ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

မိန္းကေလးေတြဆုိတာ သူတုိ႔ရဲ႕ပစၥည္းပစၥယ်ာေတြကုိ စည္းကမ္းရွိရွိနဲ႔ သပ္သပ္ရပ္ရပ္ ကုိင္တြင္တတ္သူေတြျဖစ္ပါတယ္။ ေယာက်ာၤးတစ္ေယာက္ တစ္ႏွစ္ေလာက္ကုိင္ႏုိင္တဲ႔ဖုန္းကုိ မိန္းကေလးတစ္ေယာက္က ကုိင္မယ္ဆုိရင္ သုံးႏွစ္ေလာက္ကုိ ေကာင္းေကာင္းကုိင္ႏုိင္ပါတယ္။ ဒါေပမယ့္ ထုိင္ဝမ္က မိန္းကေလးတစ္ဦးရဲ႕ အမႈအက်င့္ကေတာ့ မိန္းကေလးအမ်ားစုရဲ႕အက်င့္နဲ႔ ေတာ္ေတာ္ႀကီးျခားနားေနပါတယ္။

သုံးႏွစ္တာေလာက္ လက္တြဲခဲ႔ၾကတဲ႔ ထုိင္ဝမ္ႏုိင္ငံက ခ်စ္သူစုံတြဲတစ္ခုမွာ မိန္းကေလးျဖစ္သူက သူရဲ႕ခ်စ္သူေကာင္ေလးကုိ စည္းကမ္းခ်က္တစ္ခု ထုတ္ထားပါတယ္။ ဒါကေတာ့ သူမရဲ႕အခန္းထဲကုိ သူမသိသည္ျဖစ္ေစ သူမ မသိသည္ျဖစ္ေစ မဝင္ေရာက္ဖုိ႔ပဲျဖစ္ပါတယ္။ ေကာင္ေလးမွာလည္း သူ႔ခ်စ္သူရဲ႕အမိန႔္ကုိ မလြန္ဆန္ရဲေပမယ့္ ဘာေၾကာင့္ေပးမဝင္တာလဲဆုိတာကုိေတာ့ ေတာ္ေတာ္ေလး သိခ်င္ေနမိတယ္။ တစ္ေန႔မွာေတာ့ ေကာင္ေလးက ေကာင္မေလးရဲ႕အိမ္ကုိ လာလည္ေနတုန္း ေကာင္မေလးရဲ႕မိခင္ျဖစ္သူက သူ႔သမီးအခန္းထဲကေန အဝတ္အစားတစ္စုံေလာက္ သြားယူေပးဖုိ႔ ေကာင္ေလးကုိ ခုိင္းလုိက္ပါတယ္။ ထုိအခ်ိန္မွာ ေကာင္မေလးက ေရခ်ိဳးေနတာျဖစ္ၿပီး အခန္းထဲမွာ ဘယ္သူမွမရွိပဲ ျဖစ္ေနပါတယ္။ ဒါေၾကာင့္ ေကာင္ေလးက အခန္းထဲ ျမန္ျမန္ဝင္ၿပီး ေကာင္မေလးရဲ႕အဝတ္ေတြယူဖုိ႔ ေကာင္မေလးအခန္းတံခါးကုိ ဆြဲဖြင့္လုိက္ရာ အံၾသမွင္သက္သြားရပါေတာ့တယ္။

သူ႔ေကာင္မေလးရဲ႕အခန္းဟာ အမႈိက္ပုံႀကီးတစ္ခုလုိပဲ တစ္ခန္းလုံး ပရမ္းပတာ ဖရုိဖရဲပုံစံျဖစ္ေနတာကုိ ေကာင္ေလးေတြ႕မိသြားပါတယ္။ တစ္ခန္းလုံးမွာ အဝတ္အစားေတြ ဘာမွန္းမသိတဲ႔အရာေတြ မေလွ်ာ္ရေသးလုိ႔ အနံ႔ထြက္ေနတဲ႔ အတြင္းခံေတြနဲ႔ အသုံးျပဳၿပီး အမ်ိဳးသမီး လစဥ္သုံးပစၥည္းေတြ ပလူပ်ံေနတာကုိ ေတြ႕ျမင္ခဲ႔လုိက္ရတာျဖစ္ပါတယ္။ ဒီအခ်ိန္ ေကာင္မေလးကလည္း ေရခ်ိဳးၿပီးလုိ႔ သူ႔အခန္းကုိ ျပန္လာတဲ႔အခ်ိန္ သူ႔အခန္းမွာ ေကာင္ေလးေရာက္ေနတာကုိ ေတြ႕လုိက္ရပါတယ္။ ဒါနဲ႔ပဲ သူရဲ႕ကတိကုိ ခ်ိဳးေဖာက္တယ္ဆုိၿပီး ေကာင္ေလးကုိ လမ္းခြဲလုိက္ပါတယ္။ ဒီလုိ လမ္းခြဲခံလုိက္ရတာဟာ ေကာင္ေလးအတြက္ ပုိေကာင္းပါတယ္။ မိန္းကေလးျဖစ္ၿပီး စည္းကမ္းမရွိ ပရမ္းပတာေနတတ္တဲ႔သူနဲ႔ တစ္ဘဝလုံး လက္မတြဲရေတာ့မယ့္ အခြင့္အေရးက သူ႔အတြက္ ပုိလုိ႔ေတာင္ေကာင္းေနတာေၾကာင့္ လမ္းခြဲခဲ႔တဲ႔ ေကာင္မေလးကုိ ေက်းဇူးတင္ေနမိမွာ ေသခ်ာပါတယ္ခင္ဗ်ာ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: zeekwat

# Unicode Version #
မိန်းကလေးတွေဆိုတာ သူတို့ရဲ့ပစ္စည်းပစ္စယျာတွေကို စည်းကမ်းရှိရှိနဲ့ သပ်သပ်ရပ်ရပ် ကိုင်တွင်တတ်သူတွေဖြစ်ပါတယ်။ ယောကျာၤးတစ်ယောက် တစ်နှစ်လောက်ကိုင်နိုင်တဲ့ဖုန်းကို မိန်းကလေးတစ်ယောက်က ကိုင်မယ်ဆိုရင် သုံးနှစ်လောက်ကို ကောင်းကောင်းကိုင်နိုင်ပါတယ်။ ဒါပေမယ့် ထိုင်ဝမ်က မိန်းကလေးတစ်ဦးရဲ့ အမှုအကျင့်ကတော့ မိန်းကလေးအများစုရဲ့အကျင့်နဲ့ တော်တော်ကြီးခြားနားနေပါတယ်။

သုံးနှစ်တာလောက် လက်တွဲခဲ့ကြတဲ့ ထိုင်ဝမ်နိုင်ငံက ချစ်သူစုံတွဲတစ်ခုမှာ မိန်းကလေးဖြစ်သူက သူရဲ့ချစ်သူကောင်လေးကို စည်းကမ်းချက်တစ်ခု ထုတ်ထားပါတယ်။ ဒါကတော့ သူမရဲ့အခန်းထဲကို သူမသိသည်ဖြစ်စေ သူမ မသိသည်ဖြစ်စေ မဝင်ရောက်ဖို့ပဲဖြစ်ပါတယ်။ ကောင်လေးမှာလည်း သူ့ချစ်သူရဲ့အမိန့်ကို မလွန်ဆန်ရဲပေမယ့် ဘာကြောင့်ပေးမဝင်တာလဲဆိုတာကိုတော့ တော်တော်လေး သိချင်နေမိတယ်။ တစ်နေ့မှာတော့ ကောင်လေးက ကောင်မလေးရဲ့အိမ်ကို လာလည်နေတုန်း ကောင်မလေးရဲ့မိခင်ဖြစ်သူက သူ့သမီးအခန်းထဲကနေ အဝတ်အစားတစ်စုံလောက် သွားယူပေးဖို့ ကောင်လေးကို ခိုင်းလိုက်ပါတယ်။ ထိုအချိန်မှာ ကောင်မလေးက ရေချိုးနေတာဖြစ်ပြီး အခန်းထဲမှာ ဘယ်သူမှမရှိပဲ ဖြစ်နေပါတယ်။ ဒါကြောင့် ကောင်လေးက အခန်းထဲ မြန်မြန်ဝင်ပြီး ကောင်မလေးရဲ့အဝတ်တွေယူဖို့ ကောင်မလေးအခန်းတံခါးကို ဆွဲဖွင့်လိုက်ရာ အံသြမှင်သက်သွားရပါတော့တယ်။

သူ့ကောင်မလေးရဲ့အခန်းဟာ အမှိုက်ပုံကြီးတစ်ခုလိုပဲ တစ်ခန်းလုံး ပရမ်းပတာ ဖရိုဖရဲပုံစံဖြစ်နေတာကို ကောင်လေးတွေ့မိသွားပါတယ်။ တစ်ခန်းလုံးမှာ အဝတ်အစားတွေ ဘာမှန်းမသိတဲ့အရာတွေ မလျှော်ရသေးလို့ အနံ့ထွက်နေတဲ့ အတွင်းခံတွေနဲ့ အသုံးပြုပြီး အမျိုးသမီး လစဉ်သုံးပစ္စည်းတွေ ပလူပျံနေတာကို တွေ့မြင်ခဲ့လိုက်ရတာဖြစ်ပါတယ်။ ဒီအချိန် ကောင်မလေးကလည်း ရေချိုးပြီးလို့ သူ့အခန်းကို ပြန်လာတဲ့အချိန် သူ့အခန်းမှာ ကောင်လေးရောက်နေတာကို တွေ့လိုက်ရပါတယ်။ ဒါနဲ့ပဲ သူရဲ့ကတိကို ချိုးဖောက်တယ်ဆိုပြီး ကောင်လေးကို လမ်းခွဲလိုက်ပါတယ်။ ဒီလို လမ်းခွဲခံလိုက်ရတာဟာ ကောင်လေးအတွက် ပိုကောင်းပါတယ်။ မိန်းကလေးဖြစ်ပြီး စည်းကမ်းမရှိ ပရမ်းပတာနေတတ်တဲ့သူနဲ့ တစ်ဘဝလုံး လက်မတွဲရတော့မယ့် အခွင့်အရေးက သူ့အတွက် ပိုလို့တောင်ကောင်းနေတာကြောင့် လမ်းခွဲခဲ့တဲ့ ကောင်မလေးကို ကျေးဇူးတင်နေမိမှာ သေချာပါတယ်ခင်ဗျာ။

ဖိုးသူတော် (www.phothutaw.com)
Credit: zeekwat
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top