ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ကာသီတိုင္း၊ အႆက ဘုရင္မွာ အင္မတန္လွပတဲ့ ဥပရီအမည္ရွိတဲ့ဲ့ မိဖုရားႀကီးရွိတယ္၊ မိဖုရားဟာ အလွအပနဲ႔ပဲ အခ်ိန္ကုန္ေလ့ရွိၿပီး၊ ဥယာဥ္ေတာ္ထဲလွည့္လည္စဥ္ အမွတ္မထင္ ဆံုးပါးသြားခဲ့တယ္။
ဘုရင္ႀကီးေျဖမဆည္ႏိုင္တာေၾကာင့္ မိဖုရားကိုမျမဳပ္ပဲ ေဆးစိမ္ၿပီး က်က်နန သိမ္းထားခဲ့တယ္။
ထမင္းခ်ိန္ထမင္းေဘးနားထားေပးၿပီး၊ ေရဆာရင္ေသာက္ဖို႔ ေရအိုးတစ္လံုးပါ အနားမွာထားေစတယ္။ ဘုရင္ဟာ တိုင္းေရးျပည္ရာေတြမွာစိတ္မဝင္စားေတာ့ပဲ မိဖုရားႀကီး ရုပ္အေလာင္းနားသာ ေရာက္ေရာက္လာၿပီး အလြမ္းေျဖေနေလ့ရွိတယ္။
ဘုရားေလာင္းရေသ့က ဘုရင့္ဥယာဥ္ေတာ္မွာ လာသီတင္းသံုးၿပီး၊ *ဥပရီမိဖုရားႀကီးနဲ႔ေတြ႕ခ်င္ရင္ ငါ့ဆီလာခဲ့ဖို႔မင္းတို႔ဘုရင္ကိုသြားေလ်ာက္ေခ်*လို႔ ဥယာဥ္မႈးကိုခိုင္းပါတယ္။
ဘုရင္ေရာက္တယ္ဆိုရင္ပဲ ဥပရီမိဖုရားကိုဖိတ္ပါတယ္၊ မၾကာပါဘူး ေခ်းပိုးထိုး ႏွစ္ေကာင္ထြက္လာတယ္၊ ေရွ႕ကထြက္လာတာ ဥပရီမိဖုရားႀကီးဆိုတာကို ဘုရင္လက္မခံႏိုင္ပါဘူး၊ ရေသ့ႀကီးက မာဂတ စကားနားလည္ေအာင္ လုပ္ေပးၿပီး အေမးအေျဖလုပ္ပါတယ္။
*ကၽြန္မဟာ အရင္ဘဝက ဥပရီမိဘုရားႀကီးပါ အလွအပနဲ႔အခ်ိန္ေတြကုန္ၿပီး ကုသိုလ္မျပဳခဲ့တာေၾကာင့္ ဒီဘဝမွာ ခ်ီးပိုးထိုးျဖစ္ရတာပါဘုရား
*ေနာက္ကပါလာတာ ဘယ္သူတုန္း
*တပည့္ေတာ္မရဲ႕ ယၡဳဘဝလင္ပါဘုရား
*အတိတ္ဘဝက အႆကဘုရင္နဲ႔ ဒီဘဝလင္ ဘယ္သူ႔ပိုခ်စ္လဲ
*အတိတ္မွာ မည္သို႔ပင္ေကာင္းစားေစခဲ့ကာမူ ပစၥဳပၸန္ခ်မ္းသာကိုမမွီပါဘူးဘုရား၊ ယၡဳဘဝလင္ကိုဘယ္ေလာက္ခ်စ္သလဲဆိုရင္ အတိတ္ဘဝလင္ အႆကဘုရင္ရဲ႕ လည္ေခ်ာင္းေသြးနဲ႔ေျခေဆးေပးခ်င္ပါတယ္…..
ဒီေလာက္နဲ႔တင္ အႆကဘုရင္ဟာ မိဖုရားထားတဲ့ေနရာကိုျပန္ေျပးၿပီး အေလာင္းကိုေျမျမဳပ္၊ အေလာင္းထားတဲ့ေနရာေရေဆးခ်၊ ေရအိုးကိုသူကိုယ္တိုင္မ တံစက္ျမိတ္ကိုထြက္ၿပီး၊
ဒီေန႔ကစလို႔မင္းနဲ႔ငါျပတ္ၿပီေဟ့လို႔ ေႂကြးေၾကာ္ၿပီးေပါက္ခြဲျပစ္လိုက္တယ္။
အေလာင္းထားတဲ့ ေနရာမွာရွိတဲ့ ၾကမ္း ၇ ေခ်ာင္းကိုလဲ ခြာေစတယ္။
ေရအိုးခြဲတဲ့ ဓေလ့ကိုယၡဳတိုင္က်င့္သံုးေနၾကေပမဲ့ ၾကမ္းခြာတဲ့ ဓေလ့ေတာ့ေပ်ာက္သြားၿပီ သစ္ေစ်းႀကီးလို႔။

ေနာက္ပိုင္း အိုးခြဲတဲ့ အဓိပၸယ္က ေသသူကိုအစြဲ ကင္းကင္းနဲ႔ သြားလိုရာသြားႏိုင္ေစရန္ျဖစ္ပါတယ္၊
ငါတို႔ နဲ႔မင္း ပ်က္ၿပီ သြားလိုရာသြားႏိုင္ၿပီဆိုတဲ့သေဘာေပါ့
ဒီေခတ္လြဲမွားစြာက်င့္သံုးေနတာက မင္းနဲ႔ငါကိစၥျပတ္ၿပီဆိုၿပီးေရအိုးခြဲတယ္ ၿပီးေတာ့ ဝိညာဥ္ျပန္ေခၚတဲ့အေနနဲ႔ ပန္းတစ္ပြင့္ ျပန္ယူလာတယ္။
ေသသူကိုမ်က္စိလယ္ေအာင္လုပ္တဲ့အျဖစ္ပါ၊ ခုနကပဲ ငါ့ကိုျပတ္ၿပီဆိုၿပီးအိုးခြဲတယ္ ခုအိမ္ျပန္လိုက္ခဲ့ဖို႔ျပန္ေခၚတယ္၊ စိတ္ႀကီးတဲ့သူဆိုရင္ျပန္လိုက္မွာ မဟုတ္ဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သီဟ

#Unicode Version#
ကာသီတိုင်း၊ အဿက ဘုရင်မှာ အင်မတန်လှပတဲ့ ဥပရီအမည်ရှိတဲ့ဲ့ မိဖုရားကြီးရှိတယ်၊ မိဖုရားဟာ အလှအပနဲ့ပဲ အချိန်ကုန်လေ့ရှိပြီး၊ ဥယာဉ်တော်ထဲလှည့်လည်စဉ် အမှတ်မထင် ဆုံးပါးသွားခဲ့တယ်။
ဘုရင်ကြီးဖြေမဆည်နိုင်တာကြောင့် မိဖုရားကိုမမြုပ်ပဲ ဆေးစိမ်ပြီး ကျကျနန သိမ်းထားခဲ့တယ်။
ထမင်းချိန်ထမင်းဘေးနားထားပေးပြီး၊ ရေဆာရင်သောက်ဖို့ ရေအိုးတစ်လုံးပါ အနားမှာထားစေတယ်။ ဘုရင်ဟာ တိုင်းရေးပြည်ရာတွေမှာစိတ်မဝင်စားတော့ပဲ မိဖုရားကြီး ရုပ်အလောင်းနားသာ ရောက်ရောက်လာပြီး အလွမ်းဖြေနေလေ့ရှိတယ်။
ဘုရားလောင်းရသေ့က ဘုရင့်ဥယာဉ်တော်မှာ လာသီတင်းသုံးပြီး၊ *ဥပရီမိဖုရားကြီးနဲ့တွေ့ချင်ရင် ငါ့ဆီလာခဲ့ဖို့မင်းတို့ဘုရင်ကိုသွားလျောက်ချေ*လို့ ဥယာဉ်မှုးကိုခိုင်းပါတယ်။
ဘုရင်ရောက်တယ်ဆိုရင်ပဲ ဥပရီမိဖုရားကိုဖိတ်ပါတယ်၊ မကြာပါဘူး ချေးပိုးထိုး နှစ်ကောင်ထွက်လာတယ်၊ ရှေ့ကထွက်လာတာ ဥပရီမိဖုရားကြီးဆိုတာကို ဘုရင်လက်မခံနိုင်ပါဘူး၊ ရသေ့ကြီးက မာဂတ စကားနားလည်အောင် လုပ်ပေးပြီး အမေးအဖြေလုပ်ပါတယ်။
*ကျွန်မဟာ အရင်ဘဝက ဥပရီမိဘုရားကြီးပါ အလှအပနဲ့အချိန်တွေကုန်ပြီး ကုသိုလ်မပြုခဲ့တာကြောင့် ဒီဘဝမှာ ချီးပိုးထိုးဖြစ်ရတာပါဘုရား
*နောက်ကပါလာတာ ဘယ်သူတုန်း
*တပည့်တော်မရဲ့ ယ္ခုဘဝလင်ပါဘုရား
*အတိတ်ဘဝက အဿကဘုရင်နဲ့ ဒီဘဝလင် ဘယ်သူ့ပိုချစ်လဲ
*အတိတ်မှာ မည်သို့ပင်ကောင်းစားစေခဲ့ကာမူ ပစ္စုပ္ပန်ချမ်းသာကိုမမှီပါဘူးဘုရား၊ ယ္ခုဘဝလင်ကိုဘယ်လောက်ချစ်သလဲဆိုရင် အတိတ်ဘဝလင် အဿကဘုရင်ရဲ့ လည်ချောင်းသွေးနဲ့ခြေဆေးပေးချင်ပါတယ်…..
ဒီလောက်နဲ့တင် အဿကဘုရင်ဟာ မိဖုရားထားတဲ့နေရာကိုပြန်ပြေးပြီး အလောင်းကိုမြေမြုပ်၊ အလောင်းထားတဲ့နေရာရေဆေးချ၊ ရေအိုးကိုသူကိုယ်တိုင်မ တံစက်မြိတ်ကိုထွက်ပြီး၊
ဒီနေ့ကစလို့မင်းနဲ့ငါပြတ်ပြီဟေ့လို့ ကြွေးကြော်ပြီးပေါက်ခွဲပြစ်လိုက်တယ်။
အလောင်းထားတဲ့ နေရာမှာရှိတဲ့ ကြမ်း ၇ ချောင်းကိုလဲ ခွာစေတယ်။
ရေအိုးခွဲတဲ့ ဓလေ့ကိုယ္ခုတိုင်ကျင့်သုံးနေကြပေမဲ့ ကြမ်းခွာတဲ့ ဓလေ့တော့ပျောက်သွားပြီ သစ်ဈေးကြီးလို့။

နောက်ပိုင်း အိုးခွဲတဲ့ အဓိပ္ပယ်က သေသူကိုအစွဲ ကင်းကင်းနဲ့ သွားလိုရာသွားနိုင်စေရန်ဖြစ်ပါတယ်၊
ငါတို့ နဲ့မင်း ပျက်ပြီ သွားလိုရာသွားနိုင်ပြီဆိုတဲ့သဘောပေါ့
ဒီခေတ်လွဲမှားစွာကျင့်သုံးနေတာက မင်းနဲ့ငါကိစ္စပြတ်ပြီဆိုပြီးရေအိုးခွဲတယ် ပြီးတော့ ဝိညာဉ်ပြန်ခေါ်တဲ့အနေနဲ့ ပန်းတစ်ပွင့် ပြန်ယူလာတယ်။
သေသူကိုမျက်စိလယ်အောင်လုပ်တဲ့အဖြစ်ပါ၊ ခုနကပဲ ငါ့ကိုပြတ်ပြီဆိုပြီးအိုးခွဲတယ် ခုအိမ်ပြန်လိုက်ခဲ့ဖို့ပြန်ခေါ်တယ်၊ စိတ်ကြီးတဲ့သူဆိုရင်ပြန်လိုက်မှာ မဟုတ်ဘူး။


ဖိုးသူတော် (www.phothutaw.com)
Credit: သီဟ
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top