ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

“ျကက္ဥအခြံက သြားနဲ႔ဘာဆိုင္လို႔လဲ” ဆိုၿပီးေတြးမိၾကပါလိမ့္မယ္။
သဘာဝပစၥည္းေတြအားလံုးဟာ သူ႔အာနိသင္နဲ႔ သူအသံုးဝင္ပါတယ္။ သာမန္အားျဖင့္ ၾကက္ဥအခြံကို ပစ္ပဲပစ္ၾကပါတယ္။ သူရဲ႕အသံုးဝင္ပံုေလး ကို သတိျပဳမိၾကမွာမဟုတ္ပါဘူး။
အမွန္တကယ္ေတာ့ ၾကက္ဥအခြံမွာ ကယ္လ္စီယမ္ဓာတ္အျပင္ အျခား သတၱဳဓာတ္ ၂၅မ်ိဳးပါဝင္ပါတယ္။အဲ့ဒီ့ ဓာတ္ေတြဟာ သြားပိုးစားျခင္းကို ေပ်ာက္ကင္းေစၿပီး အ႐ုိးေတြကိုလည္း သန္မာေစပါတယ္။ ထို႔အျပင္ သြားေတြကိုလည္း ျဖဴေဖြးေစပါတယ္။
ကေလးငယ္ေလးေတြ အ႐ုိးတစ္သ်ဴးဆဲလ္ေတြ ျဖစ္ေပၚရာမွာ လိုအပ္တဲ့ Calcium ဓာတ္ေတြကို ၾကက္ဥအခြံကေပးႏိုင္ပါတယ္။
အထူးသျဖင့္ ေသြးအားနည္ေရာဂါ၊ ေဖ်ာ့ေတာ့နာ႐ွိတတ္တဲ့ ကေလးငယ္ေတြရဲ႕ အစားအစာထဲမွာ ၾကက္ဥအခြံကို ႀကိတ္ထည့္ေပးျခင္းအားျဖင့္သက္သာေစပါတယ္။

ၾကက္ဥအခြံကို စားသံုးရန္ျပဳလုပ္နည္း

ၾကက္ဥအခြံမွ အာဟာရဓာတ္အေကာင္းမြန္ဆံုးရ႐ွိေအာင္ သဘာဝၾကက္ဥ အခြံကိုအသံုးျပဳပါ။ ပထမဆံုး ၾကက္ဥကိုျပဳတ္ပါ။ (ဒါမွသာ ပို႔မႊားမ်ားကိုေသေစႏိုင္မွာပါ)။ၿပီးလ်ွင္ အေအးခံၿပီး ညက္ေညာတဲ့အမႈန္႔ရေအာင္ႀကိတ္ပါ။ အမႈန္႔ရလာတဲ့အခါမွာေတာ့အစားအေသာက္ထဲ ထည့္ေရာ စားလို႔ရပါၿပီ။

သဘာဝၾကက္ဥခြံ သြားတိုက္ေဆးမႈန္႔

တီဗီဖန္သားျပင္ေတြေပၚမွာေၾကာ္ျငာေနၾကတဲ့ သြားတိုက္ေဆးေတြဟာ သြားမ်ားကို ေကာင္းက်ိဳးျပဳတာမွန္ေပမယ့္ သြားဖံုးထဲ ပလတ္စတစ္ဓာတ္ကို ျမႇဳပ္ဝင္ေစတဲ့အတြက္ ကင္ဆာျဖစ္လာမွာကိုေတာ့ စိုးရိမ္ရပါတယ္။ ၾကက္ဥခြံက သဘာဝကရတဲ့အတြက္ ယံုၾကည့္စိတ္ခ်စြာ အသံုးျပဳလို႔ရပါတယ္။

ပါဝင္ပစၥည္းမ်ား

    ကက္ဥအခြံ စားပြဲတင္ဇြန္း ၄ ဇြန္းစာ
    အုန္းဆီ စားပြဲတင္ဇြန္း၂ဇြန္း
    မုန္႔ဖုတ္ဆိုဒါ စားပြဲတင္ဇြန္း၁ဇြန္း

ျပဳလုပ္နည္း

    ၾကက္ဥအခြံကို အညစ္အေၾကးစင္ေအာင္ေဆးပါ။ -ၿပးီလ်ွင္ ပိုးမႊားမ်ားစင္ၾကယ္ေအာင္ျပဳတ္ပါ။ျပဳတ္ၿပီးလ်ွင္ အေအးခံပါ။
    ေအးသြားလ်ွင္ ေကာ္ဖီႀကိတ္စက္ သို႔မဟုတ္ ႐ုိး႐ုိးႀကိတ္စက္ထဲတြင္ အမႈန္႔ရ၍ ညက္ေညာသည္အထိႀကိတ္ပါ။
    ၾကက္ဥအခြံမႈန္႔၊မုန္႔ဖုတ္ဆိုဒါကို ထည့္၍ အုန္းဆီေလာင္းကာ ႏူးညံ့ေခ်ာမြတ္လာသည္အထိေမႊပါ။
    ရလာေသာ အႏွစ္ကို ဖန္ဘူးထဲတြင္ထည့္၍ သြားတိုက္သည့္အခါ သြားပြတ္တံေပၚထည့္၍ တိုက္ႏိုင္ပါသည္။
ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystylemyanmar

#Unicode Version#
“ကြက်ဥအခွံက သွားနဲ့ဘာဆိုင်လို့လဲ” ဆိုပြီးတွေးမိကြပါလိမ့်မယ်။
သဘာဝပစ္စည်းတွေအားလုံးဟာ သူ့အာနိသင်နဲ့ သူအသုံးဝင်ပါတယ်။ သာမန်အားဖြင့် ကြက်ဥအခွံကို ပစ်ပဲပစ်ကြပါတယ်။ သူရဲ့အသုံးဝင်ပုံလေး ကို သတိပြုမိကြမှာမဟုတ်ပါဘူး။
အမှန်တကယ်တော့ ကြက်ဥအခွံမှာ ကယ်လ်စီယမ်ဓာတ်အပြင် အခြား သတ္တုဓာတ် ၂၅မျိုးပါဝင်ပါတယ်။အဲ့ဒီ့ ဓာတ်တွေဟာ သွားပိုးစားခြင်းကို ပျောက်ကင်းစေပြီး အရိုးတွေကိုလည်း သန်မာစေပါတယ်။ ထို့အပြင် သွားတွေကိုလည်း ဖြူဖွေးစေပါတယ်။
ကလေးငယ်လေးတွေ အရိုးတစ်သျူးဆဲလ်တွေ ဖြစ်ပေါ်ရာမှာ လိုအပ်တဲ့ Calcium ဓာတ်တွေကို ကြက်ဥအခွံကပေးနိုင်ပါတယ်။
အထူးသဖြင့် သွေးအားနည်ရောဂါ၊ ဖျော့တော့နာရှိတတ်တဲ့ ကလေးငယ်တွေရဲ့ အစားအစာထဲမှာ ကြက်ဥအခွံကို ကြိတ်ထည့်ပေးခြင်းအားဖြင့်သက်သာစေပါတယ်။

ကြက်ဥအခွံကို စားသုံးရန်ပြုလုပ်နည်း

ကြက်ဥအခွံမှ အာဟာရဓာတ်အကောင်းမွန်ဆုံးရရှိအောင် သဘာဝကြက်ဥ အခွံကိုအသုံးပြုပါ။ ပထမဆုံး ကြက်ဥကိုပြုတ်ပါ။ (ဒါမှသာ ပို့မွှားများကိုသေစေနိုင်မှာပါ)။ပြီးလျှင် အအေးခံပြီး ညက်ညောတဲ့အမှုန့်ရအောင်ကြိတ်ပါ။ အမှုန့်ရလာတဲ့အခါမှာတော့အစားအသောက်ထဲ ထည့်ရော စားလို့ရပါပြီ။

သဘာဝကြက်ဥခွံ သွားတိုက်ဆေးမှုန့်

တီဗီဖန်သားပြင်တွေပေါ်မှာကြော်ငြာနေကြတဲ့ သွားတိုက်ဆေးတွေဟာ သွားများကို ကောင်းကျိုးပြုတာမှန်ပေမယ့် သွားဖုံးထဲ ပလတ်စတစ်ဓာတ်ကို မြှုပ်ဝင်စေတဲ့အတွက် ကင်ဆာဖြစ်လာမှာကိုတော့ စိုးရိမ်ရပါတယ်။ ကြက်ဥခွံက သဘာဝကရတဲ့အတွက် ယုံကြည့်စိတ်ချစွာ အသုံးပြုလို့ရပါတယ်။

ပါဝင်ပစ္စည်းများ

    ကက်ဥအခွံ စားပွဲတင်ဇွန်း ၄ ဇွန်းစာ
    အုန်းဆီ စားပွဲတင်ဇွန်း၂ဇွန်း
    မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း၁ဇွန်း

ပြုလုပ်နည်း

    ကြက်ဥအခွံကို အညစ်အကြေးစင်အောင်ဆေးပါ။ -ပြးီလျှင် ပိုးမွှားများစင်ကြယ်အောင်ပြုတ်ပါ။ပြုတ်ပြီးလျှင် အအေးခံပါ။
    အေးသွားလျှင် ကော်ဖီကြိတ်စက် သို့မဟုတ် ရိုးရိုးကြိတ်စက်ထဲတွင် အမှုန့်ရ၍ ညက်ညောသည်အထိကြိတ်ပါ။
    ကြက်ဥအခွံမှုန့်၊မုန့်ဖုတ်ဆိုဒါကို ထည့်၍ အုန်းဆီလောင်းကာ နူးညံ့ချောမွတ်လာသည်အထိမွှေပါ။
    ရလာသော အနှစ်ကို ဖန်ဘူးထဲတွင်ထည့်၍ သွားတိုက်သည့်အခါ သွားပွတ်တံပေါ်ထည့်၍ တိုက်နိုင်ပါသည်။
ဖိုးသူတော် (www.phothutaw.com)
Credit: mystylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top