ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

ခ်စ္သူေရ.. နင္နဲ႔ငါက အရမ္းခ်စ္ၾကတဲ့သူေတြပါ။ တစ္ခါတစ္ေလ စိတ္အခန္႔အသင့္ရင္ေတာ့ တုိ႔ေတြၾကား ရန္ပြဲဆုိတာ ရွိလာမွာပါပဲ။

အဲဒီ့အခါမွာ တုိ႔ေတြရဲ႕ ခဏတာဆံုးျဖတ္ခ်က္ေလးနဲ႔ ခ်က္ခ်င္းၾကီး လမ္းမခြဲလုိက္ပါနဲ႔။ ငါ ၾကိဳေတာင္းပန္တာပါ။ တကယ္ေတာ့ ငါနင့္ကို သိပ္ခ်စ္တာပါ။

ေနာက္တစ္ေယာက္ဆုိတာကို ငါေတြးကိုမေတြးထားမိတာပါ။ ေဒါသေတြ၊ စိတ္ခံစားခ်က္ေတြေၾကာင့္ေတာ့ သိပ္ခ်စ္တဲ့ ငါတုိ႔ေတြ လမ္းမခြဲခ်င္ဘူး။

၁။ ေခါင္းေအးေအးထား စဥ္းစား ။

ဟုတ္တယ္။ ငါတုိ႔ ေခါင္းေအးေအးထားရမယ္။ တကယ္ေတာ့ ငါတုိ႔ ရန္ျဖစ္ၾကတာ ခဏတာေလးပါ။ ဒီခဏေလးျပီးရင္ အၾကာၾကီးေဝးဖုိ႔ဆုိတာ မျဖစ္နုိင္ဘူးေလ။ ငါတုိ႔ရန္ျဖစ္တာေရာ၊ ဘာေၾကာင့္လဲ။ လမ္းခြဲဖုိ႔ေလာက္ထိေရာ၊ ျဖစ္သင့္ရဲ႕လား။ ဘာေတြေၾကာင့္ ဒီအေျခအေနေတြအထိ ျဖစ္လာခဲ့လဲ။ ငါတုိ႔ ေခါင္းေအးေအးထားျပီး စဥ္းစားမယ္။

၂။ မွားတဲ့သူ ေတာင္းပန္ေၾကး။

ခ်စ္သူေရ.. ဘယ္သူမဆုိ ကုိယ္မွားတာကို တာဝန္ယူမွ၊ ဝန္ခံမွ။ အထူးသျဖင့္ ကုိယ္တုိ႔ ခ်စ္သူေတြၾကားမွာေပ့ါ။ အမွားကိုသိရင္ အမွန္ျပင္ရမယ့္ သတၱိ ငါတုိ႔မွာ ရွိရမယ္ေလ။ မွားတဲ့သူက အရင္ေတာင္းပန္ေၾကးေနာ္။ ေနာက္ျပီး ေတာင္းပန္တာကုိလည္း လက္ခံေၾကး။ ခြင့္လႊတ္ေၾကး။

၃။ အေလွ်ာ့ေပးရမယ္။

တကယ္ေတာ့ေလ ဘယ္သူမွားမွား ဘယ္သူမွန္မွန္၊ တကယ္ခ်စ္ရင္ အေလ်ာ့ကို ေပးရမယ္။ ဒီကမာၻၾကီးမွာ တကယ္ခ်စ္တဲ့သူတုိင္း တစ္မ်ိဳးစီရူးသြပ္တာ နင္လည္း သိသားပဲ။ ကဲ.. ငါကေတာ့ နင့္ကိုသိပ္ခ်စ္လို႔ နင္မွားလည္း ငါကပဲ ေတာင္းပန္အေလ်ာ့ေပးပါ့မယ္။

၄။ ေသြးမပူပါနဲ႔။

ငါတုိ႔ၾကား ရန္ပြဲေတြကို ဦးတည္လာတာနဲ႔ ေအာ္မေျပာပါနဲ႔။ တစ္ေယာက္ကိုတစ္ေယာက္ မေစာ္ကားမိပါေစနဲ႔။ ခံစားမႈေတြကို အရမ္းၾကီး ေရွ႕တန္းမတင္ပါနဲ႔။

၅။ တစ္ေယာက္အေပၚတစ္ေယာက္ ေလးစားမႈ။

တစ္ေယာက္နဲ႔တစ္ေယာက္ၾကား ေလးစားမႈဆုိတာသာ ရွိေနရင္ အတၱေတြမရွိဘူး၊ အထင္အျမင္လြဲမွားတာေတြ မရွိဘူး။ ရန္ပြဲေတြဆုိတာလည္း နည္းလိမ့္မယ္။ နင္နဲ႔ငါအၾကား အျပန္အလွန္ ေလးစားမႈဆုိတာသာ ရွိခဲ့ရင္ တုိ႔ရဲ႕အခ်စ္ခရီးက ေျဖာင့္ျဖဴးေနမွာပါ။

၆။ နားလည္မႈ။

အခ်စ္တစ္ခုမွာ ခ်စ္ျခင္းျပီးရင္ အေရးအၾကီးဆံုးက နားလည္မႈပဲတဲ့။ နားလည္မႈက ရန္ပြဲေတြကို ေက်ာ္လႊားေစတယ္။ စစ္ပြဲေတြကို ရပ္တန္႔ေစတယ္။ ပဋိပကၡေတြကို အျပီးသတ္ေစတယ္။ ငါတုိွ႔အၾကား နားလည္မႈေတြရွိေနသ၍ေတာ့ ေက်ာခုိင္းသြားၾကမွာ မဟုတ္ပါဘူး။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: loveshop

#Unicode Version#

ချစ်သူရေ.. နင်နဲ့ငါက အရမ်းချစ်ကြတဲ့သူတွေပါ။ တစ်ခါတစ်လေ စိတ်အခန့်အသင့်ရင်တော့ တို့တွေကြား ရန်ပွဲဆိုတာ ရှိလာမှာပါပဲ။

အဲဒီ့အခါမှာ တို့တွေရဲ့ ခဏတာဆုံးဖြတ်ချက်လေးနဲ့ ချက်ချင်းကြီး လမ်းမခွဲလိုက်ပါနဲ့။ ငါ ကြိုတောင်းပန်တာပါ။ တကယ်တော့ ငါနင့်ကို သိပ်ချစ်တာပါ။

နောက်တစ်ယောက်ဆိုတာကို ငါတွေးကိုမတွေးထားမိတာပါ။ ဒေါသတွေ၊ စိတ်ခံစားချက်တွေကြောင့်တော့ သိပ်ချစ်တဲ့ ငါတို့တွေ လမ်းမခွဲချင်ဘူး။

၁။ ခေါင်းအေးအေးထား စဉ်းစား ။

ဟုတ်တယ်။ ငါတို့ ခေါင်းအေးအေးထားရမယ်။ တကယ်တော့ ငါတို့ ရန်ဖြစ်ကြတာ ခဏတာလေးပါ။ ဒီခဏလေးပြီးရင် အကြာကြီးဝေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ။ ငါတို့ရန်ဖြစ်တာရော၊ ဘာကြောင့်လဲ။ လမ်းခွဲဖို့လောက်ထိရော၊ ဖြစ်သင့်ရဲ့လား။ ဘာတွေကြောင့် ဒီအခြေအနေတွေအထိ ဖြစ်လာခဲ့လဲ။ ငါတို့ ခေါင်းအေးအေးထားပြီး စဉ်းစားမယ်။

၂။ မှားတဲ့သူ တောင်းပန်ကြေး။

ချစ်သူရေ.. ဘယ်သူမဆို ကိုယ်မှားတာကို တာဝန်ယူမှ၊ ဝန်ခံမှ။ အထူးသဖြင့် ကိုယ်တို့ ချစ်သူတွေကြားမှာပေ့ါ။ အမှားကိုသိရင် အမှန်ပြင်ရမယ့် သတ္တိ ငါတို့မှာ ရှိရမယ်လေ။ မှားတဲ့သူက အရင်တောင်းပန်ကြေးနော်။ နောက်ပြီး တောင်းပန်တာကိုလည်း လက်ခံကြေး။ ခွင့်လွှတ်ကြေး။

၃။ အလျှော့ပေးရမယ်။

တကယ်တော့လေ ဘယ်သူမှားမှား ဘယ်သူမှန်မှန်၊ တကယ်ချစ်ရင် အလျော့ကို ပေးရမယ်။ ဒီကမ္ဘာကြီးမှာ တကယ်ချစ်တဲ့သူတိုင်း တစ်မျိုးစီရူးသွပ်တာ နင်လည်း သိသားပဲ။ ကဲ.. ငါကတော့ နင့်ကိုသိပ်ချစ်လို့ နင်မှားလည်း ငါကပဲ တောင်းပန်အလျော့ပေးပါ့မယ်။

၄။ သွေးမပူပါနဲ့။

ငါတို့ကြား ရန်ပွဲတွေကို ဦးတည်လာတာနဲ့ အော်မပြောပါနဲ့။ တစ်ယောက်ကိုတစ်ယောက် မစော်ကားမိပါစေနဲ့။ ခံစားမှုတွေကို အရမ်းကြီး ရှေ့တန်းမတင်ပါနဲ့။

၅။ တစ်ယောက်အပေါ်တစ်ယောက် လေးစားမှု။

တစ်ယောက်နဲ့တစ်ယောက်ကြား လေးစားမှုဆိုတာသာ ရှိနေရင် အတ္တတွေမရှိဘူး၊ အထင်အမြင်လွဲမှားတာတွေ မရှိဘူး။ ရန်ပွဲတွေဆိုတာလည်း နည်းလိမ့်မယ်။ နင်နဲ့ငါအကြား အပြန်အလှန် လေးစားမှုဆိုတာသာ ရှိခဲ့ရင် တို့ရဲ့အချစ်ခရီးက ဖြောင့်ဖြူးနေမှာပါ။

၆။ နားလည်မှု။

အချစ်တစ်ခုမှာ ချစ်ခြင်းပြီးရင် အရေးအကြီးဆုံးက နားလည်မှုပဲတဲ့။ နားလည်မှုက ရန်ပွဲတွေကို ကျော်လွှားစေတယ်။ စစ်ပွဲတွေကို ရပ်တန့်စေတယ်။ ပဋိပက္ခတွေကို အပြီးသတ်စေတယ်။ ငါတိုှ့အကြား နားလည်မှုတွေရှိနေသ၍တော့ ကျောခိုင်းသွားကြမှာ မဟုတ်ပါဘူး။


ဖိုးသူတော် (www.phothutaw.com)
Credit: loveshop
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top