Novotel ဟိုတယ္တြင္ က်င္းပမည့္ Yone Min တိုက္ခန္းႏွင့္ ကြန္ဒို အထူးအေရာင္းျပပြဲ
×

မိုးေနွာင္းကာလ ျဖစ္ေသာ္လည္း မိုးကေကာင္းေနဆဲပင္။
မိုးေအးေအးနွင့္ အိမ္ယာထဲ၌ ေစာင္ေလး ျခံဳကာ
ေကြးေနတက္ၾကသည္ မွာ လူတိုင္း၏ အရသာတစ္မ်ိဳး
မဟုတ္ပါလား။

ထိုအေျခအေန ကို ေစာင့္ေနသူထဲတြင္ မင္းလူက
ထိပ္ဆုံးက ပါသည္ ေစာင္ေလးျခံဳကာ အိပ္ရန္ေတာ့မဟုတ္
သူရဲ႕ဝါသနာ အရ ကိုင္းေထာက္ရန္ျဖစ္သည္။
ညေနဘက္ထဲက ဝါးတန္ငယ္ ၅၀ နီးပါးနွင့္ ငါမ်ွားခ်ိတ္
ငါးမ်ွားၾကိဳး တို႕ကို အသင့္ျပဳလုပ္ထားေလသည္။

မိုးေနွာင္းကာလ တြင္ မိုးေကာင္းေနလ်ွင္ ငါးရတက္သည္
ဘယ္ေနရာက ငါးပိုေပါသည္ ကိုလည္း မင္းလူ သိထား
ျပီးျဖစ္ေသာေၾကာင့္ ညေနဘက္ ထမင္းေစာေစာ
စားကာ ေခ်ာငိးရိုးဘက္ထြက္လာခ့ဲေလသည္။

”ေဟ့ မင္းလူ ေစာလွခ်ည္လားကြာ”
”ေအးကြာ ငါသြားရမွာ နည္းနည္းလွမ္း လို႕ ဖိုးတုတ္ေရ
ဒါနဲ႕ မင္းေကာဘယ္လည္း”
”ေအးငါလည္း မင္းလိုပဲ ေပါ့ကြ ကိုင္းေထာက္ေပါ့”
ဒီလို အခ်ိန္မ်ိဳး ကိုေစာင့္ေနသည္မွာ တံငါသည္ အမ်ားစု
ျဖစ္ေလသည္။

”’ဒါနဲ႕ မင္းဘယ္ဘက္သြားမလဲ   ”
”ငါေတာ့ အေဖာ္မရွိေတာ့ ဒီနားတစ္ဝိုက္ ေပါ့ မင္းကေရာ”
”မင္းဒါဆို ငါနဲ႕လိုက္မလား ငါးေက်ာ သိထားတယ္ကြ”
”ေအးေလ သြားတာေပါ့ နစ္ေယာက္ဆိုေတာ့ အေဖာ္ရတာေပါ့”
မင္းလူေလွ သို႕ ဖိုးတုတ္ ေျပာင္းလာကာ နစ္ေယာက္
တစ္စီး ျဖင့္ထြက္လာ ခ့ဲၾကသည္။

ညေန ေစာင္း အခ်ိန္ျဖစ္၍ ပုဇင္း ရင္ကြဲသံမ်ား၊ပုရစ္သံမ်ား
ေခ်ာင္းရိုး တစ္ေလ်ွာက္စီညံေန၏။

”ဒါနဲ႕ ဘယ္သြားမွာလည္း မင္းလူရ”
”သျပဳေခ်ာင္း ဘက္ေလကြာ  ငါဟိုတစ္ခါသြားတာ
ေတာ္ေတာ္ရခ့ဲတယ္”
”ဟင္း  ငါမလိုက္ရဲဘူးကြ ကမ္းကပ္ေပ”
”လာပါကြာ နွစ္ေယာက္ပဲ ေၾကာက္စရာလား”
သျပဳေခ်ာင္ သည္  ေနွာင္ခ်ိဴ ေခ်ာင္းနွင့္ ဆက္လ်ွက္ ျဖစ္ျပီး
သျပဳပင္ရြာသာ မ်ားက  သျပဳေခ်ာင္းတြင္ငါးရွာသူနည္းသျဖင့္
ငါး အလြန္ေပါေလသည္။

ထိုသို႕ ငါးမရွာၾကသည္မွာ သျပဳပင္ရြာ၏ သၤခ်ိဳင္းသည္
ေခ်ာင္းစပ္၌ ျဖစ္ျပီး သခ်ိဳင္း အစပ္ပင္ ကမ္းျပိဳ တ့ဲအထဲ
ပါေနျပီးျဖစ္ေသာေၾကာင့္ ေၾကာက္လန္႕ သူမ်ားအဖို႕
မရွာရဲျခင္းျဖစ္ေလသည္။

သျပဳပင္သခ်ၤိဳင္းက အခုမွ ေၾကာက္ၾကသည္ မဟုတ္ပဲ
ေရွ႕က လူေတာ္ေတာ္မ်ားမ်ား ပင္ ေၾကာက္ရြံ႔ၾက၏။
ေလွမ်ားျဖတ္သြားေသာအခါ  သစ္ပင္ေပၚမွ တစ္ေကာင္ေကာင္
ခုန္ခ်ျပီး ေရျပင္ေတာ့ လူပ္ခတ္မူ မရွိေပ။

လူကိုယ္လုံး ခန္႕နီးပါး အသံေၾကာင့္ ဗြမ္းးးးဟုက်ယ္ေလာင္
စြာျမည္ေသာ္လည္း ေရျပင္က ျငိမ္သက္ေနသည္။
တစ္ခါတစ္ရံ ေခ်ာင္းဘက္သို႕ ေက်ာခိုင္းကာ မိန္းမ တစ္ေယာက္ ဆံပင္ ဖားလ်ား နွင့္ သခ်ိဳင္းဘက္သို႕ ၾကည့္ကာစကားေျပာေနတတ္သည္လည္း
ခဏခဏ ၾကားဖူးေလသည္။

ထို႕ေၾကာင့္မင္းလူကို ဖိုးတုတ္ ကမ္းကပ္ ခိုင္းေနျခင္း ျဖစ္ေလ
သည္။

”မင္းလူ ငါေနာက္ေနတာ မဟုတ္ဘူးကြ ကမ္းကပ္ေပး”
ဖိုးတုတ္ ငိုသံပါလာသည္  သူသျပဳပင္ သခ်ိဳင္း အေၾကာင္း
သူ႕အဘ ေျပာထားေသာေၾကာင့္ ေတာ္ေတာ္မ်ားမ်ား
သိေလသည္။

”ေရာက္လက္စပဲ ကြာ တစ္လား ေလာက္ေထာက္ျပီးတာနဲ႕
ျပန္တာေပါ့”
ျငင္းမရသည့္ အဆုံးဖိုးတုတ္ လက္ေလ်ာ့ကာ
သေဘာတူရေတာ့သည္။

”တစ္လားပဲေနာ္ မဟုတ္ရင္ေတာ့ မင္းနဲ႕ဟာေတြ႕မယ္”
”ဟာ ေအးပါကြာ”
ရယ္သံက်ဲက်ဲ နွင့္မင္းလူ  ဖိုတုတ္ အေၾကာက္ၾကီးသည္
ကို  ျပန္ခါနီးစရန္ စိတ္ကူးလိုက္ေလသည္။

ေရာက္ခါစေတာ့ ဘာမွ မေတြ႕ ငါးစာတပ္ ကိုင္းေထာက္
ေရွ႔က ေထာက္သည္နွင့္ေနာက္က ဟပ္ေနသည္။

”ဟ ငါေျပာတယ္မွတ္လား ဖိုးတုတ္ရ   ေပါပါတယ္လို႕”
”ေအးကြာ လူေတြလန္႕လို႔ မလာေတာ့ ငါးလာစုေနတာ
မင္းလူေရ”
ငါးက လည္းေတာ္ေတာ္ေလး ရသည္   သရဲကိုပင္
သတိမရေတာ့ေပ။

ေဝါးးးးေဝါးးးးး
”ေတာက္!!!!မိုးကလည္းကြာ  လုပ္ျပီး ငါ—မ မိုး  —လိုမပဲ”
မင္းလူတစ္ေယာက္ အဆဲ စုံသြားေလသည္။
”ဟာ မင္းလူရာ ငါး လည္းေတာ္ေတာ္ရေနျပီပဲ
ဆဲမေနပါနဲ႕ကြာ”
”ဘာကြ ငါးက အခုမွ စရတာ ကြ ဆဲေတာ့ဘာျဖစ္လည္းကြာ
ငါ–မ မိုးး—မိုး ဆဲတယ္ကြာ”
မင္းလူမွာ ေျပာေနရင္ ေရာက္တက္လာကာ အတင္း
နွင္းကန္ဆဲေလ၏။

ဝုန္းးးးးဝုန္းးးး
”ေဟ့ေရာင္မင္းလူ မထနဲ႕ ေလွေစာင္းေနတယ္”
”ဝုန္းးး” ဒီတစ္ခါေတာ့ မင္းလူ ေလွေပၚမွ ျပဳတ္က်ျခင္း
ျဖစ္သည္။

မတ္တက္ရပ္ေသာ အခ်ိန္ ေလွေစာင္းသြားေသာေၾကာင့္
အရုိန္မထိန္းနိုင္ပဲ ၿပဳတ္က်သြားေလသည္။
ဖလူးးဖလူးးးးးးအားးဆြဲပါ
မင္းလူ ေရကိုေကာင္းေကာင္း ကူနိုင္ေသာ္လည္း
သူကို အတင္းဆြဲခိုင္းေနသည္။

ဖိုးတုတ္လည္း ေလွနွင့္ ေဝးေန၍ အနားသိုထပ္ကပ္လိုက္သည္။
”မင္းလူ မင္းလူ သတိထား သတိထား”
မင္းလူတစ္ေယာက္ ေရေအာက္ေရာက္သြားသည္။
သူအားနွင့္ေလွစီသို႕ ကူခပ္ေနေသာ္လည္း
တစ္စုံတစ္ခု ဆြဲထားသည္ကို ဖိုတုတ္ ကေတာ့
သိမည္မထင္ပါ။

မိုးလည္းတိတ္သြားသည္ ၁၀မိနစ္ ခန္႕ၾကာသြားေသာ္လည္း
မင္းလူ တစ္ေယာက္ ျပန္ေပၚ လာသည္မေတြ႕ေသာေၾကာင့္
ဖိုးတုတ္ စိတ္ပူလာသည္။

”ေအာ္ မင္းက ဟိုမွာ ကိုကြ မင္းေပ်ာက္လို႕
လိုက္ရွာေနတာ ငါလာမယ္ခဏ”
ဖိုးတုတ္ သခ်ိဳၤင္း စပ္သို႕ ေလွာ္လိုက္ေလသည္။
”ေအးကြာ လာျပန္မယ္  ငါးလည္းေတာ္ေတာ္ ရေနျပီပဲ”
”ေအးကြာ ျပန္က်တာေပ္ါ့”
နွစ္ေယာက္သား ရြာဘက္သို႕ ျပန္ေလွာ္လာခ့ဲသည္။

”ဖိုးတုတ္ မင္းမေလွာ္နဲ႕ ငါေလွာ္မယ္”
”ဟာမင္းလူရာ မင္က ေရနစ္ထားတာ နားပါ ငါေလွာ္ပါ့မယ္”
”မဟုတ္ဘူကြ ခ်မ္းလို႕ နည္းနည္းေလး အာနဲ႕ေလွာ္ခ်င္လ္ု႕”
ဖိုးတုတ္ဘာမွ မေျပာေတာ့ဘဲ ေလွတပ္ ကို ရုတ္လိုက္၏
ေလွေလမွာ ေခ်ာင္းရိုးတစ္ေယာက္ တစ္ေရြ႕ေရြ႕လာခ့ဲေလသည္။

အလာတုန္းက နွစ္ေယာက္ေလွာ္တာ ေတာင္ ယခု
မင္းလူ တစ္ေယာက္ထဲ ေလွာ္တာေလာက္ မျမန္ဟု
ဖိုးတုတ္ သတိထားမိေလသည္ ေျပာေတာ့မေျပာေတာ့။

”ကဲေရာက္ျပီး  ဆင္းၿကမယ္”
”ေရာ့မင္းလူ ငါးတစ္ဝက္ မင္းကနည္းနည္းပိုယူ
ေရနစ္ထားလို႕ ”
စေနာက္သေဘာျဖင့္ ဖိုးတုတ္ ငါးထုတ္ေပးလိုက္၏
”ငါ ငါးမယူေတာ့ဘူးမင္းပဲ ယူလိုက္ပါေတာ့ကြာ”
”ဒါေတာ့ ဘယ္ျဖစ္မလည္းကြ မင္းမယူလ္ု႕ ငါတစ္ကိုယ္
ေကာင္းဆန္တာေပါ့”
”မင္းအကုန္ယူဆို ယူလိုက္ကြာ”
ေအးေအးေဆးေဆး ေျပာေနရာ မွ မင္းလူ အသံ
မွာ မာန္နွင့္ေဒါသ သံပါလာသည္။

ဖ္ုးတုတ္က လည္း ငယ္ေပါင္းဆိုေတာ့ မင္းလူအေၾကာင္း
သိသည္ ဒါဆိုဒါ မွ ၾကိဳက္သည့္ လူမ်ိဳး မို႕
”ေအးပါကြာ မနက္မွ ငါမင္းအိမ္ဟင္းလာပို႕မယ္”
မင္းလူဘာမွ မေျပာပဲ လွည့္ထြက္သြားေလသည္။
မင္းလူထြက္သြားေတာ့ မိုးက  အနည္းငယ္ ျပန္ရြာေလသည္
ထို႕ေၾကာင့္ ဖိုးတုတ္လည္း အိမ္သို႕ ငါးထုတ္ေလး
ထမ္းကာ သုတ္ေခ်တင္ခ့ဲေလသည္။

”ကိုဖိုးတုတ္ ထေတာ့ေလ ေနျမင့္ေနျပီ ရွင့္သူငယ္ခ်င္းစီ
ဟင္းသြားပို႕မယ္ဆို”
ဖိုတုတ္ မိုးေအးေအးနွင့္ အိပ္လိုက္တာ ၈နာရီ နီးပါးရွိေလျပီ
ျဖစ္သည္။

” ဟာေအး ဟုတ္သားပဲ ဟိုေကာင္ ဗိုက္ဆာေနျပီထင္တယ္”
ဖိုးတုတ္ မ်က္နွာသစ္ ျပီး မိန္းမျဖစ္သူ ျပင္ေပးထားသည့္
ဟင္းခ်ိဳင့္ေလးဆြဲကာ ထြက္လာလိုက္ေလသည္။

”ဟာ ဒီေကာင္မထေသးဘူး ထင္တယ္  ”
ဟင္အိမ္ထဲမွာလည္း မရွိပါလား တစ္ေယာက္ထဲေနသည့္
မို႕ ေမးၾကည့္ရန္လည္း ေဘးအိမ္သာရွိသည္။

”’ေဒၚေလးျမ တို႕ မင္းလူ ဘယ္သြားလည္း ဗ် မေတြ႕လို႕”
‘အိမ္နၤီးနားခ်င္း ကို လွမ္းေမးလိုက္၏
”ဟ့ဲဘယ္သိမလည္းဟ့ဲ မေနကညေနကေတာင္
ငါးသံြားရွာမလို႔ ငါး႐ရင္ယူမလားဆိုျပီး ၾကိဳေရာင္းေနေသးတယ္”
”ဒါဆို ညက ျပန္မလာဘူးလား”
”အဲ႕ဒါေတာ့ က်ဳပ္လည္း မသိဘူး ဖိုးတုတ္ေရ”
ေဒၚေလျမ ေျပာပုံ အရ ဆို ညက ျပန္လာပုံမရ
သူကလည္အျပင္သိပ္သြားသည္မဟုတ္ စဥ္းစားရ
ခက္ေနသည္။

ထိုစဥ္
”ေဟ့ျဖည့္းျဖည္း လုပ္ပါကြ ေသတဲ႕လူက သိရင္ မင္းတို႕ကို
ဆဲမွာပဲ ျဖည္းျဖည္းထမ္းၾက”
”ဟင္  ဘာေတြျဖစ္ေနတာလည္း ဒီကို လာေနတာေပါ့”
ေရွ႕ဆုံးမွ သူၾကီးကို ေတြ႕လိုက္သျဖင့္ ဖိုးတုတ္
ေမးလိုက္သည္
”ဘယ္သူေသတာလည္း အဘရဲ႕”
”မင္းမသိေသးဘူးလား မင္းငယ္ေပါင္းမင္းလူေလ”
”ဟာ မျဖစ္နိုင္တာ ဘယ္မွာေသတာလည္း”
မင္းလူ  ထမ္းလာေသာ လူအနားသို႕ ကပ္ၾကည့္လိုက္သည္
ဟင္
”ေအးဖုိးတုတ္ေရ  ငါတို႕လည္း မသိဘူးကြ ေလွတစ္စီး
သျပဳပင္ သခ်ိဳင္းနာမွာ ေလွေမွာက္ျပီး ေသေနတယ္
လို႕ မနက္က ငါးဖမ္းတဲ႕လူေတြ ေျပာလို႕သြားၾကည့္တာ
မင္းလူျဖစ္ေနတာေဟ့”
သူၾကီးရဲ႕ စကားအဆုံးတြင္ေတာ့ ဖိုးတုတ္ ဇေဝဇဝါ ျဖစ္သြား
ေလသည္။

သူငါးေပးတာ ဘာလို႕မယူတာလည္း ညက သူေနာက္
တစ္ေခါက္ အဲ႕ေနရာျပန္သြားတာလား
ဘာလို႕ အဲ႕နားမွာ ေသေနတာလည္း  စဥ္းစားမရခ့ဲပါေခ်။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: သရဲ ညီေနာင္

# Unicode Version #
မိုးနှောင်းကာလ ဖြစ်သော်လည်း မိုးကကောင်းနေဆဲပင်။
မိုးအေးအေးနှင့် အိမ်ယာထဲ၌ စောင်လေး ခြုံကာ
ကွေးနေတက်ကြသည် မှာ လူတိုင်း၏ အရသာတစ်မျိုး
မဟုတ်ပါလား။

ထိုအခြေအနေ ကို စောင့်နေသူထဲတွင် မင်းလူက
ထိပ်ဆုံးက ပါသည် စောင်လေးခြုံကာ အိပ်ရန်တော့မဟုတ်
သူရဲ့ဝါသနာ အရ ကိုင်းထောက်ရန်ဖြစ်သည်။
ညနေဘက်ထဲက ဝါးတန်ငယ် ၅၀ နီးပါးနှင့် ငါမျှားချိတ်
ငါးမျှားကြိုး တို့ကို အသင့်ပြုလုပ်ထားလေသည်။

မိုးနှောင်းကာလ တွင် မိုးကောင်းနေလျှင် ငါးရတက်သည်
ဘယ်နေရာက ငါးပိုပေါသည် ကိုလည်း မင်းလူ သိထား
ပြီးဖြစ်သောကြောင့် ညနေဘက် ထမင်းစောစော
စားကာ ချောငိးရိုးဘက်ထွက်လာခဲ့လေသည်။

”ဟေ့ မင်းလူ စောလှချည်လားကွာ”
”အေးကွာ ငါသွားရမှာ နည်းနည်းလှမ်း လို့ ဖိုးတုတ်ရေ
ဒါနဲ့ မင်းကောဘယ်လည်း”
”အေးငါလည်း မင်းလိုပဲ ပေါ့ကွ ကိုင်းထောက်ပေါ့”
ဒီလို အချိန်မျိုး ကိုစောင့်နေသည်မှာ တံငါသည် အများစု
ဖြစ်လေသည်။

”’ဒါနဲ့ မင်းဘယ်ဘက်သွားမလဲ   ”
”ငါတော့ အဖော်မရှိတော့ ဒီနားတစ်ဝိုက် ပေါ့ မင်းကရော”
”မင်းဒါဆို ငါနဲ့လိုက်မလား ငါးကျော သိထားတယ်ကွ”
”အေးလေ သွားတာပေါ့ နစ်ယောက်ဆိုတော့ အဖော်ရတာပေါ့”
မင်းလူလှေ သို့ ဖိုးတုတ် ပြောင်းလာကာ နစ်ယောက်
တစ်စီး ဖြင့်ထွက်လာ ခဲ့ကြသည်။

ညနေ စောင်း အချိန်ဖြစ်၍ ပုဇင်း ရင်ကွဲသံများ၊ပုရစ်သံများ
ချောင်းရိုး တစ်လျှောက်စီညံနေ၏။

”ဒါနဲ့ ဘယ်သွားမှာလည်း မင်းလူရ”
”သပြုချောင်း ဘက်လေကွာ  ငါဟိုတစ်ခါသွားတာ
တော်တော်ရခဲ့တယ်”
”ဟင်း  ငါမလိုက်ရဲဘူးကွ ကမ်းကပ်ပေ”
”လာပါကွာ နှစ်ယောက်ပဲ ကြောက်စရာလား”
သပြုချောင် သည်  နှောင်ချိူ ချောင်းနှင့် ဆက်လျှက် ဖြစ်ပြီး
သပြုပင်ရွာသာ များက  သပြုချောင်းတွင်ငါးရှာသူနည်းသဖြင့်
ငါး အလွန်ပေါလေသည်။

ထိုသို့ ငါးမရှာကြသည်မှာ သပြုပင်ရွာ၏ င်္သချိုင်းသည်
ချောင်းစပ်၌ ဖြစ်ပြီး သချိုင်း အစပ်ပင် ကမ်းပြို တဲ့အထဲ
ပါနေပြီးဖြစ်သောကြောင့် ကြောက်လန့် သူများအဖို့
မရှာရဲခြင်းဖြစ်လေသည်။

သပြုပင်သင်္ချိုင်းက အခုမှ ကြောက်ကြသည် မဟုတ်ပဲ
ရှေ့က လူတော်တော်များများ ပင် ကြောက်ရွံ့ကြ၏။
လှေများဖြတ်သွားသောအခါ  သစ်ပင်ပေါ်မှ တစ်ကောင်ကောင်
ခုန်ချပြီး ရေပြင်တော့ လူပ်ခတ်မူ မရှိပေ။

လူကိုယ်လုံး ခန့်နီးပါး အသံကြောင့် ဗွမ်းးးးဟုကျယ်လောင်
စွာမြည်သော်လည်း ရေပြင်က ငြိမ်သက်နေသည်။
တစ်ခါတစ်ရံ ချောင်းဘက်သို့ ကျောခိုင်းကာ မိန်းမ တစ်ယောက် ဆံပင် ဖားလျား နှင့် သချိုင်းဘက်သို့ ကြည့်ကာစကားပြောနေတတ်သည်လည်း
ခဏခဏ ကြားဖူးလေသည်။

ထို့ကြောင့်မင်းလူကို ဖိုးတုတ် ကမ်းကပ် ခိုင်းနေခြင်း ဖြစ်လေ
သည်။

”မင်းလူ ငါနောက်နေတာ မဟုတ်ဘူးကွ ကမ်းကပ်ပေး”
ဖိုးတုတ် ငိုသံပါလာသည်  သူသပြုပင် သချိုင်း အကြောင်း
သူ့အဘ ပြောထားသောကြောင့် တော်တော်များများ
သိလေသည်။

”ရောက်လက်စပဲ ကွာ တစ်လား လောက်ထောက်ပြီးတာနဲ့
ပြန်တာပေါ့”
ငြင်းမရသည့် အဆုံးဖိုးတုတ် လက်လျော့ကာ
သဘောတူရတော့သည်။

”တစ်လားပဲနော် မဟုတ်ရင်တော့ မင်းနဲ့ဟာတွေ့မယ်”
”ဟာ အေးပါကွာ”
ရယ်သံကျဲကျဲ နှင့်မင်းလူ  ဖိုတုတ် အကြောက်ကြီးသည်
ကို  ပြန်ခါနီးစရန် စိတ်ကူးလိုက်လေသည်။

ရောက်ခါစတော့ ဘာမှ မတွေ့ ငါးစာတပ် ကိုင်းထောက်
ရှေ့က ထောက်သည်နှင့်နောက်က ဟပ်နေသည်။

”ဟ ငါပြောတယ်မှတ်လား ဖိုးတုတ်ရ   ပေါပါတယ်လို့”
”အေးကွာ လူတွေလန့်လို့ မလာတော့ ငါးလာစုနေတာ
မင်းလူရေ”
ငါးက လည်းတော်တော်လေး ရသည်   သရဲကိုပင်
သတိမရတော့ပေ။

ဝေါးးးးဝေါးးးးး
”တောက်!!!!မိုးကလည်းကွာ  လုပ်ပြီး ငါ—မ မိုး  —လိုမပဲ”
မင်းလူတစ်ယောက် အဆဲ စုံသွားလေသည်။
”ဟာ မင်းလူရာ ငါး လည်းတော်တော်ရနေပြီပဲ
ဆဲမနေပါနဲ့ကွာ”
”ဘာကွ ငါးက အခုမှ စရတာ ကွ ဆဲတော့ဘာဖြစ်လည်းကွာ
ငါ–မ မိုးး—မိုး ဆဲတယ်ကွာ”
မင်းလူမှာ ပြောနေရင် ရောက်တက်လာကာ အတင်း
နှင်းကန်ဆဲလေ၏။

ဝုန်းးးးးဝုန်းးးး
”ဟေ့ရောင်မင်းလူ မထနဲ့ လှေစောင်းနေတယ်”
”ဝုန်းးး” ဒီတစ်ခါတော့ မင်းလူ လှေပေါ်မှ ပြုတ်ကျခြင်း
ဖြစ်သည်။

မတ်တက်ရပ်သော အချိန် လှေစောင်းသွားသောကြောင့်
အရိုန်မထိန်းနိုင်ပဲ ပြုတ်ကျသွားလေသည်။
ဖလူးးဖလူးးးးးးအားးဆွဲပါ
မင်းလူ ရေကိုကောင်းကောင်း ကူနိုင်သော်လည်း
သူကို အတင်းဆွဲခိုင်းနေသည်။

ဖိုးတုတ်လည်း လှေနှင့် ဝေးနေ၍ အနားသိုထပ်ကပ်လိုက်သည်။
”မင်းလူ မင်းလူ သတိထား သတိထား”
မင်းလူတစ်ယောက် ရေအောက်ရောက်သွားသည်။
သူအားနှင့်လှေစီသို့ ကူခပ်နေသော်လည်း
တစ်စုံတစ်ခု ဆွဲထားသည်ကို ဖိုတုတ် ကတော့
သိမည်မထင်ပါ။

မိုးလည်းတိတ်သွားသည် ၁၀မိနစ် ခန့်ကြာသွားသော်လည်း
မင်းလူ တစ်ယောက် ပြန်ပေါ် လာသည်မတွေ့သောကြောင့်
ဖိုးတုတ် စိတ်ပူလာသည်။

”အော် မင်းက ဟိုမှာ ကိုကွ မင်းပျောက်လို့
လိုက်ရှာနေတာ ငါလာမယ်ခဏ”
ဖိုးတုတ် သချိုၤင်း စပ်သို့ လှော်လိုက်လေသည်။
”အေးကွာ လာပြန်မယ်  ငါးလည်းတော်တော် ရနေပြီပဲ”
”အေးကွာ ပြန်ကျတာပေ်ါ့”
နှစ်ယောက်သား ရွာဘက်သို့ ပြန်လှော်လာခဲ့သည်။

”ဖိုးတုတ် မင်းမလှော်နဲ့ ငါလှော်မယ်”
”ဟာမင်းလူရာ မင်က ရေနစ်ထားတာ နားပါ ငါလှော်ပါ့မယ်”
”မဟုတ်ဘူကွ ချမ်းလို့ နည်းနည်းလေး အာနဲ့လှော်ချင်လ်ု့”
ဖိုးတုတ်ဘာမှ မပြောတော့ဘဲ လှေတပ် ကို ရုတ်လိုက်၏
လှေလေမှာ ချောင်းရိုးတစ်ယောက် တစ်ရွေ့ရွေ့လာခဲ့လေသည်။

အလာတုန်းက နှစ်ယောက်လှော်တာ တောင် ယခု
မင်းလူ တစ်ယောက်ထဲ လှော်တာလောက် မမြန်ဟု
ဖိုးတုတ် သတိထားမိလေသည် ပြောတော့မပြောတော့။

”ကဲရောက်ပြီး  ဆင်းကြမယ်”
”ရော့မင်းလူ ငါးတစ်ဝက် မင်းကနည်းနည်းပိုယူ
ရေနစ်ထားလို့ ”
စနောက်သဘောဖြင့် ဖိုးတုတ် ငါးထုတ်ပေးလိုက်၏
”ငါ ငါးမယူတော့ဘူးမင်းပဲ ယူလိုက်ပါတော့ကွာ”
”ဒါတော့ ဘယ်ဖြစ်မလည်းကွ မင်းမယူလ်ု့ ငါတစ်ကိုယ်
ကောင်းဆန်တာပေါ့”
”မင်းအကုန်ယူဆို ယူလိုက်ကွာ”
အေးအေးဆေးဆေး ပြောနေရာ မှ မင်းလူ အသံ
မှာ မာန်နှင့်ဒေါသ သံပါလာသည်။

ဖ်ုးတုတ်က လည်း ငယ်ပေါင်းဆိုတော့ မင်းလူအကြောင်း
သိသည် ဒါဆိုဒါ မှ ကြိုက်သည့် လူမျိုး မို့
”အေးပါကွာ မနက်မှ ငါမင်းအိမ်ဟင်းလာပို့မယ်”
မင်းလူဘာမှ မပြောပဲ လှည့်ထွက်သွားလေသည်။
မင်းလူထွက်သွားတော့ မိုးက  အနည်းငယ် ပြန်ရွာလေသည်
ထို့ကြောင့် ဖိုးတုတ်လည်း အိမ်သို့ ငါးထုတ်လေး
ထမ်းကာ သုတ်ချေတင်ခဲ့လေသည်။

”ကိုဖိုးတုတ် ထတော့လေ နေမြင့်နေပြီ ရှင့်သူငယ်ချင်းစီ
ဟင်းသွားပို့မယ်ဆို”
ဖိုတုတ် မိုးအေးအေးနှင့် အိပ်လိုက်တာ ၈နာရီ နီးပါးရှိလေပြီ
ဖြစ်သည်။

” ဟာအေး ဟုတ်သားပဲ ဟိုကောင် ဗိုက်ဆာနေပြီထင်တယ်”
ဖိုးတုတ် မျက်နှာသစ် ပြီး မိန်းမဖြစ်သူ ပြင်ပေးထားသည့်
ဟင်းချိုင့်လေးဆွဲကာ ထွက်လာလိုက်လေသည်။

”ဟာ ဒီကောင်မထသေးဘူး ထင်တယ်  ”
ဟင်အိမ်ထဲမှာလည်း မရှိပါလား တစ်ယောက်ထဲနေသည့်
မို့ မေးကြည့်ရန်လည်း ဘေးအိမ်သာရှိသည်။

”’ဒေါ်လေးမြ တို့ မင်းလူ ဘယ်သွားလည်း ဗျ မတွေ့လို့”
‘အိမ်င်္နီးနားချင်း ကို လှမ်းမေးလိုက်၏
”ဟဲ့ဘယ်သိမလည်းဟဲ့ မနေကညနေကတောင်
ငါးသွံားရှာမလို့ ငါးရရင်ယူမလားဆိုပြီး ကြိုရောင်းနေသေးတယ်”
”ဒါဆို ညက ပြန်မလာဘူးလား”
”အဲ့ဒါတော့ ကျုပ်လည်း မသိဘူး ဖိုးတုတ်ရေ”
ဒေါ်လေမြ ပြောပုံ အရ ဆို ညက ပြန်လာပုံမရ
သူကလည်အပြင်သိပ်သွားသည်မဟုတ် စဉ်းစားရ
ခက်နေသည်။

ထိုစဉ်
”ဟေ့ဖြည့်းဖြည်း လုပ်ပါကွ သေတဲ့လူက သိရင် မင်းတို့ကို
ဆဲမှာပဲ ဖြည်းဖြည်းထမ်းကြ”
”ဟင်  ဘာတွေဖြစ်နေတာလည်း ဒီကို လာနေတာပေါ့”
ရှေ့ဆုံးမှ သူကြီးကို တွေ့လိုက်သဖြင့် ဖိုးတုတ်
မေးလိုက်သည်
”ဘယ်သူသေတာလည်း အဘရဲ့”
”မင်းမသိသေးဘူးလား မင်းငယ်ပေါင်းမင်းလူလေ”
”ဟာ မဖြစ်နိုင်တာ ဘယ်မှာသေတာလည်း”
မင်းလူ  ထမ်းလာသော လူအနားသို့ ကပ်ကြည့်လိုက်သည်
ဟင်
”အေးဖိုးတုတ်ရေ  ငါတို့လည်း မသိဘူးကွ လှေတစ်စီး
သပြုပင် သချိုင်းနာမှာ လှေမှောက်ပြီး သေနေတယ်
လို့ မနက်က ငါးဖမ်းတဲ့လူတွေ ပြောလို့သွားကြည့်တာ
မင်းလူဖြစ်နေတာဟေ့”
သူကြီးရဲ့ စကားအဆုံးတွင်တော့ ဖိုးတုတ် ဇဝေဇဝါ ဖြစ်သွား
လေသည်။

သူငါးပေးတာ ဘာလို့မယူတာလည်း ညက သူနောက်
တစ်ခေါက် အဲ့နေရာပြန်သွားတာလား
ဘာလို့ အဲ့နားမှာ သေနေတာလည်း  စဉ်းစားမရခဲ့ပါချေ။

ဖိုးသူတော် (www.phothutaw.com)
Credit: သရဲ ညီနောင်
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top