ျမန္မာႏိုင္ငံ၏ အၾကီးဆံုးအိမ္ျခံေျမ ႏွင့္ လူသုးံကုန္ပစၥည္း အေရာင္းျပပြဲၾကီး (သတၲမအႀကိမ္ေျမာက္)
×

မဂၤလာေဆာင္ျပီးတဲ႔ေနာက္  ေအးခ်မ္း ေပ်ာ္ရႊင္တဲ႔ မိသားစုေလး ပိုင္ဆိုင္ႏိုင္ဖုိ႔ ေရြးခ်ယ္မႈထက္ ညွိႏွိဳင္း ေနထုိင္တတ္မႈက ပိုျပီး အေရးၾကီးပါတယ္။

မိန္းကေလးေတြ အေနနဲ႔ ခင္ပြန္းသည္ရဲ႕ မိသားစုနဲ႔ အဆင္ေျပေနဖို႔ကလည္း လိုအပ္ပါေသးတယ္။ ေခြ်းမတစ္ေယာက္ ျဖစ္လာျပီဆိုရင္ ေယာကၡမဆိုတဲ႔ အမ်ိဳးသမီးကို မျမင္ဖူးေသးခင္ကတည္း မိမိအတြက္ ေၾကာက္စရာ သတၲဝါတစ္ေကာင္လို ျမင္တတ္ၾကတာ ဓမၼတာ တစ္ခုပါပဲ။

ဒါေပမယ္႔  ေယာကၡမဆိုတာ သင္႔ရဲ႕ ဆိုးတိုင္ပင္ ေကာင္းတိုင္ပင္ သူငယ္ခ်င္းေကာင္း တစ္ေယာက္လည္း ျဖစ္လာႏိုင္ပါေသးတယ္။  ဒီလိုျဖစ္လာဖို႔ သင္႔ဘက္က စတင္သည္းခံ ၾကိဳးစားဖို႔ လိုအပ္ပါတယ္။

ဒီေဆာင္းပါးေလး ထဲမွာေတာ႔ ေယာကၡမဆီက ခ်စ္ျခင္းေမတၲာကို ဘယ္လိုၾကိဳးစား ရယူမလဲနဲ႔ ဆိုတာနဲ႕ ပတ္သက္ျပီး အၾကံျပဳ ေရးသားထားပါတယ္။

၁။ ကိစၥၾကီးငယ္တိုင္းကို ညွိညွိႏႈိင္းႏႈိင္း လုပ္ေဆာင္ပါ။

ပထမ ႏွစ္အနည္းငယ္ေလာက္အထိေတာ႔ သင့္ဘက္က ညွိညွိႏႈိင္းႏႈိင္း ေနထိုင္ေပးပါ။  သင္မေရာက္လာခင္ကတည္းက  အိမ္တြင္းစည္းကမ္းေတြကို သင္႔ေယာကၡမက  ခ်မွတ္ထားျပီးသားဆိုတာ နားလည္ထားရမယ္။ အဲဒီစည္းကမ္းေတြက သင္႔အတြက္ အေနခက္ခ်င္ ခက္ေနႏိုင္ပါတယ္။ ဒါေပမယ့္ စည္းကမ္းေတြကို လိုက္နာႏုိင္ေအာင္ၾကိဳးစားပါ။  အဆင္မေျပတာေတြကို အဆင္ေျပေကာင္းမြန္လာေအာင္ လုပ္ေဆာင္ပါ။ ေနသား တက်ျဖစ္လာျပီး တဲ႔ေနာက္ သင္နဲ႔ သင္႔ေယာကၡမ  အရင္ကထက္ပိုျပီး အဆင္ေျပ လာပါလိမ္႔မယ္။

၂။ ေယာကၡမနဲ႕ ျပသနာကို ခင္ပြန္းသည္ မသိပါေစႏွင့္။

ေခြ်းမနဲ႔ ေယာကၡမၾကားမွာ စိတ္သေဘာထား မတိုက္ဆိုုင္ဘူးဆိုတာ သဘာဝပါပဲ။ အေရးၾကီးတာ က ျပႆနာ တစ္ခုျဖစ္ျပီ  ဆိုရင္ အဲဒီအထဲကို မိမိေယာက်ာၤးကို ဆြဲမထည္႔ လိုက္ပါနဲ႔။  အဲဒီ အျပဳအမူက  ျပႆနာကို ပိုျပီးဆိုးရြား သြားေစႏိုင္ပါတယ္။  ခင္ပြန္းသည္က တစ္ဘက္မွာ ရပ္တည္လိုက္ျပီဆိုရင္ တစ္ေယာက္နဲ႔ တစ္ေယာက္ၾကားမွာ ပိုျပီး နာက်င္စရာေတြ ၾကံဳေတြ႔လာရႏိုင္ပါတယ္။ အသင္႔ေတာ္ဆံုးေျဖရွင္းတဲ႔ နညး္လမ္းကေတာ႔ သင္နဲ႔ သင္႔ေယာကၡမ ၾကားကျပႆနာကို  ႏွစ္ေယာက္ပဲေျဖရွင္းၾကတာျဖစ္ပါတယ္။ အဲဒီလိုအျဖစ္ေတြထဲက နည္းယူျပီးေတာ႔  အမွားေတြ မျဖစ္လာေအာင္ ေရွာင္ရွားပါ။ ျပႆနာကို ႏွစ္ေယာက္ၾကားမွာ ေျဖရွင္းတဲ႔အတြက္  ေယာကၡမက အရင္ကထက္ ပိုျပီး ခ်စ္ခင္ျမတ္ႏိုးလာပါလိမ္႔မယ္။

၃။ ေယာကၡမကို ၿငိဳျငင္မႈ မျပပါႏွင့္။

ဒီအခ်က္က ေခြ်းမအမ်ားစု ျပဳမူမိတတ္ၾကတဲ႔ အမွားတစ္ခုပါပဲ။  သင္႔အတြက္ သင္႔မိဘေတြက အစားထုိးလို႔ မရသလို ခင္ပြန္းသည္ အတြက္လည္း သူ႔မိဘေနရာကို အစားထိုးလို႔ မရပါဘူး။ သားက အေမကို လက္ေဆာင္ဝယ္ ေပးတယ္ဆိုတာအေပၚ လုိက္ျပီးေတာ႔ စိတ္အေႏွာက္ယွက္ ျဖစ္ေနဖို႔ မလိုအပ္ပါဘူး။  အဲဒီလို လုပ္ရပ္ေတြအတြက္ ခုခံမယ္၊ ျငင္းခံုမယ္၊ ကန္႕ကြက္ေနမယ္ ဆုိရင္ေတာ႔ ေနာက္ဆံုးရလဒ္က သင္႔အတြက္ အစစအရာရာ အဆိုးဘက္ကခ်ည္းပါပဲ။

၄။ ရိုးရွင္းတဲ႔ အျပဳအမူေလးေတြက ေရရွည္အတြက္ အက်ိဳးျပဳေစပါတယ္။

တစ္ခ်ိဳ႕ကိစၥေလးေတြက ရိုးရွင္းေပမယ္႔  သင္႔ေယာကၡမ စိတ္ထဲမွာ ေက်နပ္သြားေစတာမ်ိဳး ျဖစ္လာႏိုင္ပါတယ္။  ဥပမာ- မိသားစုလိုက္  အျပင္ထြက္ၾကတဲ႔ အခါ  ကားေရွ႕ဦးခန္းကို သူ႔အတြက္ ဖယ္ထားေပးတာ မ်ိဳးေတြေပါ႔။  အဲဒီလို အေသးစိတ္ကေလးေတြ ကအစ ဦးစားေပးတတ္မယ္ ဆိုရင္ ေကာင္းမြန္တဲ႔ ဆက္ဆံေရးကို သင္နဲ႔ သင္႔ေယာကၡမၾကားမွာ တည္ေဆာက္ႏိုင္ပါလိမ္႔မယ္။ အခ်ိန္ၾကာလာရင္ေတာ႔ ေယာကၡမကလည္း သင္႔အေပၚ သာယာေပ်ာ႔ေပ်ာင္းလာပါလိမ္႔မယ္။ ေနာက္တစ္ခါဆို ေရွ႕ဦးခန္းမွာ သင္႔ခင္ပြန္းသည္နဲ႔ အတူတူထိုင္ဖို႔ အထိ သူမကိုယ္တိုင္ လိုလိုလားလားခြင္႔ျပဳလာမွာပါ။

         ေယာကၡမဆိုတာလည္း တစ္ခါတုန္းက ေခြ်းမပါပဲေလ...
ဖိုးသူေတာ္ (www.phothutaw.com)
Credit: mystylemyanmar

#Unicode Version#

မင်္ဂလာဆောင်ပြီးတဲ့နောက်  အေးချမ်း ပျော်ရွှင်တဲ့ မိသားစုလေး ပိုင်ဆိုင်နိုင်ဖို့ ရွေးချယ်မှုထက် ညှိနှိုင်း နေထိုင်တတ်မှုက ပိုပြီး အရေးကြီးပါတယ်။

မိန်းကလေးတွေ အနေနဲ့ ခင်ပွန်းသည်ရဲ့ မိသားစုနဲ့ အဆင်ပြေနေဖို့ကလည်း လိုအပ်ပါသေးတယ်။ ချွေးမတစ်ယောက် ဖြစ်လာပြီဆိုရင် ယောက္ခမဆိုတဲ့ အမျိုးသမီးကို မမြင်ဖူးသေးခင်ကတည်း မိမိအတွက် ကြောက်စရာ သတ္တဝါတစ်ကောင်လို မြင်တတ်ကြတာ ဓမ္မတာ တစ်ခုပါပဲ။

ဒါပေမယ့်  ယောက္ခမဆိုတာ သင့်ရဲ့ ဆိုးတိုင်ပင် ကောင်းတိုင်ပင် သူငယ်ချင်းကောင်း တစ်ယောက်လည်း ဖြစ်လာနိုင်ပါသေးတယ်။  ဒီလိုဖြစ်လာဖို့ သင့်ဘက်က စတင်သည်းခံ ကြိုးစားဖို့ လိုအပ်ပါတယ်။

ဒီဆောင်းပါးလေး ထဲမှာတော့ ယောက္ခမဆီက ချစ်ခြင်းမေတ္တာကို ဘယ်လိုကြိုးစား ရယူမလဲနဲ့ ဆိုတာနဲ့ ပတ်သက်ပြီး အကြံပြု ရေးသားထားပါတယ်။

၁။ ကိစ္စကြီးငယ်တိုင်းကို ညှိညှိနှိုင်းနှိုင်း လုပ်ဆောင်ပါ။

ပထမ နှစ်အနည်းငယ်လောက်အထိတော့ သင့်ဘက်က ညှိညှိနှိုင်းနှိုင်း နေထိုင်ပေးပါ။  သင်မရောက်လာခင်ကတည်းက  အိမ်တွင်းစည်းကမ်းတွေကို သင့်ယောက္ခမက  ချမှတ်ထားပြီးသားဆိုတာ နားလည်ထားရမယ်။ အဲဒီစည်းကမ်းတွေက သင့်အတွက် အနေခက်ချင် ခက်နေနိုင်ပါတယ်။ ဒါပေမယ့် စည်းကမ်းတွေကို လိုက်နာနိုင်အောင်ကြိုးစားပါ။  အဆင်မပြေတာတွေကို အဆင်ပြေကောင်းမွန်လာအောင် လုပ်ဆောင်ပါ။ နေသား တကျဖြစ်လာပြီး တဲ့နောက် သင်နဲ့ သင့်ယောက္ခမ  အရင်ကထက်ပိုပြီး အဆင်ပြေ လာပါလိမ့်မယ်။

၂။ ယောက္ခမနဲ့ ပြသနာကို ခင်ပွန်းသည် မသိပါစေနှင့်။

ချွေးမနဲ့ ယောက္ခမကြားမှာ စိတ်သဘောထား မတိုက်ဆိုုင်ဘူးဆိုတာ သဘာဝပါပဲ။ အရေးကြီးတာ က ပြဿနာ တစ်ခုဖြစ်ပြီ  ဆိုရင် အဲဒီအထဲကို မိမိယောကျာၤးကို ဆွဲမထည့် လိုက်ပါနဲ့။  အဲဒီ အပြုအမူက  ပြဿနာကို ပိုပြီးဆိုးရွား သွားစေနိုင်ပါတယ်။  ခင်ပွန်းသည်က တစ်ဘက်မှာ ရပ်တည်လိုက်ပြီဆိုရင် တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ ပိုပြီး နာကျင်စရာတွေ ကြုံတွေ့လာရနိုင်ပါတယ်။ အသင့်တော်ဆုံးဖြေရှင်းတဲ့ နည်းလမ်းကတော့ သင်နဲ့ သင့်ယောက္ခမ ကြားကပြဿနာကို  နှစ်ယောက်ပဲဖြေရှင်းကြတာဖြစ်ပါတယ်။ အဲဒီလိုအဖြစ်တွေထဲက နည်းယူပြီးတော့  အမှားတွေ မဖြစ်လာအောင် ရှောင်ရှားပါ။ ပြဿနာကို နှစ်ယောက်ကြားမှာ ဖြေရှင်းတဲ့အတွက်  ယောက္ခမက အရင်ကထက် ပိုပြီး ချစ်ခင်မြတ်နိုးလာပါလိမ့်မယ်။

၃။ ယောက္ခမကို ငြိုငြင်မှု မပြပါနှင့်။

ဒီအချက်က ချွေးမအများစု ပြုမူမိတတ်ကြတဲ့ အမှားတစ်ခုပါပဲ။  သင့်အတွက် သင့်မိဘတွေက အစားထိုးလို့ မရသလို ခင်ပွန်းသည် အတွက်လည်း သူ့မိဘနေရာကို အစားထိုးလို့ မရပါဘူး။ သားက အမေကို လက်ဆောင်ဝယ် ပေးတယ်ဆိုတာအပေါ် လိုက်ပြီးတော့ စိတ်အနှောက်ယှက် ဖြစ်နေဖို့ မလိုအပ်ပါဘူး။  အဲဒီလို လုပ်ရပ်တွေအတွက် ခုခံမယ်၊ ငြင်းခုံမယ်၊ ကန့်ကွက်နေမယ် ဆိုရင်တော့ နောက်ဆုံးရလဒ်က သင့်အတွက် အစစအရာရာ အဆိုးဘက်ကချည်းပါပဲ။

၄။ ရိုးရှင်းတဲ့ အပြုအမူလေးတွေက ရေရှည်အတွက် အကျိုးပြုစေပါတယ်။

တစ်ချို့ကိစ္စလေးတွေက ရိုးရှင်းပေမယ့်  သင့်ယောက္ခမ စိတ်ထဲမှာ ကျေနပ်သွားစေတာမျိုး ဖြစ်လာနိုင်ပါတယ်။  ဥပမာ- မိသားစုလိုက်  အပြင်ထွက်ကြတဲ့ အခါ  ကားရှေ့ဦးခန်းကို သူ့အတွက် ဖယ်ထားပေးတာ မျိုးတွေပေါ့။  အဲဒီလို အသေးစိတ်ကလေးတွေ ကအစ ဦးစားပေးတတ်မယ် ဆိုရင် ကောင်းမွန်တဲ့ ဆက်ဆံရေးကို သင်နဲ့ သင့်ယောက္ခမကြားမှာ တည်ဆောက်နိုင်ပါလိမ့်မယ်။ အချိန်ကြာလာရင်တော့ ယောက္ခမကလည်း သင့်အပေါ် သာယာပျော့ပျောင်းလာပါလိမ့်မယ်။ နောက်တစ်ခါဆို ရှေ့ဦးခန်းမှာ သင့်ခင်ပွန်းသည်နဲ့ အတူတူထိုင်ဖို့ အထိ သူမကိုယ်တိုင် လိုလိုလားလားခွင့်ပြုလာမှာပါ။

         ယောက္ခမဆိုတာလည်း တစ်ခါတုန်းက ချွေးမပါပဲလေ...

ဖိုးသူတော် (www.phothutaw.com)
Credit: mystylemyanmar
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top