ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

(၇၁)ႀကိမ္ေျမာက္ ကုလသမဂၢအေထြေထြညီလာခံတြင္ မိန္႔ခြန္းေျပာၾကားေနေသာ ေဒၚေအာင္ဆန္းစုၾကည္။ ယခုႏွစ္တြင္ ကုလညီလာခံသုိ႔ မတက္ေရာက္ေသာ္လည္း ရခုိင္အေရးကုိ တစ္ကမၻာလုံးသိရွိေစရန္ ေနျပည္ေတာ္မွ အဂၤလိပ္ဘာသာျဖင့္ စက္တင္ဘာ၁၉ရက္၌ မိန္႔ခြန္းေျပာၾကားမည္ျဖစ္သည္။ (ဓာတ္ပုံ−ေအအက္ဖ္ပီ)

 ႏုိင္ငံေတာ္၏အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ မိန္႔ခြန္းေျပာၾကားမည့္ အစီအစဥ္သို႔ တက္ေရာက္ရန္ အေမရိကန္ႏုိင္ငံျခားေရး ၀န္ႀကီးဌာန၊ အေရွ႕ေတာင္အာရွဆုိင္ရာ ဒုတိယလက္ေထာက္ႏုိင္ငံျခား ေရး၀န္ႀကီး ပက္ထရစ္မာဖီအပါအ၀င္ ႏုိင္ငံတကာသံတမန္ ၉၀ ေက်ာ္ စာရင္းေပးထားေၾကာင္း ႏုိင္ငံျခားေရး၀န္ႀကီးဌာန အၿမဲတမ္းအတြင္း၀န္ ဦးေက်ာ္ေဇယ်က ေျပာသည္။

ႏုိင္ငံေတာ္၏ အတုိင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္သည္ စက္တင္ဘာ ၁၉ ရက္ နံနက္ ၁၀နာရီတြင္ ေနျပည္ေတာ္ရွိ ျမန္မာအျပည္ျပည္ဆိုင္ရာ ကြန္ဗင္းရွင္းစင္တာ-၂၌ အမ်ိဳးသားျပန္လည္သင့္ျမတ္ ေရးႏွင့္ ၿငိမ္းခ်မ္းေရးဆိုင္ရာ ႏုိင္ငံေတာ္အေျချပမိန္႔ခြန္းေျပာၾကားမည္ျဖစ္ၿပီး ႏုိင္ငံတကာမွ သံတမန္ ၉၀ေက်ာ္က တက္ေရာက္ရန္ စာရင္းေပး ထားသည္။

‘‘ျမန္မာႏုိင္ငံမွာ အေျခစိုက္ သံတမန္ေတြကို အဓိက ရည္ရြယ္ တာပါ။ အေမရိကန္ႏုိင္ငံျခားေရး ဒု၀န္ႀကီးကေတာ့ သူ႔ခရီးစဥ္နဲ႔ ႀကံဳ ႀကိဳက္တဲ့အခါက်ေတာ့ သူလည္း ဒီမွာ တက္ေရာက္ဖို႔ စာရင္းေပး ထားတာျဖစ္ပါတယ္’’ဟု ဦးေက်ာ္ ေဇယ်က ေျပာသည္။

အဆိုပါ ႏုိင္ငံတကာ သံတ မန္ ၉၀ ေက်ာ္စာရင္းမွာ စက္တင္ဘာ ၁၇ရက္အထိသာျဖစ္ၿပီး ယေန႔ (စက္တင္ဘာ ၁၈ ရက္) တြင္ ေနာက္ဆံုးစာရင္းတက္လာမည္ ျဖစ္ေၾကာင္း ၎ကဆက္လက္ ေျပာသည္။

ႏုိင္ငံေတာ္၏ အတုိင္ပင္ခံ ပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ သည္ လက္ရွိက်င္းပေနေသာ ကုလသမဂၢအေထြေထြညီလာခံ သို႔ ကိုယ္တိုင္တက္ေရာက္ျခင္းမရွိ ေသာ္လည္း ႏုိင္ငံေတာ္အေျချပ မိန္႔ခြန္းကို ေနျပည္ေတာ္၌ ေျပာ ၾကားမည္ဟု စက္တင္ဘာ ၁၃ ရက္က တရား၀င္ထုတ္ျပန္ေၾက ညာခဲ့သည္။

ႏုိင္ငံေတာ္၏ အတုိင္ပင္ခံ ပုဂၢိဳလ္အစား ကုလသမဂၢအေထြ ေထြညီလာခံသို႔ တက္ေရာက္ သည့္ ဒုသမၼတ(၂) ဦးဟင္နရီဗန္ ထီးယူက စက္တင္ဘာ ၂၀ ရက္ တြင္ ကုလသမဂၢဌာနခ်ဳပ္၌ မိန္႔ ခြန္းေျပာၾကားမည္ျဖစ္ၿပီး ယင္းမ တိုင္မီ စက္တင္ဘာ ၁၉ ရက္တြင္ ေနျပည္ေတာ္၌ ႏုိင္ငံေတာ္၏ အ တိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္း စုၾကည္က မိန္႔ခြန္းေျပာၾကားရန္ စီစဥ္ထားျခင္းျဖစ္သည္။

ကုလသမဂၢအေထြေထြညီ လာခံသို႔ ေဒၚေအာင္ဆန္းစုၾကည္ မတက္ေရာက္ျခင္းသည္ အခ်က္ ေလးခ်က္ေၾကာင့္ျဖစ္ၿပီး ယင္းတို႔ အနက္ အခ်က္သံုးခ်က္သည္ ရခိုင္ျပည္နယ္ေျမာက္ပိုင္း ေမာင္ေတာေဒသအၾကမ္းဖက္ခံရမႈျဖစ္စဥ္ ႏွင့္ဆက္စပ္ကာ ေနာက္ဆံုးအခ်က္သည္ ႏုိင္ငံေတာ္သမၼတ ဦးထင္ေက်ာ္ ထိုင္းႏုိင္ငံ ဘန္ေကာက္ၿမိဳ႕၌ ေဆးကုသမႈခံယူေနေသာေၾကာင့္ျဖစ္သည္ဟု သမၼတ႐ံုး ေျပာခြင့္ရပုဂၢိဳလ္ ဦးေဇာ္ေဌးက ေျပာၾကားထားသည္။

ေဒၚေအာင္ဆန္းစုၾကည္ ႏုိင္ငံေတာ္အေျချပမိန္႔ခြန္း ေျပာ ၾကားရာတြင္ ႏုိင္ငံတကာ သံတ မန္မ်ားအပါအ၀င္ ျပည္တြင္း၊ ျပည္ပမွ သတင္းေထာက္မ်ား တက္ေရာက္ႏုိင္ေၾကာင္း တစ္ ဆက္တည္း ေၾကညာခဲ့သည္။

ပက္ထရစ္မာဖီသည္ ႏုိင္ငံ ေတာ္၏အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚ ေအာင္ဆန္းစုၾကည္၏ မိန္႔ခြန္းကို တက္ေရာက္နားေထာင္မည္ျဖစ္ ၿပီး ၎၏ ခရီးစဥ္အတြင္း ရခိုင္ ျပည္နယ္သို႔သြားေရာက္ရန္ျမန္မာ အစုိးရထံ အဆုိျပဳထားေၾကာင္း ဦးေက်ာ္ေဇယ်ကေျပာသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: 7daydaily

#Unicode Version#
(၇၁)ကြိမ်မြောက် ကုလသမဂ္ဂအထွေထွေညီလာခံတွင် မိန့်ခွန်းပြောကြားနေသော ဒေါ်အောင်ဆန်းစုကြည်။ ယခုနှစ်တွင် ကုလညီလာခံသို့ မတက်ရောက်သော်လည်း ရခိုင်အရေးကို တစ်ကမ္ဘာလုံးသိရှိစေရန် နေပြည်တော်မှ အင်္ဂလိပ်ဘာသာဖြင့် စက်တင်ဘာ၁၉ရက်၌ မိန့်ခွန်းပြောကြားမည်ဖြစ်သည်။ (ဓာတ်ပုံ−အေအက်ဖ်ပီ)

 နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောကြားမည့် အစီအစဉ်သို့ တက်ရောက်ရန် အမေရိကန်နိုင်ငံခြားရေး ဝန်ကြီးဌာန၊ အရှေ့တောင်အာရှဆိုင်ရာ ဒုတိယလက်ထောက်နိုင်ငံခြား ရေးဝန်ကြီး ပက်ထရစ်မာဖီအပါအဝင် နိုင်ငံတကာသံတမန် ၉၀ ကျော် စာရင်းပေးထားကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးကျော်ဇေယျက ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာ ၁၉ ရက် နံနက် ၁၀နာရီတွင် နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းစင်တာ-၂၌ အမျိုးသားပြန်လည်သင့်မြတ် ရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ နိုင်ငံတော်အခြေပြမိန့်ခွန်းပြောကြားမည်ဖြစ်ပြီး နိုင်ငံတကာမှ သံတမန် ၉၀ကျော်က တက်ရောက်ရန် စာရင်းပေး ထားသည်။

‘‘မြန်မာနိုင်ငံမှာ အခြေစိုက် သံတမန်တွေကို အဓိက ရည်ရွယ် တာပါ။ အမေရိကန်နိုင်ငံခြားရေး ဒုဝန်ကြီးကတော့ သူ့ခရီးစဉ်နဲ့ ကြုံ ကြိုက်တဲ့အခါကျတော့ သူလည်း ဒီမှာ တက်ရောက်ဖို့ စာရင်းပေး ထားတာဖြစ်ပါတယ်’’ဟု ဦးကျော် ဇေယျက ပြောသည်။

အဆိုပါ နိုင်ငံတကာ သံတ မန် ၉၀ ကျော်စာရင်းမှာ စက်တင်ဘာ ၁၇ရက်အထိသာဖြစ်ပြီး ယနေ့ (စက်တင်ဘာ ၁၈ ရက်) တွင် နောက်ဆုံးစာရင်းတက်လာမည် ဖြစ်ကြောင်း ၎င်းကဆက်လက် ပြောသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် သည် လက်ရှိကျင်းပနေသော ကုလသမဂ္ဂအထွေထွေညီလာခံ သို့ ကိုယ်တိုင်တက်ရောက်ခြင်းမရှိ သော်လည်း နိုင်ငံတော်အခြေပြ မိန့်ခွန်းကို နေပြည်တော်၌ ပြော ကြားမည်ဟု စက်တင်ဘာ ၁၃ ရက်က တရားဝင်ထုတ်ပြန်ကြေ ညာခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်အစား ကုလသမဂ္ဂအထွေ ထွေညီလာခံသို့ တက်ရောက် သည့် ဒုသမ္မတ(၂) ဦးဟင်နရီဗန် ထီးယူက စက်တင်ဘာ ၂၀ ရက် တွင် ကုလသမဂ္ဂဌာနချုပ်၌ မိန့် ခွန်းပြောကြားမည်ဖြစ်ပြီး ယင်းမ တိုင်မီ စက်တင်ဘာ ၁၉ ရက်တွင် နေပြည်တော်၌ နိုင်ငံတော်၏ အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်း စုကြည်က မိန့်ခွန်းပြောကြားရန် စီစဉ်ထားခြင်းဖြစ်သည်။

ကုလသမဂ္ဂအထွေထွေညီ လာခံသို့ ဒေါ်အောင်ဆန်းစုကြည် မတက်ရောက်ခြင်းသည် အချက် လေးချက်ကြောင့်ဖြစ်ပြီး ယင်းတို့ အနက် အချက်သုံးချက်သည် ရခိုင်ပြည်နယ်မြောက်ပိုင်း မောင်တောဒေသအကြမ်းဖက်ခံရမှုဖြစ်စဉ် နှင့်ဆက်စပ်ကာ နောက်ဆုံးအချက်သည် နိုင်ငံတော်သမ္မတ ဦးထင်ကျော် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ဆေးကုသမှုခံယူနေသောကြောင့်ဖြစ်သည်ဟု သမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေးက ပြောကြားထားသည်။

ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အခြေပြမိန့်ခွန်း ပြော ကြားရာတွင် နိုင်ငံတကာ သံတ မန်များအပါအဝင် ပြည်တွင်း၊ ပြည်ပမှ သတင်းထောက်များ တက်ရောက်နိုင်ကြောင်း တစ် ဆက်တည်း ကြေညာခဲ့သည်။

ပက်ထရစ်မာဖီသည် နိုင်ငံ တော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ် အောင်ဆန်းစုကြည်၏ မိန့်ခွန်းကို တက်ရောက်နားထောင်မည်ဖြစ် ပြီး ၎င်း၏ ခရီးစဉ်အတွင်း ရခိုင် ပြည်နယ်သို့သွားရောက်ရန်မြန်မာ အစိုးရထံ အဆိုပြုထားကြောင်း ဦးကျော်ဇေယျကပြောသည်။


ဖိုးသူတော် (www.phothutaw.com)
Credit: 7daydaily
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top