လစဉ် (၄.၇၅) သိန်းကျော် သွင်းရုံဖြင့် သိန်း (၉၀၀) တန် ကွန်ဒို ပိုင်ဆိုင်နိုင်မည့် အခွင့်အရေး
×






#Unicode Version#
သီလရှင်တွေ အုပ်ချုပ်စောင့်ရှောက်မှုတွေပေးတဲ့ စကော့တလန်လင်းမက်က ဆန်မီလန်ပန်းခြံ မိဘမဲ့ကလေးကျောင်း ကလေးငယ်အယောက် ၁၀၀ ကျော်ရဲ့ ရုပ်အလောင်းတွေနဲ့ ကြီးမားတဲ့ မြေကျင်းတူးကြီးတွေကို ဘီဘီစီသတင်းဌာနက သတင်းထောက်တစ်ဦးက ရှာဖွေတွေ့ရှိခဲ့ပါတယ်။ မိဘမဲ့ကျောင်းသားကလေးငယ် အယောက် ၄၀၀ ခိုလှုံနေထိုင်နေတဲ့ မိဘမဲ့ကျောင်းမှာဆိုရင် ဒီလို ကလေးငယ်တွေ ဘာ့ကြောင့်သေဆုံးရသလဲဆိုတာနဲ့ ကျောင်းဝင်းအတွင်းမှာပဲ မြေမြှုပ်သင်္ဂြိုလ်ထား တယ်ဆိုတဲ့အကြောင်းကို သတင်းထုတ်ပြန်ခြင်းမရှိခဲ့ဘူးလို့သိရကာ စုံစမ်းစစ်ဆေးမှုတွေကိုလုပ် ဆောင်နေတယ်လို့ သိရပါတယ်။

စိန့်ဗင်းစန့် ဒီပေါလ် ရန်ပုံငွေက သမီးဖြစ်သူတွေ ဦးစီးပြီးတော့ ဖွင့်လှစ်တဲ့ ဒီမိဘမဲ့ကျောင်းကို ၁၈၆၄ ခုနှစ်မှာ စတင်ဖွင့်လှစ်ပြီးတော့ ကလေးငယ် အယောက် ၁ သောင်းနီးပါး နေထိုင်ခဲ့တဲ့ ဒီကျောင်းကို ၁၉၈၁ ခုနှစ်မှာ ပိတ်သိမ်းခဲ့တယ်လို့ သိရပါတယ်။ ပြည်နယ် ဝန်ကြီးဟောင်းတစ်ဦးဖြစ်တဲ့ ဂျက်အမ်စီ ကိုနယ်လ်ကတော့ ဒီလိုအဖြစ်အပျက်နဲ့ ရှာဖွေတွေ့ရှိခြင်းက တကယ့်ကို ကြေကွဲ ဝမ်းနည်းဖွယ်ရာ ကောင်းတယ်လို့ ပြောကြားခဲ့ပါတယ်။ ကလေးငယ်များစွာ သေဆုံးပြီးတော့ မြေမြှုပ်ထားတဲ့ အရာတွေ မြင်တွေ့ရတာက စိတ်ပျက်ဝမ်းနည်းစရာကောင်းတယ်လို့ ဆိုပါတယ်။

နှစ်ပေါင်းများစွာ ဖုံးကွယ်လာပြီးတဲ့နောက်မှာ အဆိုပါအကြောင်းအရာနဲ့ ဘာတွေဖြစ်ပျက်ခဲ့သလဲ ဆိုတာ သိထားသင့်တယ် ဆိုတဲ့အကြောင်းကို ပြောကြားခဲ့ပါတယ်။

ဆန်မီလန်ပန်းခြံမိဘမဲ့ကျောင်းဟာဆိုရင် စကော့တလန်မှာ ကလေးငယ်ငြင်းပန်းနှိပ်စက်မှုနဲ့ ပတ်သက် တဲ့ စွပ်စွဲချက်တွေနဲ့ သမိုင်းဝင်နာမည်ကျော်ကြားတဲ့ ကျောင်းတစ်ကျောင်းဖြစ်တယ်လို့ သိရပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းက ကျောင်းရဲ့ ကိုယ်စားလှယ်က စွပ်စွဲချက်တွေအတွက် ငြင်းဆိုခြင်းတွေရှိပြီး တော့ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ မရှိခဲ့တာကို ထွက်ဆိုခဲ့ပါသေးတယ်။ လာမယ့် နိုဝင် ဘာလမှာဆိုရင် မိဘမဲ့ကလေးကျောင်းကို ကလေးသူငယ်ငြင်းပန်းနှိပ်စက်မှုစွပ်စွဲချက်တွေအတွက် တရားရုံးတော် တရားရင်ဆိုင်ရမှာလည်း ဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: သဒ္ဒါချို(ရွှေအင်းလေး)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top