ျမန္မာႏုိင္ငံ၏ နံပါတ္တစ္ အိမ္ျခံေျမ ေရာင္း၊ ဝယ္၊ ငွား ဝဘ္ဆိုက္
×

သရာေစာထိရုပ္ရွင္ဇာတ္ကားႀကီးမွာ ေနာ္ပဲေလာ္ ဆုိတဲ့ေကာင္မေလးကာရုိက္တာနဲ႔ ပရိသတ္အေရွ႕ကုိေရာက္ရွိလာမယ့္ယဥ္လက္ ကေတာ့  ဒီရုပ္ရွင္ဇာတ္ကားႀကီးအတြက္ ဂစ္တာတီးသင္ခဲ့ရသလိုဖခင္ကသင္ေပးထားတဲ့ တုိက္ကြမ္ဒုိပညာကလည္း အသုံးဝင္ခဲ့ တယ္လုိ႔ Duwun Media ကုိေျပာျပခဲ့ပါတယ္။

'' ဒီဇာတ္ကားထဲမွာ ေနာ္ပေလာ္ဆုိတဲ့ေကာင္မေလးက သူ႔ဆရာအတြက္ သူကုိယ္တိုင္သီခ်င္းေရးတယ္၊ သီခ်င္းဆုိတယ္၊ ဂစ္တာ ကုိယ္တုိင္တီးတဲ့ အခန္းေတြပါတယ္။ ညီမက အျပင္မွာ ဂစ္တာကုိယ္တုိင္မတီးတတ္ဘူး။ ဇာတ္ညႊန္းကုိ ရတဲ့ အခ်ိန္မွာ အနည္းဆုံး ေတာ့ Chord ေလးကုိ မွန္ေအာင္ ကုိင္ႏုိင္ဖုိ႔ ညီမ ဂစ္တာသင္တန္းေျပးတတ္တယ္။ မိတ္ကပ္အပုိင္းဆုိရင္လည္း စုတ္ေပေပေလး နဲ႔ဆုိေတာ့ ဘယ္လုိလိမ္းရမလဲမသိဘူးေပါ့ ေနာက္ေတာ့မွ  လိမ္းၾကည့္ရင္းနဲ႔ေနသားက် သြားတာပါ။ အဝတ္အစားဆုိရင္လည္း ဒါရုိက္တာလုိခ်င္တဲ့ပုံစံအတုိင္းရေအာင္ျပင္ဆင္ခဲ့ပါတယ္'' လုိ႔သူကဆုိပါတယ္။

ဖုိက္တင္ဇာတ္ကားေတြနဲ႔ ပရိသတ္ေတြစသိခဲ့တဲ့ ယဥ္လက္ ကေတာ့ ငယ္ငယ္ကတည္းက ဖခင္တက္ခုိင္းတဲ့ တုိက္ကြမ္ဒုိသင္တန္း ကုိတတ္ေရာက္ခဲ့တာျဖစ္ၿပီး ပင္ပန္းေတာ့ ငုိခဲ့တယ္လုိ႔သိရၿပီး သရာေစာထိ ရုပ္ရွင္ဇာတ္ကားႀကီးထဲမွာလည္း ကုိယ့္ကုိ ပညာ မတက္ဘူး ဆုိၿပီး ေစာ္ကားတဲ့သူေတြကုိ ပုိင္ပုိင္ႏုိင္ႏုိင္တုိက္ခုိက္ႏုိင္ခဲ့တဲ့ ဇာတ္ဝင္ခန္းေတြနဲ႔ ပတ္သက္ၿပီး အခုလုိေျပာျပခဲ့ပါ ေသးတယ္။

'' ငယ္ငယ္ကတည္းက တုိက္ကြမ္ဒုိ တက္ခဲ့ပါတယ္။ ဒါကလည္း ေဖေဖခုိင္းလုိ႔ သင္တန္းေတြတတ္ရတာေပါ့ေနာ္။ ေက်ာင္းနဲ႔က်ဴရွင္ အျပင္ သင္တန္းေတြလည္းတတ္ရေတာ့ ငယ္ကလည္းငယ္ေတာ့ ပင္ပန္းေတာ့ငုိတာေပါ့။ ဒါေပမယ့္ အေဖက ကုိယ့္ကုိ Plan အရွည္ ႀကီး ဆြဲၿပီးေတာ့ ကုိယ့္ဘဝ ဒီေန႔၊ ဒီအခ်ိန္မွာ ဒီလုိျဖစ္လာေအာင္လုပ္ေပးခဲ့တယ္ဆုိတာ အခုမွ သိတယ္။ အဲ့ဒီအတြက္ ေဖေဖ့ကုိလည္းေက်းဇူးတင္ပါတယ္။ ေဖေဖေၾကာင့္ပဲ ဒီေနရာကုိ ေရာက္လာတာပါ'' လုိ႔သူကဆိုပါတယ္။

သရုပ္ေဆာင္ ယဥ္လက္ ကေတာ့ သရာေစာထိရုပ္ရွင္ဇာတ္ကားႀကီးထဲကေန ပရိသတ္ပုိသတိထားမိၿပီး အားေပးမယ္ဆုိေက်နပ္တယ္ လုိ႔ ဆုိပါတယ္။သူ႔အေနနဲ႔ အခုလက္ရွိမွာ မ်က္ျခယ္ ရုပ္ရွင္နဲ႔ဗီဒီယုိထုတ္လုပ္ေရး နဲ႔ ေရႊစင္ဦး ရုပ္ရွင္ထုတ္လုပ္ေရး တုိ႔နဲ႔ စာခ်ဳပ္ခ်ဳပ္ဆုိ ထားတာျဖစ္တဲ့အတြက္ ဒီထုတ္လုပ္ေရးတုိက္ ႏွစ္တုိက္နဲ႔ အတူ ရုပ္ရွင္ဇာတ္ကား၊ ဗီဒီယုိဇာတ္ကားေတြ ရိုက္ကူးသြားဖုိ႔ရွိတယ္လုိ႔ သိရ ပါတယ္။

Photo : Yin Let (FB)

ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

# Unicode Version #
သရာစောထိရုပ်ရှင်ဇာတ်ကားကြီးမှာ နော်ပဲလော် ဆိုတဲ့ကောင်မလေးကာရိုက်တာနဲ့ ပရိသတ်အရှေ့ကိုရောက်ရှိလာမယ့်ယဉ်လက် ကတော့  ဒီရုပ်ရှင်ဇာတ်ကားကြီးအတွက် ဂစ်တာတီးသင်ခဲ့ရသလိုဖခင်ကသင်ပေးထားတဲ့ တိုက်ကွမ်ဒိုပညာကလည်း အသုံးဝင်ခဲ့ တယ်လို့ Duwun Media ကိုပြောပြခဲ့ပါတယ်။

'' ဒီဇာတ်ကားထဲမှာ နော်ပလော်ဆိုတဲ့ကောင်မလေးက သူ့ဆရာအတွက် သူကိုယ်တိုင်သီချင်းရေးတယ်၊ သီချင်းဆိုတယ်၊ ဂစ်တာ ကိုယ်တိုင်တီးတဲ့ အခန်းတွေပါတယ်။ ညီမက အပြင်မှာ ဂစ်တာကိုယ်တိုင်မတီးတတ်ဘူး။ ဇာတ်ညွှန်းကို ရတဲ့ အချိန်မှာ အနည်းဆုံး တော့ Chord လေးကို မှန်အောင် ကိုင်နိုင်ဖို့ ညီမ ဂစ်တာသင်တန်းပြေးတတ်တယ်။ မိတ်ကပ်အပိုင်းဆိုရင်လည်း စုတ်ပေပေလေး နဲ့ဆိုတော့ ဘယ်လိုလိမ်းရမလဲမသိဘူးပေါ့ နောက်တော့မှ  လိမ်းကြည့်ရင်းနဲ့နေသားကျ သွားတာပါ။ အဝတ်အစားဆိုရင်လည်း ဒါရိုက်တာလိုချင်တဲ့ပုံစံအတိုင်းရအောင်ပြင်ဆင်ခဲ့ပါတယ်'' လို့သူကဆိုပါတယ်။

ဖိုက်တင်ဇာတ်ကားတွေနဲ့ ပရိသတ်တွေစသိခဲ့တဲ့ ယဉ်လက် ကတော့ ငယ်ငယ်ကတည်းက ဖခင်တက်ခိုင်းတဲ့ တိုက်ကွမ်ဒိုသင်တန်း ကိုတတ်ရောက်ခဲ့တာဖြစ်ပြီး ပင်ပန်းတော့ ငိုခဲ့တယ်လို့သိရပြီး သရာစောထိ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာလည်း ကိုယ့်ကို ပညာ မတက်ဘူး ဆိုပြီး စော်ကားတဲ့သူတွေကို ပိုင်ပိုင်နိုင်နိုင်တိုက်ခိုက်နိုင်ခဲ့တဲ့ ဇာတ်ဝင်ခန်းတွေနဲ့ ပတ်သက်ပြီး အခုလိုပြောပြခဲ့ပါ သေးတယ်။

'' ငယ်ငယ်ကတည်းက တိုက်ကွမ်ဒို တက်ခဲ့ပါတယ်။ ဒါကလည်း ဖေဖေခိုင်းလို့ သင်တန်းတွေတတ်ရတာပေါ့နော်။ ကျောင်းနဲ့ကျူရှင် အပြင် သင်တန်းတွေလည်းတတ်ရတော့ ငယ်ကလည်းငယ်တော့ ပင်ပန်းတော့ငိုတာပေါ့။ ဒါပေမယ့် အဖေက ကိုယ့်ကို Plan အရှည် ကြီး ဆွဲပြီးတော့ ကိုယ့်ဘဝ ဒီနေ့၊ ဒီအချိန်မှာ ဒီလိုဖြစ်လာအောင်လုပ်ပေးခဲ့တယ်ဆိုတာ အခုမှ သိတယ်။ အဲ့ဒီအတွက် ဖေဖေ့ကိုလည်းကျေးဇူးတင်ပါတယ်။ ဖေဖေကြောင့်ပဲ ဒီနေရာကို ရောက်လာတာပါ'' လို့သူကဆိုပါတယ်။

သရုပ်ဆောင် ယဉ်လက် ကတော့ သရာစောထိရုပ်ရှင်ဇာတ်ကားကြီးထဲကနေ ပရိသတ်ပိုသတိထားမိပြီး အားပေးမယ်ဆိုကျေနပ်တယ် လို့ ဆိုပါတယ်။သူ့အနေနဲ့ အခုလက်ရှိမှာ မျက်ခြယ် ရုပ်ရှင်နဲ့ဗီဒီယိုထုတ်လုပ်ရေး နဲ့ ရွှေစင်ဦး ရုပ်ရှင်ထုတ်လုပ်ရေး တို့နဲ့ စာချုပ်ချုပ်ဆို ထားတာဖြစ်တဲ့အတွက် ဒီထုတ်လုပ်ရေးတိုက် နှစ်တိုက်နဲ့ အတူ ရုပ်ရှင်ဇာတ်ကား၊ ဗီဒီယိုဇာတ်ကားတွေ ရိုက်ကူးသွားဖို့ရှိတယ်လို့ သိရ ပါတယ်။

Photo : Yin Let (FB)

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top