လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

ေရခဲမ်ား ဖံုးလႊမ္းေနသည့္ အႏၲာတိကတိုက္ ၏ အေရွ႕ဘက္ ကမ္း႐ိုးတန္းရွိ Princess Elizabeth Land ေရခဲျပင္ ေအာက္တြင္ ႀကီးမားေသာ လွ်ဳိ႕ဝွက္ ေရကန္ႀကီးႏွင့္ ေခ်ာက္စနစ္ တစ္ခု တည္ရွိမႈ သက္ေသမ်ားကို သိပၸံ ပညာရွင္ မ်ားက ဗီယင္နာၿမိဳ႕၌ ျပဳလုပ္ေသာ ဥေရာပ ဘူမိသိပၸံ သမဂၢတြင္ ထုတ္ေဖာ္ျပသ ခဲ့ေၾကာင္း သိရသည္။

ထိုကဲ့သို႔ ရွာေဖြေတြ႕ရွိ မႈသည္ အႏၲာတိကတိုက္ ၏ နားလည္ရန္ ခက္ခဲေသာ ပေဟဠိမ်ား အၾကား ကဲြလဲြမႈမ်ားကို ျဖည့္စြမ္းေပး ႏုိင္မည္ ျဖစ္သည္။

အဆိုပါ Princess Elizabeth Land ေရခဲျပင္ ႀကီးသည္ အရြယ္အစား အားျဖင့္ ၿဗိတိန္ႏိုင္ငံထက္ ႀကီးမားေၾကာင္း ႏွင့္ ၄င္း၏ ေအာက္တြင္ မည္သည့္ အရာမ်ား တည္ရွိ ေနသည္ကို မိမိတို႔ အေနျဖင့္ အနည္း အက်ဥ္းမွ် သာ သိရွိေသးေၾကာင္း သုေတသန အဖဲြ႕ ေခါင္းေဆာင္ ေဒါက္တာ စတီးဝပ္ ဂ်ေမဆန္ က ေျပာၾကားသည္။

ယင္း ေရခဲျပင္ ေအာက္ရွိ လွ်ဳိ႕ဝွက္ ဆန္းၾကယ္ေသာ ေရကန္ႀကီး သည္ အရွည္ ၁ဝဝ ကီလိုမီတာ ႏွင့္ အက်ယ္ ၁ဝ ကီလိုမီတာ ရွိႏုိင္သည္ဟု ယူဆရေၾကာင္း ႏွင့္ ေခ်ာက္စနစ္ သည္လည္း ၁ဝဝဝ ကီလိုမီတာ ရွည္လ်ားၿပီး အခ်ဳိ႕ေနရာ မ်ားတြင္ ၁ ကီလုိမီတာ အထိ နက္ေၾကာင္း ေရကန္စူးစမ္း ေလ့လာေရး အဖဲြ႕ဝင္ မာတင္ဆီးဂါ့တ္ က ေျပာၾကား ထားသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: PyiChitThar

#Unicode Version#
ရေခဲများ ဖုံးလွှမ်းနေသည့် အန္တာတိကတိုက် ၏ အရှေ့ဘက် ကမ်းရိုးတန်းရှိ Princess Elizabeth Land ရေခဲပြင် အောက်တွင် ကြီးမားသော လျှို့ဝှက် ရေကန်ကြီးနှင့် ချောက်စနစ် တစ်ခု တည်ရှိမှု သက်သေများကို သိပ္ပံ ပညာရှင် များက ဗီယင်နာမြို့၌ ပြုလုပ်သော ဥရောပ ဘူမိသိပ္ပံ သမဂ္ဂတွင် ထုတ်ဖော်ပြသ ခဲ့ကြောင်း သိရသည်။

ထိုကဲ့သို့ ရှာဖွေတွေ့ရှိ မှုသည် အန္တာတိကတိုက် ၏ နားလည်ရန် ခက်ခဲသော ပဟေဠိများ အကြား ကွဲလွဲမှုများကို ဖြည့်စွမ်းပေး နိုင်မည် ဖြစ်သည်။

အဆိုပါ Princess Elizabeth Land ရေခဲပြင် ကြီးသည် အရွယ်အစား အားဖြင့် ဗြိတိန်နိုင်ငံထက် ကြီးမားကြောင်း နှင့် ၎င်း၏ အောက်တွင် မည်သည့် အရာများ တည်ရှိ နေသည်ကို မိမိတို့ အနေဖြင့် အနည်း အကျဉ်းမျှ သာ သိရှိသေးကြောင်း သုတေသန အဖွဲ့ ခေါင်းဆောင် ဒေါက်တာ စတီးဝပ် ဂျမေဆန် က ပြောကြားသည်။

ယင်း ရေခဲပြင် အောက်ရှိ လျှို့ဝှက် ဆန်းကြယ်သော ရေကန်ကြီး သည် အရှည် ၁ဝဝ ကီလိုမီတာ နှင့် အကျယ် ၁ဝ ကီလိုမီတာ ရှိနိုင်သည်ဟု ယူဆရကြောင်း နှင့် ချောက်စနစ် သည်လည်း ၁ဝဝဝ ကီလိုမီတာ ရှည်လျားပြီး အချို့နေရာ များတွင် ၁ ကီလိုမီတာ အထိ နက်ကြောင်း ရေကန်စူးစမ်း လေ့လာရေး အဖွဲ့ဝင် မာတင်ဆီးဂါ့တ် က ပြောကြား ထားသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: PyiChitThar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top