ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

One Championship ၿပိဳင္ပြဲ က်င္းပေရး ေကာ္မတီက လာမယ့္ ႏို၀င္ဘာလ (၃)ရက္ေန႔မွာ ေအာင္လအန္ဆန္ရဲ့ ထိုးသတ္ပြဲတစ္ပြဲကို စီစဥ္ထားတယ္လို႔ သိရပါတယ္။

ရုရွား ကိုယ္ခံပညာေပါင္းစုံ တုိက္ခိုက္ေရးသမား ဗိုင္တာလီ ဘစ္ဒစ္ရွ္ကို အႏုိင္ယူၿပီး မစ္ဒယ္၀ိတ္တန္း ကမၻာ့ေရႊခါးပတ္ခ်န္ပီယံဆုကို ဆြတ္ခူးရရွိထားတဲ့ ေအာင္လအန္ဆန္အေနနဲ႔ ယခုထိုးသတ္မယ့္ ပြဲစဥ္မွာ စိန္ေခၚပြဲသက္သက္သာ ျဖစ္တာေၾကာင့္ ေရႊခါးပတ္လုပြဲ မဟုတ္ဘူးလိုု႔လည္း သိရပါတယ္။

ကင္မရြန္း ႏြယ္ဖြား တိုက္ခိုက္ေရးသမား ဂါလာနီအေနနဲ႔ ဟဲဗီး၀ိတ္တန္းေရႊခါးပတ္ခ်န္ပီယံဘြဲ႕ကို ရရွိထားသူျဖစ္ၿပီး ေအာင္လအန္ဆန္ထက္ ၀ိတ္တန္း ျမင့္သူလည္း ျဖစ္ပါတယ္။

ဒါ့အျပင္ ဂါလာနီအေနနဲ႔ ေမြထိုင္း ဟဲဗီး၀ိတ္တန္းမွာလည္း ကမၻာ့ခ်န္ပီယံ ေလးႀကိမ္အထိ ရရွိထားဖူးသူျဖစ္ကာ ကစ္ေဘာင္ဆင္၊ ဂ်င္ဂ်စ္ဆု၊ကရာေတးနဲ႔ ဂ်ဴဒိုကိုယ္ခံပညာရပ္မ်ားကိုလည္း ကၽြမ္းက်င္ပိုင္ႏုိင္စြာ တတ္ေျမာက္ထားသူ ျဖစ္ တယ္လို႔လည္းသိရပါတယ္။

အဆိုပါ စိန္ေခၚပြဲစဥ္ကိုေတာ့ လာမယ့္ ႏုိ၀င္ဘာလ ၃ ရက္ေန႔မွာ ရန္ကုန္ၿမိဳ႔တြင္ က်င္းပျပဳလုပ္သြားမွာ ျဖစ္တယ္လို႔လည္း သိရပါတယ္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
One Championship ပြိုင်ပွဲ ကျင်းပရေး ကော်မတီက လာမယ့် နိုဝင်ဘာလ (၃)ရက်နေ့မှာ အောင်လအန်ဆန်ရဲ့ ထိုးသတ်ပွဲတစ်ပွဲကို စီစဉ်ထားတယ်လို့ သိရပါတယ်။

ရုရှား ကိုယ်ခံပညာပေါင်းစုံ တိုက်ခိုက်ရေးသမား ဗိုင်တာလီ ဘစ်ဒစ်ရှ်ကို အနိုင်ယူပြီး မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ရွှေခါးပတ်ချန်ပီယံဆုကို ဆွတ်ခူးရရှိထားတဲ့ အောင်လအန်ဆန်အနေနဲ့ ယခုထိုးသတ်မယ့် ပွဲစဉ်မှာ စိန်ခေါ်ပွဲသက်သက်သာ ဖြစ်တာကြောင့် ရွှေခါးပတ်လုပွဲ မဟုတ်ဘူးလိုု့လည်း သိရပါတယ်။

ကင်မရွန်း နွယ်ဖွား တိုက်ခိုက်ရေးသမား ဂါလာနီအနေနဲ့ ဟဲဗီးဝိတ်တန်းရွှေခါးပတ်ချန်ပီယံဘွဲ့ကို ရရှိထားသူဖြစ်ပြီး အောင်လအန်ဆန်ထက် ဝိတ်တန်း မြင့်သူလည်း ဖြစ်ပါတယ်။

ဒါ့အပြင် ဂါလာနီအနေနဲ့ မွေထိုင်း ဟဲဗီးဝိတ်တန်းမှာလည်း ကမ္ဘာ့ချန်ပီယံ လေးကြိမ်အထိ ရရှိထားဖူးသူဖြစ်ကာ ကစ်ဘောင်ဆင်၊ ဂျင်ဂျစ်ဆု၊ကရာတေးနဲ့ ဂျူဒိုကိုယ်ခံပညာရပ်များကိုလည်း ကျွမ်းကျင်ပိုင်နိုင်စွာ တတ်မြောက်ထားသူ ဖြစ် တယ်လို့လည်းသိရပါတယ်။

အဆိုပါ စိန်ခေါ်ပွဲစဉ်ကိုတော့ လာမယ့် နိုဝင်ဘာလ ၃ ရက်နေ့မှာ ရန်ကုန်မြို့တွင် ကျင်းပပြုလုပ်သွားမှာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top