Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ၿပီးခဲ့သည့္ စေနေန႔က တ႐ုတ္နိုင္ငံ ေပက်င္းၿမိဳ႕တြင္ ေနထိုင္ေသာ မိသားစုတစ္ခုတြင္ ခင္ပြန္းျဖစ္သူ၏ ေဖာက္ျပန္မွုကို သီးမခံနိုင္ေတာ့သည့္အဆုံး သမီးငယ္ႏွင့္အတူ အဆုံးစီရင္ကာ တိုက္ေပၚမွ ခုန္ခ်ရန္ ဇနီးျဖစ္သူက ႀကံစည္ခဲ့သည္။

ဗီဒီယိုပါ ပုံရိပ္အရ သားအမိႏွစ္ဦး အထပ္ျမင့္ေနအိမ္တိုက္ခန္း ျပတင္းေပါက္အျပင္ဘက္ရွိ ခါးပန္းေနရာက်ဥ္းက်ဥ္းေလးေပၚတြင္ မတ္တပ္ရပ္ေနခဲ့သည္။ သမီးငယ္ေလးမွာ ေၾကာက္လြန္းသျဖင့္ မိခင္ကို တအားဖက္ထားကာ ငိုယိုလ်က္ သူမ၏မိခင္ကို သူမ မေသပါရေစနဲ႔ဟု ေျပာဆိုေတာင္းပန္ခဲ့သည္။

ထိုအခ်ိန္ တိုက္ေအာက္ဖက္မွာေတာ့ ေယာက်္ားျဖစ္သူက ဒူးေထာက္လၽွက္ မီးသတ္နဲ႔ ရဲမ်ားကို အျမန္ကယ္ဆယ္ေပးရန္ ေတာင္းဆိုေနခဲ့သည္။ မ်က္ျမင္သက္ေသမ်ား၏ အဆိုအရ လင္ေယာက်္ားျဖစ္သူမွာ အလုပ္အကိုင္မရွိပဲ အငယ္အေႏွာင္းထားေနသည့္ ကိစၥကို ဇနီးသည္က သိရွိသြားၿပီးေနာက္ သူမကိုယ္သူမသတ္ေသရန္ ႀကိဳးစားရာတြင္ သမီးျဖစ္သူကိုပါ ေခၚသြားမည္ဟု ၿခိမ္းေျခာက္ခဲ့ျခင္းျဖစ္သည္။

ဗီဒီယိုထဲတြင္ ဇနီးသည္က ခင္ပြန္းကို ေအာ္ဟစ္ကာ ျပစ္တင္ေျပာဆိုေနခဲ့သည္။

“နင္က အလုပ္လဲမရွိဘူး၊ ပိုက္ဆံလဲမရွာနိုင္ဘူး၊ ကားဆိုတာ ေဝလာေဝး၊ ဒါနဲ႔မ်ားေတာင္ ငါကဘာျဖစ္လို႔ နင္နဲ႔အတူရွိေနခဲ့တာလဲ သိလား.. နင့္ဆီက ငါလိုခ်င္တာ သမီးေလးရယ္ သာယာတဲ့ မိသားစုဘဝေလးရယ္ပါ” ဟု အမ်ိဳးသမီးက ေျပာဆိုခဲ့သည္။

ေအာက္ဖက္မွ ရဲအဖြဲ႕မ်ားက အမ်ိဳးသမီးကို ခင္ပြန္းျဖစ္သူအား ေနာက္ထပ္အခြင့္ေရး တစ္ႀကိမ္ေလာက္ေပးရန္ ဝိုင္းဝန္းေဖ်ာင္းဖ်ခဲ့သည္။ ေယာက်္ားျဖစ္သူကလည္း ေျမႀကီးေပၚဒူးေထာက္ကာ သုံးနာရီခန႔္ ခြင့္လႊတ္ေပးပါရန္ ေတာင္းပန္ခဲ့သည္။

ေနာက္ဆုံးမွာ အမ်ိဳးသမီးက ေမာပမ္းႏြမ္းနယ္လာမွုနဲ႔အတူ ေဖ်ာင့္ဖ်မွုစကားမ်ားကို နားဝင္စျပဳလာသည့္အခ်ိန္တြင္ ရဲအဖြဲ႕မ်ားက အျခားအခန္းတစ္ခုမွ ထြက္လာကာ အျမန္ဆုံးကယ္ဆယ္နိုင္ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: popolay

#Unicode Version#
ပြီးခဲ့သည့် စနေနေ့က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် နေထိုင်သော မိသားစုတစ်ခုတွင် ခင်ပွန်းဖြစ်သူ၏ ဖောက်ပြန်မှုကို သီးမခံနိုင်တော့သည့်အဆုံး သမီးငယ်နှင့်အတူ အဆုံးစီရင်ကာ တိုက်ပေါ်မှ ခုန်ချရန် ဇနီးဖြစ်သူက ကြံစည်ခဲ့သည်။

ဗီဒီယိုပါ ပုံရိပ်အရ သားအမိနှစ်ဦး အထပ်မြင့်နေအိမ်တိုက်ခန်း ပြတင်းပေါက်အပြင်ဘက်ရှိ ခါးပန်းနေရာကျဉ်းကျဉ်းလေးပေါ်တွင် မတ်တပ်ရပ်နေခဲ့သည်။ သမီးငယ်လေးမှာ ကြောက်လွန်းသဖြင့် မိခင်ကို တအားဖက်ထားကာ ငိုယိုလျက် သူမ၏မိခင်ကို သူမ မသေပါရစေနဲ့ဟု ပြောဆိုတောင်းပန်ခဲ့သည်။

ထိုအချိန် တိုက်အောက်ဖက်မှာတော့ ယောကျ်ားဖြစ်သူက ဒူးထောက်လျှက် မီးသတ်နဲ့ ရဲများကို အမြန်ကယ်ဆယ်ပေးရန် တောင်းဆိုနေခဲ့သည်။ မျက်မြင်သက်သေများ၏ အဆိုအရ လင်ယောကျ်ားဖြစ်သူမှာ အလုပ်အကိုင်မရှိပဲ အငယ်အနှောင်းထားနေသည့် ကိစ္စကို ဇနီးသည်က သိရှိသွားပြီးနောက် သူမကိုယ်သူမသတ်သေရန် ကြိုးစားရာတွင် သမီးဖြစ်သူကိုပါ ခေါ်သွားမည်ဟု ခြိမ်းခြောက်ခဲ့ခြင်းဖြစ်သည်။

ဗီဒီယိုထဲတွင် ဇနီးသည်က ခင်ပွန်းကို အော်ဟစ်ကာ ပြစ်တင်ပြောဆိုနေခဲ့သည်။

“နင်က အလုပ်လဲမရှိဘူး၊ ပိုက်ဆံလဲမရှာနိုင်ဘူး၊ ကားဆိုတာ ဝေလာဝေး၊ ဒါနဲ့များတောင် ငါကဘာဖြစ်လို့ နင်နဲ့အတူရှိနေခဲ့တာလဲ သိလား.. နင့်ဆီက ငါလိုချင်တာ သမီးလေးရယ် သာယာတဲ့ မိသားစုဘဝလေးရယ်ပါ” ဟု အမျိုးသမီးက ပြောဆိုခဲ့သည်။

အောက်ဖက်မှ ရဲအဖွဲ့များက အမျိုးသမီးကို ခင်ပွန်းဖြစ်သူအား နောက်ထပ်အခွင့်ရေး တစ်ကြိမ်လောက်ပေးရန် ဝိုင်းဝန်းဖျောင်းဖျခဲ့သည်။ ယောကျ်ားဖြစ်သူကလည်း မြေကြီးပေါ်ဒူးထောက်ကာ သုံးနာရီခန့် ခွင့်လွှတ်ပေးပါရန် တောင်းပန်ခဲ့သည်။

နောက်ဆုံးမှာ အမျိုးသမီးက မောပမ်းနွမ်းနယ်လာမှုနဲ့အတူ ဖျောင့်ဖျမှုစကားများကို နားဝင်စပြုလာသည့်အချိန်တွင် ရဲအဖွဲ့များက အခြားအခန်းတစ်ခုမှ ထွက်လာကာ အမြန်ဆုံးကယ်ဆယ်နိုင်ခဲ့သည်။


ဖိုးသူတော် (www.phothutaw.com)
Credit: popolay
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top