Golden City Promotion
×

တခ်ိန္ခ်ိန္မွာ အိမ္ေထာင္ျပဳမယ္လို႔ ဆံုးျဖတ္ထားသူတိုင္း ဒီအရာေလးေတြကို သိထားဖို႔ လိုပါလိမ့္မယ္။

၁။ အၿမဲတမ္း စေတြ႕တုန္းကလိုပဲခ်ိန္းေတြ႕ပါ ။

ခ်ိန္းေတြ႕ျခင္းက ခ်စ္သူရည္းစားဘဝမွာတင္မဟုတ္ပဲ အိမ္ေထာင္သည္ဘဝေရာက္သည္ထိ ဆက္လက္လုပ္ေဆာင္ေပးရမွာျဖစ္ပါတယ္။ အရမ္းထူးထူးဆန္းဆန္းေတြလုပ္ဖို႔မလိုပါဘူး။ ပန္းၿခံေလးတစ္ခုသြားၿပီးႏွစ္ေယာက္သားလမ္းေလွ်ာက္တာတို႔။ ဟိုးစေတြ႕စက အေၾကာင္းေလးေတြျပန္လည္ေျပာဆိုၿပီး ႏွစ္ေယာက္သားဆက္ဆံေရးကို ပိုခိုင္မာေအာင္လုပ္ပါ။ အနာဂတ္အတြက္ အစီအစဥ္ေတြတိုင္ပင္ပါ ။ စိတ္ဖိစီးစရာကိစၥေတြရဲ႕အေဝးမွာ ခဏတာ စိတ္ခ်မ္းသာမႈေလးကို မၾကာခဏရယူေပးပါ။

၂။ ခ်စ္႐ုံတင္မဟုတ္ပဲ ႀကိဳက္ႏွစ္သက္ေပးပါ ။

ခ်စ္ျခင္းတစ္ခုထဲနဲ႔အိမ္ေထာင္ေရးကိုတည္ေဆာက္လို႔မရပါဘူး။ ကိုယ္ခ်စ္တဲ့လူရဲ႕ အေလ့အက်င့္စ႐ိုက္ ေတြကို ႀကိဳက္ႏွစ္သက္ၿပီး စိတ္တူကိုယ္တူရွိျခင္း က ေရရွည္မွာ တည္တံ့ ခိုင္ၿမဲျခင္းကိုျဖစ္ေစပါတယ္။

၃။ ႏွစ္ေယာက္စိတ္တူကိုယ္တူ အသစ္အဆန္းေတြျပဳလုပ္ပါ ။

မသြားဘူးတဲ့ေနရာေတြသြားေလ့လာတာတို႔။ မလုပ္ဘူးတဲ့ adventure ေတြလုပ္ရင္း အခ်ိန္တူတူကုန္ဆုံးျခင္းက တစ္ေယာကနဲ႔တစ္ေယာက္ၾကားက ခ်စ္ခင္ရင္းႏွီးမႈကိုတိုးပြားေစပါတယ္။

၄။ တစ္ေယာက္အေၾကာင္းတစ္ေယာက္ ပိုသိဖို႔ႀကိဳးစားပါ ။

အၿမဲမျပတ္တစ္ေယာက္အေၾကာင္းတစ္ေယာက္ပိုပို သိေအာင္ ေမးခြန္းေတြေမးပါ နားလည္ေအာင္ႀကိဳးစားပါ ။

၅။ ရီစရာေတြအမ်ားႀကီးေျပာပါ ။

တစ္ေယာက္နဲ႔တစ္ေယာက္ဘဝမွာရီရီေမာေမာနဲ႔ေပ်ာ္႐ႊင္စြာေနထိုင္ျခင္းျဖင့္ ေပ်ာ္႐ႊင္တဲ့အိမ္ေထာင္ဘဝကိုျဖတ္သန္းပါ ။

၆။ အခ်စ္ဆုံးလူကိုယူပါ ။

လက္မထပ္ခင္မွာ ကိုယ့္အခ်စ္ဆုံးလူကိုရွာယူပါ။
လက္ထပ္ၿပီးသြားရင္ကိုယ့္မွာရွိတဲ့လူကိုအခ်စ္ဆုံးအျဖစ္မွတ္ယူၿပီးခ်စ္ပါ။

၇။ အိမ္ေထာင္ဖက္က ကိုယ့္စိတ္ထဲမွာရွိသမွ်ကို နတ္မ်က္စိနဲ႔မျမင္ႏိုင္ပါဘူး။

စိတ္ဆိုးတာတို႔ မေက်နပ္တာတို႔ရွိရင္  စိတ္ထဲမွာသိမ္းမထားပါနဲ႔ ။ကိုယ့္အိမ္ေထာင္ဖက္ က စိတ္ထဲကိုထိုးေဖာက္ၿပီးမျမင္ႏိုင္လို႔ေသခ်ာပြင့္ပြင့္လင္းလင္း တိုင္ပင္ၿပီးျပသာနာကိုေျဖရွင္းပါ။ အတိတ္ကအေၾကာင္းေတြကိုျပန္လည္တူးဆြၿပီးရန္မရွာပါနဲ႔။အတူဆက္လက္မတြဲႏိုင္ဖူးလို႔စိတ္ထဲျဖစ္လာတိုင္းသူကိုယ့္ဘဝမွာအေကာင္းဆုံးျဖစ္ခဲ့တဲ့အခ်ိန္ေတြကိုသတိရၿပီး ဆက္လက္ခ်စ္ခင္ပါ။

၈။ မာနကရန္သူပါ။

ျပသာနာျဖစ္လာတိုင္းဘယ္အခ်ိန္အေလွ်ာ့ေပးရမယ္ဆိုတာသိပါ။ မာနကိုစြန႔္လႊတ္ပါ။မာနေၾကာင့္ ေတာ့ခ်စ္သူကိုမစြန႔္လႊတ္သင့္ပါ။

၉။ အႏိုင္အရႈံးမတြက္ပါနဲ႔ ။

သူသာတယ္ငါနာတယ္ဆိုၿပီးတြက္လို႔ျပသာနာေတြမၿပီးသြားပါဘူး။တစ္ေယာက္နဲ႔တစ္ေယာက္အျပစ္တင္ၿပီးတစ္ေယာက္တည္းကိုပဲအျပစ္ပုံခ်တာမ်ိဳးမလုပ္သင့္ပါဘူး။ႏွစ္ေယာက္အတူတြဲၿပီးျပသသာနာေတြကိုအတူရင္ဆိုင္ဖို႔လက္ထပ္ထားတာမေမ့ပါနဲ႔။

၁၀။ မနက္တိုင္းဒီေမးခြန္းေလးကိုေမးပါ။

မနက္ႏိုးလာတိုင္း ကိုယ့္ခ်စ္သူကိုဘယ္လိုပိုေပ်ာ္ေအာင္ထားမလည္းစဥ္းစားပါ။အဲ့လိုေန႔တိုင္စဥ္းစားတဲ့အိမ္ေထာင္စုတစ္ခုကသာယာမွာမလႊဲပါဘူး။

၁၁။ ေလးစားပါ။

တစ္ေယာက္နဲ႔တစ္ေယာက္ေလးစားပါ။ တစ္ေယာက္ဆုံးျဖတ္ခ်က္ကိုတစ္ေယာက္ဆုံးျဖတ္ခ်က္ကိုလိုက္နာပါ။တစ္ေယာက္ရဲ႕ေအာင္ျမင္မႈကိုတစ္ေယာက္ဝမ္းသာေပးပါ။တစ္ေယာက္လုပ္တဲ့အရာတိုင္းကိုတစ္ေယာက္ ခ်ီးက်ဴးၿပီးအသိအမွတ္ျပဳေပးပါ။

၁၂။ တစ္ေယာက္နဲ႔တစ္ေယာက္လိုအပ္ ေနရပါမယ္။

တစ္ေယာက္ကိုတစ္ေယာက္လိုအပ္မွ သာယာတဲ့အိမ္ေထာင္ေရးေလးျဖစ္မွာပါ။

၁၃။ ဘာပဲျဖစ္ျဖစ္ရွိေနေပးပါ။

အေကာင္းေတြႀကဳံေတြ႕ခ်ိန္တင္မဟုတ္ပဲ အဆိုးေတြ ေတြ႕ႀကဳံရတဲ့အခ်ိန္မွာလည္း ကိုယ့္အိမ္ေထာင္ဖက္ေဘးကေနမားမားမတ္မတ္ရပ္တည္ေပးပါ။ အၿမဲဘာေတြျဖစ္ျဖစ္အခက္အခဲၾကားကေနအတူရပ္တည္ျခင္းက ခိုင္မာတဲ့အိမ္ေထာင္ေရးကိုတည္ေဆာက္ေပးမွာပါ။

၁၄။ ေသခ်ာျပတ္သားစြာဆုံးျဖတ္ပါ။

အဆုံးမရွိခ်စ္ျမတ္ႏိုးမယ္လို႔ေသခ်ာျပတ္သားစြာဆုံးျဖတ္ပါ။ ဘာေတြပဲျဖစ္ေနထြက္မသြားဘူးလို႔ေသခ်ာျပတ္သားစြာဆုံးျဖတ္ပါ။ ေပ်ာ္႐ႊင္တဲ့အိမ္ေထာင္ေလးတည္ေဆာက္မယ္လို႔ေသခ်ာၾတ္သားစြာဆုံးျဖတ္ပါ။

၁၅။ ႏွစ္ေယာက္ႏွင့္ ေလာကႀကီးကိုရင္ဆိုင္ရမွာပါ။

ေလာကႀကီးမွာႏွစ္ေယာက္အတူလက္တြဲၿပီးအားလုံးကိုႀကံ့ႀကံ့ခံမယ္လို႔ဆုံးျဖတ္ထားလို႔အိမ္ေထာင္တစ္ခုကိုထူေထာင္ၾကခ်ိန္မွာ တစ္ေယာက္နဲ႔တစ္ေယာက္ပြင့္ပြင့္လင္းလင္း အရာအားလုံးကို ေျပာၿပီးအတူေက်ာ္ျဖတ္ၾကရမွာပါ။စိတ္ဆိုးတာနဲ႔လမ္းခြဲမယ္ဆိုတဲ့စကားမေျပာပါနဲ႔ ေန႔တိုင္းတစ္ေယာက္ကိုတစ္ေယာက္ခ်စ္ျမတ္ႏိုးေၾကာင္းေျပာျပပါ။ ႏွစ္ေယာက္အတူရွိခ်ိန္ကို ေပ်ာ္႐ႊင္စြာျဖတ္သန္းပါ။


ဖိုးသူေတာ္ (www.phothutaw.com)
Credit: Magical Star ( Love Shop )

#Unicode Version#
တချိန်ချိန်မှာ အိမ်ထောင်ပြုမယ်လို့ ဆုံးဖြတ်ထားသူတိုင်း ဒီအရာလေးတွေကို သိထားဖို့ လိုပါလိမ့်မယ်။

၁။ အမြဲတမ်း စတွေ့တုန်းကလိုပဲချိန်းတွေ့ပါ ။

ချိန်းတွေ့ခြင်းက ချစ်သူရည်းစားဘဝမှာတင်မဟုတ်ပဲ အိမ်ထောင်သည်ဘဝရောက်သည်ထိ ဆက်လက်လုပ်ဆောင်ပေးရမှာဖြစ်ပါတယ်။ အရမ်းထူးထူးဆန်းဆန်းတွေလုပ်ဖို့မလိုပါဘူး။ ပန်းခြံလေးတစ်ခုသွားပြီးနှစ်ယောက်သားလမ်းလျှောက်တာတို့။ ဟိုးစတွေ့စက အကြောင်းလေးတွေပြန်လည်ပြောဆိုပြီး နှစ်ယောက်သားဆက်ဆံရေးကို ပိုခိုင်မာအောင်လုပ်ပါ။ အနာဂတ်အတွက် အစီအစဉ်တွေတိုင်ပင်ပါ ။ စိတ်ဖိစီးစရာကိစ္စတွေရဲ့အဝေးမှာ ခဏတာ စိတ်ချမ်းသာမှုလေးကို မကြာခဏရယူပေးပါ။

၂။ ချစ်ရုံတင်မဟုတ်ပဲ ကြိုက်နှစ်သက်ပေးပါ ။

ချစ်ခြင်းတစ်ခုထဲနဲ့အိမ်ထောင်ရေးကိုတည်ဆောက်လို့မရပါဘူး။ ကိုယ်ချစ်တဲ့လူရဲ့ အလေ့အကျင့်စရိုက် တွေကို ကြိုက်နှစ်သက်ပြီး စိတ်တူကိုယ်တူရှိခြင်း က ရေရှည်မှာ တည်တံ့ ခိုင်မြဲခြင်းကိုဖြစ်စေပါတယ်။

၃။ နှစ်ယောက်စိတ်တူကိုယ်တူ အသစ်အဆန်းတွေပြုလုပ်ပါ ။

မသွားဘူးတဲ့နေရာတွေသွားလေ့လာတာတို့။ မလုပ်ဘူးတဲ့ adventure တွေလုပ်ရင်း အချိန်တူတူကုန်ဆုံးခြင်းက တစ်ယောကနဲ့တစ်ယောက်ကြားက ချစ်ခင်ရင်းနှီးမှုကိုတိုးပွားစေပါတယ်။

၄။ တစ်ယောက်အကြောင်းတစ်ယောက် ပိုသိဖို့ကြိုးစားပါ ။

အမြဲမပြတ်တစ်ယောက်အကြောင်းတစ်ယောက်ပိုပို သိအောင် မေးခွန်းတွေမေးပါ နားလည်အောင်ကြိုးစားပါ ။

၅။ ရီစရာတွေအများကြီးပြောပါ ။

တစ်ယောက်နဲ့တစ်ယောက်ဘဝမှာရီရီမောမောနဲ့ပျော်ရွှင်စွာနေထိုင်ခြင်းဖြင့် ပျော်ရွှင်တဲ့အိမ်ထောင်ဘဝကိုဖြတ်သန်းပါ ။

၆။ အချစ်ဆုံးလူကိုယူပါ ။

လက်မထပ်ခင်မှာ ကိုယ့်အချစ်ဆုံးလူကိုရှာယူပါ။
လက်ထပ်ပြီးသွားရင်ကိုယ့်မှာရှိတဲ့လူကိုအချစ်ဆုံးအဖြစ်မှတ်ယူပြီးချစ်ပါ။

၇။ အိမ်ထောင်ဖက်က ကိုယ့်စိတ်ထဲမှာရှိသမျှကို နတ်မျက်စိနဲ့မမြင်နိုင်ပါဘူး။

စိတ်ဆိုးတာတို့ မကျေနပ်တာတို့ရှိရင်  စိတ်ထဲမှာသိမ်းမထားပါနဲ့ ။ကိုယ့်အိမ်ထောင်ဖက် က စိတ်ထဲကိုထိုးဖောက်ပြီးမမြင်နိုင်လို့သေချာပွင့်ပွင့်လင်းလင်း တိုင်ပင်ပြီးပြသာနာကိုဖြေရှင်းပါ။ အတိတ်ကအကြောင်းတွေကိုပြန်လည်တူးဆွပြီးရန်မရှာပါနဲ့။အတူဆက်လက်မတွဲနိုင်ဖူးလို့စိတ်ထဲဖြစ်လာတိုင်းသူကိုယ့်ဘဝမှာအကောင်းဆုံးဖြစ်ခဲ့တဲ့အချိန်တွေကိုသတိရပြီး ဆက်လက်ချစ်ခင်ပါ။

၈။ မာနကရန်သူပါ။

ပြသာနာဖြစ်လာတိုင်းဘယ်အချိန်အလျှော့ပေးရမယ်ဆိုတာသိပါ။ မာနကိုစွန့်လွှတ်ပါ။မာနကြောင့် တော့ချစ်သူကိုမစွန့်လွှတ်သင့်ပါ။

၉။ အနိုင်အရှုံးမတွက်ပါနဲ့ ။

သူသာတယ်ငါနာတယ်ဆိုပြီးတွက်လို့ပြသာနာတွေမပြီးသွားပါဘူး။တစ်ယောက်နဲ့တစ်ယောက်အပြစ်တင်ပြီးတစ်ယောက်တည်းကိုပဲအပြစ်ပုံချတာမျိုးမလုပ်သင့်ပါဘူး။နှစ်ယောက်အတူတွဲပြီးပြသသာနာတွေကိုအတူရင်ဆိုင်ဖို့လက်ထပ်ထားတာမမေ့ပါနဲ့။

၁၀။ မနက်တိုင်းဒီမေးခွန်းလေးကိုမေးပါ။

မနက်နိုးလာတိုင်း ကိုယ့်ချစ်သူကိုဘယ်လိုပိုပျော်အောင်ထားမလည်းစဉ်းစားပါ။အဲ့လိုနေ့တိုင်စဉ်းစားတဲ့အိမ်ထောင်စုတစ်ခုကသာယာမှာမလွှဲပါဘူး။

၁၁။ လေးစားပါ။

တစ်ယောက်နဲ့တစ်ယောက်လေးစားပါ။ တစ်ယောက်ဆုံးဖြတ်ချက်ကိုတစ်ယောက်ဆုံးဖြတ်ချက်ကိုလိုက်နာပါ။တစ်ယောက်ရဲ့အောင်မြင်မှုကိုတစ်ယောက်ဝမ်းသာပေးပါ။တစ်ယောက်လုပ်တဲ့အရာတိုင်းကိုတစ်ယောက် ချီးကျူးပြီးအသိအမှတ်ပြုပေးပါ။

၁၂။ တစ်ယောက်နဲ့တစ်ယောက်လိုအပ် နေရပါမယ်။

တစ်ယောက်ကိုတစ်ယောက်လိုအပ်မှ သာယာတဲ့အိမ်ထောင်ရေးလေးဖြစ်မှာပါ။

၁၃။ ဘာပဲဖြစ်ဖြစ်ရှိနေပေးပါ။

အကောင်းတွေကြုံတွေ့ချိန်တင်မဟုတ်ပဲ အဆိုးတွေ တွေ့ကြုံရတဲ့အချိန်မှာလည်း ကိုယ့်အိမ်ထောင်ဖက်ဘေးကနေမားမားမတ်မတ်ရပ်တည်ပေးပါ။ အမြဲဘာတွေဖြစ်ဖြစ်အခက်အခဲကြားကနေအတူရပ်တည်ခြင်းက ခိုင်မာတဲ့အိမ်ထောင်ရေးကိုတည်ဆောက်ပေးမှာပါ။

၁၄။ သေချာပြတ်သားစွာဆုံးဖြတ်ပါ။

အဆုံးမရှိချစ်မြတ်နိုးမယ်လို့သေချာပြတ်သားစွာဆုံးဖြတ်ပါ။ ဘာတွေပဲဖြစ်နေထွက်မသွားဘူးလို့သေချာပြတ်သားစွာဆုံးဖြတ်ပါ။ ပျော်ရွှင်တဲ့အိမ်ထောင်လေးတည်ဆောက်မယ်လို့သေချာြတ်သားစွာဆုံးဖြတ်ပါ။

၁၅။ နှစ်ယောက်နှင့် လောကကြီးကိုရင်ဆိုင်ရမှာပါ။

လောကကြီးမှာနှစ်ယောက်အတူလက်တွဲပြီးအားလုံးကိုကြံ့ကြံ့ခံမယ်လို့ဆုံးဖြတ်ထားလို့အိမ်ထောင်တစ်ခုကိုထူထောင်ကြချိန်မှာ တစ်ယောက်နဲ့တစ်ယောက်ပွင့်ပွင့်လင်းလင်း အရာအားလုံးကို ပြောပြီးအတူကျော်ဖြတ်ကြရမှာပါ။စိတ်ဆိုးတာနဲ့လမ်းခွဲမယ်ဆိုတဲ့စကားမပြောပါနဲ့ နေ့တိုင်းတစ်ယောက်ကိုတစ်ယောက်ချစ်မြတ်နိုးကြောင်းပြောပြပါ။ နှစ်ယောက်အတူရှိချိန်ကို ပျော်ရွှင်စွာဖြတ်သန်းပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: Magical Star ( Love Shop )
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top