Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

ဘဝဆိုတာဘာလည္း ဘဝဆိုတာျဖစ္ျဖစ္လာေနတာပဲ

(Life Is Becoming) အဲ႔ဒီလိုျဖစ္လာေနတယ္

ဆိုတာကာယစြမ္းအင္စိတ္စြမ္းအင္ေတြပါ

အဲ႔ဒီစြမ္းအင္နွစ္ခုကအျမဲေျပာင္းလဲေနတယ္

အခုဘဝမွာပဲအခုပဲဆိုပါေတာ့ငါတို႔ဟာခံရစံရေနရအုံးမွာပါပဲ

လူဝင္စားဆိုသည့္အနက္အဓိပၸါယ္ကို

(The Encyclopaedia Of Psychical Science) လို႔စိတ္ပညာသိပၸံစြယ္စုံက်မ္းမွာေဖၚျပထားပါတယ္

စိတ္ပညာရွင္မ်ားေဖၚျပထားသည္မွာ ဘဝတခုကသက္တမ္းတေလွ်ာက္ေနခဲ႔ရျပီးလွ်င္

သတၲဝါမ်ား၏မူလရုပ္အသြင္တိုင္းဘဝသစ္ကို ျပန္လာျခင္းဟုေဖၚျပ၍ထား၏

ကမ႓ာ႔သာသနာျပဳဆရာေတာ္္ဘုရားႀကီး အရွင္ေသ႒ိလကေဟာႀကားခဲ႔သည္မွာ

မိဘေတြနဲ႕ကံခ်င္းလဲထပ္တယ္ကုသိုလ္ကံ ကလည္းအခြင့္ျကုံရင္လူအျဖစ္ျပန္ဝင္စားခြင့္ရွိတယ္

အရင္ဘဝကဒဏ္ယာေတြအမွတ္သားေတြပါလာတို႔ အရင္ဘဝအေႀကာင္းေတြျပန္သိေနတာတို႔

သတၲဝါေတြရဲ႕စိတ္ထဲမွာစုေတခါနီး မရဏသႏၷေဇာေလာက္မွာပဲစိတ္အစြဲက ေနာက္တဘဝပါလာပါတယ္လို႔ေဟာခဲ႔ပါတယ္

ယခုကြ်န္ေတာ္ေတြ႕ျကုံခဲ႕ရတဲ႕လူဝင္စားမေလး ေမသဲျဖဴအျဖစ္ကလည္းစိတ္ဝင္စားစရာေကာင္း ေနပါတယ္

တစ္ေန႔က်ေတာ္နဲ႔ရင္းနွီးတဲ႔သူငယ္ခ်င္းတစ္ေယာက္၏ ဖခင္ဆုံးလို႔အသုဘပို႔လိုက္သြားပါတယ္

သူငယ္ခ်င္းဖခင္ရဲ႕သျဂၤဳ ိလ္ခ်ိန္က လိုေသးတာေႀကာင့္ပရိတ္သတ္နဲ႕မလွမ္း မကန္းမွာသြားထိုင္ေနပါတယ္

က်ေနာ့္အနီးမွာအေဒၚႀကီးတေယာက္က နွနွစ္ခန္႔ကေလးတေယာက္နဲ႕ထိုင္ေနပါတယ္

က်ေနာ္ကစျပီးနဳတ္ဆက္စကားဆိုမိပါတယ္

အေဒၚတို႔လည္းအသုဘပို႔လား!! ဟုေမးျမန္စပ္စုမိလိုက္သည္တြင္

အေဒၚကမဟုတ္ပါဖူးဒီမွာေနတာပါဟုျပန္ေျဖေတာ့အေတာ္အံ႔ႀသသြားပါတယ္

က်ေနာ္ထပ္ေမးလိုက္ပါတယ္ “ဒီမွာလူေနအိမ္ ေတြရွိလားခင္ဗ်ာ”

သျဂၤ ိဳင္းဆိုေတာ့လည္းအ့ံႀသစြာေမးမိျခင္းပါ

“ဟုတ္တယ္ငါ့တူ”

ေမသဲျဖဴ ကေလးကို လက္ညိဳးထိုး၍ သူ႔အေဖကစည္ပင္ဝန္ထမ္းေလသူတို႔မိသားစုကိုဒီမွာ အိမ္ယာေပးထားတယ္ေလ

က်ေနာ္က… ႀသ ဟုတ္ကဲ႔ သိပါျပီဗ်ာဟုျပန္ေျပာလိုက္ေတာ့

ေအမင္းပုံစံႀကည့္ရတာအ့ံႀသေနတဲ႔ပုံပဲ

သမီးေလးေမသဲျဖဴအေႀကာင္းသိရင္သူငယ္ပိုျပီး အ့ံႀသရမယ္ကြဲ႕

က်ေနာ္မွာ… ဗ်ာ !! ဟု အသံထြက္လွ်က္အံ႔ႀသသြား၏

ဟုတ္တယ္ကြဲ႕

သမီးေလးေမသဲျဖဴကအေဒၚ႕ျမည္းမေလးပါကြယ္

အေဒၚကျကို႔ပင္ေကာက္မွာေနပါတယ္အခုေျမးနဲ႔ သမီးကိုသတိရလို႔လာလည္တာပါ

သူမွဆက္၍ေျမးေလးေမသဲျဖဴကိုမေမြးခင္ သူ႔အေမကိုအိမ္မက္ေပးတယ္ေလ

သူ႔အေမအိမ္မက္ထဲမွာ တရုတ္မႀကီးတေယာက္ကအတူလာေနပါရေစ လို႔အိမ္မက္ေပးတယ္

ေမသဲျဖဴအေမကလဲ အဖြားကဘယ္ကလည္းလို႔ေမးေတာ့ဒီသဂၤ်ဳိင္း ထဲမွာေနတာပါတဲ႕

သူေနတဲ႕အုတ္ဂူကိုေျကြျပားအျပာေရာင္ကပ္ထား တယ္သူ႔ဓါတ္ပုံလည္းအုတ္ဂူမွာမွန္နဲ႕ကပ္ထားတယ္

ေနာက္သူ႔အသက္(၈၁)လို႔ ေရးထားတဲ႔အမွတ္အသားေတြပါေျပာျပပါတယ္

သူ႕ရဲ႕ေျခေထာက္မွာသူ႔သားႀကီး ကအိုးမဲသုတ္လြတ္လိုက္ပါတယ္ကအစေျပာပါတယ္

အိမ္မက္ကတခါလည္းမဟုတ္ မႀကာခဏမက္ေနေတာ့ေမသဲျဖဴအေမက တေန႔စိတ္မရွည္စြာနဲ႕လာေနခ်င္ေနပါ

ဒါမယ့္ပက္ဆံမ်ားမ်ားယူခဲလို႔ေျပာလိုက္တာနဲ႔ တရုတ္မႀကီးကေမသဲျဖဴအေမဝမ္းဗိုက္ ထဲတိုးဝင္သြားတာနဲ႕လန္႔ႏိုးျပီး

ခင္ပြန္းျဖစ္သူကိုအက်ိဳးအေႀကာင္းေျပာျပပါတယ္ နွစ္လေလာက္ႀကာေတြေမသဲျဖဴမိခင္မွာကိုယ္ ဝန္ရွိတာလင္မယားနွစ္ေယာက္သိသြားပါရဲ႕

ေမသဲျဖဴဖခင္ကတေန႔သူ႔ဇနီးေျပာျပခဲ႔ ေသာအုတ္ဂူဖက္ေရာက္လာေတာ့

ေသေသျခာျခာႀကည့္လိုက္ေတာ့ အိမ္မက္ထဲေမသဲျဖဴအေမကိုေျပာျပခဲ႔တဲ႕ အသက္အတိုင္း(၈၁)ရယ္

ေျကြျပားအျပာေရာင္ရယ္ကြယ္လြန္သူ တရုတ္အဖြားႀကီးဓါတ္ပုံရယ္ေတြ႕ရပါေပမယ့္ ခပ္ေမ့ေမ့ပဲေနလိုက္ပါတယ္

ကိုယ္ဝန္ကအခ်ိန္တန္ေတာ့မီးဖြားရပါျပီ ေမြးေတာ့မိန္းကေလးဆိုေတာ့စိတ္ထဲနည္းနည္းေတာ့သံသယျဖစ္မိႀကတယ္

အမွတ္သားတခုထူးျခားတာက ေျခသလုံးမွာ အိမ္မက္ထဲကအမွတ္အသားႀကီးတခုပါလာတာပါပဲ

(ထိုသို႔ေျပာရင္အေဒၚႀကီးမွေမသဲျဖဴ၏ေျခေထာက္မွ အမွတ္အသားကိုျပသျဖင့္ကြ်န္ေတာ္ခြင့္ေတာင္းျပီး ဓါတ္ပုံရိုက္ခဲ႔ပါသည္) စာေရသူ

တနွစ္ေက်ာ္အစာစားတဲ႕အခ်ိန္မွာ တရုတ္အစားစာကိုခုံမင္စြာစားေသာက္ပါတယ္

ေမသဲျဖဴမွ သူေျခေထာက္ကအမွတ္အသားကို မိဘေတြအား မႀကာခဏလက္ညိွဳးထိုးျပပါတယ္

ေမသဲျဖဴေမြးဖြားျပီထဲကစီးပြားေရးတိုးတက္ရံုမက ေမသဲျဖဴ၏ဖခင္ရာထူးတိုးပါတယ္

လမ္းေလွ်ာက္တတ္ေတာ့ မိဘေတြကိုအိမ္မက္ထဲကအုတ္ဂူဖက္လက္ညွိဳး ထိုးျပီးသြားမယ္လို႔ဟန္နဲ႕ဂ်ီက်က်ေနပါတယ္

အဲ႔ဒီမွာမိဘေတြကတတ္သိတဲ႔ဆရာေတြကို ေမးျမန္းျပီးဆရာေတြကဘဲဥျပဳတ္ေကြ်းရင္ေတာ့ အတိတ္ကျဖစ္ပ်က္ခဲ႔တာေမ့တတ္တယ္လို႔ေျပာတာနဲ႕

ဘဲဥျပဳတ္ကိုမိဘေတြကေမသဲျဖဴကိုေကြ်းေႀကာင္း က်ေနာ္အ့ံႀသစြာႀကားသိခဲ႔ရပါတယ္ဗ်ာ ။ ။

**အားလုံးကိုေက်းဇူးတင္လွ်က္**

#စိုင္းမင္းသန့္

 #စာကိုး : စာေရးဆရာႀကီးတိုးထက္၏ ျမန္မာျပည္အရပ္ရပ္မွလူဝင္စားမ်ားစာအုပ္


 #စာျကြင္း

တင္ထားေသာဓါတ္ပုံမွာေမသဲျဖဴႏွင့္ အဖြားပုံျဖစ္ပါသည္ ေျခသလုံးမွေမြးရာ ပါအမွတ္အားျပသေနတာပါ ။

က်ေနာ့္ကိုယ္ေတြ႕ဇာတ္လမ္းျဖစ္ရပ္မွန္ပါ………။



ဖိုးသူေတာ္ (www.phothutaw.com)
Credit: စိုင္းမင္းသန့္

#Unicode Version#
ဘဝဆိုတာဘာလည်း ဘဝဆိုတာဖြစ်ဖြစ်လာနေတာပဲ

(Life Is Becoming) အဲ့ဒီလိုဖြစ်လာနေတယ်

ဆိုတာကာယစွမ်းအင်စိတ်စွမ်းအင်တွေပါ

အဲ့ဒီစွမ်းအင်နှစ်ခုကအမြဲပြောင်းလဲနေတယ်

အခုဘဝမှာပဲအခုပဲဆိုပါတော့ငါတို့ဟာခံရစံရနေရအုံးမှာပါပဲ

လူဝင်စားဆိုသည့်အနက်အဓိပ္ပါယ်ကို

(The Encyclopaedia Of Psychical Science) လို့စိတ်ပညာသိပ္ပံစွယ်စုံကျမ်းမှာဖေါ်ပြထားပါတယ်

စိတ်ပညာရှင်များဖေါ်ပြထားသည်မှာ ဘဝတခုကသက်တမ်းတလျှောက်နေခဲ့ရပြီးလျှင်

သတ္တဝါများ၏မူလရုပ်အသွင်တိုင်းဘဝသစ်ကို ပြန်လာခြင်းဟုဖေါ်ပြ၍ထား၏

ကမ္ဘာ့သာသနာပြုဆရာတော်ဘုရားကြီး အရှင်သေဋ္ဌိလကဟောကြားခဲ့သည်မှာ

မိဘတွေနဲ့ကံချင်းလဲထပ်တယ်ကုသိုလ်ကံ ကလည်းအခွင့်ကြုံရင်လူအဖြစ်ပြန်ဝင်စားခွင့်ရှိတယ်

အရင်ဘဝကဒဏ်ယာတွေအမှတ်သားတွေပါလာတို့ အရင်ဘဝအကြောင်းတွေပြန်သိနေတာတို့

သတ္တဝါတွေရဲ့စိတ်ထဲမှာစုတေခါနီး မရဏသန္နဇောလောက်မှာပဲစိတ်အစွဲက နောက်တဘဝပါလာပါတယ်လို့ဟောခဲ့ပါတယ်

ယခုကျွန်တော်တွေ့ကြုံခဲ့ရတဲ့လူဝင်စားမလေး မေသဲဖြူအဖြစ်ကလည်းစိတ်ဝင်စားစရာကောင်း နေပါတယ်

တစ်နေ့ကျတော်နဲ့ရင်းနှီးတဲ့သူငယ်ချင်းတစ်ယောက်၏ ဖခင်ဆုံးလို့အသုဘပို့လိုက်သွားပါတယ်

သူငယ်ချင်းဖခင်ရဲ့သင်္ဂြု ိလ်ချိန်က လိုသေးတာကြောင့်ပရိတ်သတ်နဲ့မလှမ်း မကန်းမှာသွားထိုင်နေပါတယ်

ကျနော့်အနီးမှာအဒေါ်ကြီးတယောက်က နှနှစ်ခန့်ကလေးတယောက်နဲ့ထိုင်နေပါတယ်

ကျနော်ကစပြီးနုတ်ဆက်စကားဆိုမိပါတယ်

အဒေါ်တို့လည်းအသုဘပို့လား!! ဟုမေးမြန်စပ်စုမိလိုက်သည်တွင်

အဒေါ်ကမဟုတ်ပါဖူးဒီမှာနေတာပါဟုပြန်ဖြေတော့အတော်အံ့သြသွားပါတယ်

ကျနော်ထပ်မေးလိုက်ပါတယ် “ဒီမှာလူနေအိမ်တွေရှိလားခင်ဗျာ”

သင်္ဂြ ိုင်းဆိုတော့လည်းအံ့သြစွာမေးမိခြင်းပါ

“ဟုတ်တယ်ငါ့တူ”

မေသဲဖြူ ကလေးကို လက်ညိုးထိုး၍ သူ့အဖေကစည်ပင်ဝန်ထမ်းလေသူတို့မိသားစုကိုဒီမှာ အိမ်ယာပေးထားတယ်လေ

ကျနော်က… သြ ဟုတ်ကဲ့ သိပါပြီဗျာဟုပြန်ပြောလိုက်တော့

အေမင်းပုံစံကြည့်ရတာအံ့သြနေတဲ့ပုံပဲ

သမီးလေးမေသဲဖြူအကြောင်းသိရင်သူငယ်ပိုပြီး အံ့သြရမယ်ကွဲ့

ကျနော်မှာ… ဗျာ !! ဟု အသံထွက်လျှက်အံ့သြသွား၏

ဟုတ်တယ်ကွဲ့

သမီးလေးမေသဲဖြူကအဒေါ့်မြည်းမလေးပါကွယ်

အဒေါ်ကကြို့ပင်ကောက်မှာနေပါတယ်အခုမြေးနဲ့ သမီးကိုသတိရလို့လာလည်တာပါ

သူမှဆက်၍မြေးလေးမေသဲဖြူကိုမမွေးခင် သူ့အမေကိုအိမ်မက်ပေးတယ်လေ

သူ့အမေအိမ်မက်ထဲမှာ တရုတ်မကြီးတယောက်ကအတူလာနေပါရစေ လို့အိမ်မက်ပေးတယ်

မေသဲဖြူအမေကလဲ အဖွားကဘယ်ကလည်းလို့မေးတော့ဒီသင်္ဂျိုင်း ထဲမှာနေတာပါတဲ့

သူနေတဲ့အုတ်ဂူကိုကြွေပြားအပြာရောင်ကပ်ထား တယ်သူ့ဓါတ်ပုံလည်းအုတ်ဂူမှာမှန်နဲ့ကပ်ထားတယ်

နောက်သူ့အသက်(၈၁)လို့ ရေးထားတဲ့အမှတ်အသားတွေပါပြောပြပါတယ်

သူ့ရဲ့ခြေထောက်မှာသူ့သားကြီး ကအိုးမဲသုတ်လွတ်လိုက်ပါတယ်ကအစပြောပါတယ်

အိမ်မက်ကတခါလည်းမဟုတ် မကြာခဏမက်နေတော့မေသဲဖြူအမေက တနေ့စိတ်မရှည်စွာနဲ့လာနေချင်နေပါ

ဒါမယ့်ပက်ဆံများများယူခဲလို့ပြောလိုက်တာနဲ့ တရုတ်မကြီးကမေသဲဖြူအမေဝမ်းဗိုက် ထဲတိုးဝင်သွားတာနဲ့လန့်နိုးပြီး

ခင်ပွန်းဖြစ်သူကိုအကျိုးအကြောင်းပြောပြပါတယ် နှစ်လလောက်ကြာတွေမေသဲဖြူမိခင်မှာကိုယ် ဝန်ရှိတာလင်မယားနှစ်ယောက်သိသွားပါရဲ့

မေသဲဖြူဖခင်ကတနေ့သူ့ဇနီးပြောပြခဲ့ သောအုတ်ဂူဖက်ရောက်လာတော့

သေသေခြာခြာကြည့်လိုက်တော့ အိမ်မက်ထဲမေသဲဖြူအမေကိုပြောပြခဲ့တဲ့ အသက်အတိုင်း(၈၁)ရယ်

ကြွေပြားအပြာရောင်ရယ်ကွယ်လွန်သူ တရုတ်အဖွားကြီးဓါတ်ပုံရယ်တွေ့ရပါပေမယ့် ခပ်မေ့မေ့ပဲနေလိုက်ပါတယ်

ကိုယ်ဝန်ကအချိန်တန်တော့မီးဖွားရပါပြီ မွေးတော့မိန်းကလေးဆိုတော့စိတ်ထဲနည်းနည်းတော့သံသယဖြစ်မိကြတယ်

အမှတ်သားတခုထူးခြားတာက ခြေသလုံးမှာ အိမ်မက်ထဲကအမှတ်အသားကြီးတခုပါလာတာပါပဲ

(ထိုသို့ပြောရင်အဒေါ်ကြီးမှမေသဲဖြူ၏ခြေထောက်မှ အမှတ်အသားကိုပြသဖြင့်ကျွန်တော်ခွင့်တောင်းပြီး ဓါတ်ပုံရိုက်ခဲ့ပါသည်) စာရေသူ

တနှစ်ကျော်အစာစားတဲ့အချိန်မှာ တရုတ်အစားစာကိုခုံမင်စွာစားသောက်ပါတယ်

မေသဲဖြူမှ သူခြေထောက်ကအမှတ်အသားကို မိဘတွေအား မကြာခဏလက်ညှိုးထိုးပြပါတယ်

မေသဲဖြူမွေးဖွားပြီထဲကစီးပွားရေးတိုးတက်ရုံမက မေသဲဖြူ၏ဖခင်ရာထူးတိုးပါတယ်

လမ်းလျှောက်တတ်တော့ မိဘတွေကိုအိမ်မက်ထဲကအုတ်ဂူဖက်လက်ညှိုး ထိုးပြီးသွားမယ်လို့ဟန်နဲ့ဂျီကျကျနေပါတယ်

အဲ့ဒီမှာမိဘတွေကတတ်သိတဲ့ဆရာတွေကို မေးမြန်းပြီးဆရာတွေကဘဲဥပြုတ်ကျွေးရင်တော့ အတိတ်ကဖြစ်ပျက်ခဲ့တာမေ့တတ်တယ်လို့ပြောတာနဲ့

ဘဲဥပြုတ်ကိုမိဘတွေကမေသဲဖြူကိုကျွေးကြောင်း ကျနော်အံ့သြစွာကြားသိခဲ့ရပါတယ်ဗျာ ။ ။

**အားလုံးကိုကျေးဇူးတင်လျှက်**

#စိုင်းမင်းသန့်

 #စာကိုး : စာရေးဆရာကြီးတိုးထက်၏ မြန်မာပြည်အရပ်ရပ်မှလူဝင်စားများစာအုပ်





 #စာကြွင်း

တင်ထားသောဓါတ်ပုံမှာမေသဲဖြူနှင့် အဖွားပုံဖြစ်ပါသည် ခြေသလုံးမှမွေးရာ ပါအမှတ်အားပြသနေတာပါ ။

ကျနော့်ကိုယ်တွေ့ဇာတ်လမ်းဖြစ်ရပ်မှန်ပါ………။


ဖိုးသူတော် (www.phothutaw.com)
Credit: စိုင်းမင်းသန့်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top