ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

စပိန္ႏုိင္ငံ Salamanca ၿမဳိ႕မွာ အဓိက ဘုရားရွိခုိးေက်ာင္းႏွစ္ခုရွိပါတယ္။ ဒီအထဲက Vieja ဘုရားရွိခုိးေက်ာင္းဟာ ၁၂ရာစု အလယ္ပုိင္းေလာက္ ကတည္းက တည္ေဆာက္ခဲ့တာျဖစ္ၿပီး ဥေရာပရဲ႕ ေရွးအက်ဆုံး ဘုရားေက်ာင္းေတြထဲက တစ္ခုအပါအ၀င္ ျဖစ္ပါတယ္။ ေနာက္ဘုရားရွိခုိးေက်ာင္းနာမည္က Nueva ျဖစ္ပါတယ္။ ပထမတစ္ခုကို ဘုရားရွိခုိးေက်ာင္းေဟာင္း ၊ ဒုတိယ တစ္ခုကို ဘုရားရွိခုိးေက်ာင္းသစ္လုိ႔ ေခၚၾကပါတယ္။ ဘုရားရွိခုိးေက်ာင္းသစ္လုိ႔ေခၚေပမယ့္ ၁၆ရာစု ၀န္းက်င္က တည္ေဆာက္ခဲ့ၿပီး ၁၈ရာစု၀န္းက်င္မွာ ၿပီးဆုံးခဲ့ပါတယ္။

ဘုရားရွိခုိးေက်ာင္းသစ္ Nueva ဟာ အလြန္လက္ရာေျမာက္ၿပီး မ်ားျပားလွတဲ့ အလွအပ ေက်ာက္ရုပ္မ်ားစြာကို နံရံေပၚမွာ ထြင္းထုထားပါတယ္။ ဒီအထဲမွာ အထူးျခားဆုံး အရုပ္တစ္ရုပ္ ရွိပါတယ္။ အဲဒါကေတာ့ ယေန႔ေခတ္ အာကာသ၀တ္စုံကုိ ၀တ္ဆင္ထားတဲ့လူသားနဲ႔ ခြ်တ္စြပ္တူတဲ့ ရုပ္တုျဖစ္ပါတယ္။ အာကာသ၀တ္စုံ ၀တ္ထားတဲ့လူသားဟာ အကာသရဲ႕ ဆြဲအားနည္းပါးမႈေၾကာင့္ ေမ်ာလြင့္ေနဟန္ပါ။ ဒီအရုပ္ဟာ အာကာသလူသားေတြမွာ ရွိသင့္တဲ့ ဖိနပ္ ၊ ဦးထုပ္ ၊ ေက်ာမွာပုိးထားၿပီး ေရွ႕အကၤ်ီနဲ႔ဆက္ထားတဲ့ အသက္ရႈ ကိရိယာဘူး ေတြသာမက ဖိနပ္ေအာက္ဘက္ခြာက အစ ၂၀ရာစုေနာက္ပုိင္း အာကာသ၀တ္စုံ ၀တ္ထားတဲ့သူနဲ႔ ခြ်တ္စြပ္တူေနပါတယ္။ ၁၆ရာစုက ရုပ္တုဟာာ ဘာေၾကာင့္ ၂၀ရာစုမွာမွ ရွိတဲ့ အာကာသလူသားနဲ႔ ခြ်တ္စြပ္ တူေနရတာလဲ ဆုိတဲ့ ျပသနာဟာ ပညာရွင္ အေတာ္မ်ားမ်ားကုိေခါင္းခဲေစခဲ့ပါတယ္။ အင္တာနက္ေပၚမွာလည္း မၾကာခဏပ်ံႏွံ႔ေလ့ရွိၿပီး လူေတြကို စဥ္းစားမရေစႏုိင္တဲ့ ေမးခြန္းတစ္ခုလည္းျဖစ္ပါတယ္။

တကယ္ေတာ့ ဒီျပသနာရဲ႕အေျဖဟာ ရုိးရွင္းလြန္းလွပါတယ္။ ဘုရားေက်ာင္းဟာ ၁၆ရာစုက လက္ရာဆုိတာ မွန္ပါတယ္။ ဒါေပမယ့္ လူသိနည္းၾကတဲ့အေၾကာင္းကေတာ့ ဒီဘုရားေက်ာင္းကို ၁၉၉၂ခုႏွစ္တုန္းက ျပန္လည္ ထိမ္းသိမ္းျပဳျပင္ေရးေတြလုပ္ခဲ့တယ္ ဆုိတာပါ။ Jeronimo Garcia ရဲ႕ဦးေဆာင္မႈ နဲ႔ျပဳလုပ္ခဲ့ၿပီး ဒီအထဲမွာ ေက်ာက္ဆစ္ ပန္းပုပညာရွင္ Miguel Romero လည္း ပါ၀င္ပါတယ္။ သူတုိ႔အဖြဲ႔ဟာ ၁၆ရာစုက ဘုရားေက်ာင္းကို ၂၀ရာစုမွာ ျပန္ျပင္ခဲ့တယ္ဆုိတဲ့ သေကၤတ တစ္ခုအေနနဲ႔ ထူးျခားမႈေတြကို ျပဳလုပ္ခဲ့ပါတယ္။ ဒါကေတာ့ လူေတြကို ေခါင္းခဲေစတဲ့ အာကာသ၀တ္စုံ နဲ႔ လူသားရုပ္ကို ထည့္သြင္းခဲ့တာပါ။ ဒါတင္မကေသးပါဘူး။ ဘုရားေက်ာင္းမ်က္ႏွာစာမွာ ရွိတဲ့ ပုံပန္းမက်တဲ့ အရုပ္တစ္ရုပ္ကုိလည္း ေရခဲမုန္႔စားေနဟန္ ထည့္သြင္းခဲ့ပါေသးတယ္။ လူေတြကုိ ေခါင္းရႈပ္ေစခဲ့တဲ့ အဓိက တရားခံေတြျဖစ္ပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: thutazone

#Unicode Version#
စပိန်နိုင်ငံ Salamanca မြို့မှာ အဓိက ဘုရားရှိခိုးကျောင်းနှစ်ခုရှိပါတယ်။ ဒီအထဲက Vieja ဘုရားရှိခိုးကျောင်းဟာ ၁၂ရာစု အလယ်ပိုင်းလောက် ကတည်းက တည်ဆောက်ခဲ့တာဖြစ်ပြီး ဥရောပရဲ့ ရှေးအကျဆုံး ဘုရားကျောင်းတွေထဲက တစ်ခုအပါအဝင် ဖြစ်ပါတယ်။ နောက်ဘုရားရှိခိုးကျောင်းနာမည်က Nueva ဖြစ်ပါတယ်။ ပထမတစ်ခုကို ဘုရားရှိခိုးကျောင်းဟောင်း ၊ ဒုတိယ တစ်ခုကို ဘုရားရှိခိုးကျောင်းသစ်လို့ ခေါ်ကြပါတယ်။ ဘုရားရှိခိုးကျောင်းသစ်လို့ခေါ်ပေမယ့် ၁၆ရာစု ဝန်းကျင်က တည်ဆောက်ခဲ့ပြီး ၁၈ရာစုဝန်းကျင်မှာ ပြီးဆုံးခဲ့ပါတယ်။

ဘုရားရှိခိုးကျောင်းသစ် Nueva ဟာ အလွန်လက်ရာမြောက်ပြီး များပြားလှတဲ့ အလှအပ ကျောက်ရုပ်များစွာကို နံရံပေါ်မှာ ထွင်းထုထားပါတယ်။ ဒီအထဲမှာ အထူးခြားဆုံး အရုပ်တစ်ရုပ် ရှိပါတယ်။ အဲဒါကတော့ ယနေ့ခေတ် အာကာသဝတ်စုံကို ဝတ်ဆင်ထားတဲ့လူသားနဲ့ ချွတ်စွပ်တူတဲ့ ရုပ်တုဖြစ်ပါတယ်။ အာကာသဝတ်စုံ ဝတ်ထားတဲ့လူသားဟာ အကာသရဲ့ ဆွဲအားနည်းပါးမှုကြောင့် မျောလွင့်နေဟန်ပါ။ ဒီအရုပ်ဟာ အာကာသလူသားတွေမှာ ရှိသင့်တဲ့ ဖိနပ် ၊ ဦးထုပ် ၊ ကျောမှာပိုးထားပြီး ရှေ့အင်္ကျီနဲ့ဆက်ထားတဲ့ အသက်ရှု ကိရိယာဘူး တွေသာမက ဖိနပ်အောက်ဘက်ခွာက အစ ၂၀ရာစုနောက်ပိုင်း အာကာသဝတ်စုံ ဝတ်ထားတဲ့သူနဲ့ ချွတ်စွပ်တူနေပါတယ်။ ၁၆ရာစုက ရုပ်တုဟာာ ဘာကြောင့် ၂၀ရာစုမှာမှ ရှိတဲ့ အာကာသလူသားနဲ့ ချွတ်စွပ် တူနေရတာလဲ ဆိုတဲ့ ပြသနာဟာ ပညာရှင် အတော်များများကိုခေါင်းခဲစေခဲ့ပါတယ်။ အင်တာနက်ပေါ်မှာလည်း မကြာခဏပျံနှံ့လေ့ရှိပြီး လူတွေကို စဉ်းစားမရစေနိုင်တဲ့ မေးခွန်းတစ်ခုလည်းဖြစ်ပါတယ်။

တကယ်တော့ ဒီပြသနာရဲ့အဖြေဟာ ရိုးရှင်းလွန်းလှပါတယ်။ ဘုရားကျောင်းဟာ ၁၆ရာစုက လက်ရာဆိုတာ မှန်ပါတယ်။ ဒါပေမယ့် လူသိနည်းကြတဲ့အကြောင်းကတော့ ဒီဘုရားကျောင်းကို ၁၉၉၂ခုနှစ်တုန်းက ပြန်လည် ထိမ်းသိမ်းပြုပြင်ရေးတွေလုပ်ခဲ့တယ် ဆိုတာပါ။ Jeronimo Garcia ရဲ့ဦးဆောင်မှု နဲ့ပြုလုပ်ခဲ့ပြီး ဒီအထဲမှာ ကျောက်ဆစ် ပန်းပုပညာရှင် Miguel Romero လည်း ပါဝင်ပါတယ်။ သူတို့အဖွဲ့ဟာ ၁၆ရာစုက ဘုရားကျောင်းကို ၂၀ရာစုမှာ ပြန်ပြင်ခဲ့တယ်ဆိုတဲ့ သင်္ကေတ တစ်ခုအနေနဲ့ ထူးခြားမှုတွေကို ပြုလုပ်ခဲ့ပါတယ်။ ဒါကတော့ လူတွေကို ခေါင်းခဲစေတဲ့ အာကာသဝတ်စုံ နဲ့ လူသားရုပ်ကို ထည့်သွင်းခဲ့တာပါ။ ဒါတင်မကသေးပါဘူး။ ဘုရားကျောင်းမျက်နှာစာမှာ ရှိတဲ့ ပုံပန်းမကျတဲ့ အရုပ်တစ်ရုပ်ကိုလည်း ရေခဲမုန့်စားနေဟန် ထည့်သွင်းခဲ့ပါသေးတယ်။ လူတွေကို ခေါင်းရှုပ်စေခဲ့တဲ့ အဓိက တရားခံတွေဖြစ်ပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: thutazone
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top