လစဥ္ (၄.၇၅) သိန္းေက်ာ္ သြင္း႐ံုျဖင့္ သိန္း (၉၀၀) တန္ ကြန္ဒို ပိုင္ဆိုင္ႏိုင္မည့္ အခြင့္အေရး
×

သာသနာေတာ္ညႇိဳးႏြမ္း ေစမႈအပါအဝင္ပုဒ္မသံုးခုျဖင့္ အ မႈဖြင့္ခံထားရေသာ အမ်ိဳးသား သည္ စက္တင္ဘာ ၁၂ ရက္က မဂၤလာေတာင္ၫြန္႔ၿမိဳ႕မရဲစခန္း သို႔ လာေရာက္အဖမ္းခံခဲ့ေၾကာင္း ရန္ကုန္တိုင္းရဲတပ္ဖြဲ႕ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာတြင္ ေဖာ္ျပထားသည္။ျပစ္မႈက်ဴးလြန္သူကို မဂၤလာေတာင္ၫြန္႔ရဲစခန္းက ဝတၱရား ေႏွာင့္ယွက္မႈပုဒ္မ ၁၈၆၊ ညစ္ ညမ္းစြာ ဆဲဆိုမႈပုဒ္မ ၂၉၄၊ သာ သနာညႇိဳးႏြမ္းေစမႈပုဒ္မ ၂၉၅(က) တို႔ျဖင့္ အမႈဖြင့္ထားသည္။

‘‘ရဲစခန္းကို ေန႔လယ္ ၁၂ နာရီေက်ာ္ေလာက္က လာအပ္သြားတယ္။ ရမန္ယူၿပီး သူ႔ကို အင္းစိန္ေထာင္ကို ပို႔လိုက္ပါၿပီ။ အမႈကေတာ့ မူလစြဲဆိုထားတဲ့ ပုဒ္မသံုးခုနဲ႔ပဲ တရား႐ံုးမွာ စြဲဆို ထားပါတယ္။ အမႈကို စက္တင္ ဘာ ၂၀ ရက္မွာ စတင္စစ္ေဆး ပါမယ္’’ဟု မဂၤလာေတာင္ၫြန္႔ရဲ စခန္းမွ ရဲအရာရွိတစ္ဦးက ေျပာ သည္။

မဂၤလာေတာင္ၫြန္႔ၿမိဳ႕နယ္ ဗညားဒလလမ္းႏွင့္ ဦးေအာင္ျမတ္ထြန္းလမ္းထိပ္၌ စက္တင္ဘာ ၄ ရက္ေန႔လယ္က ယာဥ္မႈစစ္အဖြဲ႕ သည္ ယာဥ္လမ္းေၾကာင္းပိတ္ဆို႔ ေနေသာ ေမာ္ေတာ္ယာဥ္မ်ားကို ဖမ္းဆီးေနခ်ိန္ အမႈစစ္ရဲအုပ္ႏွင့္ စကားမ်ားခဲ့ၿပီးေနာက္ ၎အမ်ိဳးသားက ဆဲဆိုသည့္ ဗီဒီယိုဖိုင္မ်ား လူမႈကြန္ရက္တြင္ ပ်ံ႕ႏွံ႔ခဲ့သည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7Day Daily


#Unicode Version#
သာသနာတော်ညှိုးနွမ်း စေမှုအပါအဝင်ပုဒ်မသုံးခုဖြင့် အ မှုဖွင့်ခံထားရသော အမျိုးသား သည် စက်တင်ဘာ ၁၂ ရက်က မင်္ဂလာတောင်ညွန့်မြို့မရဲစခန်း သို့ လာရောက်အဖမ်းခံခဲ့ကြောင်း ရန်ကုန်တိုင်းရဲတပ်ဖွဲ့ဖေ့စ်ဘွတ်ခ် စာမျက်နှာတွင် ဖော်ပြထားသည်။ပြစ်မှုကျူးလွန်သူကို မင်္ဂလာတောင်ညွန့်ရဲစခန်းက ဝတ္တရား နှောင့်ယှက်မှုပုဒ်မ ၁၈၆၊ ညစ် ညမ်းစွာ ဆဲဆိုမှုပုဒ်မ ၂၉၄၊ သာ သနာညှိုးနွမ်းစေမှုပုဒ်မ ၂၉၅(က) တို့ဖြင့် အမှုဖွင့်ထားသည်။

‘‘ရဲစခန်းကို နေ့လယ် ၁၂ နာရီကျော်လောက်က လာအပ် သွားတယ်။ ရမန်ယူပြီး သူ့ကို အင်းစိန်ထောင်ကို ပို့လိုက်ပါပြီ။ အမှုကတော့ မူလစွဲဆိုထားတဲ့ ပုဒ်မသုံးခုနဲ့ပဲ တရားရုံးမှာ စွဲဆို ထားပါတယ်။ အမှုကို စက်တင် ဘာ ၂၀ ရက်မှာ စတင်စစ်ဆေး ပါမယ်’’ဟု မင်္ဂလာတောင်ညွန့်ရဲ စခန်းမှ ရဲအရာရှိတစ်ဦးက ပြော သည်။


မင်္ဂလာတောင်ညွန့်မြို့နယ် ဗညားဒလလမ်းနှင့် ဦးအောင်မြတ်ထွန်းလမ်းထိပ်၌ စက်တင်ဘာ ၄ ရက်နေ့လယ်က ယာဉ်မှုစစ်အဖွဲ့ သည် ယာဉ်လမ်းကြောင်းပိတ်ဆို့ နေသော မော်တော်ယာဉ်များကို ဖမ်းဆီးနေချိန် အမှုစစ်ရဲအုပ်နှင့် စကားများခဲ့ပြီးနောက် ၎င်းအမျိုးသားက ဆဲဆိုသည့် ဗီဒီယိုဖိုင်များ လူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည်။

ဖိုးသူတော် (www.phothutaw.com)
Credit: 7Day Daily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top