Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

(၁) ကိုယ့္စိတ္ကိုယ္မထိန္းႏိုင္ဘူး

ကိစၥတစ္ခုခုဆိုရင္ ေပါက္ကြဲလိုက္ရမွာေက်နပ္တတ္တာမ်ိဳးဆိုရင္ ေသခ်ာတယ္ သင္ဟာ မရင့္က်က္ေသးပါဘူး။ ရင့္က်က္ဖို႔အတြက္ အမ်ားႀကီးလိုပါေသးတယ္လို႔ ဆိုလို႔ရပါတယ္။ အခ်စ္ေရးပဲျဖစ္ျဖစ္၊ လူမႈေရးပဲျဖစ္ျဖစ္၊ စသျဖင့္ေပါ့။ သင့္ဘက္က ဘယ္လိုပဲခံစားေနရပါေစ ရင့္က်က္ၿပီးသား၊ ရင့္က်က္ဖို႔ႀကိဳးစားေနဆဲ လူတစ္ေယာက္အဖို႔ဆိုရင္ ထိုျပႆနာေတြကို သူတို႔ကိုယ္တိုင္ ေအးေအးေဆးေဆးနဲ႔ပဲေျဖရွင္းလိုက္ၾကတာမ်ားပါတယ္။ အဓိက ကေတာ့ ကိုယ့္စိတ္ကို အတတ္ႏိုင္ဆုံး အေကာင္းဘက္ကေတြးၿပီး စိတ္ေလွ်ာ့လိုက္တယ္ဆိုတဲ့သေဘာပါ။

(၂) အၿမဲတမ္းအတင္းတုတ္တယ္

လူတိုင္းလူတိုင္း ပုံမွန္အားျဖင့္ သူငယ္ခ်င္းေတြနဲ႔ျဖစ္ျဖစ္ အေပါင္းအသင္းေတြဆုံလာၿပီးဆိုရင္ အတင္းေတြ တုတ္တတ္ၾကပါတယ္။ တန္ေဆးလြန္ေဘး ဆိုတဲ့ အတိုင္း အမ်ားႀကီးေျပာျခင္းဟာ သင့္အတြက္မေကာင္းသလို ေဘးပတ္ဝန္းက်င္အတြက္လည္းမေကာင္းပါ။ အေတြးအေခၚျပန္လည္မွ်ေဝျခင္း ႏွင့္ အတင္းေျပာျခင္း ဟာ မတူညီၾကတဲ့အရာပင္ျဖစ္ပါတယ္။ ဒါေၾကာင့္ အတင္းေျပာျခင္းကို ေလွ်ာ့ခ်ၿပီး ဗဟုသုတရေစႏိုင္မည့္ ေတြးေခၚမႈမ်ားကို မွ်ေဝျခင္းျဖင့္ ရင့္က်က္ကို ရယူလိုက္ပါ။

(၃) သင့္အမွားအတြက္ သူတစ္ပါးကို အျပစ္တင္တယ္

ရင့္က်က္ျခင္းဆိုတာ ကိုယ္ရဲ႕ အမွန္ အမွားကို လက္ခံႏိုင္ျခင္းတစ္ခုဆိုလည္းမမွားပါဘူး။ သို႔ေသာ္ လူေတာ္ေတာ္မ်ားမ်ားဟာ ဒါကို လက္မခံတတ္ၾကဘူး။ ကိုယ္လုပ္သမွ်အရာတိုင္း ျဖစ္မလာဘူးဆိုရင္ ဒါဟာ အမွားပဲ ဆိုတဲ့ အတၱ ရွိတတ္ၾကတယ္။ မ်ားေသားအားျဖင့္ အဖြဲ႕အစည္း၊အုပ္စုအလိုက္ ေဆြးေႏြးျခင္း၊ ေက်ာင္းစာ Assignments ေတြမွာ စသျဖင့္ေပါ့။ ကိုယ့္ဘက္က နားလည္ထားရမွာက ကိုယ့္အမွားကိုလက္မခံႏိုင္တဲ့အျပင္ တျခားသူကိုပါ အျပစ္တင္ေျပာဆိုင္ျခင္းသည္ ဒါဟာ မရင့္က်က္ျခင္းပင္ျဖစ္ပါတယ္။

(၄) သူတစ္ပါးကို အၿမဲတမ္း ႏွိမ္တယ္

သင္ေရာ သူမ်ားကို ဘယ္ႏွႀကိမ္ ဘယ္ႏွခါ ႏွိမ္ေျပာဖူးလဲ။ ကိုယ္မ်က္ႏွာသာရဖို႔အတြက္ ကိုယ္မွန္ဖို႔အတြက္ အမ်ားသူအေရွ႕မွာ တျခားသူေတြကို ႏွိမ္ေျပာ အႏိုင္က်င့္ျခင္းဟာ တကယ္တမ္းက်ေတ့ာ အႀကီးမားဆုံးေသာ ႐ူးသြပ္ျခင္းတစ္မ်ိဳးပဲျဖစ္ပါတယ္။ သူတစ္ပါးေကာင္းေနတာကို တိုက္ခိုက္ခ်င္ေနတာဟာ မရင့္က်က္တဲ့ စိတ္ထားပဲျဖစ္ပါတယ္။ သင္လည္း အဲလိုမ်ိဳး တျခားသူေတြအေပၚ အႏိုင္ယူေနတုန္းပဲဆိုရင္ ခုပဲ ရပ္တန႔္လိုက္ပါေနာ္…။

(၅) မည္သူတစ္ဦးတစ္ေယာက္ကိုမွ် မေလးစားတတ္ပါ

ေလးစားပါ။ သင္ျပန္ၿပီး ေလးစားခံရလိမ့္မည္။ သင္သာ လူေတြအေပၚ ႐ိုးေသေလးစားစြာျဖင့္ ေပါင္းသင္းဆက္ဆံႏိုင္ျခင္းဟာ သင္သည္ ရင့္က်က္တဲ့လူတစ္ေယာက္ျဖစ္တဲ့အျပင္ လူေကာင္း တစ္ေယာက္ျဖစ္သည္ဟု အမ်ားက လက္ခံၾကပါလိမ့္မည္။ ဘယ္သူက ငါ့ထက္သာတာလဲ ဆိုတဲ့ အေတြးမ်ိဳးအတြက္ အခ်ိန္အကုန္မခံပါႏွင့္။ တစ္ေယာက္နဲ႔တစ္ေယာက္ ႐ိုးေသျခင္းျဖင့္ သင့္ကိုသင္ ရင့္က်က္မႈတန္ဖိုးကို ဖန္တီးရယူလိုက္ပါ။

(၆) သင့္ကိုသင္ အၿမဲတမ္းမွန္တယ္လို႔ယူဆတယ္

တခါတေလ မွားေနတဲ့အမွန္ေတြကို သင္လက္ခံႏိုင္ဖို႔လိုအပ္ပါတယ္။ လူတိုင္းအမွားနဲ႔မကင္းတတ္ၾကပါ။ အမွားေတြဆီက သင္ခန္းစာကို ယူၿပီး အမွန္ေတြျဖစ္ေအာင္ နားလည္လက္ခံျခင္းဟာ သင့္ကို ရင့္က်က္ေစႏိုင္ပါတယ္။

(၇) အၿမဲတမ္းစိတ္ေကာက္တယ္

ကိစၥေသးေသးေလးပဲျဖစ္ျဖစ္၊ ႀကီးႀကီးပဲျဖစ္ျဖစ္ လူေရွ႕သူေရွ႕မွာ ဘယ္လိုပဲ စိတ္ဆိုးေဒါသထြက္၊ စိတ္ေကာက္ေနပါေစ။ နံပါတ္(၁)အခ်က္မွာေျပာထားသလိုပါပဲ ကိုယ့္စိတ္ကို ႏိုင္ေအာင္ထိန္းရတယ္။ အၿမဲတမ္း စိတ္ေကာက္ေနျခင္းဟာ တခါတေလ လူမႈဆက္ဆံေရးေနရာမွာ ထိခိုက္ေစႏိုင္ပါတယ္။ ဒါကိုၾကည့္ျခင္းအားျဖင္း သင္ဟာ ကေလးစိတ္မကုန္ေသးတဲ့အျပင္ ရင့္က်က္မႈကိုရရွိႏိုင္ဖို႔ အခ်ိန္လိုပါေသးတယ္ဟု ဆိုလို႔ရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: We.com

# Unicode Version #
(၁) ကိုယ့်စိတ်ကိုယ်မထိန်းနိုင်ဘူး

ကိစ္စတစ်ခုခုဆိုရင် ပေါက်ကွဲလိုက်ရမှာကျေနပ်တတ်တာမျိုးဆိုရင် သေချာတယ် သင်ဟာ မရင့်ကျက်သေးပါဘူး။ ရင့်ကျက်ဖို့အတွက် အများကြီးလိုပါသေးတယ်လို့ ဆိုလို့ရပါတယ်။ အချစ်ရေးပဲဖြစ်ဖြစ်၊ လူမှုရေးပဲဖြစ်ဖြစ်၊ စသဖြင့်ပေါ့။ သင့်ဘက်က ဘယ်လိုပဲခံစားနေရပါစေ ရင့်ကျက်ပြီးသား၊ ရင့်ကျက်ဖို့ကြိုးစားနေဆဲ လူတစ်ယောက်အဖို့ဆိုရင် ထိုပြဿနာတွေကို သူတို့ကိုယ်တိုင် အေးအေးဆေးဆေးနဲ့ပဲဖြေရှင်းလိုက်ကြတာများပါတယ်။ အဓိက ကတော့ ကိုယ့်စိတ်ကို အတတ်နိုင်ဆုံး အကောင်းဘက်ကတွေးပြီး စိတ်လျှော့လိုက်တယ်ဆိုတဲ့သဘောပါ။

(၂) အမြဲတမ်းအတင်းတုတ်တယ်

လူတိုင်းလူတိုင်း ပုံမှန်အားဖြင့် သူငယ်ချင်းတွေနဲ့ဖြစ်ဖြစ် အပေါင်းအသင်းတွေဆုံလာပြီးဆိုရင် အတင်းတွေ တုတ်တတ်ကြပါတယ်။ တန်ဆေးလွန်ဘေး ဆိုတဲ့ အတိုင်း အများကြီးပြောခြင်းဟာ သင့်အတွက်မကောင်းသလို ဘေးပတ်ဝန်းကျင်အတွက်လည်းမကောင်းပါ။ အတွေးအခေါ်ပြန်လည်မျှဝေခြင်း နှင့် အတင်းပြောခြင်း ဟာ မတူညီကြတဲ့အရာပင်ဖြစ်ပါတယ်။ ဒါကြောင့် အတင်းပြောခြင်းကို လျှော့ချပြီး ဗဟုသုတရစေနိုင်မည့် တွေးခေါ်မှုများကို မျှဝေခြင်းဖြင့် ရင့်ကျက်ကို ရယူလိုက်ပါ။

(၃) သင့်အမှားအတွက် သူတစ်ပါးကို အပြစ်တင်တယ်

ရင့်ကျက်ခြင်းဆိုတာ ကိုယ်ရဲ့ အမှန် အမှားကို လက်ခံနိုင်ခြင်းတစ်ခုဆိုလည်းမမှားပါဘူး။ သို့သော် လူတော်တော်များများဟာ ဒါကို လက်မခံတတ်ကြဘူး။ ကိုယ်လုပ်သမျှအရာတိုင်း ဖြစ်မလာဘူးဆိုရင် ဒါဟာ အမှားပဲ ဆိုတဲ့ အတ္တ ရှိတတ်ကြတယ်။ များသေားအားဖြင့် အဖွဲ့အစည်း၊အုပ်စုအလိုက် ဆွေးနွေးခြင်း၊ ကျောင်းစာ Assignments တွေမှာ စသဖြင့်ပေါ့။ ကိုယ့်ဘက်က နားလည်ထားရမှာက ကိုယ့်အမှားကိုလက်မခံနိုင်တဲ့အပြင် တခြားသူကိုပါ အပြစ်တင်ပြောဆိုင်ခြင်းသည် ဒါဟာ မရင့်ကျက်ခြင်းပင်ဖြစ်ပါတယ်။

(၄) သူတစ်ပါးကို အမြဲတမ်း နှိမ်တယ်

သင်ရော သူများကို ဘယ်နှကြိမ် ဘယ်နှခါ နှိမ်ပြောဖူးလဲ။ ကိုယ်မျက်နှာသာရဖို့အတွက် ကိုယ်မှန်ဖို့အတွက် အများသူအရှေ့မှာ တခြားသူတွေကို နှိမ်ပြော အနိုင်ကျင့်ခြင်းဟာ တကယ်တမ်းကျတေ့ာ အကြီးမားဆုံးသော ရူးသွပ်ခြင်းတစ်မျိုးပဲဖြစ်ပါတယ်။ သူတစ်ပါးကောင်းနေတာကို တိုက်ခိုက်ချင်နေတာဟာ မရင့်ကျက်တဲ့ စိတ်ထားပဲဖြစ်ပါတယ်။ သင်လည်း အဲလိုမျိုး တခြားသူတွေအပေါ် အနိုင်ယူနေတုန်းပဲဆိုရင် ခုပဲ ရပ်တန့်လိုက်ပါနော်…။

(၅) မည်သူတစ်ဦးတစ်ယောက်ကိုမျှ မလေးစားတတ်ပါ

လေးစားပါ။ သင်ပြန်ပြီး လေးစားခံရလိမ့်မည်။ သင်သာ လူတွေအပေါ် ရိုးသေလေးစားစွာဖြင့် ပေါင်းသင်းဆက်ဆံနိုင်ခြင်းဟာ သင်သည် ရင့်ကျက်တဲ့လူတစ်ယောက်ဖြစ်တဲ့အပြင် လူကောင်း တစ်ယောက်ဖြစ်သည်ဟု အများက လက်ခံကြပါလိမ့်မည်။ ဘယ်သူက ငါ့ထက်သာတာလဲ ဆိုတဲ့ အတွေးမျိုးအတွက် အချိန်အကုန်မခံပါနှင့်။ တစ်ယောက်နဲ့တစ်ယောက် ရိုးသေခြင်းဖြင့် သင့်ကိုသင် ရင့်ကျက်မှုတန်ဖိုးကို ဖန်တီးရယူလိုက်ပါ။

(၆) သင့်ကိုသင် အမြဲတမ်းမှန်တယ်လို့ယူဆတယ်

တခါတလေ မှားနေတဲ့အမှန်တွေကို သင်လက်ခံနိုင်ဖို့လိုအပ်ပါတယ်။ လူတိုင်းအမှားနဲ့မကင်းတတ်ကြပါ။ အမှားတွေဆီက သင်ခန်းစာကို ယူပြီး အမှန်တွေဖြစ်အောင် နားလည်လက်ခံခြင်းဟာ သင့်ကို ရင့်ကျက်စေနိုင်ပါတယ်။

(၇) အမြဲတမ်းစိတ်ကောက်တယ်

ကိစ္စသေးသေးလေးပဲဖြစ်ဖြစ်၊ ကြီးကြီးပဲဖြစ်ဖြစ် လူရှေ့သူရှေ့မှာ ဘယ်လိုပဲ စိတ်ဆိုးဒေါသထွက်၊ စိတ်ကောက်နေပါစေ။ နံပါတ်(၁)အချက်မှာပြောထားသလိုပါပဲ ကိုယ့်စိတ်ကို နိုင်အောင်ထိန်းရတယ်။ အမြဲတမ်း စိတ်ကောက်နေခြင်းဟာ တခါတလေ လူမှုဆက်ဆံရေးနေရာမှာ ထိခိုက်စေနိုင်ပါတယ်။ ဒါကိုကြည့်ခြင်းအားဖြင်း သင်ဟာ ကလေးစိတ်မကုန်သေးတဲ့အပြင် ရင့်ကျက်မှုကိုရရှိနိုင်ဖို့ အချိန်လိုပါသေးတယ်ဟု ဆိုလို့ရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: We.com
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top