ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ပ်ိဳေမေလးတို႔ေရ ႏႈတ္ခမ္းနီဆိုးရတာ ႏွစ္သက္ပါရဲ႕လားေနာ္။ မိတ္ကပ္မႀကိဳက္ဘူးဆုိရင္ေတာင္ ႏႈတ္ခမ္းနီေလး ႏွစ္ေရာင္ေလာက္ေတာ့ ေဆာင္ထားသင့္တယ္သိလား။ ေန႔စဥ္သံုးဖို႔တစ္ေရာင္ရယ္၊ ပြဲတက္မယ့္အေရာင္ရယ္ေပါ့။ ဘယ္လိုအေရာင္ ေ႐ြးရမလဲ ဆုိတာကိုေတာ့ မဒီက ေျပာျပပါ့မယ္ေနာ္။

အသားျဖဴတဲ့ ပ်ိဳေမေလးေတြက ပန္းႏုေရာင္၊ ညိဳဝါေရာင္ ႏႈတ္ခမ္းနီေလးေတြကို ဆိုးမယ္ဆုိရင္ သဘာဝက်က်နဲ႔ က်န္းမာသြက္လက္တဲ့ပံုစံေလးျဖစ္ေနမွာပါေနာ္။ ပြဲသြားပြဲလာအတြက္ဆုိရင္ေတာ့ မက္မြန္သီးေရာင္အေဖ်ာ့နဲ႔ ေ႐ႊညိဳေရာင္ (golden brown) တို႔ကို ေ႐ြးလိုက္ပါ။ ဒီအေရာင္ေတြက ေတာ္႐ံုလူနဲ႔မလိုက္ဘဲ အသားျဖဴသူေတြနဲ႔သာ လိုက္တာမုိ႔ ကိုယ့္အလွက ေပၚလြင္ေနမွာ အေသအခ်ာပါပဲ။

အသားသိပ္မျဖဴေပမဲ့ အသားျဖဴတဲ့ဘက္သမ္းတဲ့ အသားလတ္လတ္ ပ်ိဳေမေလးေတြကေတာ့ medium pink (ပန္းေရာင္) နဲ႔ လိေမၼာ္သမ္းတဲ့ မက္မြန္သီးေရာင္တုိ႔ဟာ ေန႔စဥ္အသံုးျပဳမယ့္ နႈတ္ခမ္းနီေရာင္ေတြအျဖစ္ ေရြးသင့္ပါတယ္။ ပြဲတက္ဖုိ႔ဆုိရင္ေတာ့ အနီေရာင္နဲ႔ မက္မြန္သီးေရာင္ကို ေရြးတာက ပ်ိဳေမေလးတုိ႔ကို အလွဆံုးျဖစ္ေစမွာပါ။

သံလြင္သီးေရာင္အသားအေရာင္ဆုိတာ အာ႐ွသူေတြဆီမွာပဲ သဘာဝအတုိင္းေတြ႔ရတာ။ အေနာက္ႏိုင္ငံသူေတြဆို အဲ့ဒီအသားအေရာင္ကို လိုခ်င္လြန္းလို႔ကို ေနပူဒဏ္ေတြခံၿပီးေတာ့ကို လုပ္ယူတာ။ အဲ့လိုအသားအေရာင္ပိုင္႐ွင္ေလးကေတာ့ ႏွင္းဆီရင့္ေရာင္၊ ဘယ္ရီသီးေရာင္တုိ႔နဲ႔ လိုက္ဖက္ပါတယ္။ ပြဲသြားပြဲလာနဲ႔ ထူးထူးျခားျခား လွခ်င္ရင္ေတာ့ အနီရင့္ရင့္နဲ႔ မက္မြန္သီးရင့္ရင့္အေရာင္တို႔ကို ေရြးခ်ယ္လိုက္ပါေနာ္။

အသားညိဳတဲ့ ပ်ိဳေမေလးေတြအတြက္ေတာ့ နီညိဳေရာင္နဲ႔ ဘယ္ရီသီးရင့္ေရာင္တုိ႔ဟာ ေန႔စဥ္အသံုးျပဳသင့္တဲ့ ႏႈတ္ခမ္းနီေရာင္ေတြပါေနာ္။ ဆြဲေဆာင္မႈ႐ွိေစတ့ဲ အေရာင္ေတြေပါ့။ ခ်ိန္းထားတာ႐ွိလို႔၊ ပြဲတက္မလို႔ ဆုိရင္ေတာ့ ပန္းခရမ္းေရာင္နဲ႔ ပံုထဲမွာ ဘီယြန္းေဆး ဆိုးထားတဲ့ Golden beige အေရာင္တုိ႔ဟာ ပ်ိဳေမေလးကို ရဲဝံ့ထက္ျမက္တဲ့ မိန္းကေလးတစ္ဦးျဖစ္ေအာင္ ပံ့ပိုးေပးႏိုင္ပါလိမ့္မယ္ေနာ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
ပျိုမေလေးတို့ရေ နှုတ်ခမ်းနီဆိုးရတာ နှစ်သက်ပါရဲ့လားနော်။ မိတ်ကပ်မကြိုက်ဘူးဆိုရင်တောင် နှုတ်ခမ်းနီလေး နှစ်ရောင်လောက်တော့ ဆောင်ထားသင့်တယ်သိလား။ နေ့စဉ်သုံးဖို့တစ်ရောင်ရယ်၊ ပွဲတက်မယ့်အရောင်ရယ်ပေါ့။ ဘယ်လိုအရောင် ရွေးရမလဲ ဆိုတာကိုတော့ မဒီက ပြောပြပါ့မယ်နော်။

အသားဖြူတဲ့ ပျိုမေလေးတွေက ပန်းနုရောင်၊ ညိုဝါရောင် နှုတ်ခမ်းနီလေးတွေကို ဆိုးမယ်ဆိုရင် သဘာဝကျကျနဲ့ ကျန်းမာသွက်လက်တဲ့ပုံစံလေးဖြစ်နေမှာပါနော်။ ပွဲသွားပွဲလာအတွက်ဆိုရင်တော့ မက်မွန်သီးရောင်အဖျော့နဲ့ ရွှေညိုရောင် (golden brown) တို့ကို ရွေးလိုက်ပါ။ ဒီအရောင်တွေက တော်ရုံလူနဲ့မလိုက်ဘဲ အသားဖြူသူတွေနဲ့သာ လိုက်တာမို့ ကိုယ့်အလှက ပေါ်လွင်နေမှာ အသေအချာပါပဲ။

အသားသိပ်မဖြူပေမဲ့ အသားဖြူတဲ့ဘက်သမ်းတဲ့ အသားလတ်လတ် ပျိုမေလေးတွေကတော့ medium pink (ပန်းရောင်) နဲ့ လိမ္မော်သမ်းတဲ့ မက်မွန်သီးရောင်တို့ဟာ နေ့စဉ်အသုံးပြုမယ့် နှုတ်ခမ်းနီရောင်တွေအဖြစ် ရွေးသင့်ပါတယ်။ ပွဲတက်ဖို့ဆိုရင်တော့ အနီရောင်နဲ့ မက်မွန်သီးရောင်ကို ရွေးတာက ပျိုမေလေးတို့ကို အလှဆုံးဖြစ်စေမှာပါ။

သံလွင်သီးရောင်အသားအရောင်ဆိုတာ အာရှသူတွေဆီမှာပဲ သဘာဝအတိုင်းတွေ့ရတာ။ အနောက်နိုင်ငံသူတွေဆို အဲ့ဒီအသားအရောင်ကို လိုချင်လွန်းလို့ကို နေပူဒဏ်တွေခံပြီးတော့ကို လုပ်ယူတာ။ အဲ့လိုအသားအရောင်ပိုင်ရှင်လေးကတော့ နှင်းဆီရင့်ရောင်၊ ဘယ်ရီသီးရောင်တို့နဲ့ လိုက်ဖက်ပါတယ်။ ပွဲသွားပွဲလာနဲ့ ထူးထူးခြားခြား လှချင်ရင်တော့ အနီရင့်ရင့်နဲ့ မက်မွန်သီးရင့်ရင့်အရောင်တို့ကို ရွေးချယ်လိုက်ပါနော်။

အသားညိုတဲ့ ပျိုမေလေးတွေအတွက်တော့ နီညိုရောင်နဲ့ ဘယ်ရီသီးရင့်ရောင်တို့ဟာ နေ့စဉ်အသုံးပြုသင့်တဲ့ နှုတ်ခမ်းနီရောင်တွေပါနော်။ ဆွဲဆောင်မှုရှိစေတဲ့ အရောင်တွေပေါ့။ ချိန်းထားတာရှိလို့၊ ပွဲတက်မလို့ ဆိုရင်တော့ ပန်းခရမ်းရောင်နဲ့ ပုံထဲမှာ ဘီယွန်းဆေး ဆိုးထားတဲ့ Golden beige အရောင်တို့ဟာ ပျိုမေလေးကို ရဲဝံ့ထက်မြက်တဲ့ မိန်းကလေးတစ်ဦးဖြစ်အောင် ပံ့ပိုးပေးနိုင်ပါလိမ့်မယ်နော်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top