ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

RKN ႐ုပ္ရွင္ထုတ္လုပ္ ေရး၏ ပထမဆံုး ပြဲဦးထြက္ဇာတ္ ကားျဖစ္ေသာ ‘ဒိုင္ယာရီ’ဟု အမည္ေပးထားသည့္ ႐ုပ္ရွင္ ဇာတ္ကားကန္ေတာ့ပြဲအခမ္းအ နားကို စက္တင္ဘာ ၂၄ ရက္ နံနက္က   ေရႊတိဂံုေစတီေတာ္ ေအာင္ေျမ၌ ျပဳလုပ္ခဲ့သည္။

အဆိုပါဇာတ္ကားသည္ Roshan ၏ ဝတၳဳကို ဇာတ္ၫႊန္း မိုးစက္ဝိုင္က ေရးသားထားၿပီး ဒါ႐ိုက္တာဂ်ိဳးက ႐ိုက္ကူးပံုေဖာ္ မည္ျဖစ္ကာ ႏုိင္းႏုိင္း၊ အကယ္ဒမီ ေမသန္းႏု၊ ေအာင္ရဲေထြး၊ ေမျမတ္ႏိုးႏွင့္ ရဲမြန္တုိ႔ ပါဝင္သ႐ုပ္ ေဆာင္မည္ျဖစ္သည္။

‘‘ဒီကားက ကိုဂ်ိဳး႐ိုက္ကူးေန က် အက္ရွင္ပံုစံၾကမ္းၾကမ္းတမ္း တမ္းေတာ့မဟုတ္ဘူး။ လူငယ္ႏွစ္ ဦး တစ္ေယာက္နဲ႔တစ္ေယာက္အ နစ္နာခံၿပီး ခ်စ္ၾကတဲ့ဟာေလးကို တကယ္႐ိုမန္တစ္ဆန္ဆန္ ဖန္တီးထားတဲ့ ဇာတ္လမ္းမ်ိဳးပါ။ အရင္ ကားေတြမွာ ႐ုိမန္တစ္႐ိုက္ဖူး တယ္။ ဒါေပမဲ့ တစ္ဆင္းန္၊ ႏွစ္ ဆင္းန္ အက္ရွင္ေတြပါပါသြား တာမ်ိဳးရွိတယ္။ အခု ဒီကားကို ေတာ့ ဒရာမာ႐ိုမန္တစ္႐ိုက္ခ်င္ တဲ့အတြက္ အခ်ိန္ေပးၿပီး႐ိုက္ဖို႔ စီစဥ္ထားပါတယ္’’ဟု ဒါ႐ိုက္ဂ်ိဳး က ေျပာသည္။

ဒိုင္ယာရီဇာတ္ကား၌ မင္း သားႏိုင္းႏုိင္းကို ေရြးခ်ယ္ျဖစ္ျခင္း သည္ ဂ်က္လီႏွင့္တူၿပီး ၎ႀကိဳက္ႏွစ္သက္သည့္ မင္းသားျဖစ္သလို ဇာတ္႐ုပ္ႏွင့္ လိုက္ဖက္ေသာ ေၾကာင့္ ေရြးခ်ယ္ျခင္းျဖစ္သည္ဟု ဒါ႐ိုက္တာဂ်ိဳးက ေျပာသည္။

ဒုိင္ယာရီ  ဇာတ္ကားကို ေအာက္တိုဘာလဆန္းတြင္ ရန္ ကုန္ႏွင့္ ေကာ့ေသာင္းသူေဌးကြၽန္း သို႔ သြားေရာက္႐ိုက္ကူးမည္ ျဖစ္ သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
RKN ရုပ်ရှင်ထုတ်လုပ် ရေး၏ ပထမဆုံး ပွဲဦးထွက်ဇာတ် ကားဖြစ်သော ‘ဒိုင်ယာရီ’ဟု အမည်ပေးထားသည့် ရုပ်ရှင် ဇာတ်ကားကန်တော့ပွဲအခမ်းအ နားကို စက်တင်ဘာ ၂၄ ရက် နံနက်က   ရွှေတိဂုံစေတီတော် အောင်မြေ၌ ပြုလုပ်ခဲ့သည်။

အဆိုပါဇာတ်ကားသည် Roshan ၏ ဝတ္ထုကို ဇာတ်ညွှန်း မိုးစက်ဝိုင်က ရေးသားထားပြီး ဒါရိုက်တာဂျိုးက ရိုက်ကူးပုံဖော် မည်ဖြစ်ကာ နိုင်းနိုင်း၊ အကယ်ဒမီ မေသန်းနု၊ အောင်ရဲထွေး၊ မေမြတ်နိုးနှင့် ရဲမွန်တို့ ပါဝင်သရုပ် ဆောင်မည်ဖြစ်သည်။

‘‘ဒီကားက ကိုဂျိုးရိုက်ကူးနေ ကျ အက်ရှင်ပုံစံကြမ်းကြမ်းတမ်း တမ်းတော့မဟုတ်ဘူး။ လူငယ်နှစ် ဦး တစ်ယောက်နဲ့တစ်ယောက်အ နစ်နာခံပြီး ချစ်ကြတဲ့ဟာလေးကို တကယ်ရိုမန်တစ်ဆန်ဆန် ဖန်တီးထားတဲ့ ဇာတ်လမ်းမျိုးပါ။ အရင် ကားတွေမှာ ရိုမန်တစ်ရိုက်ဖူး တယ်။ ဒါပေမဲ့ တစ်ဆင်းန်၊ နှစ် ဆင်းန် အက်ရှင်တွေပါပါသွား တာမျိုးရှိတယ်။ အခု ဒီကားကို တော့ ဒရာမာရိုမန်တစ်ရိုက်ချင် တဲ့အတွက် အချိန်ပေးပြီးရိုက်ဖို့ စီစဉ်ထားပါတယ်’’ဟု ဒါရိုက်ဂျိုး က ပြောသည်။

ဒိုင်ယာရီဇာတ်ကား၌ မင်း သားနိုင်းနိုင်းကို ရွေးချယ်ဖြစ်ခြင်း သည် ဂျက်လီနှင့်တူပြီး ၎င်းကြိုက်နှစ်သက်သည့် မင်းသားဖြစ်သလို ဇာတ်ရုပ်နှင့် လိုက်ဖက်သော ကြောင့် ရွေးချယ်ခြင်းဖြစ်သည်ဟု ဒါရိုက်တာဂျိုးက ပြောသည်။

ဒိုင်ယာရီ  ဇာတ်ကားကို အောက်တိုဘာလဆန်းတွင် ရန် ကုန်နှင့် ကော့သောင်းသူဌေးကျွန်း သို့ သွားရောက်ရိုက်ကူးမည် ဖြစ် သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily

 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top