ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

အႏုပညာေလာကထဲကုိ ျဖစ္ရပ္မွန္ဇာတ္လမ္းတြဲနဲ႔ အတူ ေနာက္တစ္ႀကိမ္ ျပန္လည္ဝင္ေရာက္လာတဲ့ ေနထက္လင္းကေတာ့ ျမစ္မခမီဒီယာရဲ႕ C.E.O တစ္ေယာက္ျဖစ္သူ ဆရာမေမသႀကၤန္ဟိန္ရဲ႕ ဘဝျဖစ္ရပ္မွန္အေၾကာင္းအရာတစ္ခုျဖစ္တဲ့ မုန္တုိင္းကုိ ရင္ဆုိင္ခဲ့သူေတြ ရုပ္သံဇာတ္လမ္းတြဲမွာ ဆရာမရဲ႕ ဖခင္ျဖစ္သူ ကာရုိက္တာနဲ႔ ပါဝင္သရုပ္ေဆာင္ရမယ့္ အေၾကာင္း Duwun Media ကုိေျပာျပခဲ့ပါတယ္။

'' ဒီဇာတ္ကားေလးကုိ ရုိက္ျဖစ္တာက ကၽြန္ေတာ္က အန္ကယ္လ္ရဲ႕ မ်က္ႏွာက်ပုံနဲ႔ တူေနတယ္။ ၿပီးေတာ့ ဆရာမနဲ႔ေတြ႔ၿပီးေတာ့ ဆရာမက အစ္ကုိ႔ကုိ ဆင္ေပးတာေပါ့ေနာ္။ သူ႔အေဖက ဒါေတြဝတ္တယ္ေပါ့ေနာ္။ ကခ်င္ပုဆုိးဝတ္တယ္။တုိက္ပုံဝတ္တယ္။ လည္ ကတုံး အက်ီၤဆုိလည္း လက္တုိဝတ္တယ္ေပါ့။ ၿပီးေတာ့ ဦးထုတ္ကေလးေစာင္းေပးပါ ေပါ့။ အမ်ဳိးသား စည္းရုံးေရး ဘယ္လုိဆင္းခဲ့ တယ္ေပါ့။ ဘဝက ဘယ္လုိျဖစ္ခဲ့တယ္ဆုိတာကုိ ဆရာမက ၂ နာရီ၊ ၃နာရီ၊ ၄ နာရီ ေလာက္အထိ ဆရာမေျပာျပတယ္။ ဒါကုိ ကၽြန္ေတာ္နားေထာင္ၿပီး ဆရာမက အဝတ္အစားေတြ စီစဥ္ေပးခဲ့တယ္ေပါ့။'' လုိ႔ သူကဆုိပါတယ္။

ဇာတ္ကားေပါင္း ၁၀၀၀ ေက်ာ္ေလာက္ရုိက္ကူးခဲ့တဲ့ အေတြ႔အႀကဳံနဲ႔ ျဖစ္ရပ္မွန္ဇာတ္လမ္းတြဲအတြက္ အေကာင္းဆုံးသရုပ္ေဆာင္သြား မယ့္ အေၾကာင္းကုိလည္း အခုလုိေျပာျပခဲ့ပါတယ္။

'' ကၽြန္ေတာ္ အရင္ကတည္းက ဇာတ္ကားရုိက္ရင္ ဇာတ္ေကာင္ကုိ ဘယ္လုိဖန္တီးထားသလဲ ဆုိၿပီးေတာ့ ဇာတ္ညႊန္းေရးဆရာကုိ ေမးတယ္။ ဒါကေတာ့ စိတ္ကူးယဥ္ဇာတ္လမ္းေတြေပါ့။True Story က်ေတာ့ ကၽြန္ေတာ္တုိ႔မွာ တာဝန္အရမ္းႀကီးတာေပါ့  စိတ္ကူး ယဥ္ဇာတ္လမ္းေတာင္မွ သူတုိ႔ခုိင္းတာ ကၽြန္ေတာ္လုိက္လုပ္တာပဲ ကၽြန္ေတာ္ရုိက္ထားတာ ကားေပါင္း ၁၀၀၀ ေက်ာ္ေလာက္ရွိေပ မယ့္ ဒီျဖစ္ရပ္မွန္ဇာတ္လမ္းတြဲက်ေတာ့ တာဝန္ပုိႀကီးတယ္။ အဲ့ဒီအေတြ႕ အႀကဳံနဲ႔ ကၽြန္ေတာ္အရင္ကတည္းက လုပ္ခဲ့တဲ့ အေတြ႔အႀကဳံ နဲ႔ ေပါင္းၿပီးေတာ့ အေကာင္းဆုံးျဖစ္ေအာင္ပါဝင္သရုပ္ေဆာင္သြားပါမယ္။

မိသားစု တစ္စုရဲ႕ ျဖစ္ရပ္မွန္အေၾကာင္းကုိ ျပန္ရုိက္ထားတဲ့ ဇာတ္ကားျဖစ္လုိ႔ သမုိင္းမွာ က်န္ခဲ့မယ့္ ဇာတ္ကားတစ္ကားလည္း ျဖစ္ တယ္ လုိ႔ ဆုိပါတယ္။ ဇာတ္လမ္းတြဲမွာလည္း အခ်စ္ရယ္၊ အလြမ္းရယ္ သုတ၊ ရသ၊ ဗဟုသုတ ေတြ အမ်ားႀကီး ပါဝင္တဲ့ ဇာတ္ကား ျဖစ္တယ္လုိ႔ သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

# Unicode Version #
အနုပညာလောကထဲကို ဖြစ်ရပ်မှန်ဇာတ်လမ်းတွဲနဲ့ အတူ နောက်တစ်ကြိမ် ပြန်လည်ဝင်ရောက်လာတဲ့ နေထက်လင်းကတော့ မြစ်မခမီဒီယာရဲ့ C.E.O တစ်ယောက်ဖြစ်သူ ဆရာမမေသင်္ကြန်ဟိန်ရဲ့ ဘဝဖြစ်ရပ်မှန်အကြောင်းအရာတစ်ခုဖြစ်တဲ့ မုန်တိုင်းကို ရင်ဆိုင်ခဲ့သူတွေ ရုပ်သံဇာတ်လမ်းတွဲမှာ ဆရာမရဲ့ ဖခင်ဖြစ်သူ ကာရိုက်တာနဲ့ ပါဝင်သရုပ်ဆောင်ရမယ့် အကြောင်း Duwun Media ကိုပြောပြခဲ့ပါတယ်။

'' ဒီဇာတ်ကားလေးကို ရိုက်ဖြစ်တာက ကျွန်တော်က အန်ကယ်လ်ရဲ့ မျက်နှာကျပုံနဲ့ တူနေတယ်။ ပြီးတော့ ဆရာမနဲ့တွေ့ပြီးတော့ ဆရာမက အစ်ကို့ကို ဆင်ပေးတာပေါ့နော်။ သူ့အဖေက ဒါတွေဝတ်တယ်ပေါ့နော်။ ကချင်ပုဆိုးဝတ်တယ်။တိုက်ပုံဝတ်တယ်။ လည် ကတုံး အကျီၤဆိုလည်း လက်တိုဝတ်တယ်ပေါ့။ ပြီးတော့ ဦးထုတ်ကလေးစောင်းပေးပါ ပေါ့။ အမျိုးသား စည်းရုံးရေး ဘယ်လိုဆင်းခဲ့ တယ်ပေါ့။ ဘဝက ဘယ်လိုဖြစ်ခဲ့တယ်ဆိုတာကို ဆရာမက ၂ နာရီ၊ ၃နာရီ၊ ၄ နာရီ လောက်အထိ ဆရာမပြောပြတယ်။ ဒါကို ကျွန်တော်နားထောင်ပြီး ဆရာမက အဝတ်အစားတွေ စီစဉ်ပေးခဲ့တယ်ပေါ့။'' လို့ သူကဆိုပါတယ်။

ဇာတ်ကားပေါင်း ၁၀၀၀ ကျော်လောက်ရိုက်ကူးခဲ့တဲ့ အတွေ့အကြုံနဲ့ ဖြစ်ရပ်မှန်ဇာတ်လမ်းတွဲအတွက် အကောင်းဆုံးသရုပ်ဆောင်သွား မယ့် အကြောင်းကိုလည်း အခုလိုပြောပြခဲ့ပါတယ်။

'' ကျွန်တော် အရင်ကတည်းက ဇာတ်ကားရိုက်ရင် ဇာတ်ကောင်ကို ဘယ်လိုဖန်တီးထားသလဲ ဆိုပြီးတော့ ဇာတ်ညွှန်းရေးဆရာကို မေးတယ်။ ဒါကတော့ စိတ်ကူးယဉ်ဇာတ်လမ်းတွေပေါ့။True Story ကျတော့ ကျွန်တော်တို့မှာ တာဝန်အရမ်းကြီးတာပေါ့  စိတ်ကူး ယဉ်ဇာတ်လမ်းတောင်မှ သူတို့ခိုင်းတာ ကျွန်တော်လိုက်လုပ်တာပဲ ကျွန်တော်ရိုက်ထားတာ ကားပေါင်း ၁၀၀၀ ကျော်လောက်ရှိပေ မယ့် ဒီဖြစ်ရပ်မှန်ဇာတ်လမ်းတွဲကျတော့ တာဝန်ပိုကြီးတယ်။ အဲ့ဒီအတွေ့ အကြုံနဲ့ ကျွန်တော်အရင်ကတည်းက လုပ်ခဲ့တဲ့ အတွေ့အကြုံ နဲ့ ပေါင်းပြီးတော့ အကောင်းဆုံးဖြစ်အောင်ပါဝင်သရုပ်ဆောင်သွားပါမယ်။

မိသားစု တစ်စုရဲ့ ဖြစ်ရပ်မှန်အကြောင်းကို ပြန်ရိုက်ထားတဲ့ ဇာတ်ကားဖြစ်လို့ သမိုင်းမှာ ကျန်ခဲ့မယ့် ဇာတ်ကားတစ်ကားလည်း ဖြစ် တယ် လို့ ဆိုပါတယ်။ ဇာတ်လမ်းတွဲမှာလည်း အချစ်ရယ်၊ အလွမ်းရယ် သုတ၊ ရသ၊ ဗဟုသုတ တွေ အများကြီး ပါဝင်တဲ့ ဇာတ်ကား ဖြစ်တယ်လို့ သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top