Golden City Promotion
×

သြား၀ါျခင္းျဖစ္ေစနုိင္ေသာသင္မထင္ထားတဲ့ အေၾကာင္းရင္းမ်ား

လွပျဖဴစင္တဲ့သြားေတြကို ပိုင္ဆိုင္နိုင္ဖို႔ဟာ လူတိုင္းရဲ႕အိပ္မက္ပါ။ ဒီလိုလွပျဖဴစင္တဲ့ သြားေတြကို ပိုင္ဆိုင္ရတာက ေစ်း၀ယ္သူေတြနဲ႔ ဆက္ဆံရတဲ့အခါ၊ သို႔မဟုတ္ သင့္သူငယ္ခ်င္းေတြနဲ႔ ေတြ႕ဆံုတဲ့အခါမ်ိဳးေတြမွာ ကိုယ့္ကိုကိုယ္ပိုျပီိး ယံုၾကည္မႈရွိေစပါတယ္။ ကံမေကာင္းစြာနဲ႔ပဲအခ်ိဳ႕ေသာစားစရာေတြနဲ႔ အျခားေသာ ျပင္ပအေၾကာင္းအရာေတြေၾကာင့္ သင့္သြားေတြဟာ သင္ထင္ထားသေလာက္ ျဖဴစင္ေနမွာမဟုတ္ပါဘူး။ ဒါေတြဟာ ဘာေၾကာင့္ျဖစ္ရတာလဲဆိုတာနဲ႔ မျဖစ္ေအာင္ ဘယ္လိုကာကြယ္ရမလဲဆိုတာကို မသိေသးရင္ ဒီစာေလးကသင့္ကို ကူညီနိုင္ပါလိမ့္မယ္။
ျဖစ္ရျခင္းအေၾကာင္းရင္းမ်ား

သင့္သြားေတြပ်က္စီးသထက္ ပ်က္စီးလာေစနိုင္တဲ့ အေၾကာင္းရင္းေတြမ်ားစြာရွိတဲ့အထဲကမွ အခ်ိဳ႕အေၾကာင္းအရာေတြကိုေအာက္မွာေဖာ္ျပထားပါတယ္။
1. ေဆးလိပ္ေသာက္ျခင္း

စီးကရက္ေတြနဲ႔ ေဆးတံေသာက္တဲ့ခါမွာ ထည့္ေပးရတဲ့ ေဆးရြက္ၾကီး (tobacco products)ေတြကို စြဲလမ္းေနျပီးပံုမွန္ေသာက္ေနရင္ေတာ့ ဒါေတြကသင့္သြားေတြကို အႏၱရာယ္ေပးနိုင္ပါတယ္။
2. ခံတြင္းသန္႔ရွင္းမႈမရွိျခင္း

သြားေခ်းေတြစုပံုလာမႈနဲ႔ သြားခ်ိဳးေတြကို ဖယ္ရွားပစ္ဖို႔အတြက္ အစာစားျပီးတိုင္းမွာပံုမွန္ သြားတိုက္တာ၊ ၾကိဳးကိုအသံုးျပဳျပီး သြားၾကားထိုးတာနဲ႔ ပါးစပ္ေဆးတာ(အာလုပ္က်င္းတာ)မလုပ္ဘူးဆိုရင္ သင့္သြားေတြကို အေရာင္ေျပာင္းသြားေစပါမယ္။
3. ဖ်ားနာျခင္း

သြားအေရာင္ေျပာင္းလဲျခင္းဟာ တစ္ခါတေလမွာ ကင္ဆာဓါတုေဆးကုထံုး (သို႕မဟုတ္) ကင္ဆာဓါတ္ေရာင္ျခည္ေဆးကုထံုုးေတြရဲ႕ ေဘးထြက္ဆိုးက်ိဳးေတြေၾကာင့္လည္း ျဖစ္နိုင္ပါတယ္။
4. အစားအစာ

ခရမ္းခ်ဥ္သီးေတြ၊ ဟင္းခတ္ပစၥည္းေတြနဲ႔ ဘယ္ရီသီးေတြအစရွိတဲ့ စားစရာအမ်ိဳးမ်ိဳးကလည္းသြားေတြကိုပ်က္စီးေစပါတယ္။ က်န္းမာေရးနဲ႔ညီညြတ္တဲ့စားစရာျဖစ္တဲ့အရြက္သုပ္လိုစားစရာမ်ိဳးကေတာင္ သင့္သြားကိုအက်ည္းတန္ေစမယ့္ အေရာင္ေတြ ျဖစ္ေပၚေစနိုင္ပါတယ္။
5. ေသာက္စရာမ်ား

သင့္သြားေတြကုိပ်က္စီးေစႏိုင္ဆံုးေသာလူၾကိဳက္အမ်ားဆံုးေသာက္စရာဆိုရင္ေတာ့ ေကာ္ဖီနဲ႔လက္ဖက္ရည္ကိုျပရမွာပါ။ အျခားေသာက္စရာေတြျဖစ္တဲ့ ၀ိုင္ျဖဴ၊ ၀ိုင္နီ စတာေတြလည္းသြားပ်က္စီးေစနိုင္တဲ့ထဲမွာ ပါ၀င္ပါတယ္။
6. မေတာ္တဆမႈမ်ား

သြားအေရာင္ေျပာင္းျခင္းဟာေရထဲမွာ သဘာ၀အတိုင္းကို fluoride ပမာဏျမင့္တက္ေနျခင္း၊ fluoride ပါ၀င္တဲ့အသံုးအေဆာင္မ်ား ဥပမာပလုပ္က်င္းေဆးရည္၊ သြားတိုက္ေဆးနဲ႔ fluroide ပါ၀င္တဲ့ေသာက္ေဆးေတြေၾကာင့္လည္း ျဖစ္နိုင္ပါတယ္။
 ကုထံုးမ်ား

    မွန္ကန္တဲ့ သြားတိုက္နည္းနဲ႔ သြားၾကားထိုးနည္း(ၾကိဳးကိုအသံုးျပဳေသာ) ေတြကိုအသံုးျပဳပါ။
     သြားပ်က္စီးေစေသာအစားအေသာက္မ်ားကိုေရွာင္ၾကဥ္ပါ။
    သြားဆရာ၀န္ ဆီမွာသြားအေရာင္တင္ျခင္း ျပဳလုပ္ပါ။
    စီးကရက္၊ ၀ိုင္နဲ႔ အျခားေသာအရက္ပါ၀င္တဲ့ ေသာက္စရာေတြကို ျဖတ္လိုက္ပါ။
     ေဆးစာမလိုဘဲ ၀ယ္လို ့ရေသာသြားျဖဴေဆးေတြကိုအသံုးျပဳပါ။
     ဒါေတြအျပင္ ေရွာက္သီး၊ စေတာ္ဘယ္ရီနဲ႔ လိေမၼာ္ခြံတို႔ကိုအသံုးျပဳျပီး သြား၀ါျခင္းကိုကုသနိုင္ပါေသးတယ္။

သြား၀ါျခင္းမျဖစ္ေအာင္ လုပ္ေဆာင္ေပးရမယ့္ အေျဖေတြကသိပ္ကိုရိုးစင္းလြန္းပါတယ္။ ဒီရိုးရွင္းတဲ့အခ်က္ေလးေတြကပဲ သြား၀ါျခင္းကိုေပ်ာက္ေစနိုင္တဲ့အျပင္ မိမိကိုယ္ကိုယံုၾကည္မႈကို တည္ေဆာက္ထိန္းသိမ္းထားနိုင္ျပီး သင့္ရဲ႕ရုပ္ရည္သြင္ျပင္ကို ပိုျပီးတိုးတက္လာေစမွာပါ။

ဖိုးသူေတာ္ (www.phothutaw.com)
Credit: hellosayarwon

#Unicode Version#
သွားဝါခြင်းဖြစ်စေနိုင်သောသင်မထင်ထားတဲ့ အကြောင်းရင်းများ

လှပဖြူစင်တဲ့သွားတွေကို ပိုင်ဆိုင်နိုင်ဖို့ဟာ လူတိုင်းရဲ့အိပ်မက်ပါ။ ဒီလိုလှပဖြူစင်တဲ့ သွားတွေကို ပိုင်ဆိုင်ရတာက ဈေးဝယ်သူတွေနဲ့ ဆက်ဆံရတဲ့အခါ၊ သို့မဟုတ် သင့်သူငယ်ချင်းတွေနဲ့ တွေ့ဆုံတဲ့အခါမျိုးတွေမှာ ကိုယ့်ကိုကိုယ်ပိုပြီး ယုံကြည်မှုရှိစေပါတယ်။ ကံမကောင်းစွာနဲ့ပဲအချို့သောစားစရာတွေနဲ့ အခြားသော ပြင်ပအကြောင်းအရာတွေကြောင့် သင့်သွားတွေဟာ သင်ထင်ထားသလောက် ဖြူစင်နေမှာမဟုတ်ပါဘူး။ ဒါတွေဟာ ဘာကြောင့်ဖြစ်ရတာလဲဆိုတာနဲ့ မဖြစ်အောင် ဘယ်လိုကာကွယ်ရမလဲဆိုတာကို မသိသေးရင် ဒီစာလေးကသင့်ကို ကူညီနိုင်ပါလိမ့်မယ်။
ဖြစ်ရခြင်းအကြောင်းရင်းများ

သင့်သွားတွေပျက်စီးသထက် ပျက်စီးလာစေနိုင်တဲ့ အကြောင်းရင်းတွေများစွာရှိတဲ့အထဲကမှ အချို့အကြောင်းအရာတွေကိုအောက်မှာဖော်ပြထားပါတယ်။
1. ဆေးလိပ်သောက်ခြင်း

စီးကရက်တွေနဲ့ ဆေးတံသောက်တဲ့ခါမှာ ထည့်ပေးရတဲ့ ဆေးရွက်ကြီး (tobacco products)တွေကို စွဲလမ်းနေပြီးပုံမှန်သောက်နေရင်တော့ ဒါတွေကသင့်သွားတွေကို အန္တရာယ်ပေးနိုင်ပါတယ်။
2. ခံတွင်းသန့်ရှင်းမှုမရှိခြင်း

သွားချေးတွေစုပုံလာမှုနဲ့ သွားချိုးတွေကို ဖယ်ရှားပစ်ဖို့အတွက် အစာစားပြီးတိုင်းမှာပုံမှန် သွားတိုက်တာ၊ ကြိုးကိုအသုံးပြုပြီး သွားကြားထိုးတာနဲ့ ပါးစပ်ဆေးတာ(အာလုပ်ကျင်းတာ)မလုပ်ဘူးဆိုရင် သင့်သွားတွေကို အရောင်ပြောင်းသွားစေပါမယ်။
3. ဖျားနာခြင်း

သွားအရောင်ပြောင်းလဲခြင်းဟာ တစ်ခါတလေမှာ ကင်ဆာဓါတုဆေးကုထုံး (သို့မဟုတ်) ကင်ဆာဓါတ်ရောင်ခြည်ဆေးကုထုံုးတွေရဲ့ ဘေးထွက်ဆိုးကျိုးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
4. အစားအစာ

ခရမ်းချဉ်သီးတွေ၊ ဟင်းခတ်ပစ္စည်းတွေနဲ့ ဘယ်ရီသီးတွေအစရှိတဲ့ စားစရာအမျိုးမျိုးကလည်းသွားတွေကိုပျက်စီးစေပါတယ်။ ကျန်းမာရေးနဲ့ညီညွတ်တဲ့စားစရာဖြစ်တဲ့အရွက်သုပ်လိုစားစရာမျိုးကတောင် သင့်သွားကိုအကျည်းတန်စေမယ့် အရောင်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။
5. သောက်စရာများ

သင့်သွားတွေကိုပျက်စီးစေနိုင်ဆုံးသောလူကြိုက်အများဆုံးသောက်စရာဆိုရင်တော့ ကော်ဖီနဲ့လက်ဖက်ရည်ကိုပြရမှာပါ။ အခြားသောက်စရာတွေဖြစ်တဲ့ ဝိုင်ဖြူ၊ ဝိုင်နီ စတာတွေလည်းသွားပျက်စီးစေနိုင်တဲ့ထဲမှာ ပါဝင်ပါတယ်။
6. မတော်တဆမှုများ

သွားအရောင်ပြောင်းခြင်းဟာရေထဲမှာ သဘာဝအတိုင်းကို fluoride ပမာဏမြင့်တက်နေခြင်း၊ fluoride ပါဝင်တဲ့အသုံးအဆောင်များ ဥပမာပလုပ်ကျင်းဆေးရည်၊ သွားတိုက်ဆေးနဲ့ fluroide ပါဝင်တဲ့သောက်ဆေးတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
 ကုထုံးများ

    မှန်ကန်တဲ့ သွားတိုက်နည်းနဲ့ သွားကြားထိုးနည်း(ကြိုးကိုအသုံးပြုသော) တွေကိုအသုံးပြုပါ။
     သွားပျက်စီးစေသောအစားအသောက်များကိုရှောင်ကြဉ်ပါ။
    သွားဆရာဝန် ဆီမှာသွားအရောင်တင်ခြင်း ပြုလုပ်ပါ။
    စီးကရက်၊ ဝိုင်နဲ့ အခြားသောအရက်ပါဝင်တဲ့ သောက်စရာတွေကို ဖြတ်လိုက်ပါ။
     ဆေးစာမလိုဘဲ ဝယ်လို့ရသောသွားဖြူဆေးတွေကိုအသုံးပြုပါ။
     ဒါတွေအပြင် ရှောက်သီး၊ စတော်ဘယ်ရီနဲ့ လိမ္မော်ခွံတို့ကိုအသုံးပြုပြီး သွားဝါခြင်းကိုကုသနိုင်ပါသေးတယ်။

သွားဝါခြင်းမဖြစ်အောင် လုပ်ဆောင်ပေးရမယ့် အဖြေတွေကသိပ်ကိုရိုးစင်းလွန်းပါတယ်။ ဒီရိုးရှင်းတဲ့အချက်လေးတွေကပဲ သွားဝါခြင်းကိုပျောက်စေနိုင်တဲ့အပြင် မိမိကိုယ်ကိုယုံကြည်မှုကို တည်ဆောက်ထိန်းသိမ်းထားနိုင်ပြီး သင့်ရဲ့ရုပ်ရည်သွင်ပြင်ကို ပိုပြီးတိုးတက်လာစေမှာပါ။


ဖိုးသူတော် (www.phothutaw.com)
Credit: hellosayarwon
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top