မြန်မာနိုင်ငံ၏ အကြီးဆုံးအိမ်ခြံမြေ နှင့် လူသုးံကုန်ပစ္စည်း အရောင်းပြပွဲကြီး (သတ္တမအကြိမ်မြောက်)
×





#Unicode Version#
ကဲ လှချင်ယက်စက်စက်ယို 6 Pack ထွက်ချင်လို့ GYM သွားကစားတဲ့ ကိုကိုတို့အတွက် ဒီသတင်းက တကယ့်ကို သတိထားစရာပါနော်။ အားကစားလုပ်တာလည်း လုပ်တာပေါ့။ ကိုယ့်အန္တရာယ်လေးတော့ သတိလေးထားရှောင်ကြပါလို့ ပြောချင်ပါတယ်။ ဂျာမနီက အားကစားလိုက်စားတဲ့ အမျိုးသားတစ်ဦး ဟာ လေ့ကျင့်ရေးခန်းမမှာ အားကစားလုပ်ရင်း ဝိတ်ပြားစက်ဝိုင်းထဲ သူ့ငယ်ပါဝင်ရောက်သွားခဲ့လို့ အခက် အခဲဖြစ်ကာ အရေးပေါ်ကယ်ဆယ်ရေးကို ခေါ်ပြီး အကူအညီလှမ်းတောင်းခဲ့ရပါတယ်။

ပြီးခဲ့တဲ့ သောကြာနေ့ မနက်အစောပိုင်းမှာ ဖြစ်သွားခဲ့တာပါ။ အဆိုပါ အမျိုးသားရဲ့ ငယ်ပါက အလေးမ တုံးရဲ့ အလယ် အဝကွင်းထဲ ဝင်ရောက်သွားပြီး ညပ်မိနေခဲ့တာကြောင့် ထုတ်မရပဲဖြစ်နေခဲ့ကာ နာ ကျင်မှုဝေဒနာကို အလူးအလဲခံစားခဲ့ရတယ်လို့ သိရပါတယ်။ နာကျင်မှုဒဏ်နဲ့ အလေးပြားရဲ့ လေးလံ လွန်းတဲ့ဒဏ်ကို ခံခဲ့ရတဲ့ အမျိုးသားကို  ဆေးရုံသို့ အလျင်အမြန်တင်ဆောင်ကုသမှုတွေပြုလုပ်ခဲ့သော် လည်းပဲမရခဲ့တော့တဲ့အဆုံးမှာတော့ ကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့သို့ အလျင်အမြန်ခေါ်ယူပြီး အ ကူအညီတောင်းခံခဲ့ရပါတယ်။

ဝန်းမြို့တော်က ကယ်ဆယ်ရေးတပ်ဖွဲ့ဝင်တွေက အဆိုပါ ပိတ်ညပ်မိနေတဲ့ ၂.၅ ကီလိုဂရမ်အလေး ခိန် ဝိတ်ပြားကို သုံးနာ ရီကျော်ကြာအောင် အစိတ်စိတ်အမွှာမွှာဖြစ်အောင်လုပ်ပြီး ငယ်ပါကိုပြန်ထုတ်ပေးခဲ့ ရတယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: သဒ္ဒါချို(ရွှေအင်းလေး)
 
 
 
နေ့စဉ်သတင်းအသစ်များကို Email ပို့ပေးပါမည်။
သင်၏ Gmail ကို အောက်တွင် ဖြည့်စွက်၍ Submit လုပ်ပါ။
 
 
Top