Golden City Promotion
×

သင္ဟာ ေန႔လယ္ေန႔ခင္း တစ္ေမွးအိပ္တတ္သူ ျဖစ္ပါသလား။ ဒါဟာ သင့္ကို ေကာင္းက်ိဳးျဖစ္ေစလား၊ ဆိုးက်ိဳးသက္ေရာက္ေစလား ဆုိတာကိုေရာ ေတြးမိဖူးပါသလား။ ‌ေန႔ခင္‌းအခ်ိန္‌‌ေတြမွာ မၾကာခဏ တ‌စ္ေမွးအိပ္‌စက္‌ျခင္‌းက သင္‌့ကို ဆီးခ်ိဳ‌ေရာဂါနဲ႔ ႏွလံုး‌ေသြး‌ေၾကာနဲ႔သက္ဆုိင္တဲ့ေရာဂါေတြ ျဖစ္ႏိုင္ေျခ ရာခိုင္ႏႈန္း ပိုမ်ားလာေစတယ္လို႔ အေမရိကန္အ‌ေျခစိုက္‌ က်န္းမာေရးစာေစာင္တစ္ခုက ေရးသားေဖာ္ျပခဲ့ဖူးပါတယ္။

ဒါေပမဲ့ ဒီအခ်က္ေတြဟာ မဟုတ္မွန္ေၾကာင္း အရီဇိုးနားျပည္‌နယ္‌တကၠသိုလ္‌က ပါ‌ေမာကၡ ‌ေဒါက္‌တာ Michael Gardens က ‌ျငင္းဆိုလိုက္ပါတယ္။ ေဒါက္တာ မိုက္ကယ္ဂါးဒင္းစ္က ‌ေန႔ခင္‌းဘက္‌‌ေတြမွာ တ‌စ္ေမွးအိပ္စက္ျခင္းဟာ သင္‌့အ‌ေနနဲ႔ ညဘက္‌‌ေတြမွာ အိပ္‌‌ေရးမဝျခင္းနဲ႔ မၾကာခဏ လန္႔ႏိုးျခင္းတုိ႔ ၾကံဳခဲ့လို႔သာ ေန႔ဘက္ေတြမွာ ခတၱခဏအိပ္စက္ျဖစ္ေနျခင္းလို႔ ဆုိပါတယ္။ ညဘက္‌အိပ္‌မ‌ေပ်ာ္‌တာက‌ေတာ့ အယ္‌လ္ဇိုင္‌းမားေရာဂါနဲ႔ အဝလြန္‌‌ျခင္းတုိ႔ ျဖစ္ေစျခင္းနဲ႔ေတာ့ ဆက္‌စပ္‌‌ေနပါတယ္‌။

ေန႔လယ္ေန႔ခင္း တစ္ေမွးအိပ္မယ္ဆုိရင္ေတာ့ တစ္ရက္ကို တစ္နာရီန႔ဲအထက္ ပိုအိပ္ျဖစ္ေနတယ္ဆုိရင္ေတာ့ သင့္ရဲ႕အိပ္‌စက္‌မႈ ဒါမွမဟုတ္‌ သင္‌့က်န္‌းမာ‌ေရးမွာ ျပႆနာ‌ေတြရိွ‌ေနတယ္‌ဆိုတဲ့ လကၡဏာပါပဲ။ ဒါ‌ေပမဲ့ တစ္ရက္‌ကုိ မိနစ္‌ ၂၀ က‌ေန ၃၀ အၾကား တစ္ေမွးအိပ္‌စက္‌ျခင္‌းက‌ေတာ့ သင္‌့ကို ‌ေကာင္‌းက်ိဳး‌ေတြ ရရိွ‌ေစပါတယ္‌လို႔ ‌ေဒါက္‌တာမိုက္ကယ္က ဆက္‌လက္‌‌ေျပာၾကားထားပါတယ္‌။

ထိုကဲ့သို႔ အိပ္‌စက္‌ျခင္‌းျဖင္‌့ သင္‌့ရဲ႕ ရုပ္‌ပိုင္‌းဆိုင္‌ရာ‌ေရာ စိတ္‌ပိုင္‌းဆိုင္‌ရာ‌မွာပါ ‌ေကာင္‌းက်ိဳး‌ေတြရရိွ‌ေစပါတယ္‌။ ‌ေန႔ခင္‌းဘက္‌မွာ ခဏတာ အိပ္‌စက္‌အနားယူတာက သင္‌့ကို Expresso ‌ေကာ္‌ဖီ ၂ခြက္‌ ဒါမွမဟုတ္‌ အားျဖည့္အခ်ိဳရည္ တစ္ဗူးစာနဲ႔ ညီမွ်တဲ့ စြမ္းအားကို ရ႐ွိေစပါတယ္လို႔လည္း သိရပါတယ္။

ပံုမွန္‌ ‌ေန႔ခင္‌းဘက္‌ မိနစ္‌အနည္‌းငယ္‌ ‌တ‌စ္ေမွးအိပ္အနားယူတတ္‌တဲ့သူ‌ေတြကို ‌ေမးျမန္‌းၾကည္‌့တဲ့အခါမွာလည္‌း ထိုကဲ့သို႔ တ‌ေမွးအိပ္‌စက္‌ၿပီးတဲ့အခါ သူတို႔ဟာ ပိုၿပီး တက္‌ႂကြလန္‌းဆန္‌းကာ စိတ္ကူးအၾကံဉာဏ္ေတြ ပိုမို ‌ေကာင္‌းမြန္‌လာတယ္‌လို႔ ခံစားရေၾကာင္း ေျဖၾကားခဲ့ၾကပါတယ္။ ဒါ‌ေပမဲ့ သင္‌့အ‌ေနနဲ႔ ညဘက္‌‌ေတြ အိပ္‌‌ေရးပ်က္‌လို႔ ‌ေန႔ခင္‌းဘက္‌မွာ အၾကာႀကီးအိပ္‌တာမ်ိဳးက‌ေတာ့ သင့္ကို ညဘက္‌‌ေတြမွာ ပိုၿပီး အိပ္‌‌ေရးပ်က္‌တာမ်ိဳး‌ေတြ ျဖစ္‌‌ေစပါလိမ့္မယ္။ ဒါေၾကာင့္ သင္‌့အ‌ေနနဲ႔ တကယ္‌လို႔ ညဘက္‌မွာ အိပ္‌‌‌ေရးပ်က္‌ခဲ့လို႔ ‌ေန႔ခင္‌းဘက္‌မွာ အိပ္‌ခ်င္‌လာပီဆိုရင္‌ မအိပ္‌စက္‌ဘဲ ခဏ‌ေလာက္‌ လမ္‌းထ‌ေလွ်ာက္‌လိုက္‌ျခင္‌းက သင္‌့ကို ပံုမွန္‌ အိပ္‌စက္‌‌ေအာင္‌ ကူညီ‌ေပးမွာ အ‌ေသအခ်ာပါပဲ။

Source : Health
ဖိုးသူေတာ္ (www.phothutaw.com)
Credit: Duwun

#Unicode Version#
သင်ဟာ နေ့လယ်နေ့ခင်း တစ်မှေးအိပ်တတ်သူ ဖြစ်ပါသလား။ ဒါဟာ သင့်ကို ကောင်းကျိုးဖြစ်စေလား၊ ဆိုးကျိုးသက်ရောက်စေလား ဆိုတာကိုရော တွေးမိဖူးပါသလား။ ‌နေ့ခင်‌းအချိန်‌‌တွေမှာ မကြာခဏ တ‌စ်မှေးအိပ်‌စက်‌ခြင်‌းက သင်‌့ကို ဆီးချို‌ရောဂါနဲ့ နှလုံး‌သွေး‌ကြောနဲ့သက်ဆိုင်တဲ့ရောဂါတွေ ဖြစ်နိုင်ခြေ ရာခိုင်နှုန်း ပိုများလာစေတယ်လို့ အမေရိကန်အ‌ခြေစိုက်‌ ကျန်းမာရေးစာစောင်တစ်ခုက ရေးသားဖော်ပြခဲ့ဖူးပါတယ်။

ဒါပေမဲ့ ဒီအချက်တွေဟာ မဟုတ်မှန်ကြောင်း အရီဇိုးနားပြည်‌နယ်‌တက္ကသိုလ်‌က ပါ‌မောက္ခ ‌ဒေါက်‌တာ Michael Gardens က ‌ငြင်းဆိုလိုက်ပါတယ်။ ဒေါက်တာ မိုက်ကယ်ဂါးဒင်းစ်က ‌နေ့ခင်‌းဘက်‌‌တွေမှာ တ‌စ်မှေးအိပ်စက်ခြင်းဟာ သင်‌့အ‌နေနဲ့ ညဘက်‌‌တွေမှာ အိပ်‌‌ရေးမဝခြင်းနဲ့ မကြာခဏ လန့်နိုးခြင်းတို့ ကြုံခဲ့လို့သာ နေ့ဘက်တွေမှာ ခတ္တခဏအိပ်စက်ဖြစ်နေခြင်းလို့ ဆိုပါတယ်။ ညဘက်‌အိပ်‌မ‌ပျော်‌တာက‌တော့ အယ်‌လ်ဇိုင်‌းမားရောဂါနဲ့ အဝလွန်‌‌ခြင်းတို့ ဖြစ်စေခြင်းနဲ့တော့ ဆက်‌စပ်‌‌နေပါတယ်‌။

နေ့လယ်နေ့ခင်း တစ်မှေးအိပ်မယ်ဆိုရင်တော့ တစ်ရက်ကို တစ်နာရီနဲ့အထက် ပိုအိပ်ဖြစ်နေတယ်ဆိုရင်တော့ သင့်ရဲ့အိပ်‌စက်‌မှု ဒါမှမဟုတ်‌ သင်‌့ကျန်‌းမာ‌ရေးမှာ ပြဿနာ‌တွေရှိ‌နေတယ်‌ဆိုတဲ့ လက္ခဏာပါပဲ။ ဒါ‌ပေမဲ့ တစ်ရက်‌ကို မိနစ်‌ ၂၀ က‌နေ ၃၀ အကြား တစ်မှေးအိပ်‌စက်‌ခြင်‌းက‌တော့ သင်‌့ကို ‌ကောင်‌းကျိုး‌တွေ ရရှိ‌စေပါတယ်‌လို့ ‌ဒေါက်‌တာမိုက်ကယ်က ဆက်‌လက်‌‌ပြောကြားထားပါတယ်‌။

ထိုကဲ့သို့ အိပ်‌စက်‌ခြင်‌းဖြင်‌့ သင်‌့ရဲ့ ရုပ်‌ပိုင်‌းဆိုင်‌ရာ‌ရော စိတ်‌ပိုင်‌းဆိုင်‌ရာ‌မှာပါ ‌ကောင်‌းကျိုး‌တွေရရှိ‌စေပါတယ်‌။ ‌နေ့ခင်‌းဘက်‌မှာ ခဏတာ အိပ်‌စက်‌အနားယူတာက သင်‌့ကို Expresso ‌ကော်‌ဖီ ၂ခွက်‌ ဒါမှမဟုတ်‌ အားဖြည့်အချိုရည် တစ်ဗူးစာနဲ့ ညီမျှတဲ့ စွမ်းအားကို ရရှိစေပါတယ်လို့လည်း သိရပါတယ်။

ပုံမှန်‌ ‌နေ့ခင်‌းဘက်‌ မိနစ်‌အနည်‌းငယ်‌ ‌တ‌စ်မှေးအိပ်အနားယူတတ်‌တဲ့သူ‌တွေကို ‌မေးမြန်‌းကြည်‌့တဲ့အခါမှာလည်‌း ထိုကဲ့သို့ တ‌မှေးအိပ်‌စက်‌ပြီးတဲ့အခါ သူတို့ဟာ ပိုပြီး တက်‌ကြွလန်‌းဆန်‌းကာ စိတ်ကူးအကြံဉာဏ်တွေ ပိုမို ‌ကောင်‌းမွန်‌လာတယ်‌လို့ ခံစားရကြောင်း ဖြေကြားခဲ့ကြပါတယ်။ ဒါ‌ပေမဲ့ သင်‌့အ‌နေနဲ့ ညဘက်‌‌တွေ အိပ်‌‌ရေးပျက်‌လို့ ‌နေ့ခင်‌းဘက်‌မှာ အကြာကြီးအိပ်‌တာမျိုးက‌တော့ သင့်ကို ညဘက်‌‌တွေမှာ ပိုပြီး အိပ်‌‌ရေးပျက်‌တာမျိုး‌တွေ ဖြစ်‌‌စေပါလိမ့်မယ်။ ဒါကြောင့် သင်‌့အ‌နေနဲ့ တကယ်‌လို့ ညဘက်‌မှာ အိပ်‌‌‌ရေးပျက်‌ခဲ့လို့ ‌နေ့ခင်‌းဘက်‌မှာ အိပ်‌ချင်‌လာပီဆိုရင်‌ မအိပ်‌စက်‌ဘဲ ခဏ‌လောက်‌ လမ်‌းထ‌လျှောက်‌လိုက်‌ခြင်‌းက သင်‌့ကို ပုံမှန်‌ အိပ်‌စက်‌‌အောင်‌ ကူညီ‌ပေးမှာ အ‌သေအချာပါပဲ။

Source : Health

ဖိုးသူတော် (www.phothutaw.com)
Credit: Duwun
 
 
 
ေန႔စဥ္သတင္းအသစ္မ်ားကို Email ပို႔ေပးပါမည္။
သင္၏ Gmail ကို ေအာက္တြင္ ျဖည့္စြက္၍ Submit လုပ္ပါ။
 
 
Top