Golden City Promotion
×

ကြ်န္ေတာ္တို႔လူသားေတြဟာ ပိုမိုေကာင္းမြန္လံုျခံဳတဲ႔ ကမၻာႀကီးျဖစ္လာေစဖို႔အတြက္ အစြမ္းကုန္အားထုတ္ ႀကိဳးပမ္းေနၾကပါတယ္။ ဒါေပမယ္႔ ကမၻာႀကီးက အႏၱရာယ္မ်ားတဲ႔ ေနရာတစ္ခု ျဖစ္ေနဆဲပါပဲ။ ေတာထဲမွာေနတဲ႔ ေတာရိုင္းတိရစၱာန္ေတြေၾကာင္႔ လူေသဆံုးမႈေတြဟာ ႏွစ္စဥ္ရွိေနဆဲပါ။

ကြ်န္ေတာ္တို႔လူသားေတြဟာ အစာကြင္းဆက္ရဲ႕ထိပ္ဆံုးကို တျခားသတၱဝါေတြထက္ ပိုမိုလ်င္ျမန္စြာ ေရာက္ရွိခဲ႔ေပမယ္႔ ခြန္အားနဲ႔ လ်င္ျမန္မႈမွာ တျခားသတၱဝါေတြကို မမီေသးတဲ႔အတြက္ တစ္ဦးခ်င္းရင္ဆိုင္ေတြ႕တဲ႔အခါ ခြန္အားမတူတဲ႔အတြက္ ေသဆံုးခဲ႔ရပါတယ္။ ကမၻာေပၚမွာ အႏၱရာယ္အမ်ားဆံုး တိရစၱာန္ေတြကေတာ႔...
၁။ ေရျမင္း
Image result for hippopotamus
ေရျမင္းေတြကို ေယဘုယ်အားျဖင္႔ အာဖရိကမွာေတြ႕ရၿပီး အာဖရိကတိုက္မွာျဖစ္ပြားတဲ႔ ႀကီးမားတဲ႔ တိရစၦာန္ေၾကာင္႔ လူေသဆံုးမႈေတြထဲမွာ ေရျမင္းေၾကာင္႔ ေသဆံုးမႈကလည္း ထိပ္ဆံုးမွာ ရပ္တည္ေနပါတယ္။ ေရျမင္းမွာေတာင္မွ အထီးနဲ႔အမဟာ လူကိုတိုက္ခိုက္ရတဲ႔ ရည္္ရြယ္ခ်က္ခ်င္း ကြဲျပားပါေသးတယ္။ ေရၿမင္းထီးေတြက သူတို႔ရဲ႕ပိုင္နက္ထဲကို က်ဴးေက်ာ္ဝင္ေရာက္လာတယ္လို႔ ယူဆရင္ တိုက္ခိုက္ေလ႔ရွိၿပီး ေရျမင္းမကေတာ႔ သူမရဲ႕ကေလးေတြကို ကာကြယ္ဖို႔အတြက္ တိုက္ခိုက္ေလ႔ရွိပါတယ္။

ေရျမင္းတစ္ေကာင္ဟာ ပ်မ္းမွ်ကိုယ္အေလးခ်ိန္ ေပါင္ (၃၅၀၀) ရွိၿပီး အမ်ားဆံုး ေပါင္ (၈၀၀၀) ေလာက္ရွိပါတယ္။ တစ္နာရီကို မိုင္ (၂၀) ေလာက္ေျပးႏိုင္ၿပီး ပါးစပ္ကိုလည္း (၄) ေပေလာက္က်ယ္ေအာင္ ဟႏုိင္ပါတယ္။ သူ႔ရဲ႕ႀကိတ္အားကလည္း တူမႀကီးတစ္လက္နဲ႔ ထုလိုက္သလို ေၾကမြ သြားေစႏိုင္ပါတယ္။
၂။ ၾသစေၾတးလ် Box Jellyfish
Image result for Box Jellyfish
ဒီၾသစေၾတးလ် Box Jellyfish ဟာ လူသားေတြအတြက္ အႏၱရာယ္အမ်ားဆံုး ေရေနအဆိပ္ရွိ သတၱဝါတစ္မ်ိဳး ျဖစ္ပါတယ္။ အဲဒီငါးတြတ္လိုက္ရင္ လူတစ္ေယာက္ကို ေသဆံုးေစႏိုင္ပါတယ္။ အဲဒီ ငါးေတြကို ၾသစေၾတးလ်တိုက္ရဲ႕ ေျမာက္ဘက္ပင္လယ္ျပင္ေတြမွာ ေတြ႕ရွိရတတ္ၿပီး အင္ဒို- ပစိဖိတ္သမုဒၵရာထဲမွာလည္း ေတြ႕ရတတ္ပါတယ္။

သူ႕မွာ လက္တံရွည္ (၆၀) ပါရွိၿပီး တစ္ေခ်ာင္းခ်င္းစီဟာ (၁၅) ေပ ေလာက္ရွည္လ်ားပါတယ္။ သူ႔ရဲလက္တံံရွည္ေတြမွာ cnidocyst လို႔ေခၚတဲ႔ စုပ္ယူငယ္ေလးေတြနဲ႔ ဖံုးလႊမ္းေနၿပီး အဲဒီ စုပ္ခြက္တစ္ခုခ်င္းစီကို ေသးငယ္တဲ႔စူးခြ်န္ေလး တစ္ေခ်ာင္းရယ္၊ အဆိပ္ရည္ေတြရယ္နဲ႔ ျဖည္႔တင္းထားပါတယ္။ အဲဒီအဆိပ္ရည္ဟာ လူအေယာက္ (၅၀) ကို သတ္ပစ္ႏိုင္စြမ္းရွိပါတယ္။

အဲဒီ ေရခူ (သို႔) ဂ်ယ္လီငါးတြတ္တာခံရရင္ လူတစ္ေယာက္ရဲ႕ႏွလံုးရပ္သြားႏိုင္သလို လႈပ္ရွားႏိုင္စြမ္းကင္းမဲ႔ၿပီး ေရလည္းနစ္ေစႏိုင္ပါတယ္။ မွတ္တမ္္းေတြအရေတာ႔ ဒီဂ်ယ္လီငါးေၾကာင္႔ ေသဆံုးမႈဟာ ႏွစ္စဥ္ လူ အေယာက္ (၁၀၀) ေက်ာ္ရွိတယ္လို႔ သိရပါတယ္။ ဒါေပမယ္႔ မွတ္တမ္းေတြက တိက်ျခင္းမရွိတဲ႔အတြက္ အေရအတြက္ဟာ ဒီထက္ပိုမ်ားႏိုင္ေျခရွိပါတယ္။

၃။ ငါးမန္းျဖဴႀကီး
Image result for shark white
ခႏၶာကိုယ္အရြယ္အစားက ပ်မ္းမွ် (၁၅) ေပရွည္ၿပီး (၄) ေပေလာက္က်ယ္ဝန္းတဲ႔ ေမးရိုးႏွစ္ခုၾကားက ခြ်န္ျမတဲ႔ သြားအေခ်ာင္းေရ (၃၀၀) နဲ႔အတူ ငါးမန္းျဖဴႀကီးဟာ ပင္လယ္ျပင္ကို လႊမ္းမိုးေနတဲ႔ သတၱဝါတစ္မ်ိဳးပဲ ျဖစ္ပါတယ္။ သူဟာ စားလို႔ရတဲ႔ဘာကိုမဆိုစားၿပီး အစားလည္း ေခ်းမမ်ားတတ္ပါဘူး။ ပိန္ၿပီးအရိုးမ်ားတဲ႔ လူသားေတြထက္ ပင္လယ္ဖ်ံကို ပိုႏွစ္သက္ပါတယ္။

သုေတသနေတြအရဆိုရင္ ငါးမန္းေတြဟာ သူစားလိုက္တာဘာလဲသိဖို႔အတြက္ ပါးစပ္ထဲထည္႔ၿပီး အစမ္းကိုက္ၾကည္႔တတ္ပါတယ္တဲ႔။ လူသားေတြကို ငါးမန္းကိုက္တယ္ဆိုတာလည္း စားခ်င္တာထက္ အဲဒီလို အစမ္းကိုက္ၾကည္႔တာေၾကာင္႔သာ ျဖစ္ပါတယ္။ ဒါေၾကာင္႔လည္း ငါးမန္းကိုက္မႈေတာ္ေတာ္မ်ားမ်ားမွာ တစ္ႀကိမ္ေလာက္ကိုက္ၾကည္႔ၿပီးရင္ ငါးမန္းေတြဟာ ျပန္လည္ဆုတ္ခြာသြားတတ္္တာပါပဲ။

ဒါေပမယ္႔ ကံဆိုးစြာနဲ႔ပဲ အဲဒီအစမ္းကိုက္ၾကည္႔တာပဲ လူတစ္ေယာက္ကို ေသဆံုးေစႏိုင္ပါတယ္။ ခ်စ္လို႔ၾကည္စယ္... ေသသြားတယ္ေပါ႔။ ႏွစ္စဥ္ ငါးမန္းကိုက္မႈေပါင္း (၁၀၀) ေက်ာ္ရွိတဲ႔ထဲမွာ (၃) ပုံ (၁) ပံုေလာက္က ငါးမန္းျဖဴႀကီးေတြေၾကာင္႔ ျဖစ္ပါတယ္။
၄။ ဝက္ဝံႀကီး
Image result for Grizzly bea
Grizzly bear လို႔သိထားၾကတဲ႔ ဝက္ဝံႀကီးဟာ ေျမာက္အေမရိကတိုက္ရဲ႕ အညိဳေရာင္ဝက္ဝံမ်ိဳးထဲက အေရာင္ကြဲ ဝက္ဝံတစ္မ်ိဳးျဖစ္ပါတယ္။ Grizzly ဝက္ဝံေတြဟာ ကိုယ္အေလးခ်ိန္ ေပါင္ (၄၀၀) မွ (၈၀၀) အထိ ရွိေနႏိုင္ၿပီး အထီးဟာ အမမထက္ (၂) ဆေလာက္ ပိုႀကီးမားပါတယ္။ ေနာက္ေျခေထာက္နဲ႔ မတ္တတ္ရပ္လိုက္မယ္ဆိုရင္ (၈) ေပေလာက္ အရပ္ျမင္႔ႏိုုင္ပါတယ္။

ခႏၶာကိုယ္ႀကီးက ႀကီးမားေပမယ္႔ ေႏွးေကြးမယ္လို႔ေတာ႔ မထင္လိုက္ပါနဲ႔။ ဝက္ဝံႀကီးေတြဟာ တစ္နာရီကို (၃၅) မိုင္ေလာက္ ေျပးႏိုင္ပါတယ္။ ဝက္ဝံတိုက္ခိုက္မႈေတြရဲ႕ အေၾကာင္းျပခ်က္အမ်ားစုဟာ ဝက္ဝံအမေတြဟာ သူမရဲ႕ကေလးေတြကို ထိခိုက္မွာစိုးရိမ္စိတ္ေၾကာင္႔ပါပဲ။ ဆာေလာင္ေနတဲ႔ (သို႕) ဖ်ားနာေနတဲ႔ ဝက္ဝံေတြကလည္း လူကို တိုက္ခိုက္ႏိုင္ပါတယ္။ Grizzly ဝက္ဝံေၾကာင္႔ ႏွစ္စဥ္ လူ (၉၀) ေသဆံုးတယ္လို႔ သိရပါတယ္။
၅။ ကြ်ဲရိုင္း
Image result for buffalo
အာဖရိကတိုက္မွာ အမဲေရာင္ေသျခင္းတရားလို႔ ေခၚဆိုၾကတဲ႔ ကြ်ဲရိုင္းႀကီးဟာ အဲဒီနယ္ေျမမွာ အႏၱရာယ္အမ်ားဆံုး တိရစၦာန္တစ္ေကာင္ပါပဲ။ အာဖရိကကြ်ဲရိုင္းေတြဟာ ေဒါသအရမ္းႀကီးၿပီး ခန္႕မွန္းရလည္း အလြန္ခက္ပါတယ္။ ကိုယ္အေလးခ်ိန္ ေပါင္ (၉၀၀) နဲ႔ (၁၈၀၀) ၾကားရွိၿပီး မ်ားေသာအားျဖင္႔ အုပ္စုလိုက္ေနတတ္ပါတယ္။ အာဖရိကကြ်ဲရိုင္းအုပ္ႀကီးဟာ ျခေသၤ႔ေတြ၊ မိေက်ာင္းေတြ၊ မုဆိုးေတြဆီကေန ကိုယ္႔ကိုယ္ကိုယ္ကာကြယ္ႏိုင္ပါတယ္။ အာဖရိကကြ်ဲရိုင္းေၾကာင္႔ လူေသႏႈန္းဟာ ႏွစ္စဥ္ လူ (၂၀၀) ေက်ာ္ရွိပါတယ္။

Source: theepochtimes
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
ကျွန်တော်တို့လူသားတွေဟာ ပိုမိုကောင်းမွန်လုံခြုံတဲ့ ကမ္ဘာကြီးဖြစ်လာစေဖို့အတွက် အစွမ်းကုန်အားထုတ် ကြိုးပမ်းနေကြပါတယ်။ ဒါပေမယ့် ကမ္ဘာကြီးက အန္တရာယ်များတဲ့ နေရာတစ်ခု ဖြစ်နေဆဲပါပဲ။ တောထဲမှာနေတဲ့ တောရိုင်းတိရစ္တာန်တွေကြောင့် လူသေဆုံးမှုတွေဟာ နှစ်စဉ်ရှိနေဆဲပါ။

ကျွန်တော်တို့လူသားတွေဟာ အစာကွင်းဆက်ရဲ့ထိပ်ဆုံးကို တခြားသတ္တဝါတွေထက် ပိုမိုလျင်မြန်စွာ ရောက်ရှိခဲ့ပေမယ့် ခွန်အားနဲ့ လျင်မြန်မှုမှာ တခြားသတ္တဝါတွေကို မမီသေးတဲ့အတွက် တစ်ဦးချင်းရင်ဆိုင်တွေ့တဲ့အခါ ခွန်အားမတူတဲ့အတွက် သေဆုံးခဲ့ရပါတယ်။ ကမ္ဘာပေါ်မှာ အန္တရာယ်အများဆုံး တိရစ္တာန်တွေကတော့...
၁။ ရေမြင်း

ရေမြင်းတွေကို ယေဘုယျအားဖြင့် အာဖရိကမှာတွေ့ရပြီး အာဖရိကတိုက်မှာဖြစ်ပွားတဲ့ ကြီးမားတဲ့ တိရစ္ဆာန်ကြောင့် လူသေဆုံးမှုတွေထဲမှာ ရေမြင်းကြောင့် သေဆုံးမှုကလည်း ထိပ်ဆုံးမှာ ရပ်တည်နေပါတယ်။ ရေမြင်းမှာတောင်မှ အထီးနဲ့အမဟာ လူကိုတိုက်ခိုက်ရတဲ့ ရည်ရွယ်ချက်ချင်း ကွဲပြားပါသေးတယ်။ ရေမြင်းထီးတွေက သူတို့ရဲ့ပိုင်နက်ထဲကို ကျူးကျော်ဝင်ရောက်လာတယ်လို့ ယူဆရင် တိုက်ခိုက်လေ့ရှိပြီး ရေမြင်းမကတော့ သူမရဲ့ကလေးတွေကို ကာကွယ်ဖို့အတွက် တိုက်ခိုက်လေ့ရှိပါတယ်။

ရေမြင်းတစ်ကောင်ဟာ ပျမ်းမျှကိုယ်အလေးချိန် ပေါင် (၃၅၀၀) ရှိပြီး အများဆုံး ပေါင် (၈၀၀၀) လောက်ရှိပါတယ်။ တစ်နာရီကို မိုင် (၂၀) လောက်ပြေးနိုင်ပြီး ပါးစပ်ကိုလည်း (၄) ပေလောက်ကျယ်အောင် ဟနိုင်ပါတယ်။ သူ့ရဲ့ကြိတ်အားကလည်း တူမကြီးတစ်လက်နဲ့ ထုလိုက်သလို ကြေမွ သွားစေနိုင်ပါတယ်။
၂။ သြစတြေးလျ Box Jellyfish

ဒီသြစတြေးလျ Box Jellyfish ဟာ လူသားတွေအတွက် အန္တရာယ်အများဆုံး ရေနေအဆိပ်ရှိ သတ္တဝါတစ်မျိုး ဖြစ်ပါတယ်။ အဲဒီငါးတွတ်လိုက်ရင် လူတစ်ယောက်ကို သေဆုံးစေနိုင်ပါတယ်။ အဲဒီ ငါးတွေကို သြစတြေးလျတိုက်ရဲ့ မြောက်ဘက်ပင်လယ်ပြင်တွေမှာ တွေ့ရှိရတတ်ပြီး အင်ဒို- ပစိဖိတ်သမုဒ္ဒရာထဲမှာလည်း တွေ့ရတတ်ပါတယ်။

သူ့မှာ လက်တံရှည် (၆၀) ပါရှိပြီး တစ်ချောင်းချင်းစီဟာ (၁၅) ပေ လောက်ရှည်လျားပါတယ်။ သူ့ရဲလက်တံံရှည်တွေမှာ cnidocyst လို့ခေါ်တဲ့ စုပ်ယူငယ်လေးတွေနဲ့ ဖုံးလွှမ်းနေပြီး အဲဒီ စုပ်ခွက်တစ်ခုချင်းစီကို သေးငယ်တဲ့စူးချွန်လေး တစ်ချောင်းရယ်၊ အဆိပ်ရည်တွေရယ်နဲ့ ဖြည့်တင်းထားပါတယ်။ အဲဒီအဆိပ်ရည်ဟာ လူအယောက် (၅၀) ကို သတ်ပစ်နိုင်စွမ်းရှိပါတယ်။

အဲဒီ ရေခူ (သို့) ဂျယ်လီငါးတွတ်တာခံရရင် လူတစ်ယောက်ရဲ့နှလုံးရပ်သွားနိုင်သလို လှုပ်ရှားနိုင်စွမ်းကင်းမဲ့ပြီး ရေလည်းနစ်စေနိုင်ပါတယ်။ မှတ်တမ်းတွေအရတော့ ဒီဂျယ်လီငါးကြောင့် သေဆုံးမှုဟာ နှစ်စဉ် လူ အယောက် (၁၀၀) ကျော်ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် မှတ်တမ်းတွေက တိကျခြင်းမရှိတဲ့အတွက် အရေအတွက်ဟာ ဒီထက်ပိုများနိုင်ခြေရှိပါတယ်။

၃။ ငါးမန်းဖြူကြီး
ခန္ဓာကိုယ်အရွယ်အစားက ပျမ်းမျှ (၁၅) ပေရှည်ပြီး (၄) ပေလောက်ကျယ်ဝန်းတဲ့ မေးရိုးနှစ်ခုကြားက ချွန်မြတဲ့ သွားအချောင်းရေ (၃၀၀) နဲ့အတူ ငါးမန်းဖြူကြီးဟာ ပင်လယ်ပြင်ကို လွှမ်းမိုးနေတဲ့ သတ္တဝါတစ်မျိုးပဲ ဖြစ်ပါတယ်။ သူဟာ စားလို့ရတဲ့ဘာကိုမဆိုစားပြီး အစားလည်း ချေးမများတတ်ပါဘူး။ ပိန်ပြီးအရိုးများတဲ့ လူသားတွေထက် ပင်လယ်ဖျံကို ပိုနှစ်သက်ပါတယ်။

သုတေသနတွေအရဆိုရင် ငါးမန်းတွေဟာ သူစားလိုက်တာဘာလဲသိဖို့အတွက် ပါးစပ်ထဲထည့်ပြီး အစမ်းကိုက်ကြည့်တတ်ပါတယ်တဲ့။ လူသားတွေကို ငါးမန်းကိုက်တယ်ဆိုတာလည်း စားချင်တာထက် အဲဒီလို အစမ်းကိုက်ကြည့်တာကြောင့်သာ ဖြစ်ပါတယ်။ ဒါကြောင့်လည်း ငါးမန်းကိုက်မှုတော်တော်များများမှာ တစ်ကြိမ်လောက်ကိုက်ကြည့်ပြီးရင် ငါးမန်းတွေဟာ ပြန်လည်ဆုတ်ခွာသွားတတ်တာပါပဲ။

ဒါပေမယ့် ကံဆိုးစွာနဲ့ပဲ အဲဒီအစမ်းကိုက်ကြည့်တာပဲ လူတစ်ယောက်ကို သေဆုံးစေနိုင်ပါတယ်။ ချစ်လို့ကြည်စယ်... သေသွားတယ်ပေါ့။ နှစ်စဉ် ငါးမန်းကိုက်မှုပေါင်း (၁၀၀) ကျော်ရှိတဲ့ထဲမှာ (၃) ပုံ (၁) ပုံလောက်က ငါးမန်းဖြူကြီးတွေကြောင့် ဖြစ်ပါတယ်။
၄။ ဝက်ဝံကြီး

Grizzly bear လို့သိထားကြတဲ့ ဝက်ဝံကြီးဟာ မြောက်အမေရိကတိုက်ရဲ့ အညိုရောင်ဝက်ဝံမျိုးထဲက အရောင်ကွဲ ဝက်ဝံတစ်မျိုးဖြစ်ပါတယ်။ Grizzly ဝက်ဝံတွေဟာ ကိုယ်အလေးချိန် ပေါင် (၄၀၀) မှ (၈၀၀) အထိ ရှိနေနိုင်ပြီး အထီးဟာ အမမထက် (၂) ဆလောက် ပိုကြီးမားပါတယ်။ နောက်ခြေထောက်နဲ့ မတ်တတ်ရပ်လိုက်မယ်ဆိုရင် (၈) ပေလောက် အရပ်မြင့်နိုုင်ပါတယ်။

ခန္ဓာကိုယ်ကြီးက ကြီးမားပေမယ့် နှေးကွေးမယ်လို့တော့ မထင်လိုက်ပါနဲ့။ ဝက်ဝံကြီးတွေဟာ တစ်နာရီကို (၃၅) မိုင်လောက် ပြေးနိုင်ပါတယ်။ ဝက်ဝံတိုက်ခိုက်မှုတွေရဲ့ အကြောင်းပြချက်အများစုဟာ ဝက်ဝံအမတွေဟာ သူမရဲ့ကလေးတွေကို ထိခိုက်မှာစိုးရိမ်စိတ်ကြောင့်ပါပဲ။ ဆာလောင်နေတဲ့ (သို့) ဖျားနာနေတဲ့ ဝက်ဝံတွေကလည်း လူကို တိုက်ခိုက်နိုင်ပါတယ်။ Grizzly ဝက်ဝံကြောင့် နှစ်စဉ် လူ (၉၀) သေဆုံးတယ်လို့ သိရပါတယ်။
၅။ ကျွဲရိုင်း
အာဖရိကတိုက်မှာ အမဲရောင်သေခြင်းတရားလို့ ခေါ်ဆိုကြတဲ့ ကျွဲရိုင်းကြီးဟာ အဲဒီနယ်မြေမှာ အန္တရာယ်အများဆုံး တိရစ္ဆာန်တစ်ကောင်ပါပဲ။ အာဖရိကကျွဲရိုင်းတွေဟာ ဒေါသအရမ်းကြီးပြီး ခန့်မှန်းရလည်း အလွန်ခက်ပါတယ်။ ကိုယ်အလေးချိန် ပေါင် (၉၀၀) နဲ့ (၁၈၀၀) ကြားရှိပြီး များသောအားဖြင့် အုပ်စုလိုက်နေတတ်ပါတယ်။ အာဖရိကကျွဲရိုင်းအုပ်ကြီးဟာ ခင်္သြေ့တွေ၊ မိကျောင်းတွေ၊ မုဆိုးတွေဆီကနေ ကိုယ့်ကိုယ်ကိုယ်ကာကွယ်နိုင်ပါတယ်။ အာဖရိကကျွဲရိုင်းကြောင့် လူသေနှုန်းဟာ နှစ်စဉ် လူ (၂၀၀) ကျော်ရှိပါတယ်။

Source: theepochtimes

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top