ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

လွခ်င္ေပမယ့္လည္း ပင္ပန္းခက္ခဲတဲ့ဝိတ္ခ်နည္းလမ္းေတြကို မလိုက္နာႏိုင္တဲ့သူေတြရွိလား။ gymေဆာ့ၿပီး ေလ့က်င့္ခန္းေတြအျပင္းအထန္ျပဳလုပ္စရာမလိုတဲ့အျပင္ အစားအေသာက္ကိုလည္း ေထြေထြထူးထူးေရွာင္ၾကဥ္စရာမလိုဘဲ ဝိတ္က်ေစႏိုင္တဲ့ နည္းလမ္းေကာင္းေလးကို ယူေဆာင္လာပါၿပီေနာ္။

(၁) အစာမစားခင္ေရတစ္ဖန္ခြက္ေသာက္ပါ

ဗိုက္အရမ္းဆာေနတာေၾကာင့္ ဝိတ္ေလ်ာ့ေနတဲ့အစီအစဥ္ကိုေတာင္ ေမ့သြားၿပီး စားမိစားရာဇြတ္စားမိတဲ့အခါေတြ ႀကံဳဖူးမယ္ထင္ပါတယ္။ ဒီလိုဆိုရင္ေတာ့ အစာတစ္ခုခုမစားခင္မွာ ေရတစ္ဖန္ခြက္ကို အရင္ဦးဆံုးေသာက္သံုးေပးပါ။ ဒါကိုအေလ့အက်င့္တစ္ခုလိုလုပ္ထားပါ။ တစ္ခုခုစားေတာ့မယ္ဆိုတာနဲ႔ ေရေသာက္တဲ့အေလ့အက်င့္ကို အၿမဲျပဳလုပ္တတ္ပါေစ။ ေရေသာက္လိုက္တာေၾကာင့္ ဗုိက္ျပည့္သြားသလိုျဖစ္သြားၿပီး အလြန္အကၽြံစားတတ္တဲ့ စိတ္ကိုထိန္းခ်ဳပ္ ေပးႏိုင္ပါလိမ့္မယ္။

(၂) ထမင္းတစ္လုပ္ကိုအႀကိမ္(၂၀)ခန္႔ဝါးပါ

ထမင္းကိုၾကာၾကာဝါးတာက အမ်ားႀကီးလည္းမစားမိေတာ့သလို နည္းနည္းစားရံုနဲ႔ ဗိုက္ျပည့္ေစသလိုထင္ရပါတယ္။ ထမင္းစားတဲ့အခါမွာ အႀကိမ္၂၀ခန္႔ကို ျဖည္းျဖည္းခ်င္းဝါးတာက ဝိတ္ခ်ေနသူေတြအတြက္ အသင့္ေတာ္ဆံုးအႀကိမ္ေရပါပဲလို႔ ပညာရွင္မ်ားက ဆိုထားပါတယ္။

(၃) ထမင္းစားခန္းနဲ႔ မီးဖိုခန္းသံုးပစၥည္းမ်ားကို ခရမ္းေရာင္မ်ားနဲ႔အလွဆင္ပါ

ခရမ္းေရာင္၊ အျပာေရာင္နဲ႔ အစိမ္းေရာင္ေတာက္ေတာက္ေတြက အစာစားခ်င္စိတ္ကို ေလ်ာ့နည္းေစတာေၾကာင့္ မီးဖိုခန္းနဲ႔ စားပြဲခင္းေတြကို ဒီလုိအေရာင္ေတြေရြးခ်ယ္ပါ။ ဒါမွမဟုတ္ စားသံုးမယ့္ပန္းကန္ကို အစာစားခ်င္ စိတ္ထိန္းခ်ဳပ္ႏိုင္တဲ့ ပန္းကန္အေရာင္ေတြနဲ႔ စားသံုးဖုိ႔အႀကံျပဳလုိက္ရပါတယ္။

(၄) ေလွကားထစ္နဲ႔အတက္အဆင္းျပဳလုပ္ပါ

ဓာတ္ေလွကား၊ စက္ေလွကားကိုအားကိုးအားထားျပဳၿပီး အတက္ဆင္းျပဳလုပ္မယ့္အစား လမ္းေလွ်ာက္တက္၊ ဆင္းျပဳလုပ္ၾကည့္လုိက္ပါ။ ပင္ပန္းတဲ့ေလ့က်င့္ခန္းမျပဳလုပ္ႏုိင္ဘူးဆိုရင္ေတာ့ ေလွကားထစ္အတက္အဆင္းျပဳလုပ္ၿပီး လႈပ္လႈပ္ရွားရွားေနဖို႔ လိုပါတယ္။ ဒါမွ အဆီပိုေတြေလာင္ကၽြမ္းနိုင္မွာပါေနာ္။

(၅) မတ္မတ္ထိုင္ပါ

ကိုယ္ေနဟန္ထားမွန္မွန္ကန္ကန္ေနမွ ခႏၶာကိုယ္တြင္း ကယ္လုိရီေလာင္ကၽြမ္းဖုိ႔အတြက္ အေထာက္အကူျပဳပါတယ္။ တီဗီၾကည့္၊ အလုပ္လုပ္တဲ့အခါမွာ မတ္မတ္ထိုင္တဲ့အေလ့အက်င့္ေလး ျပဳလုပ္ပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: နန္း(ေရႊအင္းေလး)

#Unicode Version#
လှချင်ပေမယ့်လည်း ပင်ပန်းခက်ခဲတဲ့ဝိတ်ချနည်းလမ်းတွေကို မလိုက်နာနိုင်တဲ့သူတွေရှိလား။ gymဆော့ပြီး လေ့ကျင့်ခန်းတွေအပြင်းအထန်ပြုလုပ်စရာမလိုတဲ့အပြင် အစားအသောက်ကိုလည်း ထွေထွေထူးထူးရှောင်ကြဉ်စရာမလိုဘဲ ဝိတ်ကျစေနိုင်တဲ့ နည်းလမ်းကောင်းလေးကို ယူဆောင်လာပါပြီနော်။

(၁) အစာမစားခင်ရေတစ်ဖန်ခွက်သောက်ပါ

ဗိုက်အရမ်းဆာနေတာကြောင့် ဝိတ်လျော့နေတဲ့အစီအစဉ်ကိုတောင် မေ့သွားပြီး စားမိစားရာဇွတ်စားမိတဲ့အခါတွေ ကြုံဖူးမယ်ထင်ပါတယ်။ ဒီလိုဆိုရင်တော့ အစာတစ်ခုခုမစားခင်မှာ ရေတစ်ဖန်ခွက်ကို အရင်ဦးဆုံးသောက်သုံးပေးပါ။ ဒါကိုအလေ့အကျင့်တစ်ခုလိုလုပ်ထားပါ။ တစ်ခုခုစားတော့မယ်ဆိုတာနဲ့ ရေသောက်တဲ့အလေ့အကျင့်ကို အမြဲပြုလုပ်တတ်ပါစေ။ ရေသောက်လိုက်တာကြောင့် ဗိုက်ပြည့်သွားသလိုဖြစ်သွားပြီး အလွန်အကျွံစားတတ်တဲ့ စိတ်ကိုထိန်းချုပ် ပေးနိုင်ပါလိမ့်မယ်။

(၂) ထမင်းတစ်လုပ်ကိုအကြိမ်(၂၀)ခန့်ဝါးပါ

ထမင်းကိုကြာကြာဝါးတာက အများကြီးလည်းမစားမိတော့သလို နည်းနည်းစားရုံနဲ့ ဗိုက်ပြည့်စေသလိုထင်ရပါတယ်။ ထမင်းစားတဲ့အခါမှာ အကြိမ်၂၀ခန့်ကို ဖြည်းဖြည်းချင်းဝါးတာက ဝိတ်ချနေသူတွေအတွက် အသင့်တော်ဆုံးအကြိမ်ရေပါပဲလို့ ပညာရှင်များက ဆိုထားပါတယ်။

(၃) ထမင်းစားခန်းနဲ့ မီးဖိုခန်းသုံးပစ္စည်းများကို ခရမ်းရောင်များနဲ့အလှဆင်ပါ

ခရမ်းရောင်၊ အပြာရောင်နဲ့ အစိမ်းရောင်တောက်တောက်တွေက အစာစားချင်စိတ်ကို လျော့နည်းစေတာကြောင့် မီးဖိုခန်းနဲ့ စားပွဲခင်းတွေကို ဒီလိုအရောင်တွေရွေးချယ်ပါ။ ဒါမှမဟုတ် စားသုံးမယ့်ပန်းကန်ကို အစာစားချင် စိတ်ထိန်းချုပ်နိုင်တဲ့ ပန်းကန်အရောင်တွေနဲ့ စားသုံးဖို့အကြံပြုလိုက်ရပါတယ်။

(၄) လှေကားထစ်နဲ့အတက်အဆင်းပြုလုပ်ပါ

ဓာတ်လှေကား၊ စက်လှေကားကိုအားကိုးအားထားပြုပြီး အတက်ဆင်းပြုလုပ်မယ့်အစား လမ်းလျှောက်တက်၊ ဆင်းပြုလုပ်ကြည့်လိုက်ပါ။ ပင်ပန်းတဲ့လေ့ကျင့်ခန်းမပြုလုပ်နိုင်ဘူးဆိုရင်တော့ လှေကားထစ်အတက်အဆင်းပြုလုပ်ပြီး လှုပ်လှုပ်ရှားရှားနေဖို့ လိုပါတယ်။ ဒါမှ အဆီပိုတွေလောင်ကျွမ်းနိုင်မှာပါနော်။

(၅) မတ်မတ်ထိုင်ပါ

ကိုယ်နေဟန်ထားမှန်မှန်ကန်ကန်နေမှ ခန္ဓာကိုယ်တွင်း ကယ်လိုရီလောင်ကျွမ်းဖို့အတွက် အထောက်အကူပြုပါတယ်။ တီဗီကြည့်၊ အလုပ်လုပ်တဲ့အခါမှာ မတ်မတ်ထိုင်တဲ့အလေ့အကျင့်လေး ပြုလုပ်ပါ။

ဖိုးသူတော် (www.phothutaw.com)
Credit: နန်း(ရွှေအင်းလေး)
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top