန်မာစေပါတယ်။

(၆) နာကျင်မှုဝေဒနာများသက်သာစေပါတယ်။ ချစ်တင်းနှောချိန်မှာ oxytocin ဟော်မုန်းထွက်ရှိပါတယ်။
နာကျင်မှုသက်သာစေရန် ဦးနှောက်မှထုတ်ပေးသည့် ထိုဟော်မုန်း ကြောင့်ခန္ဓာကိုယ်ရှိ နာကျင်မှုဝေဒနာများကိုလျော့ပါးသွားပါတယ်။

(၇) ကိုယ်ခံစွမ်းအားတိုးတက်မြင့်မားလာစေပါတယ်

The University of Pennsylvania မှ ဆေးသိပ္ပံပညာရှင်များက အနည်းဆုံးရက်သတ္တ ၁-ပတ်လျှင် ၁-ကြိမ် ချစ်တင်းနှောခြင်းက ကိုယ်ခံစွမ်းအားကို၃၀ရာခိုင်နှုန်းမျှ တိုးတက်ကောင်းမွန်လာစေတာကြောင့် အအေးမိ၊ တုပ်ကွေးစသည့်ရာသီကူးစက်ဖျားများ မဖြစ်စေနိုင်ဘူးလို့ဆိုပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: ပေါက်ပေါက်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top