ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

အမ်ိဳးသမီးေတြဟာ အမ်ားအားျဖင့္ သူတို႔ရဲ႕ခံစားခ်က္ကို ဦးစားေပးသကဲ့သို႔ သူတို႔ခံစားခ်က္အတိုင္း ဆံုးျဖတ္ခ်က္ခ်ေလ့ရွိပါတယ္။ တခါတေလမွာလည္း သူတို႕ရဲ႕ခံစားခ်က္ကို အျပင္မထုတ္ပဲ ရင္ထဲမွာပဲသိမ္းထားေလ့ရွိပါတယ္။ ဒါေၾကာင့္ သူတို႕ရဲ႕သိမ္ေမြ႕နက္နဲတဲ့ ခံစားခ်က္ကို သိရွိႏိုင္ဖို႕အလြန္ခက္ပါတယ္။ဒါေပမယ့္ သူတို႔ခ်စ္မိေသာအခါ ခ်စ္သူအေပၚ ထားရွိတဲ့ ခံစားခ်က္ေတြက သိသိသာသာကို ခန္႔မွန္းႏိုင္ေလာက္ေအာင္ထိ ဟန္မေဆာင္တတ္ၾကပါဘူး။

တျခားသူေတြကို ျဖတ္လိမ့္မယ္
မိန္းကေလးတစ္ေယာက္က တစ္စံုတစ္ေယာက္ကို ခ်စ္မိတဲ့အခါမွာ သူကိုခ်စ္ေရးဆိုသူအားလံုးကို ေမွ်ာ္လင့္ခ်က္မေပးေတာ့ပဲ အဆက္ျဖတ္လိုက္ပါတယ္။ သူမရဲ႕လိုအပ္ေနတဲ့ ကြက္လပ္ေလးမွာ သူမရဲ႕ခ်စ္သူေရာက္ရွိလာတာနဲ႕ တျခားအရာေတြအေပၚကို လိုခ်င္မႈမရွိေတာပါဘူး။

သူမကအစီအစဥ္ေတြဆြဲလိမ့္မယ္
မိန္းကေလးေတြဟာ သူတို႕ခ်စ္တဲ့သူနဲ႕အတူတူေနရဖို႕ အမ်ိဳးသားေတြထက္ပိုၿပီး စီမံတတ္သူမ်ားျဖစ္ပါတယ္။ သူမရဲ႕ အစီအစဥ္ေတြဟာ သူမကိုယ္တိုင္၊ ဒါမွမဟုတ္ သူငယ္ခ်င္းေတြနဲ႕ အပန္းေျဖခရီးထြက္ဖို႔မဟုတ္ပဲ သူမခ်စ္သူနဲ႕အတူတူသြားဖို႕ ၊ ညစာအတူတူစားဖို႔ စသျဖင့္ သူမကအစီအစဥ္ဆြဲမွာျဖစ္ပါတယ္။ သူမရဲ႕အစီအစဥ္ေတြကို ခ်စ္သူကလည္းႏွစ္သက္လိမ့္မယ္လို႔ ယူဆေလ့ရွိပါတယ္။ ဒါဟာဘာေၾကာင့္လည္းဆိုေတာ့ သူမဟာ သင္နဲ႕အတူအဖြဲ႔တစ္ဖြဲ႔ျဖစ္တယ္လို႔ ယူဆထားလို႔ပါပဲ။

အဓိပၸာယ္ရွိတဲ့ လက္ေဆာင္ေတြကို သူမကေပးလိမ့္မယ္
သူမဟာ သင့္အတြက္အသံုးမလိုတဲ့ လက္ေဆာင္မ်ိဳးေတြ သင္မႏွစ္သက္တဲ့အရာေတြကို ဘယ္ေတာ့မွေပးမွာမဟုတ္ပါဘူး။ တျခားသူေတြသင့္ကိုေပးေလ့ရွိတဲ့ လက္ေဆာင္မ်ိဳးေတြလည္း သူမကေပးမွာမဟုတ္ပါဘူး။ သူမကသင္ဘာကိုအလိုခ်င္ဆံုးလဲ၊ ဘာကိုအႏွစ္သက္ဆံုးလဲ၊ ဘယ္အရာကသင့္အတြက္ပိုေပ်ာ္ရြင္ႏိုင္သလဲဆိုတာ အျမဲဂရုစိုက္ေလ့ရွိပါတယ္။ ဒါေၾကာင့္သင္ေျပာတဲ့စကားတိုင္းကိုဂရုတစိုက္နားေထာင္ၿပီး သင့္လိုအပ္ခ်က္ေတြ အႀကိဳက္ေတြကို လိုက္မွတ္ထားေလ့ရွိပါတယ္။

သင့္ရဲ႕ႏွစ္လိုဖြယ္ ပင္ကိုယ္စ႐ိုက္ကိုရွာေဖြေနလိမ့္မယ္
သင့္ရဲ႕သူငယ္ခ်င္းေတြက သင့္ရဲ႕ပင္ကိုယ္စ႐ိုက္ကို ဟာသလုပ္ခ်င္လုပ္မယ္။ သင့္ရဲ႕မိသားစုက သင့္ရဲ႕ပင္ကိုယ္စရိုက္ကို အေႏွာက္အယွက္ျဖစ္စရာအျဖစ္ ေျပာခ်င္ေျပာလိမ့္မယ္္။ ဒါေပမယ့္ သူမကေတာ့ သင့္ရဲ႕ တစ္ဦးခ်င္းအလိုက္ထူးျခားမႈျဖစ္တဲ့ ပင္ကိုယ္စရိုက္ကို ခ်စ္ပါလိမ့္မယ္။ သင့္ရဲ႕စရုိက္ေၾကာင့္ သူမကသင့္ကို ခ်စ္တယ္ဆိုတာဟာလည္း ဆက္စပ္ေနလို႕ ျငင္းမရႏိုင္ပါဘူး။

သင့္အေၾကာင္းပဲ တစ္ေနကုန္ေတြးေနမယ္
သူမဟာ သင့္အေၾကာင္းမေတြးကိုမေတြးပဲမေနႏိုင္ပါဘူး။ သူမေတြးေနတဲ့အေၾကာင္းကိုလည္း သင့္ကိုတစ္နည္းနည္းနဲ႕ သိေစမွာပါ။ သင့္ရဲ႕အေၾကာင္းကို သူမအခ်ိန္တိုင္းေတြးေနတာသိေစဖို႕အတြက္ မက္ေဆ့ပို႕ျခင္း ဒါမွမဟုတ္ ဖုန္းေခၚျခင္းတို႕ကို သူမကျပဳလုပ္ပါလိမ့္မယ္။

သင့္ေရွ႕မွာဆို ကေလးတစ္ေယာက္လိုေနပါလိမ့္မယ္
သူမဟာဘယ္ေလာက္ပဲ ရင့္က်က္တည္ၿငိမ္ပါေစ သင့္ေရွ႕မွာေတာ့ ေက်ာင္းသူေလးတစ္ေယာက္ကဲ့ သို႕ျမဴးၾကြေနပါလိမ့္မယ္။ သင္ေျပာတဲ့စကားတိုင္းကို ကေလးတစ္ေယာက္ကဲ့သို႕ မ်က္လံုးတဖ်တ္ဖ်တ္လက္ေလာက္ေအာင္ စိတ္၀င္တစားနားေထာင္ပါတယ္။ ဒါဟာသူမ မရင့္က်က္တာမဟုတ္ပဲ သင့္ကိုဂရုစိုက္မႈေတြေပးသလို သင့္ဆီကဂရုစိုက္မႈေတြ ျပန္လိုခ်င္တာေၾကာင့္ ျဖစ္ပါတယ္။

သူမအတြက္ အခ်ိိန္ေတြကမလံုေလာက္ႏိုင္ဘူး
သင့္ရဲ႕ေဘးနားမွာေနတဲ့အခ်ိန္ေတြဟာ သူမအတြက္ေပ်ာ္ရြင္ယစ္မူးစရာေတြခ်ည္းပဲမို႕ သင္နဲ႔အတူ အခ်ိန္ေတြအမ်ားႀကီး ျဖဳန္းတီးပစ္ခ်င္ပါတယ္။ ္သင္နဲ႕မေတြ႔ရတဲ့ အခ်ိန္ေတြမွာလည္း သင့္အေၾကာင္းပဲေတြးေနတာေၾကာင့္ သင္ကသူမရဲ႕အခ်ိန္္ေတြအားလံုးကို စိုးမိုးထားတယ္လို႕ ေျပာလို႕ရပါတယ္။

သူမကိုယ္သူမအရင္ကထက္ ဂရုစိုက္ၿပီးေနမယ္
သူမဟာ သင့္အတြက္အေကာင္းဆံုးဆိုတာကို အျမဲတမ္းျမင္ေစခ်င္ပါတယ္။ ဒါေၾကာင့္ သူမရဲ႕အ၀တ္အစားေတြ မိတ္ကပ္ေတြကအစ သင္ထာ၀ရမရိုးႏိုင္ေအာင္ ျပင္ဆင္ပါလိမ့္္မယ္။ သင္ဟာသူမအတြက္ ကမၻာေပၚမွာ အခန္႔ညားဆံုးေယာက်္ားတစ္ေယာက္ျဖစ္သကဲ့သို႕ သူမဟာလည္း အလွဆံုးမိန္းကေလးတစ္ေယာက္အျဖစ္ သင့္ကိုျမင္ေစခ်င္ပါတယ္။

သူမရဲ႕ခံစားခ်က္ေတြကိုသင့္ကို ေျပာလိမ့္မယ္
ဒါဟာ သူမအတြက္ စိတ္လႈပ္ရွားဆံုးအခ်ိန္လို႕ေျပာလို႕ရပါတယ္။ မိန္းကေလးေတြဟာ သူတို႕ရဲ႕ခံစားခ်က္ကို ေယာက်ာ္းေလးေတြ ေပါ့ေပါ့တန္တန္သေဘာထားမွာကို  အေၾကာက္ဆံုးပါပဲ။ ဒါေပမယ့္ သူမကသင့္ကိုအရမ္းခ်စ္တဲ့အခါ ထိုအေၾကာင္းေတြကို ဂရုမစိုက္ေတာ့ပါဘူး။ သင့္အေပၚ သူမရဲ႕ခံစားခ်က္ေတြကို တစ္ကမၻာလံုးသိေအာင္ေတာင္မွ သူမဟာ ေျပာရဲတဲ့သတၱိရွိပါတယ္။

Source-powerofpositivity
ဖိုးသူေတာ္ (www.phothutaw.com)
Credit: todaybago

#Unicode Version#
အမျိုးသမီးတွေဟာ အများအားဖြင့် သူတို့ရဲ့ခံစားချက်ကို ဦးစားပေးသကဲ့သို့ သူတို့ခံစားချက်အတိုင်း ဆုံးဖြတ်ချက်ချလေ့ရှိပါတယ်။ တခါတလေမှာလည်း သူတို့ရဲ့ခံစားချက်ကို အပြင်မထုတ်ပဲ ရင်ထဲမှာပဲသိမ်းထားလေ့ရှိပါတယ်။ ဒါကြောင့် သူတို့ရဲ့သိမ်မွေ့နက်နဲတဲ့ ခံစားချက်ကို သိရှိနိုင်ဖို့အလွန်ခက်ပါတယ်။ဒါပေမယ့် သူတို့ချစ်မိသောအခါ ချစ်သူအပေါ် ထားရှိတဲ့ ခံစားချက်တွေက သိသိသာသာကို ခန့်မှန်းနိုင်လောက်အောင်ထိ ဟန်မဆောင်တတ်ကြပါဘူး။

တခြားသူတွေကို ဖြတ်လိမ့်မယ်
မိန်းကလေးတစ်ယောက်က တစ်စုံတစ်ယောက်ကို ချစ်မိတဲ့အခါမှာ သူကိုချစ်ရေးဆိုသူအားလုံးကို မျှော်လင့်ချက်မပေးတော့ပဲ အဆက်ဖြတ်လိုက်ပါတယ်။ သူမရဲ့လိုအပ်နေတဲ့ ကွက်လပ်လေးမှာ သူမရဲ့ချစ်သူရောက်ရှိလာတာနဲ့ တခြားအရာတွေအပေါ်ကို လိုချင်မှုမရှိတောပါဘူး။

သူမကအစီအစဉ်တွေဆွဲလိမ့်မယ်
မိန်းကလေးတွေဟာ သူတို့ချစ်တဲ့သူနဲ့အတူတူနေရဖို့ အမျိုးသားတွေထက်ပိုပြီး စီမံတတ်သူများဖြစ်ပါတယ်။ သူမရဲ့ အစီအစဉ်တွေဟာ သူမကိုယ်တိုင်၊ ဒါမှမဟုတ် သူငယ်ချင်းတွေနဲ့ အပန်းဖြေခရီးထွက်ဖို့မဟုတ်ပဲ သူမချစ်သူနဲ့အတူတူသွားဖို့ ၊ ညစာအတူတူစားဖို့ စသဖြင့် သူမကအစီအစဉ်ဆွဲမှာဖြစ်ပါတယ်။ သူမရဲ့အစီအစဉ်တွေကို ချစ်သူကလည်းနှစ်သက်လိမ့်မယ်လို့ ယူဆလေ့ရှိပါတယ်။ ဒါဟာဘာကြောင့်လည်းဆိုတော့ သူမဟာ သင်နဲ့အတူအဖွဲ့တစ်ဖွဲ့ဖြစ်တယ်လို့ ယူဆထားလို့ပါပဲ။

အဓိပ္ပာယ်ရှိတဲ့ လက်ဆောင်တွေကို သူမကပေးလိမ့်မယ်
သူမဟာ သင့်အတွက်အသုံးမလိုတဲ့ လက်ဆောင်မျိုးတွေ သင်မနှစ်သက်တဲ့အရာတွေကို ဘယ်တော့မှပေးမှာမဟုတ်ပါဘူး။ တခြားသူတွေသင့်ကိုပေးလေ့ရှိတဲ့ လက်ဆောင်မျိုးတွေလည်း သူမကပေးမှာမဟုတ်ပါဘူး။ သူမကသင်ဘာကိုအလိုချင်ဆုံးလဲ၊ ဘာကိုအနှစ်သက်ဆုံးလဲ၊ ဘယ်အရာကသင့်အတွက်ပိုပျော်ရွင်နိုင်သလဲဆိုတာ အမြဲဂရုစိုက်လေ့ရှိပါတယ်။ ဒါကြောင့်သင်ပြောတဲ့စကားတိုင်းကိုဂရုတစိုက်နားထောင်ပြီး သင့်လိုအပ်ချက်တွေ အကြိုက်တွေကို လိုက်မှတ်ထားလေ့ရှိပါတယ်။

သင့်ရဲ့နှစ်လိုဖွယ် ပင်ကိုယ်စရိုက်ကိုရှာဖွေနေလိမ့်မယ်
သင့်ရဲ့သူငယ်ချင်းတွေက သင့်ရဲ့ပင်ကိုယ်စရိုက်ကို ဟာသလုပ်ချင်လုပ်မယ်။ သင့်ရဲ့မိသားစုက သင့်ရဲ့ပင်ကိုယ်စရိုက်ကို အနှောက်အယှက်ဖြစ်စရာအဖြစ် ပြောချင်ပြောလိမ့်မယ်။ ဒါပေမယ့် သူမကတော့ သင့်ရဲ့ တစ်ဦးချင်းအလိုက်ထူးခြားမှုဖြစ်တဲ့ ပင်ကိုယ်စရိုက်ကို ချစ်ပါလိမ့်မယ်။ သင့်ရဲ့စရိုက်ကြောင့် သူမကသင့်ကို ချစ်တယ်ဆိုတာဟာလည်း ဆက်စပ်နေလို့ ငြင်းမရနိုင်ပါဘူး။

သင့်အကြောင်းပဲ တစ်နေကုန်တွေးနေမယ်
သူမဟာ သင့်အကြောင်းမတွေးကိုမတွေးပဲမနေနိုင်ပါဘူး။ သူမတွေးနေတဲ့အကြောင်းကိုလည်း သင့်ကိုတစ်နည်းနည်းနဲ့ သိစေမှာပါ။ သင့်ရဲ့အကြောင်းကို သူမအချိန်တိုင်းတွေးနေတာသိစေဖို့အတွက် မက်ဆေ့ပို့ခြင်း ဒါမှမဟုတ် ဖုန်းခေါ်ခြင်းတို့ကို သူမကပြုလုပ်ပါလိမ့်မယ်။

သင့်ရှေ့မှာဆို ကလေးတစ်ယောက်လိုနေပါလိမ့်မယ်
သူမဟာဘယ်လောက်ပဲ ရင့်ကျက်တည်ငြိမ်ပါစေ သင့်ရှေ့မှာတော့ ကျောင်းသူလေးတစ်ယောက်ကဲ့ သို့မြူးကြွနေပါလိမ့်မယ်။ သင်ပြောတဲ့စကားတိုင်းကို ကလေးတစ်ယောက်ကဲ့သို့ မျက်လုံးတဖျတ်ဖျတ်လက်လောက်အောင် စိတ်ဝင်တစားနားထောင်ပါတယ်။ ဒါဟာသူမ မရင့်ကျက်တာမဟုတ်ပဲ သင့်ကိုဂရုစိုက်မှုတွေပေးသလို သင့်ဆီကဂရုစိုက်မှုတွေ ပြန်လိုချင်တာကြောင့် ဖြစ်ပါတယ်။

သူမအတွက် အချိန်တွေကမလုံလောက်နိုင်ဘူး
သင့်ရဲ့ဘေးနားမှာနေတဲ့အချိန်တွေဟာ သူမအတွက်ပျော်ရွင်ယစ်မူးစရာတွေချည်းပဲမို့ သင်နဲ့အတူ အချိန်တွေအများကြီး ဖြုန်းတီးပစ်ချင်ပါတယ်။ ်သင်နဲ့မတွေ့ရတဲ့ အချိန်တွေမှာလည်း သင့်အကြောင်းပဲတွေးနေတာကြောင့် သင်ကသူမရဲ့အချိန်တွေအားလုံးကို စိုးမိုးထားတယ်လို့ ပြောလို့ရပါတယ်။

သူမကိုယ်သူမအရင်ကထက် ဂရုစိုက်ပြီးနေမယ်
သူမဟာ သင့်အတွက်အကောင်းဆုံးဆိုတာကို အမြဲတမ်းမြင်စေချင်ပါတယ်။ ဒါကြောင့် သူမရဲ့အဝတ်အစားတွေ မိတ်ကပ်တွေကအစ သင်ထာဝရမရိုးနိုင်အောင် ပြင်ဆင်ပါလိမ့််မယ်။ သင်ဟာသူမအတွက် ကမ္ဘာပေါ်မှာ အခန့်ညားဆုံးယောကျ်ားတစ်ယောက်ဖြစ်သကဲ့သို့ သူမဟာလည်း အလှဆုံးမိန်းကလေးတစ်ယောက်အဖြစ် သင့်ကိုမြင်စေချင်ပါတယ်။

သူမရဲ့ခံစားချက်တွေကိုသင့်ကို ပြောလိမ့်မယ်
ဒါဟာ သူမအတွက် စိတ်လှုပ်ရှားဆုံးအချိန်လို့ပြောလို့ရပါတယ်။ မိန်းကလေးတွေဟာ သူတို့ရဲ့ခံစားချက်ကို ယောကျာ်းလေးတွေ ပေါ့ပေါ့တန်တန်သဘောထားမှာကို  အကြောက်ဆုံးပါပဲ။ ဒါပေမယ့် သူမကသင့်ကိုအရမ်းချစ်တဲ့အခါ ထိုအကြောင်းတွေကို ဂရုမစိုက်တော့ပါဘူး။ သင့်အပေါ် သူမရဲ့ခံစားချက်တွေကို တစ်ကမ္ဘာလုံးသိအောင်တောင်မှ သူမဟာ ပြောရဲတဲ့သတ္တိရှိပါတယ်။

Source-powerofpositivity
ဖိုးသူတော် (www.phothutaw.com)
Credit: todaybago
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top