ကန္ေတာ္ၾကီးအနီး ႏိုင္ငံတကာအဆင့္မီ Royal Garden View ကြန္ဒို အထူးအေရာင္းျပပြဲ
×

ရခိုင္ေဒသတြင္ ျဖစ္ေပၚလာေသာ အၾကမ္းဖက္ခံ ျပည္သူမ်ားကို ေထာက္ပံ့ရန္ မႏၲေလးသိန္းေဇာ္နဲ႔အဖဲြ႔ကမႏၲေလးၿမိဳ႕တြင္း လွည့္လည္က ေဖ်ာ္ေျဖအလွဴခံခဲ့ၾကေၾကာင္း သိရပါတယ္။

“တစ္ဦးကို တစ္ဦး ဝန္းရံလို႔ ဒို႔ႏိုင္ငံေတာ္ ဒို႔ ေထြးပိုက္စို႔” ေဆာင္ပုဒ္ႏွင့္အတူ စက္တင္ဘာလ ၉ ရက္ေန႔မွစတင္ကာ နိုင္ငံေက်ာ္ေတးသံရွင္၊ ဂီတပညာရွင္ႏွင့္ သရုပ္ေဆာင္မ်ားစြာ စုေပါင္းက ျပဳလုပ္ၾကျခင္းျဖစ္သည္။

မႏၲေလးသိန္းေဇာ္က ”ျမန္မာႏိုင္ငံသဘင္ေဖာင္ေဒးရွင္း၏ ဦးေဆာင္မႈျဖင့္
ရခိုင္ေဒသ အၾကမ္းဖက္ခံရေသာျပည္သူမ်ား /ဝန္ထမ္းမ်ား

နယ္ေျမလုံခ်မ္းေရး / ၿငိမ္းခ်မ္းေရးေဆာင္ရြက္ေနၾကေသာ
တပ္မေတာ္သားမ်ား / ရဲတပ္ဖြဲ႔ဝင္မ်ားအား
ေမတၱာအားကူ ေထာက္ပ့ံလွဴဒါန္းႏိုင္ေရးအတြက္
ႏိုင္ငံေက်ာ္ ႐ုပ္ရွင္ဂီတသဘင္ အႏုညာရွင္မ်ားႏွင့္
ျမန္မာႏိုင္ငံဆိုင္းဂီတအသင္းတို႔ ပူးေပါင္းပါဝင္ေဆာင္ရြက္သည္ ။” ဟု ၄င္း၏ေဖ့စ္ဘြက္ စာမ်က္ႏွာတြင္ ေရးသားထားသည္။

ထပ္ဆင့္အကယ္ခ်ိဳျပဳံး ၊ နန္းဝင္း ၊ ေတးသံရွင္ခင္ၫြန္႔ရည္ ၊ စိုးစႏၵာထြန္း
ရခိုင္အမ်ိဳးသမီးေတးသံရွင္စိမ္းလဲ့လဲ့ ၊ ေရႊရည္ဝင္း ၊ အုျိပည့္ရွင္ ၊ သက္မွဴးေဟသီ
ရဲရင့္ေဝလြင္ ၊ ႐ုပ္ရွင္သ႐ုပ္ေဆာင္မိုးျပည့္ျပည့္ေမာင္ ၊ ျမပုဏၰမာဝင့္သိဂီ ၤ

စႏၵယားေမာင္ၿငိမ္းခ်မ္း ၊ မႏၲေလးသိန္းေဇာ္ ၊ ဆိုင္းဂီတပညာရွင္
မႏၲေလးစိန္တင့္လြင္ဦးေဆာင္ေသာ ျမန္မာႏိုင္ငံဆိုင္းဂီတအသင္းႏွင့္
မႏၲေလးၿမိဳခံ စာေပပန္းခ်ီသဘင္ဂီတအႏုပညာရွင္စသူတို႔ ပါဝင္ၾကသည္။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: PannPwint

#Unicode Version#
ရခိုင်ဒေသတွင် ဖြစ်ပေါ်လာသော အကြမ်းဖက်ခံ ပြည်သူများကို ထောက်ပံ့ရန် မန္တလေးသိန်းဇော်နဲ့အဖွဲ့ကမန္တလေးမြို့တွင်း လှည့်လည်က ဖျော်ဖြေအလှူခံခဲ့ကြကြောင်း သိရပါတယ်။

“တစ်ဦးကို တစ်ဦး ဝန်းရံလို့ ဒို့နိုင်ငံတော် ဒို့ ထွေးပိုက်စို့” ဆောင်ပုဒ်နှင့်အတူ စက်တင်ဘာလ ၉ ရက်နေ့မှစတင်ကာ နိုင်ငံကျော်တေးသံရှင်၊ ဂီတပညာရှင်နှင့် သရုပ်ဆောင်များစွာ စုပေါင်းက ပြုလုပ်ကြခြင်းဖြစ်သည်။

မန္တလေးသိန်းဇော်က ”မြန်မာနိုင်ငံသဘင်ဖောင်ဒေးရှင်း၏ ဦးဆောင်မှုဖြင့်
ရခိုင်ဒေသ အကြမ်းဖက်ခံရသောပြည်သူများ /ဝန်ထမ်းများ

နယ်မြေလုံချမ်းရေး / ငြိမ်းချမ်းရေးဆောင်ရွက်နေကြသော
တပ်မတော်သားများ / ရဲတပ်ဖွဲ့ဝင်များအား
မေတ္တာအားကူ ထောက်ပံ့လှူဒါန်းနိုင်ရေးအတွက်
နိုင်ငံကျော် ရုပ်ရှင်ဂီတသဘင် အနုညာရှင်များနှင့်
မြန်မာနိုင်ငံဆိုင်းဂီတအသင်းတို့ ပူးပေါင်းပါဝင်ဆောင်ရွက်သည် ။” ဟု ၎င်း၏ဖေ့စ်ဘွက် စာမျက်နှာတွင် ရေးသားထားသည်။

ထပ်ဆင့်အကယ်ချိုပြုံး ၊ နန်းဝင်း ၊ တေးသံရှင်ခင်ညွန့်ရည် ၊ စိုးစန္ဒာထွန်း
ရခိုင်အမျိုးသမီးတေးသံရှင်စိမ်းလဲ့လဲ့ ၊ ရွှေရည်ဝင်း ၊ အုြိပည့်ရှင် ၊ သက်မှူးဟေသီ
ရဲရင့်ဝေလွင် ၊ ရုပ်ရှင်သရုပ်ဆောင်မိုးပြည့်ပြည့်မောင် ၊ မြပုဏ္ဏမာဝင့်သိဂီ ၤ

စန္ဒယားမောင်ငြိမ်းချမ်း ၊ မန္တလေးသိန်းဇော် ၊ ဆိုင်းဂီတပညာရှင်
မန္တလေးစိန်တင့်လွင်ဦးဆောင်သော မြန်မာနိုင်ငံဆိုင်းဂီတအသင်းနှင့်
မန္တလေးမြိုခံ စာပေပန်းချီသဘင်ဂီတအနုပညာရှင်စသူတို့ ပါဝင်ကြသည်။

ဖိုးသူတော် (www.phothutaw.com)
Credit: PannPwint
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top