ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဘီယာဟာ ကမၻာေပၚမွာ သက္တမ္းအရွည္ၾကာဆံုးနဲ႔ လူႀကိဳက္အမ်ားဆံုး အေဖ်ာ္ယမကာေတြထဲက တစ္ခုျဖစ္ပါတယ္။ ေရွးေဟာင္းဂရိ သမားေတာ္ႀကီး Paracelsus က ဘာေျပာခဲ႔လဲဆိုေတာ႔ " ဘီယာနည္းနည္းေသာက္လိုက္ျခင္းဟာ နတ္ေဆးတစ္ခြက္ေသာက္လိုက္ရသလိုပါပဲ" တဲ႔။

အမွန္တကယ္လည္း တစ္ပတ္တာ စိတ္ပင္ပန္းႏြမ္းနယ္မႈေတြကို ေျဖေဖ်ာက္ဖို႔ အေကာင္းဆံုးအရာတစ္မ်ိဳးကေတာ႔ ဘီယာေအးေအးေလးတစ္လံုး (သို႔) တစ္ခြက္ကို ခင္မင္သူမိတ္ေဆြ၊ သူငယ္ခ်င္းေတြနဲ႔အတူ ထိုင္ေသာက္လိုက္တာပါပဲ။

ဒါေပမယ္႔ လူေတြႏွစ္ေပါင္းမ်ားစြာ ေမးလာၾကတဲ႔ ေမးခြန္းတစ္ခုကေတာ႔ ဘီယာက ကြ်န္ေတာ္တို႔အတြက္ ေကာင္းလား။ ဆိုးလား။ ေသခ်ာတာကေတာ႔ အရာရာတိုင္းမွာ အေကာင္းနဲ႔အဆိုး ဆိုတာ ဒြန္တြဲေနတတ္တာပါပဲ။
ဘီယာေသာက္ျခင္းရဲ႕ေကာင္းက်ိဳးမ်ား

ဘီယာထဲမွာ မဂၢနီစီယမ္လို သတၳဳဓာတ္ေတြနဲ႔ ဗိုက္တာမင္ဘီအုပ္စုထဲက ဗိုက္တာမင္ေတြ ၾကြယ္ဝစြာပါဝင္ပါတယ္။ ေနာက္ၿပီး ဘီယာထုတ္လုပ္ရာမွာ အသံုးျပဳတဲ႔ ဘာလီေျပာင္းေစ႔တို႕၊ မုေယာစပါးတို႔ထဲမွာ အစြမ္းထက္ antioxidant တစ္မ်ိဳးျဖစ္တဲ႔ flavonoid လည္း ပါဝင္ေနပါေသးတယ္။ ေနာက္တစ္ခုကေတာ႔ ဘီယာကိုု ပမာဏနည္းနည္းနဲ႕ ေဆးျဖစ္ဝါးျဖစ္သေဘာေလာက္ပဲ ေသာက္ေပးမယ္ဆိုရင္ ႏွလံုးေသြးေၾကာက်ဥ္းေရာဂါျဖစ္ႏိုင္ေျခကိုလည္း က်ဆင္းေစပါတယ္။

ဘီယာကို အတိုင္းအထြာနဲ႔ ပမာဏနည္းနည္းေသာက္သံုးျခင္းက ေကာင္းမြန္တဲ႔ ကိုလက္စထေရာ ထုတ္လႊတ္မႈကိုလည္း ျမင္႔တက္လာေစႏိုင္ပါတယ္။ ဒီနည္းနဲ႔ မေကာင္းတဲ႔ ကိုလက္စထေရာေတြကို ေခ်ဖ်က္ႏိုင္ပါတယ္။ ေနာက္တစ္ခ်က္ကေတာ႔ ဘီယာေသာက္သံုးသူေတြဟာ ေက်ာက္ကပ္မွာ ဆီးေက်ာက္တည္ႏိုင္ေျခ (၄၀) ရာခိုင္ႏႈန္း ပိုမိုေလ်ာ႔နည္းပါတယ္။

ေနာက္ဆံုးေကာင္းက်ိဳးကေတာ႔ ဂ်ပန္သိပၸံပညာရွင္ေတြ ေတြ႕ရွိခဲ႔တာပါ။ ဘီယာေသာက္ျခင္းဟာ ဓာတ္ေရာင္ျခည္သင္႔ျခင္းေၾကာင္႔ ျဖစ္တဲ႔ေရာဂါေတြကိုလည္း ေလွ်ာ႔ခ်ေပးႏိုင္ပါတယ္တဲ႔။

ဘီယာေသာက္ျခင္းရဲ႕ဆိုးက်ိဳးမ်ား

လူသိမ်ားတဲ႔ ဆိုးက်ိဳးနံပါတ္တစ္ကေတာ႔ ဘီယာဗိုက္ပါပဲ။ ဘီယာကိုအလြန္အကြ်ံေသာက္သံုးျခင္းက ဘီယာဗိုက္လို႔ အေခၚမ်ားတဲ႔ ဝမ္းဗိုက္အဆီစုျပံဳျခင္းကို ျဖစ္ေစပါတယ္။ ေနာက္တစ္ခုကေတာ႔ ဘီယာမွာ အစာအိမ္အခ်ဥ္ရည္နဲ႔ သည္းေျခရည္တို႔ကို ႏႈိးဆြေပးတဲ႔ဓာတ္ေတြ ပါဝင္တဲ႔အတြက္ အစာအိမ္အခ်ဥ္ေပါက္ျခင္းနဲ႔ ရင္ဘတ္ေအာင္႔ျခင္းတို႔ကိုလည္း ျဖစ္ေစပါတယ္။ ဒါတင္မကေသးပါဘူး။ ဘီယာကို တစ္ေန႔ (၄၀) ဂရမ္ထက္ ပိုေသာက္ရင္ ေသြးတိုးႏိုင္ေျခပိုမ်ားလာေစႏိုင္ပါေသးတယ္။

ဘယ္ေလာက္ပဲ ေအးျမၿပီး ေသာက္လိုက္ခ်ိန္မွာ ေရငတ္ေျပတယ္ေျပာေျပာ... ဘီယာဟာလည္း အယ္လ္ကိုေဟာတစ္မ်ိဳးပဲ ျဖစ္ပါတယ္။ အယ္လ္ကိုေဟာေတြဟာ ခႏၶာကိုယ္ထဲက ေရဓာတ္ေတြကို ခမ္းေျခာက္ေစၿပီး အာရံုေၾကာမႀကီးစနစ္ရဲ႕ လုပ္ေဆာင္ပံုေတြကို ေလွ်ာ႔ခ်ေပးတဲ႔ အရာတစ္မ်ိဳးလည္းျဖစ္ပါတယ္။ ဘီယာအမ်ားႀကီးေသာက္မယ္ဆိုရင္ ေရငတ္ျခင္း၊ အဆိပ္ျဖစ္ျခင္းနဲ႔ အရက္နာက်ျခင္းတို႔ ျဖစ္လာေစႏိုင္ပါတယ္။

Source: hubpages
ဖိုးသူေတာ္ (www.phothutaw.com)
Credit: duwun

#Unicode Version#
ဘီယာဟာ ကမ္ဘာပေါ်မှာ သက်တမ်းအရှည်ကြာဆုံးနဲ့ လူကြိုက်အများဆုံး အဖျော်ယမကာတွေထဲက တစ်ခုဖြစ်ပါတယ်။ ရှေးဟောင်းဂရိ သမားတော်ကြီး Paracelsus က ဘာပြောခဲ့လဲဆိုတော့ " ဘီယာနည်းနည်းသောက်လိုက်ခြင်းဟာ နတ်ဆေးတစ်ခွက်သောက်လိုက်ရသလိုပါပဲ" တဲ့။

အမှန်တကယ်လည်း တစ်ပတ်တာ စိတ်ပင်ပန်းနွမ်းနယ်မှုတွေကို ဖြေဖျောက်ဖို့ အကောင်းဆုံးအရာတစ်မျိုးကတော့ ဘီယာအေးအေးလေးတစ်လုံး (သို့) တစ်ခွက်ကို ခင်မင်သူမိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့အတူ ထိုင်သောက်လိုက်တာပါပဲ။

ဒါပေမယ့် လူတွေနှစ်ပေါင်းများစွာ မေးလာကြတဲ့ မေးခွန်းတစ်ခုကတော့ ဘီယာက ကျွန်တော်တို့အတွက် ကောင်းလား။ ဆိုးလား။ သေချာတာကတော့ အရာရာတိုင်းမှာ အကောင်းနဲ့အဆိုး ဆိုတာ ဒွန်တွဲနေတတ်တာပါပဲ။
ဘီယာသောက်ခြင်းရဲ့ကောင်းကျိုးများ

ဘီယာထဲမှာ မဂ္ဂနီစီယမ်လို သတ္ထုဓာတ်တွေနဲ့ ဗိုက်တာမင်ဘီအုပ်စုထဲက ဗိုက်တာမင်တွေ ကြွယ်ဝစွာပါဝင်ပါတယ်။ နောက်ပြီး ဘီယာထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ဘာလီပြောင်းစေ့တို့၊ မုယောစပါးတို့ထဲမှာ အစွမ်းထက် antioxidant တစ်မျိုးဖြစ်တဲ့ flavonoid လည်း ပါဝင်နေပါသေးတယ်။ နောက်တစ်ခုကတော့ ဘီယာကိုု ပမာဏနည်းနည်းနဲ့ ဆေးဖြစ်ဝါးဖြစ်သဘောလောက်ပဲ သောက်ပေးမယ်ဆိုရင် နှလုံးသွေးကြောကျဉ်းရောဂါဖြစ်နိုင်ခြေကိုလည်း ကျဆင်းစေပါတယ်။

ဘီယာကို အတိုင်းအထွာနဲ့ ပမာဏနည်းနည်းသောက်သုံးခြင်းက ကောင်းမွန်တဲ့ ကိုလက်စထရော ထုတ်လွှတ်မှုကိုလည်း မြင့်တက်လာစေနိုင်ပါတယ်။ ဒီနည်းနဲ့ မကောင်းတဲ့ ကိုလက်စထရောတွေကို ချေဖျက်နိုင်ပါတယ်။ နောက်တစ်ချက်ကတော့ ဘီယာသောက်သုံးသူတွေဟာ ကျောက်ကပ်မှာ ဆီးကျောက်တည်နိုင်ခြေ (၄၀) ရာခိုင်နှုန်း ပိုမိုလျော့နည်းပါတယ်။

နောက်ဆုံးကောင်းကျိုးကတော့ ဂျပန်သိပ္ပံပညာရှင်တွေ တွေ့ရှိခဲ့တာပါ။ ဘီယာသောက်ခြင်းဟာ ဓာတ်ရောင်ခြည်သင့်ခြင်းကြောင့် ဖြစ်တဲ့ရောဂါတွေကိုလည်း လျှော့ချပေးနိုင်ပါတယ်တဲ့။
ဘီယာသောက်ခြင်းရဲ့ဆိုးကျိုးများ

လူသိများတဲ့ ဆိုးကျိုးနံပါတ်တစ်ကတော့ ဘီယာဗိုက်ပါပဲ။ ဘီယာကိုအလွန်အကျွံသောက်သုံးခြင်းက ဘီယာဗိုက်လို့ အခေါ်များတဲ့ ဝမ်းဗိုက်အဆီစုပြုံခြင်းကို ဖြစ်စေပါတယ်။ နောက်တစ်ခုကတော့ ဘီယာမှာ အစာအိမ်အချဉ်ရည်နဲ့ သည်းခြေရည်တို့ကို နှိုးဆွပေးတဲ့ဓာတ်တွေ ပါဝင်တဲ့အတွက် အစာအိမ်အချဉ်ပေါက်ခြင်းနဲ့ ရင်ဘတ်အောင့်ခြင်းတို့ကိုလည်း ဖြစ်စေပါတယ်။ ဒါတင်မကသေးပါဘူး။ ဘီယာကို တစ်နေ့ (၄၀) ဂရမ်ထက် ပိုသောက်ရင် သွေးတိုးနိုင်ခြေပိုများလာစေနိုင်ပါသေးတယ်။

ဘယ်လောက်ပဲ အေးမြပြီး သောက်လိုက်ချိန်မှာ ရေငတ်ပြေတယ်ပြောပြော... ဘီယာဟာလည်း အယ်လ်ကိုဟောတစ်မျိုးပဲ ဖြစ်ပါတယ်။ အယ်လ်ကိုဟောတွေဟာ ခန္ဓာကိုယ်ထဲက ရေဓာတ်တွေကို ခမ်းခြောက်စေပြီး အာရုံကြောမကြီးစနစ်ရဲ့ လုပ်ဆောင်ပုံတွေကို လျှော့ချပေးတဲ့ အရာတစ်မျိုးလည်းဖြစ်ပါတယ်။ ဘီယာအများကြီးသောက်မယ်ဆိုရင် ရေငတ်ခြင်း၊ အဆိပ်ဖြစ်ခြင်းနဲ့ အရက်နာကျခြင်းတို့ ဖြစ်လာစေနိုင်ပါတယ်။

Source: hubpages

ဖိုးသူတော် (www.phothutaw.com)
Credit: duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top