ျမန္မာႏိုင္ငံ၏ အႀကီးဆံုးအိမ္ျခံေျမ အေရာင္းျပပြဲႀကီး (ဆ႒မအႀကိမ္ေျမာက္)
×

ယာဥ္ေၾကာပိတ္ဆို႔မႈကို ဆန္ဖရန္စစ္စကိုက cable carေတြနဲ႔ေျဖရွင္းသလို ေနာ္ေဝးက စက္ဘီးစနစ္ေတြနဲ႔ ေျဖရွင္းပါတယ္။ ဒီလိုပဲ ေဟာင္ေကာင္မွာလည္း ျမိဳ႕ေတာ္ရဲ႕ ထူထပ္လွတဲ့ယာဥ္ေၾကာပိတ္ဆို႔မႈကို ေရွာင္လႊဲဖို႔နည္းလမ္းတစ္ခုရွိပါတယ္။

ဒါကေတာ့ စက္ေလွကားေတြပါပဲ။ ေဟာင္ေကာင္မွာ ကမၻာ့အရွည္လ်ားဆံုး စက္ေလွကားစနစ္ရွိပါတယ္။ ဒီစနစ္ကို ၁၉၉၃ခုႏွစ္မွာ စတင္ဖြင့္လွစ္ေပးခဲ့တာျဖစ္ျပီး စုစုေပါင္း စက္ေလွကား၁၈ခုနဲ႔ အတက္အဆင္းေလွကား၃ခုပါ၀င္ပါတယ္။ ေအာက္ဘက္ကိုဆင္းတဲ့ေလွကားေတြကို သန္းေခါင္အခ်ိန္ကေန မနက္ ၁၀နာရီခြဲအထိ ေမာင္းႏွင္ျပီး အေပၚဘက္တက္တဲ့ေလွကားေတြကိုေတာ့ အဲ့ဒီအခ်ိန္ကစ ေနာက္တစ္ေန႔သန္းေခါင္အခ်ိန္ထိ ေမာင္းႏွင္ပါတယ္။

ဒီစက္ေလွကားဟာ လမ္းေပါင္း ၁၄ခုကို ျဖတ္သန္းျပီး အေနာက္ဘက္ လမ္းမၾကီးကေန အေရွ႕ဘက္ ကြင္းစ္(Queens)လမ္းအထိ ေပါက္ေရာက္ပါတယ္။ စတင္တည္ေဆာက္တုန္းက အေမရိကန္ေဒၚလာ သန္း၃၀ကုန္က်ျပီး ျမိဳ႕ေတာ္ဘ႑ာေငြအေျမာက္အျမားသံုးစြဲခဲ့ရပါတယ္။ ေဒသခံျပည္သူေတြအတြက္ အလုပ္သြားအလုပ္ျပန္အခ်ိန္ေတြမွာ ပိုမိုအဆင္ေျပေစခဲ့ပါတယ္။ မီတာ ၈၀၀ရွည္လ်ားတဲ့ ဒီစက္ေလွကားဟာ ေန႔စဥ္ လုပ္သားျပည္သူေပါင္း ၇၈၀၀၀ကို အခမဲ့၀န္ေဆာင္မႈေပးေနပါတယ္။ သူက ေဟာင္ေကာင္အတြက္ ကမၻာလွည့္ခရီးသြားေတြကိုပါ ဆြဲေဆာင္ေပးႏိုင္ပါတယ္။ ကမၻာေက်ာ္ေဟာလိဝုဒ္ဇတ္ကားမ်ားမွာပါ ထည့္သြင္းရိုက္ကူးရတဲ့အထိ စက္ေလွကားစနစ္က အဆင့္ျမင့္ပါတယ္။

စက္ေလွကားတစ္ေလွ်ာက္မွာလည္း ရိုးရာအစားအစာဆိုင္၊ အမွတ္တရပစၥည္းဆိုင္ေတြ၊ မုန္႔ဆိုင္ေတြ၊ ေစ်းဆိုင္ေတြရွိပါတယ္။ စက္ေလွကားမွာလည္း ေဟာင္ေကာင္ရဲ႕ေရွးေဟာင္းအေငြ႕အသက္ေတြကို ခံစားႏိုင္ပါတယ္။ အနီးတစ္၀ိုက္မွာလည္း ေရွးေဟာင္းအေဆာက္အဦးေတြရွိတာေၾကာင့္ ေလ့လာႏိုင္ပါတယ္။ ဒါ့ေၾကာင့္ ဒီစက္ေလွကားကို လမ္းပန္းဆက္သြယ္ေရးအတြက္ အသံုးျပဳႏိုင္ရံုသာမက အပန္းေျဖဖို႔သက္သက္အတြက္ပါ စီးနင္းလည္ပတ္ၾကေၾကာင္း သိရွိရပါတယ္။

Ref: CNN Travel: See Hong Kong using the world's longest outdoor escalator system

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Sophia (ရိုးရာေလး)

# Unicode Version #
ယာဉ်ကြောပိတ်ဆို့မှုကို ဆန်ဖရန်စစ်စကိုက cable carတွေနဲ့ဖြေရှင်းသလို နော်ဝေးက စက်ဘီးစနစ်တွေနဲ့ ဖြေရှင်းပါတယ်။ ဒီလိုပဲ ဟောင်ကောင်မှာလည်း မြို့တော်ရဲ့ ထူထပ်လှတဲ့ယာဉ်ကြောပိတ်ဆို့မှုကို ရှောင်လွှဲဖို့နည်းလမ်းတစ်ခုရှိပါတယ်။

ဒါကတော့ စက်လှေကားတွေပါပဲ။ ဟောင်ကောင်မှာ ကမ္ဘာ့အရှည်လျားဆုံး စက်လှေကားစနစ်ရှိပါတယ်။ ဒီစနစ်ကို ၁၉၉၃ခုနှစ်မှာ စတင်ဖွင့်လှစ်ပေးခဲ့တာဖြစ်ပြီး စုစုပေါင်း စက်လှေကား၁၈ခုနဲ့ အတက်အဆင်းလှေကား၃ခုပါဝင်ပါတယ်။ အောက်ဘက်ကိုဆင်းတဲ့လှေကားတွေကို သန်းခေါင်အချိန်ကနေ မနက် ၁၀နာရီခွဲအထိ မောင်းနှင်ပြီး အပေါ်ဘက်တက်တဲ့လှေကားတွေကိုတော့ အဲ့ဒီအချိန်ကစ နောက်တစ်နေ့သန်းခေါင်အချိန်ထိ မောင်းနှင်ပါတယ်။

ဒီစက်လှေကားဟာ လမ်းပေါင်း ၁၄ခုကို ဖြတ်သန်းပြီး အနောက်ဘက် လမ်းမကြီးကနေ အရှေ့ဘက် ကွင်းစ်(Queens)လမ်းအထိ ပေါက်ရောက်ပါတယ်။ စတင်တည်ဆောက်တုန်းက အမေရိကန်ဒေါ်လာ သန်း၃၀ကုန်ကျပြီး မြို့တော်ဘဏ္ဍာငွေအမြောက်အမြားသုံးစွဲခဲ့ရပါတယ်။ ဒေသခံပြည်သူတွေအတွက် အလုပ်သွားအလုပ်ပြန်အချိန်တွေမှာ ပိုမိုအဆင်ပြေစေခဲ့ပါတယ်။ မီတာ ၈၀၀ရှည်လျားတဲ့ ဒီစက်လှေကားဟာ နေ့စဉ် လုပ်သားပြည်သူပေါင်း ၇၈၀၀၀ကို အခမဲ့ဝန်ဆောင်မှုပေးနေပါတယ်။ သူက ဟောင်ကောင်အတွက် ကမ္ဘာလှည့်ခရီးသွားတွေကိုပါ ဆွဲဆောင်ပေးနိုင်ပါတယ်။ ကမ္ဘာကျော်ဟောလိဝုဒ်ဇတ်ကားများမှာပါ ထည့်သွင်းရိုက်ကူးရတဲ့အထိ စက်လှေကားစနစ်က အဆင့်မြင့်ပါတယ်။

စက်လှေကားတစ်လျှောက်မှာလည်း ရိုးရာအစားအစာဆိုင်၊ အမှတ်တရပစ္စည်းဆိုင်တွေ၊ မုန့်ဆိုင်တွေ၊ ဈေးဆိုင်တွေရှိပါတယ်။ စက်လှေကားမှာလည်း ဟောင်ကောင်ရဲ့ရှေးဟောင်းအငွေ့အသက်တွေကို ခံစားနိုင်ပါတယ်။ အနီးတစ်ဝိုက်မှာလည်း ရှေးဟောင်းအဆောက်အဦးတွေရှိတာကြောင့် လေ့လာနိုင်ပါတယ်။ ဒါ့ကြောင့် ဒီစက်လှေကားကို လမ်းပန်းဆက်သွယ်ရေးအတွက် အသုံးပြုနိုင်ရုံသာမက အပန်းဖြေဖို့သက်သက်အတွက်ပါ စီးနင်းလည်ပတ်ကြကြောင်း သိရှိရပါတယ်။

Ref: CNN Travel: See Hong Kong using the world's longest outdoor escalator system

ဖိုးသူတော် (www.phothutaw.com)
Credit: Sophia (ရိုးရာလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top