Golden City Promotion
×

ကန္စြန္းဥကို သေရစာ အျဖစ္သာ စားၾကတာမ်ားၿပီး က်န္းမာေရး အက်ိဳးေတြ မရွိဘူးလို႔ ထင္ၾကတာ မ်ားပါတယ္။ တကယ္ေတာ့ အိုမင္းရင့္ေရာ္မႈကို ထိန္းေပးႏုိင္တဲ့ အရာဟာ  ကန္စြန္းဥပါပဲ။ ကန္စြန္းဥမွာ အေရာင္ေတြ ရွိပါတယ္။ ခရမ္းေရာင္နဲ႔ လိေမၼာ္ေရာင္ပါ။ သူ႔အေရာင္နဲ႔သူဟာ ေဆးဖက္၀င္လွပါတယ္။

ကန္စြန္းဥမွာ ႐ိုတင္းမ်ား၊ အမွ်င္ဓါတ္မ်ား၊ ေသြးေၾကာေတြကို ေထာက္ပံ့ေပးတဲ့ ဘီတာကယ္႐ို တင္း၊ ေသြးေပါင္ထိန္းေပးေသာ ပို တက္ဆီယမ္၊ ဓါတ္တိုးဆန္႔က်င္အာနိ သင္ရွိေသာ ဗိုက္တာမင္စီႏွင့္ ဗိုက္တာမင္အီးတို႔ ပါဝင္သည္။ ခရမ္းေရာင္ရွိေသာကန္စြန္းဥ – အသည္းကိုေကာင္းမြန္ေစပါတယ္။ ေသြးလည္ပတ္မႈအတြက္နဲ႔ ဆီးခ်ိဳအတြက္လည္း စားသံုးရန္သင့္ေတာ္ပါတယ္။ Anthocyanin ပါတဲ့အတြက္ေၾကာင့္ ဓာတ္တိုးျခင္းကို ထိန္းေပးပါတယ္။ ေသြးတိုးျခင္းကို ထိန္းေပးတဲ့အတြက္ ေသြးတိုးသမားေတြလည္း စားသံုးသင့္ပါတယ္။

လိေမၼာ္ေရာင္ကန္စြန္းဥ – Vitamin A,C,E ပါ၀င္ၿပီး၊ အျမင္အာရံုအတြက္အေထာက္အကူျပဳပါတယ္။ ေသြးခ်ိဳကိုထိန္းေပးၿပီး လိေမၼာ္ေရာင္ကန္စြန္းဥကို အစိမ္းစားရင္ပိုၿပီး အာနိသင္ရွိေၾကာင္း သိရပါတယ္။ ကန္စြန္းဥကို ထမင္းအစားထိုးၿပီး စားရင္ ကိုယ္အေလးခ်ိန္ က်ေစႏုိင္ၿပီး ဆီးကို ေကာင္းေစပါတယ္။ ကန္းစြန္းဥေၾကာင့္ ေသြးတြင္း အခ်ိဳဓါတ္ျမင့္တက္ျခင္း မရွိေပ။ ကန္စြန္းဥခပ္ႀကီးႀကီးတစ္လံုးတြင္ (၁၁၇) ကယ္လိုရီသာပါသည္။

အရိုးအဆစ္မ်ား၊ ေသြးေၾကာမ်ား၀န္းက်င္မွာ ဒုကၡေပးတဲ႔ေရာဂါကိုလည္း ကာကြယ္ႏိုင္တဲ႔ ဂုဏ္သတၱိရွိပါတယ္။ ကန္စြန္းဥကို ပူေႏြးစဥ္စားသံုးသင့္တယ္။စားတဲ႔အခါမွာလည္း ဆီနဲ႔ တို႔စားသင့္ပါတယ္။ကန္စြန္းဥမွာပါတဲ႔ ဓါတ္တစ္ခ်ိဳ႔ဟာ ဆီမွာ ေပ်ာ္လြယ္ျပီး အစာအိမ္က စုပ္ယူမႈအားေကာင္းေစလို႔ ျဖစ္ပါတယ္။

သတိျပဳရမွာကေတာ့ ကန္စြန္းဥမွာ အမည္းစက္ေလးေတြ ပြင့္ေနရင္ အေညွာင့္ေပါက္ေနတာျဖစ္လို႔ မစားသင့္ေတာ့ပါဘူး။ အခန္႔မသင့္ရင္ အဆိပ္သင့္တတ္ပါတယ္။ ဒါ့အျပင္ အစာအိမ္ အခ်ဥ္ေပါက္တတ္သူေတြလည္း ေရွာင္ၾကဥ္သင့္ပါတယ္။

Source: readerdigest
ဖိုးသူေတာ္ (www.phothutaw.com)
Credit: myfoodmyanmar

#Unicode Version#
ကန်စွန်းဥကို သရေစာ အဖြစ်သာ စားကြတာများပြီး ကျန်းမာရေး အကျိုးတွေ မရှိဘူးလို့ ထင်ကြတာ များပါတယ်။ တကယ်တော့ အိုမင်းရင့်ရော်မှုကို ထိန်းပေးနိုင်တဲ့ အရာဟာ  ကန်စွန်းဥပါပဲ။ ကန်စွန်းဥမှာ အရောင်တွေ ရှိပါတယ်။ ခရမ်းရောင်နဲ့ လိမ္မော်ရောင်ပါ။ သူ့အရောင်နဲ့သူဟာ ဆေးဖက်ဝင်လှပါတယ်။

ကန်စွန်းဥမှာ ရိုတင်းများ၊ အမျှင်ဓါတ်များ၊ သွေးကြောတွေကို ထောက်ပံ့ပေးတဲ့ ဘီတာကယ်ရို တင်း၊ သွေးပေါင်ထိန်းပေးသော ပို တက်ဆီယမ်၊ ဓါတ်တိုးဆန့်ကျင်အာနိ သင်ရှိသော ဗိုက်တာမင်စီနှင့် ဗိုက်တာမင်အီးတို့ ပါဝင်သည်။ ခရမ်းရောင်ရှိသောကန်စွန်းဥ – အသည်းကိုကောင်းမွန်စေပါတယ်။ သွေးလည်ပတ်မှုအတွက်နဲ့ ဆီးချိုအတွက်လည်း စားသုံးရန်သင့်တော်ပါတယ်။ Anthocyanin ပါတဲ့အတွက်ကြောင့် ဓာတ်တိုးခြင်းကို ထိန်းပေးပါတယ်။ သွေးတိုးခြင်းကို ထိန်းပေးတဲ့အတွက် သွေးတိုးသမားတွေလည်း စားသုံးသင့်ပါတယ်။

လိမ္မော်ရောင်ကန်စွန်းဥ – Vitamin A,C,E ပါဝင်ပြီး၊ အမြင်အာရုံအတွက်အထောက်အကူပြုပါတယ်။ သွေးချိုကိုထိန်းပေးပြီး လိမ္မော်ရောင်ကန်စွန်းဥကို အစိမ်းစားရင်ပိုပြီး အာနိသင်ရှိကြောင်း သိရပါတယ်။ ကန်စွန်းဥကို ထမင်းအစားထိုးပြီး စားရင် ကိုယ်အလေးချိန် ကျစေနိုင်ပြီး ဆီးကို ကောင်းစေပါတယ်။ ကန်းစွန်းဥကြောင့် သွေးတွင်း အချိုဓါတ်မြင့်တက်ခြင်း မရှိပေ။ ကန်စွန်းဥခပ်ကြီးကြီးတစ်လုံးတွင် (၁၁၇) ကယ်လိုရီသာပါသည်။

အရိုးအဆစ်များ၊ သွေးကြောများဝန်းကျင်မှာ ဒုက္ခပေးတဲ့ရောဂါကိုလည်း ကာကွယ်နိုင်တဲ့ ဂုဏ်သတ္တိရှိပါတယ်။ ကန်စွန်းဥကို ပူနွေးစဉ်စားသုံးသင့်တယ်။စားတဲ့အခါမှာလည်း ဆီနဲ့ တို့စားသင့်ပါတယ်။ကန်စွန်းဥမှာပါတဲ့ ဓါတ်တစ်ချို့ဟာ ဆီမှာ ပျော်လွယ်ပြီး အစာအိမ်က စုပ်ယူမှုအားကောင်းစေလို့ ဖြစ်ပါတယ်။

သတိပြုရမှာကတော့ ကန်စွန်းဥမှာ အမည်းစက်လေးတွေ ပွင့်နေရင် အညှောင့်ပေါက်နေတာဖြစ်လို့ မစားသင့်တော့ပါဘူး။ အခန့်မသင့်ရင် အဆိပ်သင့်တတ်ပါတယ်။ ဒါ့အပြင် အစာအိမ် အချဉ်ပေါက်တတ်သူတွေလည်း ရှောင်ကြဉ်သင့်ပါတယ်။

Source: readerdigest

ဖိုးသူတော် (www.phothutaw.com)
Credit: myfoodmyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top